Htal Jo Korea Language Center-ထယ်ဂျို

Call Directions Contact the university

Htal Jo Korea Language Center-ထယ်ဂျို မြင့်မားသောဝင်ငွေရှာဖွေလိုသူလူငယ်တိုင်းအတွက်

အောင်ပြီးတော့မှ မသွားလိုက်ရလို့ပဲဖြစ်ဖြစ် စာမေးပွဲဝင်ဖြေခွင့်မရခဲ့လို့ပဲဖြစ်ဖြစ် ဖြေခွင့်ရခဲ့ပြီး စာမေးပွဲကျခဲ့တာမျိုးပဲ...
20/08/2026

အောင်ပြီးတော့မှ မသွားလိုက်ရလို့ပဲဖြစ်ဖြစ် စာမေးပွဲဝင်ဖြေခွင့်မရခဲ့လို့ပဲဖြစ်ဖြစ် ဖြေခွင့်ရခဲ့ပြီး စာမေးပွဲကျခဲ့တာမျိုးပဲဖြစ်ဖြစ် ကိုရီးယားကို စိတ်မကုန်သေးဘူး ထပ် try ကြည့်ချင်သေးပါတယ်ဆိုတဲ့ ကျောင်းသားတွေက အခုလာမယ့် ၁၇ ကြိမ်မြောက် ကုန်ထုတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်တန်ပါပြီ အဓိကကတော့ လာမယ့်စာမေးပွဲမှာ သင်ရိုးသစ်နဲ့ ဖြေရမှာဖြစ်ပြီး skills test စစ်တာကအစအကုန်ပြောင်းလဲထားမှာမို့ပါအဲအတွက်ကြိုတင်ပြင်ဆင်ဖို့ ဆိုရင် ယခုလက်ရှိမြကျွန်းသာမှာသင်ကြားပေးနေသော သင်ရိုးသစ်အတန်းကို ပြန်လာjoin ဖို့ အမောင်ကျောင်းသားများကို နှိုးဆော်အပ်ပါတယ် မည်သည့်အသုတ်က ကျောင်းသားမဆို ထယ်ဂျိုကျောင်းသားတခါဖြစ်ဖူးရင် ထာဝရ ထယ်ဂျိုကျောင်းသားပါပဲ အားလုံးပြန်တက်လို့ရပါတယ်
တခါတည်းအသိပေးချင်တာကတော့ ကိုရီးယားလမ်းကြောင်းက အရင်က မလွယ်ပါဘူး အခုက ပိုခက်ပါတယ် ပြိုင်ဆိုင်မှု ပိုပြင်းထန်ပါတယ် အရင်တုန်းကထက် အများကြီး လုံလထား ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ် စာတွေလဲ အရင်ထက်ပိုများပြီး ပိုခက်ပါမယ် ဒါပေမယ့် ကိုယ့်တယောက်တည်းအတွက် ရွေးခက်နေတာမဟုတ်ပဲ အားလုံးတန်းတူ ညီတူမို့ ကြိုးစားရင် ဖြစ်လာဖို့ အခွင့်ရေးရှိပါတယ်
ပြန်တက်လိုသော ကျောင်းသားဟောင်းများ
အမည် ဖုန်းနံပတ် CB ကနေ ပို့ထားပေးပါရန်

03/08/2026

စိုက်မွေး/ဆောက်လုပ်ရေး/သစ်တော ဝင်ရောက်ဖြေဆိုချင်သော ကျောင်းသားများ
PH-0943122120 or messenger ကနေတဆင့် အမည် ဖုန်းနံပတ်ပေးပြီး စာရင်းပေးလို့ရပါပြီ
စိုက်မွေး ၇၀၀
ဆောက်လုပ်ရေး ၅၀၀
သစ်တော ၁၀၀ ဦးသာ အအောင်ပေးမှာဖြစ်
ပြီး ကုန်ထုတ်လုပ်ငန်း မပါဝင်သောကြောင့် ဖြေဆိုသူ များနိုင်ပါသည် ဖြတ်မှတ်မြင့်နိုင်ပါသည်
အမှန်တကယ် စာလုပ်နိုင်သူများသာ ဝင်ရောက်ဖြေဆိုစေလိုပါသည်

