10/06/2026
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
*******************************
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းဆင်းများဖြစ်သည့် ဒေါက်တာမိုးစည်သူ (1985 Intake) + ဒေါက်တာယိန်းညော် (1986 Intake) မိသားစု(မြစ်ကြီးနားမြို့)က နှစ်(၃၀)ပြည့် မင်္ဂလာအထိမ်းအမှတ်အလှူအဖြစ် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် စာသင်ခန်းများနှင့်ရုံးခန်းများတွင် အသုံးပြုနိုင်ရန်အတွက် တစ်ရက်လျှင် ရေဂါလံ (၅၀၀) သန့်စင်ပေးနိုင်သည့် ကျပ် (၁၀၅)သိန်းတန် ရေသန့်စက်ကို (၈-၆-၂၀၂၆) ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။
'1986 Intake ကျောင်းသား ကျောင်းသူဟောင်းများ မှ ရေသန့်စက်ထိန်းသိမ်းစရိတ်အဖြစ် အသုံး ပြုနိုင်ရန် အတွက် ငွေကျပ် (၉)သိန်းတိတိ ပါဝင်လှူဒါန်းခဲ့ပါသည်။
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် အနေဖြင့် အလှူရှင်မိသားစုနှင့် 1986 Intake ကျောင်းသား ကျောင်းသူဟောင်းများကို ကျေးဇူးတင်ဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။