08/07/2021
ရောဂါသက်သာအောင်အိမ်တွင်းကုသနည်း
-အမဲသား၊ ငါး၊ ဥ၊ အသီးအရွက် ၊ကြက်ဥ စားပေးပါ။vitamin c ကြွယ်ဝသောအသီးအနှံများ ဂရိတ်ဖရု၊ လလိမ္မော်သီး၊ ရှောက်သီး စားပါ။ (ထိုကဲ့ သို့ VitaminC ကြွယ်ဝသော အသီးများစားထားလျှင် ထိုနေ့အတွက် Vitamin C ဆေးကို လျော့ပါ၊ တနေ့ 1000mg ထက်မပိုရ)
သစ်ကြာသီး၊ ဗန်နာစိ၊ နေကြာစိ၊ ဖရုံစိ ကဲ့တို့အခွံမာသီးများ စားပါ။ (ဝမ်းလျှောနေသူများ နွားနို့၊ဒိန်ချဉ် သောက်လို့မရပါ အားမရှိတဲ့အပြင် ပိုဆိုးသွားနိုင်ပါတယ်)
--ဆနွင်း၊ဂျင်း၊ ငရုတ်ကောင်း၊ သစ်ဂျပိုးခေါက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ များများစားပေးပါ။ (ဟင်းချက်သည့်အခါ ပုံမှန်ထက် နှစ်ဆပိုထည့်ချက်/ဆနွင်းဆေးလုံး / ကြက်သွန်ဖြူ မီးဖုတ်စား/ဆနွင်း၊ဂျင်းကို ရေနွေကြမ်းထည့်၍လဲသောက်လို့ရပါတယ်)
- မနက်၊ နေ့၊ ညနေ ဝင်သလောက် ပူပူနွေးနွေးစားပေးပါ။
-အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။ အနဲဆုံးကြက်ပေါင်း/ဆန်ပြုတ်/ ထမင်းရည်သောက်ပါ။ပူပူနွေးနွေးစားပါ။
-အုန်းရည်တနေ့တလုံး သို့
BPI ဓာတ်ဆားရည်တနေ့တထုပ်သောက်ပါ။
Multivitamin - C , D3, Zinc, Fish oil , NaC
(မှတ်ချက် - Vitamin တွေက အများကြီးသောက်စရာမလိုပါ၊ ဥပမာ ImmunActiv/Becozinc/Betex Stress ဒီထဲက တမျိုးမျိုးသောက်နေရင် တခြားVit C,B,Zincတွေ ထပ်သောက်စရာမလိုဘူး။ C ကတနေ့ 1000mg ထပ်မပိုရ အသီးအရွက်မှပါသော Vitamin C ပါထည့်တွက်ပေးပါရန်။)
-ငှက်သိုက် (Bird Nest) တွေလဲ သောက်သင့်ပါတယ်။
တခြားကောင်းသောဆေး - Immune active/ K2/ elderberry/cordycep ( ရှိးပဒီး)/ ဂျင်ဆင်းGinseng/
-Probiotic အတွက် ဒိန်ချည် သောက်
ပေးပါ။
- အချို/ အငံ/ အရက်/ ဆေးလိပ်ရှောင်ပါ။
-ဆီကြော်/snack / အချိုအတတ်နိုင်ဆုံး မစားပါနှင့်။
-ရေများများသောက်ပါ။အနဲဆုံး3L သောက်
ပေးပါ။
-Hot drink များများသောက်ပေးပါ။
-oxymeter ဆောင်ထားပြီး မကြာခဏ Oxygen
Levelကိုမကြာခဏတိုင်းကြည့်ပါ။ Oxygen level ၉၅အောက်ဆိုလျငိဆေးရုံသွားသင့်ပါပြီ။
-ဖျားနာကိုက်ခဲချင်းအတွက် acetaminophen or paracetamol
-ချောင်းဆိုးခြင်းအတွက်
dectromenthorphan /
ငုံဆေး
ရင်ဖက်ကို ပရုတ်ဆီ (သို့)ရင်လူးဆေးလူးထားပါ။
-နှာခေါင်းပိတ် အတွက်
Nasal Spray /steam inhalation
-လည်ချောင်းယား/နာ/ချောင်းဆိုးလျှငိ
ဆားရည်နှင့်ရေနွေးဖြင့်လဲ gargleလုပ်ပါ။
-အောက်စီဂျင် level ကျခဲ့ပါက
Nasal spray ဖြန်းပြီး
Steam Inhalation -ရေနွေးအိုးထဲ eucalyptus oil သ်ု့ ပရုတ်ဆီ ထည့် ရှူပါ။အသက်ရူလမ်းကြောင်းပွင့်ရန်နှင့် အဆုတ်သန့်ရန် နေ့စင် မနက်တကြိမ် ညနေတကြိမ် ရူသင့်ပါတယိ။
စိတ်ကိုတည်ငြိမ်အောင်ထားပြီးBreathing exercise လုပ်ပါ
-exercise အပြင်းစားတွေမလုပ်ပါနဲ့။
အသက်ရူလေ့ကျင့်ခန်းနှင့်
ပေါ့ပေါ့ပါးပါး အကြောလျော့တာလောက်ပဲလုပ်ပါ။
-Vitamin Dပြည့်ဝရန်အတွက် ၁၀မိနစ်ခန့် မနတ်နေရောင်ပြပေးပါ။
- အိပ်ရေးပျက်လျင် လူကိုပင်ပန်းနွမ်းနယ်စေလို့
အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါက melatonin သောက်အိပ်ပါ။
- အိပ်ရင်ပတ်လက်မအိပ်ပါနဲ့။ အသက်ရူရလွယ်ကူအောင် မှောက်အိပ်ပါ။
- တရားနားထောင်ပါ။ ဖြစ်နိုင်လျင် တရားထိုင်ပါ။ စိတ်ကို ငြိမ်အောင်ထားပါ။
- အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။
- အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။
- အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ
ပြောပါ။အသိမိတ်ဆွေများက အကြံဉာဏ်တောင်းပါ။
-နေ့စင်ရောဂါလက္ခနာများနှင့် temperature ကိုစာအုပ်ထဲတွင်ချရေးပါ။
Credit - KJS