credit:Kyaw San🇰🇷⚠️သတင်းကောင်း! "လုပ်ခလစာမရတာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို တရားရေးဝန်ကြီးဌာနဆီကို မြန်မာဘာ...
07/07/2026

credit:Kyaw San
🇰🇷⚠️သတင်းကောင်း! "လုပ်ခလစာမရတာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို တရားရေးဝန်ကြီးဌာနဆီကို မြန်မာဘာသာ စကားနဲ့ တိုက်ရိုက်ဖုန်းဆက်တိုင်ကြားနိုင်ပြီ"
တရားရေးဝန်ကြီးဌာနကနေ နိုင်ငံခြားသားအလုပ်သမားတွေအတွက် ‘နိုင်ငံခြားသား လူ့အခွင့်အရေး ချိုးဖောက်မှု သီးသန့်ဖုန်းနံပါတ် ချန်နယ် အသစ်'ကို ဖွင့်လှစ်ပေးထားပါတယ်။

တောင်ကိုရီးယားမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြုံရရင် တိုင်ကြားဖို့ ဖုန်းနံပတ် ၁၃၄၅ ကိုခေါ်ဆိုပြီးတော့ နောက်ထပ် နံပတ် ၁ ကို ထပ်နှိပ်လိုက်တာနဲ့ လုပ်ခလစာ မရတာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မိမိတို့နိုင်ငံရဲ့ ဘာသာစကားအလိုက် ဘာသာစကား အမျိုးအစား ၂၀ နဲ့ ချက်ချင်းအကူအညီ တောင်းခံနိုင်မယ့် သီးသန့်ပြတင်းပေါက်တစ်ခု ဟစ်တိုင်တခု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

1345 နိုင်ငံခြားသား အထွေထွေလမ်းညွှန်စင်တာ' မှာ လူ့အခွင့်အရေး ချိုးဖောက်မှု သီးသန့်တိုင်ကြားရမယ့် နံပါတ် ‘၁’ ကို အသစ်တိုးချဲ့လိုက်တဲ့အတွက်၊ တစ်လအတွင်း တိုင်ကြားမှုအရေအတွက်ဟာ သီးသန့်နံပါတ် မရှိခင်တုန်းက တစ်လပျမ်းမျှ တိုင်ကြားချက် ၂၂ ခုလောက်ပဲ ရှိခဲ့ရာကနေ၊ နံပါတ်ဖွင့်ပြီး တစ်လအတွင်းမှာတင် တိုင်ကြားချက်ပေါင်း ၁၄၂ ခုအထိ အရင်ကထက် ၆ ဆကျော် တိုးလာပြီး နစ်နာမှုတွေကို လက်တွေ့ ကုစားပေးနိုင်တဲ့ ထိရောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

1345 ကို ဖုန်းခေါ်ပြီး ‘၁’ နံပါတ်ကိုပဲ နှိပ်လိုက်ရင် သက်ဆိုင်ရာဘာသာစကားအလိုက် ဘာသာကား စုစုပေါင်း ၂၀ မျိုးဝန်ဆောင်မှုရနိုင်တဲ့ တာဝန်ခံ အတိုင်ပင်ခံအရာရှိတွေနဲ့ ချက်ချင်းချိတ်ဆက်မိပြီး တိုင်ကြားတာ ဒါမှမဟုတ် ဆွေးနွေးတိုင်ပင်တာတွေ လုပ်နိုင်သွားပြီ ဖြစ်ပါတယ်။

ဘယ်လိုအချက်တွေ ကြုံလာရရင် အကူအညီတောင်းနိုင်မလဲ?
- လုပ်ခလစာ အချိန်မှီ မရခြင်း (임금체불)
- ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရခြင်း (폭행)
- လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု သို့မဟုတ် အကြမ်းဖက်ခံရခြင်း (성희롱·성폭력)
- ပတ်စ်ပို့ (Passport) သို့မဟုတ် မှတ်ပုံတင် အဓမ္မသိမ်းဆည်းခံရခြင်း (여권 압수)
- အတင်းအဓမ္မ ခိုင်းစေခံရခြင်း (강제노동)

