TU PKU Civil Family Page သည် နည်းပညာတက္ကသိုလ် (ပခုက္ကူ) မြို့ပြအင်ဂျင်နီယာ ကျောင်းသားဟောင်းများ ကျောင်းတတ်ဆဲမောင်နှမများ တာဝန်ထမ်းဆောင်ဆဲဆရာ/ဆရာမများနှင့် လုပ်ဆောင်နေသော online လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်၊၊
နည်းပညာတက္ကသိုလ် (ပခုက္ကူ) မြို့ပြအင်ဂျင်နီယာဌာန၏လုပ်ဆောင်မှုများ၊ သတင်းအချက်အလက်များ၊ နည်းပညာတက္ကသိုလ် (ပခုက္ကူ) မြို့ပြအင်ဂျင်နီယာ ကျောင်းသား/ကျောင်းသူများရဲ့ လှုပ်ရှားဆောင်ရွက်မှုများ၊ မြို့ပြအင်ဂျင်န
ီယာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာရပ်ဆိုင်ရာ ဗဟုသုတများ၊ လုပ်ငန်းခွင်ဆိုင်ရာဗဟုသုတများ၊ နည်းပညာတက္ကသိုလ် (ပခုက္ကူ) မြို့ပြအင်ဂျင်နီယာ ကျောင်းသားဟောင်းများ ၏ ဆောင်ရွက်ချက်များကို ဖော်ပြပေးလျက်ရှိသော non-profit organization အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
ဆရာ/ဆရာမများ ကျောင်းသားဟောင်းများ ကျောင်းတတ်ဆဲ မောင်နှများ ချိတ်ဆက်၍ ကူညီရိုင်းပင်းနိုင်ရန် ရည်ရွယ်ပါသည်။
Linked group မှာ TU PKU Civil Library ဖြစ်ပါသည်။
နည်းပညာတက္ကသိုလ် (ပခုက္ကူ) မြို့ပြအင်ဂျင်နီယာဌာနတွင် တတ်ရောက်သွားသော ကျောင်းသားဟောင်းများ ကျောင်းတတ်ဆဲညီအကိုမောင်နှများ မည်သူမဆို ပါဝင်လှုပ်ရှားနိုင်ပါသည်။
ကျောင်းတတ်ဆဲညီအကိုမောင်နှမများအနေနှင့် လိုအပ်သော အကူအညီများ အခက်အခဲများ နှင့်ပတ်သက်၍ လွတ်လပ်စွာ ဆွေးနွေးခြင်း အကြံအဥာဏ်များတောင်းခံခြင်းများ ပြုလုပ်နိုင်ပါသည်။ ကျောင်းနှင်ပတ်သက်သော သတင်းအချက်အလက်များ လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးနိုင်သော မည်သူမဆိုပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
ကျောင်းသားဟောင်းများအနေနှင့် ပညာရပ်ဆိုင်ရာဗဟုသုတများ သတင်းအချက်အလက်များ ဆောင်းပါးများ လုပ်ငန်းခွင်ဆိုင်ရာဗဟုသုတများ အတွေ့အကြုံများကို မျှဝေပေးနိုင်ရန် မည်သူမဆိုပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
မြို့ပြအင်ဂျင်နီယာမိသားစု
နည်းပညာတက္ကသိုလ်(ပခုက္ကူ)