Zoology Family - Pakokku University

Zoology Family - Pakokku University founded 2016

ထုတ်ပြန်ချက် ရက်စွဲ ။၂၀၂၂ ၊ ဇန်နဝါရီလ ၊ ၁၀ ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီလ ၊ ၆ ရက်နေ့တွင်စတင်ဖွင့်လှစ်သော စစ်ကောင်စီ၏ စစ်ကျွန်ပညာ...
10/01/2022

ထုတ်ပြန်ချက်

ရက်စွဲ ။၂၀၂၂ ၊ ဇန်နဝါရီလ ၊ ၁၀

၂၀၂၂ခုနှစ် ၊ ဇန်နဝါရီလ ၊ ၆ ရက်နေ့တွင်စတင်ဖွင့်လှစ်သော စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးကို ပခုက္ကူတက္ကသိုလ်မှ စစ်ကျွန်ကျောင်းသား ၂၃ ယောက် တက်ရောက်နေကြောင်း သိရှိရသည်။ စစ်အာဏာရှင်စနစ်အောက်က ပညာရေးသည် စစ်ကျွန်လူတန်းစားမွေးထုတ်ရေးကို လုပ်ဆောင်မည်ဖြစ် ကြောင်း နားလည်နေလျှက်ပင် ကျွန်ဖြစ်လိုသော ဤ ၂၃ ယောက်တို့သည် စစ်ဏာအာရှင်စနစ်ကြောင့် သေဆုံး၊ သွေးစွန်းကြသူ ကျောင်းသားအပေါင်း၏ မြင့်မြတ်သော ပေးဆပ်မှုကိုမျှ မထောက် ၊ မငှဲ့ဘဲ ကျွန်ပါးဝဖြစ်ရေး လုပ်ဆောင်နေကြသည်ကို ကျောင်းသားထုကိုယ်စား ရှုတ်ချ ၊ ပစ်ပယ်ကြောင်း ကြေညာသည်။ စစ်အာဏာရှင်စနစ်နှင့်အတူ အလေအလွင့် အမှိုက်သရိုက်များအားလုံးကင်းစင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကျွန်ုပ်တို့ ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကြေညာအပ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့

ပခုက္ကူ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)

Photo ပတကသ

အပန်းမကြီးရင် အောက်ပါ စာလေးကို Publicပဲဖြစ်စေ Friend Onlyပဲဖြစ်စေ ကော်ပီကူးယူဖြန့်ဝေကြပါဦး ။ ( tag‌တွေပါ လိုက်ချိတ်ရင်တေ...
07/01/2022

အပန်းမကြီးရင် အောက်ပါ စာလေးကို Publicပဲဖြစ်စေ Friend Onlyပဲဖြစ်စေ ကော်ပီကူးယူဖြန့်ဝေကြပါဦး ။ ( tag‌တွေပါ လိုက်ချိတ်ရင်တော့ပိုကောင်းတာပေါ့ :3 ) ။ ဂရုတွေ ပေ့ခ်တွေမှနေလည်း ဝိုင်းဝန်းဖြန့်ဝေကူညီကြပါဦး ။ ကျနော်တို့စာဖြင့်တင်ရတာ အဆင်မပြေရင် ပြန်ပြင်ရေးပြီးလည်း တင်နိုင်ပါတယ်ဗျ။ တင်ပြီးတဲ့အခါ ဖော်ပြပါပုံထဲမှ ကြိုက်နှစ်သက်ရာ PDF Linkကို m.me/kitelanngallery/ မှာ အခမဲ့လာယူလို့ရပါတယ် ။ အလဲအထပ်လို့သဘောမထားပဲ ခင်ဗျားတို့ရဲ့အပြုအမူကို ကျနော်တို့လက်ဆောင်ပြန်ပေးတာပါပဲ။ ကျနော်တို့မှာလည်း ပြန်ပေးစရာ ဒါတွေပဲရှိလို့ပါ။