ကိုရီးယားစကား မကျွမ်းကျင်တာ ဒါမှမဟုတ် တိုင်ကြားနည်းလမ်းကို သေချာမသိလို့ အချိန်မီ အကူအညီမရဖြစ်ရတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့နဲ့ နစ်နာမှုတွေကို ပိုမိုမြန်မြန်ဆန်ဆန် ကုစားပေးနိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီးထားတာပါ။

လက်ခံရရှိတဲ့ တိုင်ကြားချက်တွေကိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ 출입국·외국인청 (လဝကရုံး) ၁၉ ခုရဲ့ ရွှေ့ပြောင်းနေထိုင်သူ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအရာရှိ (이민자권익보호관) တွေ အပါအဝင်၊ ရာဇဝတ်မှုကြောင့် ထိခိုက်နစ်နာသူများအတွက် One-Stop ဆောင်ရွက်ပေးမယ့် စင်တာ (범죄피해자 원스톱솔루션센터)၊ နိုင်ငံခြားသားများအတွက် ကျေးရွာတာဝန်ခံ ရှေ့နေ (외국인을 위한 마을변호사)၊ ဒေသဆိုင်ရာ အလုပ်သမားရုံး (지방노동청) နဲ့ လူကုန်ကူးမှု နစ်နာသူ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်း စတာတွေနဲ့ ချိတ်ဆက်ပြီး မြန်မြန်ဆန်ဆန်နဲ့ ဆုံးရှုံးတဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

နစ်နာမှုဖြစ်ပွားတဲ့ အချိန်ကစလို့ ဆွေးနွေးတိုင်ပင်တာ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာဌာနတွေကို ချိတ်ဆက်ပေးတဲ့အထိ တစ်နေရာတည်းမှာ အားလုံးပြီးစီးမယ့် (One-Stop) ပံ့ပိုးကူညီမှုစနစ်ကို တည်ဆောက်လိုက်တာပဲ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးနဲ့ စက်ရုံ၊ အလုပ်ရုံတွေဟာ အခုဆိုရင် နိုင်ငံခြားသားအလုပ်သမားတွေ၊ ကျောင်းသားတွေနဲ့ အိမ်ထောင်သည်ဗီဇာနဲ့ လာသူတွေရဲ့ အခန်းကဏ္ဍအပေါ်မှာ အများကြီး မှီခိုနေရတာဖြစ်လို့ ဒီလူတွေကို စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးတာဟာ နိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေကို ကြိုတင်ကာကွယ်ပြီး၊ နစ်နာသူတွေကို မြန်မြန်ဆန်ဆန် ကာကွယ်စောင့်ရှောက်ပေးမယ့် စနစ်တွေကို စဉ်ဆက်မပြတ် ဆက်လက်တိုးချဲ့သွားမယ်ဆိုရင် ကိုရီးယားနိုင်ငံဟာ 'စီးပွားရေး ထိပ်တန်းနိုင်ငံ'(경제 선진국) အဆင့်တင်မကဘဲ 'လူ့အခွင့်အရေး ထိပ်တန်းနိုင်ငံ'(인권 선진국) အဖြစ်ပါ နောက်ထပ်တစ်ဆင့် တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။ အားလုံး စစရာရာ အဆင်ပြေချောမွေ့ကြပါစေ ....

