15/06/2026
ပညာသင်စရိတ်အထောက်အပံ့ ရရှိသည့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ကျောင်းသား/သူများထံသို့ လျှောက်ထားစဉ်က ဖြည့်သွင်းခဲ့သည့် အီးမေးလ်လိပ်စာများထံ ပြန်လည်အကြောင်းကြားထားပြီး ဖြစ်ပါသည် ... အကယ်၍ အကြောင်းကြားသည့် အီးမေးလ် လက်ခံရရှိခြင်း မရှိပါက page Messenger (သို့မဟုတ်) [email protected] သို့ ပြန်လည်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်
ကြားကာလ တက္ကသိုလ်ကောင်စီ
အမျိုးသားညီညွတ်ရေးအစိုးရ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသား၊ ကျောင်းသူများ (သို့မဟုတ်) ပထမနှစ် ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများ ပညာသင်စရိတ်အခက်အခဲဖြစ်ပါက အထောက်အပံ့ လျှောက်ထားနိုင်ပါသည်။
ရည်ရွယ်ချက် - ဤကာလအတွင်း အခက်အခဲများစွာအနက် ငွေကြေးအခက်အခဲဖြင့် တက္ကသိုလ်ပညာရေး နှောင့်နှေးမှုမဖြစ်စေရန် ရည်ရွယ်ထောက်ပံ့ခြင်း ဖြစ်ပါသည်။
လျှောက်လွှာပုံစံ - https://forms.gle/FMXKegeYz3SBtPHF6
လျှောက်လွှာပိတ်ရက် - 9/Jun/2026
စိစစ်ရွေးချယ်ပြီး ပြန်လည်အကြောင်းကြားမည့်ရက် - 15/Jun/2026
သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်
ကြားကာလ တက္ကသိုလ်ကောင်စီ