Defence Services Academy 53rd Intake

Defence Services Academy 53rd Intake mother land , Pyin Oo Lwin

Permanently closed.
27/05/2021

ဒါဖတ်ပြီးမှ တောခိုပါ

သား သမီးတို့ရေ

ဖြုတ်သေးသေးလေးတွေ
သွေးစုတ်တာ ခံဖူးလား ။
ကချင်တောင်တန်းပေါ်က
ဖြုတ်ကလေးတွေက
ကိုက်တာနဲ့ဆစ်ကနဲနာတယ် ။
အဲဒီနေရာမှာ အနာဖြစ်
အမာရွတ်မဲမဲလေးတွေကျန်ခဲ့
ရော ။

ဒက်ဆိုတာတွေက
မင်းလည်မြိုကသွေးကိုစုတ်ဖို့
သစ်ပင်ပေါ်ကခုန်ချကြလိမ့်မယ် ။
သွေးဝရင်လှိမ့်ဆင်းသွားကြတယ် ။
်မင်းဘယ်လိုမှသိလိုက် မွာမဟုတ္ဘူး။
မြေပေါ်ကိုရောက်တာနဲ့
သွေးတွေကိုပြန်အံထုတ်ကြတယ် ။
ကြာတော့
အနီရောင်ပန်းပွင့်ကလေးတွေကြဲထား
တဲ့လမ်းပေါ်မှာမင်းလျောက်ရမယ် ။
သူတို့ကနောက်တစ်ဦးရဲ့လည်မြိုသွေး
ကိုစုတ်ဖို့ စောင့်နေကြပြန်ဦးမယ် ။

ငွက္ဖ်ား ခြင် တွေဆိုတာလည်း
နေ့ရောညပါ အဖော်လုပ်ပေးဖို့
အသင့်ရှိနေကြတယ် ။
သူတို့ကလူစိမ်းတွေဆိုရင်
ပိုကြိုက်တတ်ကြတယ် ။

ရှေ့တန်းစခန်းကုန်းတွေဟာ
သုဿန်တစပြင်လိုပဲ
မဲကြုတ်ကြုတ် မှုန်ကုတ်ကုတ်ကြီး
တွေ ။မင်းကိုစောင့်နေတယ် ။
ပျက်စီးနေတဲ့ကတုတ်ကျင်းတွေ
မည်ကာမတ္တလူနေတဲတွေ ။
စိုထိုင်းစေးထန်းနေတဲ့ရာသီဥတုက
မင်းကို ပိုအားငယ်စေလိမ့်မယ် ။
မြေကျင်းထဲမှာကြာကြာ
နေရတဲ့အခါ မင်းတစ်ကိုယ်လုံး
ဖြူရော်ချိနဲ့လာလိမ့်မယ် ။

အဲဒီစခန်းကုန်းတွေဟာ
ဝိညာဉ် တွေနဲ့ပြည့်နေတယ်လို့
နာမည်ကြီးတယ် ။
မင်းတစ်ယောက်ထဲကင်းစောင့်
တဲ့အခါ သူတို့ကနှုတ်ဆက်လိမ့်မယ် ။

ဟန္ဘာကာ မလွမ်းနဲ့
ဂျေဒိုးနတ် မလွမ်းနဲ့
စီဘီကြက်ကြော် မလွမ်းနဲ့
မုန်ညင်းနဲ့ ထမင်း
ငှက်ပျောအူနဲ့ထမင်း
မြှစ်ပြုတ်နဲ့ထမင်း
နတ်မှန်အောင်စားရရင်
မင်းကံကောင်းတယ် ။
ပြောင်းဖူးကြမ်းစေ့မီးဖုတ်ဝါးပြီး
ရေသောက်နေတတ်ဖို့
မင်းအစာအိမ်ကိုလေ့ကျင့်ထား
ရမယ် ။

ရေတစ်ငုံကိုသောက်ဖို့
နေ့တစ်ဝက်တောင်အောက်ဆင်းပြီး
ခပ်ရမယ် ။ ရေသန့်လား မသန့်
လား ရွေးချယ်ခွင့်မရှိဘူး ။

အဓိကအက္ဆုံးက
မင်းရဲ့ခြေထောက်နဲ့ကိုက် မယ့်
တောစီးဘိနပ်တစ်ရံရှိဖို့ပဲ ။
မင်းဘယ်တော့မှကတ္တရာလမ်းကို
လျောက်ရမယ်မထင်နဲ့တော့ ။
လမ်းမရှိတဲ့တော ၊ မတ်စောက်တဲ့
တောင်တွေကမင်းရဲ့ဘိနပ်အရည်
အသွေးကိုစမ်းသပ်ကြမယ် ။
မင်းဘိနပ်ကြပ်နေရင် မကြာခင်
မင်းခြေမတွေ ပုတ်ကုန်လိမ့်မယ် ။
ခြေထောက်နာလို့ မပြေးနိုင်ရင်
မင်းဘဝပျက်ပြီ ။

