27/02/2021
နေအိမ်အကျယ်ချုပ်နဲ့ နှစ်ပေါင်း၃၀ လောက်နေခဲ့ဖူးတဲ့
မိန်းမတစ်ယောက် ၃-၄ ပတ်လောက်ကို စာဖွဲ့နေမှာ
မဟုတ်ပါဘူး !
ဒါပေမယ့် အသက် ၇၅ နှစ်
နိုဗယ်ဆုရှင်
အမေအိုရဲ့ ယောက်ျားအရင့်မာကြီးတွေ လိုက်မမှီနိုင်တဲ့
ဦးနှောက်ကို တချက်ရှိုးကြည့်လိုက်!
# ဘုရင်မ ပြတဲ့လှည့်ကွက်
Trick performed by the queen
ဒီပွဲမှာ မြန်မာပြည်သူလူထုကို
မျိုးချစ်စိတ်နိုးကြားအောင်
သူမ လှုပ်နှိုးခဲ့တယ်။
In this event, she woke the
people of
Myanmar up in order to alert patriotism.
ဒီပွဲမှာ မြန်မာပြည်သူလူထု
ညီညွတ်ကြောင်း
ကမ္ဘာကို သူမဖော်ပြခဲ့တယ်။
In this event, she revealed the world that
the people of Myanmar are united.
ဒီပွဲမှာ ပြည်တွင်းစစ်ရဲ့နောက်ကွယ်မှာ
ဘာရှိလဲ သူမ ဖော်ပြခဲ့တယ်။
In this event, she showed what the scene behind domestic war(civil war) is.
ဒီပွဲမှာ တိုင်းပြည် သစ္စာဖောက်တွေကို
သူမ ဖော်ပြခဲ့တယ်။
In this event, she mentioned the traitors
of the country.
ဒီပွဲမှာ အချိန်မရွေး နောက်ပြန်လှည့်နိုင်တဲ့
အာဏာရှင်ကို မသေခင်
တစ်ခါတည်း လှည့်ခိုင်းခဲ့တယ်။
In this event, she made the coup, who at any time can walk back, turn round
at once before death.
ဒီပွဲမှာ နောက်ကွယ်က တရုတ် ကြိုးကိုင်မှုကို
ကမ္ဘာကို သူမ သရုပ်ဖော်ခဲ့တယ်။
In this event, she demonstrated
the puppet-drawing of the China
on Myanmar to the world.
ဒီပွဲမှာ စင်္ကာပူကို ကျော်တက်မယ်လို့
ကြွေးကြော်မှုဟာ အသက်ဝင်လာခဲ့တယ်။
In this event, the slogan "Myanmar will
step over Singapore" came to life.
ဒီပွဲမှာ တရုတ်ဆီက မြန်မာနိုင်ငံ
ရုန်းထွက်ဖို့ ဖြစ်ပေါ် လာခဲ့တယ်။
In this event, Myanmar appeared get out
of the influence of China.
ဒီပွဲမှာ CDM နဲ့ ပြည်သူလူထု
ညီညွတ်မှုဟာ အာဏာရှင်ကို တော်လှန်နိုင်ကြောင်း
သမိုင်းအသစ်ကိုရေးထွင်းခဲ့တယ်။
In this event, CDM & unity of people of
Myanmar wrote new history that the coup
can be revolutionized.
ဒီပွဲမှာ မြန်မာပြည်အတွက် မျိုးဆက်တစ်ဆက်ရယ်
သားတစ်ယောက်ရယ် မွေးဖွားပေးခဲ့တယ်။
In this event, one generation and one offspring
were born.
ဒီပွဲမှာ သူမ မပါဘဲ ဒီမိုကရေစီ
အသွင်ဆောင်နိုင်အောင်
မျိုးဆက်သစ်ကိုလက်ဆင့်ကမ်းလိုက်တယ်။
In this event, the new generation was forwarded in order to show up democracy in her absence.
"မျိုးဆက်သစ်မွေးပေးတာ လက်ဖျားခါလောက်တယ်"၊
"giving rise to the new generation is to be
astonished(to shake hand out)",
ဒီပွဲမှာ မစခင်ကတည်းက အာဏာရှင်ဟာ
ရှုံးနိမ့်ပြီးသားပါ၊ သူမရဲ့ လှည့်ကွက်အောက်မှာပေါ့။
In this event, the coup have failed even before
the beginning under her trick.
# Credit
"မတရားမှု မှန်သမျှ ချုပ်ငြိမ်းရမည်"
"All injustice has to be ended"