11/08/2025
💙💥၁၃နှစ်တာ Pinnya Tagar Academy (Diploma) ပေးအပ်သည့် အဆင့်မှ PTC Pinnya Tagar College (Associate of Arts in Community Development) အဆင့်သို့ တိုးမြှင့်လာသည်နှင့်အမျှ ပညာ့တံခါးကောလိပ်တက်ရောက်ရန် စိတ်အားထက်သန်ပြင်ဆင်နေသည့် လူငယ်များအတွက် သတင်းကောင်းတစ်ခု ထပ်မံယူဆောင်လို့လာပါပြီဗျာ…
💥ကျောင်းတော်ကြီးသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အနေနဲ့ အဆောင်နေထိုင်စရာမလိုဘဲ Associate of Arts in Community Deveopment ဘွဲ့ကိုတက်ရောက်ရယူနိုင်မယ့် အစီအစဉ်ကိုစတင်လိုက်ပြီဖြစ်ပါတယ်။ PBC Campus (သို့မဟုတ်) PTC City Campus မြို့တွင်း အိုးမကွာ အိမ်မကွာနဲ့ ကျောင်းချိန်အတွင်းသာအချိန်ပေးပြီး ဘွဲ့ရယူချင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် အခွင့်အရေးကောင်းတစ်ခုပါပဲ…🤩
💙အနှစ်ချုပ်အနေနဲ့ ဖော်ပြရမယ်ဆိုပါက
💙ယခင်နှစ်များနှင့် မတူဘဲ ထူးခြားသည့်အနေနှင့် ယခုလာမည့်နှစ် ၂၀၂၆ ခုနှစ်မှ စတင်ပြီး ပညာ့တံခါးကောလိပ်တက်ရောက်နိုင်မယ့် တည်နေရာ (Location)၊ ပုံစံ နှစ်ခုရှိမှာဖြစ်ပြီးတော့ လျှောက်လွှာ Application Form တင်သွင်းရာတွင် ပေးထားသည့် နှစ်မျိုးထဲမှ မိမိနှင့် အဆင်ပြေသည့် ပုံစံတစ်ခုကို ရွေးချယ်ဖော်ပြထားရမှာဘဲ ဖြစ်ပါတယ်။
1️⃣အဆောင်နေမည့် ပရိုဂရမ်
📍၁၃ မိုင်၊ လမုန်ဇွပ်ကျောင်းတော်ကြီးတွင် တက်ရောက်ရမည်ဖြစ်သည်။
📍စကောလားရှစ် လျှောက်ထားရယူနိုင်ခွင့်ရှိမည် Scholarship opportunities
📍ရပ်ရွာလူမှုပတ်ဝန်းကျင်နှင့် တိုက်ရိုက်ထိတွေ့နေထိုင်နိုင်မှု အတွေ့အကြုံရယူနိုင်မည်ဖြစ်သည်။
2️⃣အဆောင်နေစရာမလိုသည့် ပရိုဂရမ်
📍မြို့တွင်းနေ ကျောင်းသူကျောင်းသားများအတွက် ပိုပြီးအဆင်ပြေမည့်အစီအစဉ် ဖြစ်သည်။
📍အဆောင်နေစရာမလိုဘဲ သင်တန်းချိန်အတွင်းသာ တက်ရောက်ရမည်ဖြစ်သည်။
📍သွားလာရလွယ်ကူတဲ့ မြစ်ကြီးနားမြို့တွင်းတွင် တက်ရောက်ရမည်ဖြစ်သည်။
📍သင်တန်းကြေးအခြေခံအစီအစဉ် Tuition Fee based Program ဖြစ်သည်။
📍တူညီသည့် အရည်အသွေးပြည့်မှီသော သင်ရိုးညွှန်းတမ်းနှင့် ဘာသာရပ်ဆိုင်ရာများ လေ့လာနိုင်မည် ဖြစ်သည်။
💙📒ကျောင်းသူကျောင်းသားဟောင်းမိသားစုဝင်များထံသို့ 🤩
ကျွန်တော်တို့ရဲ့ ကျောင်းသူကျောင်းသားဟောင်းမိသားစုဝင်များ အတွက် အထူးသတင်းကောင်းလေးတစ်ခုလဲ ထပ်ပြီးရှိထားပါသေးတယ်ဗျာ...
အဆောင်နေပြီးတက်ရတဲ့ အစီအစဉ်တွေအတွက် သတ်မှတ်ထားတဲ့ "တစ်မိသားစုမှ ကျောင်းသားတစ်ဦးသာ" ဆိုတဲ့ စည်းမျဉ်းကို ဒီမြို့တွင်း အဆောင်နေစရာမလိုသည့် အစီအစဉ်အတွက် ဆက်လက်သက်ရောက်မှုရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေ သို့မဟုတ် ဆွေမျိုးသားချင်းတွေထဲက ပညာ့တံခါးကောလိပ်တက်ရောက်ဖို့ စိတ်ဝင်စားသူတွေအတွက် ပိုမိုလွယ်ကူတဲ့ လမ်းကြောင်းတစ်ခု ပွင့်လာပြီလို့ ဆိုရမှာပါ။
✅📒2026-2027 Application Form လျှောက်လွှာအကြောင်းအသေးစိတ်
https://www.facebook.com/share/p/1M2cuLCLWK/
မရှင်းလင်းသည့် သိချင်သည့် အကြောင်းအရာများကို အောက်ပါလိပ်စာများတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Phone 09260115834, 09266019428, 09254445346
Viber 09260115834, 09796608316, 09790941068
13 Mile, Lamungzup, Myitkyina, Kachin State