Kitelann Gallery YouTube Channel

https://youtube.com/channel/UCgzafDPlyrgrgjVVBdeCi5A

Subscribe မလုပ်ရသေးတဲ့သူတွေ ကူညီကြပါဦး ။ data usersတွေကို အားနာပါတယ် အထူးသဖြင့်တော့ wifi users တွေပေါ့ ။ Subscribers 1000နဲ့ View 4000 ပြည့်မှ ငွေဝင်ဖို့လျှောက်လို့ရမှာမို့ အတော်လိုနေပါသေးတယ် ။ တော်လှန်ရေးကာလရှည်ကြာလေ ကျနော်တို့ရှာနိုင်တာထက် ငွေက လိုသထက်လိုလာ‌လေမို့ အလှူငွေတွေဘာတွေကောက်ခံရတာထက် ပြင်ပမှ အခြားငွေဝင်နိုင်မယ့်အရာတွေကိုလည်း စ,လုပ်ကြည့်တာပါပဲ။ ပါဝင် ကူညီကြပါဦး ။


#မရှဲနဲ့ကူးတင်

သတ္တဗေဒမေဂျာ ခွေးသွားစိပ်များစာရင်းPhoto ပတကသ
04/11/2021

သတ္တဗေဒမေဂျာ ခွေးသွားစိပ်များစာရင်း
Photo ပတကသ

❝တော်လှန်သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်❞▄▄▄▄▄▄▄▄▄▄▄▄▄▄▄အခုဆိုရင် ကျနော်တို့ နွေဦးတော်လှန်ရေးဟာ ...
15/10/2021

❝တော်လှန်သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်❞
▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အခုဆိုရင် ကျနော်တို့ နွေဦးတော်လှန်ရေးဟာ အချိန်ကာလအားဖြင့် (၈) လကျော်လို့ (၉) လတွင်းကို ချည်းနင်းဝင်ရောက်ခဲ့ပါပြီ။ ကျနော်တို့ ပြည်သူလူထုကို အကြမ်းဖက် စစ်ကောင်စီအနေနဲ့ တစ်နေ့တစ်ရက်မျှ အုပ်ချုပ်လို့မရဘူးဆိုတာ ဖြတ်သန်းခဲ့တဲ့ ဒီအချိန်ကာလက အကောင်းဆုံး သက်သေတည်ပြီးလည်း ဖြစ်ပါတယ်။

မျှော်ရည်ရာ ပန်းတိုင်ကို မရောက်မချင်း ကျနော်တို့တွေ အသံမတိတ်၊ အလံမလိပ်ဘဲ အကြမ်းဖက်အာဏာရူးတွေကို အစွမ်းကုန် ခုခံတွန်းလှန်နေကြမှာပဲ ဖြစ်ပါတယ်။

#တော်လှန်သီတင်းကျွတ်

မကြာခင်ကျရောက်တော့မယ့် ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာလည်း (ကျနော်တို့တွေ မဟာသင်္ကြန်အခါတော်မှာ ဆင်နွှဲခဲ့ကြသလိုပဲ) တော်လှန်စိတ် တော်လှန်သွေးအပြည့်နဲ့ တော်လှန်သီတင်းကျွတ်ပွဲတော်အဖြစ် ခံယူသွားကြဖို့၊ ဆင်နွှဲသွားကြဖို့ပဲ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူရဲကောင်းများကို အောက်မေ့ခြင်း၊​ အကျဉ်းထောင်တွင်းမှ ရဲဘော်များကို ဂုဏ်ပြုခြင်း၊ တိုက်ပွဲဝင်ရဲဘော်ရဲဘက် အားလုံးအတွက် ဆုတောင်းမေတ္တာပို့သခြင်းနဲ့ တော်လှန်ရေးမီးတောက်မီးလျှံတွေ အရှိန်အဟုန်မပြတ် တောက်လောင်နေဆဲဆိုတာကို ပုံ‌ဖော်ပြသခြင်း စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လှုပ်ရှားကြမယ့် တော်လှန်သီတင်းကျွတ် လူထုလှုပ်ရှားမှုကြီးပဲ ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ တော်လှန်သီတင်းကျွတ် လူထုလှုပ်ရှားမှု လုပ်ငန်းစဉ်ကတော့ ဒီလိုဖြစ်ပါတယ်-

#အောက်တိုဘာ_၁၉

သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့ (အောက်တိုဘာ ၁၉ ရက်) ရက်နေ့မှာ အွန်လိုင်းသပိတ်လှုပ်ရှားမှု လုပ်ကြဖို့ပါ။