ခြေလှမ်းတိုင်းမှာ အဆုံးအဖြတ်တွေ
ရှိတယ် ။ ခင်းထားတဲ့မိုင်းတွေက
မင်းကိုစောင့်နေတယ် ။ မိုင်းတစ်လုံး
ကိုယ်တိုင်နင်းနင်း၊ မင်းအနားကလူပဲ
နင်းနင်း မင်းဘဝ အမှောင်ကြီးဖုံးပြီ
မှတ်ပေတော့ ။

မင်းသွားရာလမ်းမှာ စူးရှတဲ့အပုတ်နံ့
နံရင်သွားမကြည့်နဲ့ ။ မြောက်ဖျား
ကျောက်တောင်တွေမှာ ကျင်းတူး
မရလို့ သက္ကယ္ဖုံးခဲ့ရတဲ့ မင်းတို့လိုတော်လှန်ရေးသမား မနုဿတွေရဲ့
အသုဘကမ္မဌာန်းကိုမင်းမြင်
ရမယ် ။

တောထဲမရောက်ခင်
မင်းဘာကောင်ပဲဖြစ်နေနေ
တောထဲမှာမင်းဘာကောင်မှ
မဟုတ်တော့ဘူး ။ တောထဲမှာ
လူ့အဆင့်အတန်းဆိုတာမရှိဘူး ။
တရားရုံးမရှိဘူး ။ မင်းတို့ပြောတဲ့
ဒီမိုကေရစီမရွိဘူး ။ ရွိတာက
ကျည်ဆံပဲ ။

ကျည်ဆံ ဆိုလို့ပြောရဦးမယ်။
ဘယ်ကလာမှန်းမသိတဲ့
ကျည်ဆံတွေဟာ အချိန်မရွေး
မင်းအနားကိုကျလာနိုင်တယ် ။
အမြောက်ကျည်ဆံသံတွေဟာ
ပထမတော့ပြင်းထန်တဲ့ပေါက်ကွဲ
သံတွေပဲ ။ နောက်တော့ မင်းနား
စည်တွေ ထိခိုက်ပြီး ဗုံသံလိုပဲ
ကြားရလိမ့်မယ် ။ အဲဒီဗုံသံတွေက
မင်းကိုဒုက္ခိတဖြစ်သွားစေမယ့်
ဂီတေတြပဲ ။

ညနေစောင်းတိုင်း
အေမ အေဖ ညီအစ္ကို
မောင်နှမတွေကို မင်းသတိရမယ် ။
အဲဒီအချိန်ဟာ
နောက်ကျသွားပြီ ။
မင်းမှာ ခ်စ္ဇနီးမယား သမီးသား
ရှိရင် ပြန်တွေ့ဖို့ဖြစ်နိုင်ခြေနည်းပြီ ။

အဲဒါကိုယ်တွေ့တွေကိုရေးပြတာ
သားတို့ သမီးတို့။

တပ်မတော်ဆိုတာက
စည်းစနစ်ရှိတယ် ။ ၆ လရှေ့တန်း
ရောက်ပြီးရင် လာလဲမယ့်တပ်ကို
မျော်လို့ရတယ် ။

မင်းတို့ အတွက် တော့။

မောင်ချိုဝေ
၂၁၊၅၊၂၀၂၁

27/05/2021

#မင်းတို့ရှင်သန်မှဖြစ်မယ် #
သူသေ ကိုယ်သေ ချမယ်တဲ့
ကြုံးဝါးတာ
စိတ်ပျော့ရင် ကိုယ်ကချည်းသေနေမယ်
တကယ်က သူသေ ကိုယ်မသေဖို့ပဲလိုတယ်

သူမသေရင် ကိုယ်သေမှာ
သူမသေဖို့ မင်းအသေခံမှာလား
အဲ့တာဆိုရင်တော့ အေးဆေးသာနေ
လခရ ကျလဲ ဖေ့ဘုတ်သာပွတ်
ဂိမ်းသာဆော့နေ ပေါ့ပေါ့သာနေကျ
သေခြာတယ် သူမသေပဲ မင်းသေဖို့ ၁၀၀ % ပဲ။

မင်းတို့ကို ဒီအချိန် ချောင်းနေမှာ
အလစ်အငိုက်ရှာနေမှာ

စိတ်ထဲမှာ မှတ်ထား
ဘယ်ကောင်မှ မယုံနဲ့
ဘယ်ကောင်မှ မသနားနဲ့
မင့်တို့ကို သတ်မဲ့ကောင်ချည်ပဲ

အယုံသွင်းပြီးလဲ သတ်နိုင်တယ်
ခင်အောင်ပေါင်းပြီးလဲ သတ်နိုင်တယ်
မတော်တဆဟန်နဲ့လဲ သတ်နိုင်တယ်
တကူးတကလဲ သတ်နိုင်တယ်
သေဘေးကမင်းတို့ လက်တစ်ကမ်းမှာပဲရှိနေတယ်

