27/05/2021
ဒါဖတ်ပြီးမှ တောခိုပါ
သား သမီးတို့ရေ
ဖြုတ်သေးသေးလေးတွေ
သွေးစုတ်တာ ခံဖူးလား ။
ကချင်တောင်တန်းပေါ်က
ဖြုတ်ကလေးတွေက
ကိုက်တာနဲ့ဆစ်ကနဲနာတယ် ။
အဲဒီနေရာမှာ အနာဖြစ်
အမာရွတ်မဲမဲလေးတွေကျန်ခဲ့
ရော ။
ဒက်ဆိုတာတွေက
မင်းလည်မြိုကသွေးကိုစုတ်ဖို့
သစ်ပင်ပေါ်ကခုန်ချကြလိမ့်မယ် ။
သွေးဝရင်လှိမ့်ဆင်းသွားကြတယ် ။
်မင်းဘယ်လိုမှသိလိုက် မွာမဟုတ္ဘူး။
မြေပေါ်ကိုရောက်တာနဲ့
သွေးတွေကိုပြန်အံထုတ်ကြတယ် ။
ကြာတော့
အနီရောင်ပန်းပွင့်ကလေးတွေကြဲထား
တဲ့လမ်းပေါ်မှာမင်းလျောက်ရမယ် ။
သူတို့ကနောက်တစ်ဦးရဲ့လည်မြိုသွေး
ကိုစုတ်ဖို့ စောင့်နေကြပြန်ဦးမယ် ။
ငွက္ဖ်ား ခြင် တွေဆိုတာလည်း
နေ့ရောညပါ အဖော်လုပ်ပေးဖို့
အသင့်ရှိနေကြတယ် ။
သူတို့ကလူစိမ်းတွေဆိုရင်
ပိုကြိုက်တတ်ကြတယ် ။
ရှေ့တန်းစခန်းကုန်းတွေဟာ
သုဿန်တစပြင်လိုပဲ
မဲကြုတ်ကြုတ် မှုန်ကုတ်ကုတ်ကြီး
တွေ ။မင်းကိုစောင့်နေတယ် ။
ပျက်စီးနေတဲ့ကတုတ်ကျင်းတွေ
မည်ကာမတ္တလူနေတဲတွေ ။
စိုထိုင်းစေးထန်းနေတဲ့ရာသီဥတုက
မင်းကို ပိုအားငယ်စေလိမ့်မယ် ။
မြေကျင်းထဲမှာကြာကြာ
နေရတဲ့အခါ မင်းတစ်ကိုယ်လုံး
ဖြူရော်ချိနဲ့လာလိမ့်မယ် ။
အဲဒီစခန်းကုန်းတွေဟာ
ဝိညာဉ် တွေနဲ့ပြည့်နေတယ်လို့
နာမည်ကြီးတယ် ။
မင်းတစ်ယောက်ထဲကင်းစောင့်
တဲ့အခါ သူတို့ကနှုတ်ဆက်လိမ့်မယ် ။
ဟန္ဘာကာ မလွမ်းနဲ့
ဂျေဒိုးနတ် မလွမ်းနဲ့
စီဘီကြက်ကြော် မလွမ်းနဲ့
မုန်ညင်းနဲ့ ထမင်း
ငှက်ပျောအူနဲ့ထမင်း
မြှစ်ပြုတ်နဲ့ထမင်း
နတ်မှန်အောင်စားရရင်
မင်းကံကောင်းတယ် ။
ပြောင်းဖူးကြမ်းစေ့မီးဖုတ်ဝါးပြီး
ရေသောက်နေတတ်ဖို့
မင်းအစာအိမ်ကိုလေ့ကျင့်ထား
ရမယ် ။
ရေတစ်ငုံကိုသောက်ဖို့
နေ့တစ်ဝက်တောင်အောက်ဆင်းပြီး
ခပ်ရမယ် ။ ရေသန့်လား မသန့်
လား ရွေးချယ်ခွင့်မရှိဘူး ။
အဓိကအက္ဆုံးက
မင်းရဲ့ခြေထောက်နဲ့ကိုက် မယ့်
