25/10/2022
24 . 10 . 2022(တနင်္လာနေ့)
ယနေ့ကျင်းပပြုလုပ်သော ကချင်ပြည်နယ် ဒေသကောလိပ် ကျောင်းသား/ကျောင်းသူဟောင်းများအသင်း၏ အထွေထွေညှိနှိုင်းဆွေးနွေးပွဲမှနေ၍ အောက်ပါဆုံးဖြတ်ချက်များကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပါကြောင်း ကချင်ပြည်နယ်ဒေသကောလိပ် မိသားစုဝင်များအား အသိပေးအပ်ပါသည်။
၁။ စတုတ္ထအကြိမ် အာစရိယပူဇော်ပွဲ လက်ကျန်ငွေ( ၇,၃၇၆,၉၄၉/-)မှနေ၍ ဆရာကြီး ဆရာမကြီးများအား တစ်ဦးလျှင် ၃၀၀,၀၀၀/-(ကျပ်သုံးသိန်း) စီ ကန်တော့ရန်လျာထားသတ်မှတ်။
၂။ ကန်တော့မည့်အစီအစဉ်မှာ-
က။ အများရုံးပိတ်ရက်ဖြစ်သော အမျိုးသားနေ့(၁၇.၁၁.၂၀၂၂-ကြာသာပတေးနေ့)တွင် မြစ်ကြီးနားမှ ကျောင်းသား/ကျောင်းသူဟောင်းများအနေဖြင့် စွမ်းထက်သာကဖေး၌ နံနက်(၉:၀၀)နာရီတွင်စုဆုံ၍ မြို့ပေါ်ဆရာကြီး ဆရာမကြီးများ၏ အိမ်သို့ သွားရောက် ကန်တော့ကြရန်။
ခ။ အဝေးမှ ဆရာကြီး ဆရာမကြီးများအားကန်တော့နိုင်ရန်အတွက်လည်း သက်ဆိုင်ရာ နယ်ကိုယ်စားလှယ် ကျောင်းသူ/ကျောင်းသားဟောင်းများထံသို့ အချိန်မှီ ငွေလွှဲပို့ပေးရန်။(အဝေးကျောင်းသား ကျောင်းသူဟောင်းများအနေဖြင့်လည်း
မိမိတို့ ဒေသအနီးမှဖြစ်စေ ၊ အဝေးမှဖြစ်စေ လက်လှမ်းမှီရာ သက်ရှိထင်ရှား ဆရာကြီး ဆရာမကြီးများစာရင်း နှင့် ဆက်သွယ်နိုင်သည့် လိပ်စာ / ဖုန်းနံပါတ်များကို ဦးဝင်းဟန်သန်း-၀၉၂၄၀၂၄၄၈ နှင့် ဒေါ်သိန်းသိန်းဆွေ-၀၉၇၉၀၆၀၄၆၈၆ များထံသို့ အချိန်မှီ ကူညီအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံပါသည်။)...တို့ကို ဆုံးဖြတ်ခဲ့ကြပါသည်။