အရာရာကို မင်္သကာစိတ်ထားပါတဲ့
အလကား သင်ပေးထားတာမဟုတ်ဘူး

ဒိုင်းဆိုပြီး ကျည်ဆံမှန်ရင် ဘွာတေးခတ်လို့မရဘူး
ကြပ်ပူထိုးလို့မရဘူး
အုံဖွနဲ့မပျောက်ဘူး
သေမှာ
ထပ်ပြောမယ် သေမှာ

သေပြီးရင် အဟားခံရဦးမှာ
နိုင်ငံတော်အတွက် ကာကွယ်ရေးတာဝန်ကို
အုတ်တစ်ချပ် သဲတစ်ပွင့်လို့
ဘယ်ကောင်မှ ဝမ်းနည်းပြီးပြောမှာ မဟုတ်ဘူး
လခရ အားနည်းလို့ သောက်သုံးမှ မကျတာလို့ပဲပြောမှာ
ဆန့်ကျင်ဘက်အဖွဲ့က လက်ခုတ်လက်ဝါးတီးပြီး
အောင်ပွဲခံမှာ
အဲ့တော့ မင်းသေလို့မရဘူး
ထပ်ပြောမယ် စစ်သားတစ်ယောက်သေလို့မရဘူး!

မင်းသေရင် ဝမ်းနည်းဖို့
မင်းမိသားစုရှိမယ်
မင်းရဲ့ ရဲဘော်ရဲဘက်တွေ ရှိမယ်
မင်းရဲ့ စစ်သားမိသားစုဝင်တွေရှိမယ်
တပ်ကိုချစ်တဲ့ မိသားစုတွေရှိမယ်
အဲ့အတွက် မင်းသေလို့မရဘူး
ကျန်တဲ့ကောင်တွေဟားမယ်

သေခြာမှတ်
အကြမ်းဖက်သမားမှန်ရင်
သူသေဖို့ပဲလိုတယ်
သူပုန်မှန်ရင် သူသေဖို့ပဲလိုတယ်
ငါတို့မျှော်လင့်တာ
မင်းမသေဖို့
ငါ့ရဲဘော်ရဲဘက်တွေ မသေဖို!

စိတ်ထဲမှတ်ထား သေတဲ့အထိမှတ်ထား
သူသေ ကိုယ်မသေပဲ
သူသေကိုယ်ရှင်ပဲ!

ကိုယ်ရှင်ဖို့ နည်းလမ်းပေါင်းစုံနဲ့စဉ်းစား
နည်းလမ်းပေါင်းစုံနဲ့ ကြိုစား!
ဒါပဲ!
နေဝမ်းထွန်း

20/10/2018

Happy Diwali

20/11/2015

နိုင်ငံရဲ့ နေရာဒေသအလိုက် စစ်ဆင်ရေးနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသော အပတ်စဉ်တူသူငယ်ချင်းအားလုံးနဲ့ အရာရှိ/စစ်သည်အားလုံးဘေးအန္တရာယ်ကင်းပြီး ရည်မှန်းချက်တာဝန်များအောင်မြင်ပါစေ

ခင်မင်ရာအသိုင်းဝိုင်းနဲ့မိဘတွေကိုကွယ်စောင့်ရှောက်ကာလဲထားပါ့မယ်ဂုဏ်မငယ်စေဖွယ်
13/05/2015

ခင်မင်ရာအသိုင်းဝိုင်းနဲ့မိဘတွေကိုကွယ်စောင့်ရှောက်ကာလဲထားပါ့မယ်ဂုဏ်မငယ်စေဖွယ်

13/05/2015

တပ်မတော်ကပုံတွေပဲဖြစ်စေကျောင်းတုန်းကအမှတ်တရပုံတေပဲဖြစ်စေဆုဆောင်းမိသလောက်တင်ပေးသွားပါ

13/05/2015

စာပေဆောင်ကအိမ်သာတွေမှာရေးထားတဲ့စာသားတွေကိုဖတ်မိပြီးဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်တွေကအစရေးတင်သွားနိုင်ပါတယ်ဗျာ

13/05/2015

ဒီစကားလုံးတွေကိုမှတ်မိကြသေးလား
ရက်ထွက်တယ်
ရှိုင်းတယ်
ကျူတယ်
ဖွာစောင်းတယ်
ပြိုင်းတယ်
focus မိတယ်
မျက်စိထဲမှာcrossဖြစ်နေတယ်
ဖောက်တာကျတယ်
ဓါတ်ကျတယ်
ခုအချိန်မှာဒီစကားတွေထဲကဘာနဲ့ညီတာခံစားနေရလဲ

သတ်မှတ်ဝတ်စုံများ
13/05/2015

သတ်မှတ်ဝတ်စုံများ

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Defence Services Academy 53rd Intake posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share