တောစီးဘိနပ်တစ်ရံရှိဖို့ပဲ ။
မင်းဘယ်တော့မှကတ္တရာလမ်းကို
လျောက်ရမယ်မထင်နဲ့တော့ ။
လမ်းမရှိတဲ့တော ၊ မတ်စောက်တဲ့
တောင်တွေကမင်းရဲ့ဘိနပ်အရည်
အသွေးကိုစမ်းသပ်ကြမယ် ။
မင်းဘိနပ်ကြပ်နေရင် မကြာခင်
မင်းခြေမတွေ ပုတ်ကုန်လိမ့်မယ် ။
ခြေထောက်နာလို့ မပြေးနိုင်ရင်
မင်းဘဝပျက်ပြီ ။
ခြေလှမ်းတိုင်းမှာ အဆုံးအဖြတ်တွေ
ရှိတယ် ။ ခင်းထားတဲ့မိုင်းတွေက
မင်းကိုစောင့်နေတယ် ။ မိုင်းတစ်လုံး
ကိုယ်တိုင်နင်းနင်း၊ မင်းအနားကလူပဲ
နင်းနင်း မင်းဘဝ အမှောင်ကြီးဖုံးပြီ
မှတ်ပေတော့ ။
မင်းသွားရာလမ်းမှာ စူးရှတဲ့အပုတ်နံ့
နံရင်သွားမကြည့်နဲ့ ။ မြောက်ဖျား
ကျောက်တောင်တွေမှာ ကျင်းတူး
မရလို့ သက္ကယ္ဖုံးခဲ့ရတဲ့ မင်းတို့လိုတော်လှန်ရေးသမား မနုဿတွေရဲ့
အသုဘကမ္မဌာန်းကိုမင်းမြင်
ရမယ် ။
တောထဲမရောက်ခင်
မင်းဘာကောင်ပဲဖြစ်နေနေ
တောထဲမှာမင်းဘာကောင်မှ
မဟုတ်တော့ဘူး ။ တောထဲမှာ
လူ့အဆင့်အတန်းဆိုတာမရှိဘူး ။
တရားရုံးမရှိဘူး ။ မင်းတို့ပြောတဲ့
ဒီမိုကေရစီမရွိဘူး ။ ရွိတာက
ကျည်ဆံပဲ ။
ကျည်ဆံ ဆိုလို့ပြောရဦးမယ်။
ဘယ်ကလာမှန်းမသိတဲ့
ကျည်ဆံတွေဟာ အချိန်မရွေး
မင်းအနားကိုကျလာနိုင်တယ် ။
အမြောက်ကျည်ဆံသံတွေဟာ
ပထမတော့ပြင်းထန်တဲ့ပေါက်ကွဲ
သံတွေပဲ ။ နောက်တော့ မင်းနား
စည်တွေ ထိခိုက်ပြီး ဗုံသံလိုပဲ
ကြားရလိမ့်မယ် ။ အဲဒီဗုံသံတွေက
မင်းကိုဒုက္ခိတဖြစ်သွားစေမယ့်
ဂီတေတြပဲ ။
ညနေစောင်းတိုင်း
အေမ အေဖ ညီအစ္ကို
မောင်နှမတွေကို မင်းသတိရမယ် ။
အဲဒီအချိန်ဟာ
နောက်ကျသွားပြီ ။
မင်းမှာ ခ်စ္ဇနီးမယား သမီးသား
ရှိရင် ပြန်တွေ့ဖို့ဖြစ်နိုင်ခြေနည်းပြီ ။
အဲဒါကိုယ်တွေ့တွေကိုရေးပြတာ
သားတို့ သမီးတို့။
တပ်မတော်ဆိုတာက
စည်းစနစ်ရှိတယ် ။ ၆ လရှေ့တန်း
ရောက်ပြီးရင် လာလဲမယ့်တပ်ကို
မျော်လို့ရတယ် ။
မင်းတို့ အတွက် တော့။
မောင်ချိုဝေ
၂၁၊၅၊၂၀၂၁