မီးထွန်းညှိထားတဲ့ ဖယောင်းတိုင်ကို လက်တစ်ဖက်က ကိုင်၊ ကျန်လက်တစ်ဖက်က လက်သုံးချောင်းထောင်ထားတဲ့ “ဆီမီးသပိတ်” ဓာတ်ပုံရိုက် အွန်လိုင်းပေါ်တင်တဲ့ လှုပ်ရှားမှု (Online Campaign) ဖြစ်ပါတယ်။

#အောက်တိုဘာ_၂၀_၂၁

သီတင်းကျွတ်လပြည့်နေ့နဲ့ လပြည့်ကျော်တစ်ရက်နေ့ (အောက်တိုဘာ ၂၀၊ ၂၁ ရက်) တို့မှာတော့ တစ်တိုင်းတစ်ပြည်လုံးက မြို့တိုင်းနယ်တိုင်း၊ ရွာတိုင်းရပ်တိုင်း၊ အိမ်တိုင်းမှာ တော်လှန် သီတင်းကျွတ်ဆီမီးများ ထွန်းညှိပြီး (မိမိတို့ ယုံကြည်ရာ ဘာသာတရားအလိုက်) ဆုတောင်းမေတ္တာပို့သကြတဲ့ လူထုလှုပ်ရှားမှုကို ဆောင်ရွက်ကြပါမယ်။

ကျဆုံးအာဇာနည်များ၊ အကျဉ်းထောင်တွင်းမှ သူရဲကောင်းများ၊ တိုက်ပွဲဝင် ရဲဘော်များစတဲ့ တော်လှန်ရေးမှာ ပေးဆပ်ထည့်ဝင်ကြတဲ့ ရဲဘော်ရဲဘက်များ အားလုံးအတွက် အောက်မေ့၊ ဂုဏ်ပြု ရည်ရွယ်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ တစ်နည်းပြောရရရင်တော့ ဒီဆီမီးသပိတ်သည် ဓမ္မဝါဒီတွေကို ဂုဏ်ပြုပူဇော်ခြင်းမည်သလို အဓမ္မဝါဒီတွေကို လောင်ကျွမ်းမီးတိုက်လိုက်ခြင်းပါပဲ။

နွေဦးတော်လှန်ရေးအတွင်း ကျရောက်လာတဲ့ သီတင်းကျွတ်အခါသယမမှာ “တော်လှန်‌သီတင်းကျွတ်ပွဲ” အဖြစ် သတ်မှတ်ခံယူကာ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း အမြင့်မားဆုံး ဖော်ထုတ်၊ နွှဲဆင်ကြပါစို့။

#‌တော်လှန်သီတင်းကျွတ်



#ဆီမီးသပိတ်

#ဓမ္မကို_ဂုဏ်ပြုပူဇော်

#အဓမ္မကို_လောင်ကျွမ်း

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

#‌အရေးတော်ပုံ_အောင်ရမည်

07/09/2021
14/08/2021
Credentials Challenge အတွက်Online campaign FB Frame ပါ အားလုံး ဝိုင်းပြီး ချိန်းကြရ‌အောင် ။      http://www.facebook.com...
09/08/2021

Credentials Challenge အတွက်
Online campaign FB Frame ပါ
အားလုံး ဝိုင်းပြီး ချိန်းကြရ‌အောင် ။





http://www.facebook.com/profilepicframes/?selected_overlay_id=530102884980159

NUG အစိုးရကိုထောက်ခံကြောင်း ပရိုဖိုင်မှာ
Frame codeကို
- Accept NUG လို့ရိုက်ပြီး ၊
- Profile Frame ပြောင်းလို့ရပါပြီ။

🔳8888 ဒီမိုကရေစီ အရေးတော်ပုံကြီး ၃၃ နှစ်ပြည့်မြောက်ခဲ့ပါပြီ။🔳2021ထိတိုင်အောင် ပြည်သူတွေ ဒီမိုကရေစီအရေး တွက်အသက်တွေပေး ဘဝ...
08/08/2021

🔳8888 ဒီမိုကရေစီ အရေးတော်ပုံကြီး ၃၃ နှစ်ပြည့်မြောက်ခဲ့ပါပြီ။
🔳2021ထိတိုင်အောင် ပြည်သူတွေ ဒီမိုကရေစီအရေး တွက်အသက်တွေပေး ဘဝတွေစတေးနေကြရဆဲပါ။
🔳မပြီးဆုံးသေးတဲ့ လမ်းကို ကျောင်းသား၊ဆရာ ၊ပြည်သူတွေအတူတူ ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်ကြပါစို့။

“၈၈ က သွေးကြွေးဟောင်း ၂၁ မှာအပြီးတောင်း" လှုပ်ရှားမှု🔥▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ယခုကျရောက်မယ့် ၈.၈.၂၀၂၁ ရက်နေ့တွင် ရှစ်လေးလုံး (၈...
05/08/2021

“၈၈ က သွေးကြွေးဟောင်း ၂၁ မှာအပြီးတောင်း" လှုပ်ရှားမှု🔥
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ယခုကျရောက်မယ့် ၈.၈.၂၀၂၁ ရက်နေ့တွင် ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး (၃၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ်
၁။ လက်ရှစ်ချောင်း သပိတ် (8 Fingers Strike)
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တော်လှန်စိတ်ကို နှလုံးသွင်းလျက် ပုံပါအတိုင်း လက်ရှစ်ချောင်းထောင် ဓာတ်ပုံရိုက်၍လူမှုကွန်ယက်စာမျက်နှာများတွင် ကမ်ပိန်းလုပ်ခြင်း။
၂။ အနီရောင် လှုပ်ရှားမှု (Red Campaign)🔴
၈.၈.၂၀၂၁ တွင် ရှစ်လေးလုံးစိတ်ဓာတ်ဖြစ်သော ရဲဝံ့ခိုင်မာခြင်းကိုကိုယ်စားပြုသည့် အနီရောင်အင်္ကျီ အဝတ်အစား၊ အသုံးအဆောင်များ ဝတ်ဆင်ခြင်း၊ ဆေးနီသပိတ်များ ဖော်ဆောင်ခြင်း။
-----
၈၈ က သွေးကြွေးဟောင်းကို၂၁ မှာ အပြီးတောင်းကြပါစို့



#၈၈ကသွေးကြွေးဟောင်း_၂၁မှာအပြီးတောင်း
#အရေးတော်ပုံ_အောင်ရမည်

ကပ်ကိုလည်းကျော်မယ်.တပ်ကိုလည်းဆော်မယ်..
29/07/2021

ကပ်ကိုလည်းကျော်မယ်.
တပ်ကိုလည်းဆော်မယ်..

"အာဇာနည်မျိုးသေရိုးမရှိ" -------------------------------------------၁၉ ဇူလိုင် အာဇာနည်နေ့မှာ အာဇာနည် (၉) ဦးအပါအ၀င် ခေတ်အ...
17/07/2021

"အာဇာနည်မျိုးသေရိုးမရှိ"
-------------------------------------------
၁၉ ဇူလိုင် အာဇာနည်နေ့မှာ အာဇာနည် (၉) ဦးအပါအ၀င် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးအတွက်တိုက်ပွဲ၀င်ရင်း ကျဆုံးခဲ့ရတဲ့ ဘာမထီသူရဲကောင်းတွေကို ‌အလေးပြုတဲ့အနေနဲ့ ပြည်သူတိုင်း အလေးပြုသပိတ်၊ ဟွန်းတီးသပိတ် လုပ်ကြစို့။

✊ မနက် ၁၀:၃၇ အတိမှာ ကားတွေဟွန်းတီးကြ၊ ရောက်ရာနေရာမှာရပ်ပြီး အလေးပြုကြ။

✊ အိမ်မှာနေတဲ့ ပြည်သူများ မနက် ၁၀:၃၇ အတိမှာ အိမ်ရှေ့ထွက်ပြီး အလေးပြုကြ။

အာဇာနည်မျိုးတွေကို
အကြမ်းဖက်စစ်တပ်တွေ ဘယ်လောက်ပဲဖိနှိပ်ဖိနှိပ် အနိုင်မခံဘဲ ‌ကြွကြ။ ဒီပွဲ နိုင်ကိုနိုင်ရမည်။



07/07/2021

Address

Myaing Road
Pakokku

Website

Alerts

Be the first to know and let us send you an email when Zoology Family - Pakokku University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share