Dear Facebook Team,

ညက လေယာဉ်နဲ့ ထွက်ခွါလာပြီဖြစ်တဲ့ ညီလေး ရဲရင့်အောင်အလုပ်ကောင်း အလုပ်ရှင်ကောင်းနဲ့ ဆုံတွေ့နိုင်ပါစေ❤️
09/06/2026

ညက လေယာဉ်နဲ့ ထွက်ခွါလာပြီဖြစ်တဲ့ ညီလေး ရဲရင့်အောင်
အလုပ်ကောင်း အလုပ်ရှင်ကောင်းနဲ့ ဆုံတွေ့နိုင်ပါစေ❤️

🖋️ (၃၄) နှစ်ကြာ တားမြစ်ထားခဲ့တဲ့ တက်တူးထိုးခြင်း လုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက်ပြီ ✨⚖️တောင်ကိုရီးယားနိုင်ငံ တရားရုံးခ...
24/05/2026

🖋️ (၃၄) နှစ်ကြာ တားမြစ်ထားခဲ့တဲ့ တက်တူးထိုးခြင်း လုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက်ပြီ ✨⚖️

တောင်ကိုရီးယားနိုင်ငံ တရားရုံးချုပ်က ဆေးဘက်ဆိုင်ရာ လိုင်စင်မရှိဘဲ တက်တူးထိုးခြင်းကို (၃၄) နှစ်ကြာ တားမြစ်ထားခဲ့တဲ့ ဥပဒေအဟောင်းကို ပယ်ဖျက်လိုက်ပြီး သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပါတယ်။
တရားရုံးချုပ်ရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်အရ တက်တူးထိုးခြင်းဟာ ဆေးကုသမှုဆိုင်ရာ လုပ်ငန်းစဉ် မဟုတ်တဲ့အတွက် ဆရာဝန်များသာ လုပ်ဆောင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

သမိုင်းဝင် အပြောင်းအလဲ
၁၉၉၂ ခုနှစ်ကစပြီး တက်တူးထိုးခြင်းအားလုံး (အလှပြင်ဆိုင်ရာ တက်တူးများပါမကျန်) ကို တရားမဝင်တဲ့ ဆေးဘက်ဆိုင်ရာ လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ခဲ့တာကြောင့် တက်တူးပညာရှင်တွေဟာ ဒဏ်ငွေဆောင်ရတာ၊ ထောင်ဒဏ်ကျခံရတာတွေကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တက်တူးထိုးခြင်းဟာ လူငယ်တွေကြားမှာ မိမိကိုယ်ကို ဖော်ပြတဲ့ အနုပညာတစ်ခု ဖြစ်လာပြီး လူမှုယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာကြောင်း တရားရုံးချုပ်က အသိအမှတ်ပြုလိုက်ပါတယ်။ ဒါဟာ အလုပ်အကိုင် လွတ်လပ်ခွင့်၊ မိမိကိုယ်ကို ထုတ်ဖော်ခွင့်နဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့ ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

အနာဂတ် စည်းမျဉ်းများ
ပါလီမန်မှာ အတည်ပြုပြီးဖြစ်တဲ့ တက်တူးပညာရှင်များဆိုင်ရာ ဥပဒေသစ်ကို ၂၀၂၇ ခုနှစ်၊ အောက်တိုဘာလမှာ စတင်အသက်သွင်းသွားမှာ ဖြစ်ပါတယ်။ ဒီဥပဒေအရ ဆေးဘက်ဆိုင်ရာ နောက်ခံမရှိတဲ့ တက်တူးပညာရှင်တွေအတွက် သီးခြားလိုင်စင်စနစ်တစ်ခုကို ထူထောင်ပေးသွားမှာ ဖြစ်ပါတယ်။ သို့သော်လည်း တက်တူးပညာရှင်တွေအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ထိခိုက်ဒဏ်ရာရစေတာ သို့မဟုတ် ဘေးကင်းလုံခြုံရေး စည်းမျဉ်းတွေကို ဖောက်ဖျက်တာမျိုး လုပ်ဆောင်မိရင်တော့ တာဝန်ယူရမှာဖြစ်ကြောင်း တရားရုံးချုပ်က သတိပေးထားပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ တောင်ကိုရီးယား တက်တူးလုပ်ငန်းလောကအတွက် နှစ်ပေါင်းများစွာ မှောင်ခိုဈေးကွက်ကနေ လွတ်မြောက်လာမယ့် ကြီးမားတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

#ကိုရီးယား #တက်တူး #တရားဥပဒေ #အနုပညာ #သတင်း

( #ချောင်းသာ မှသည် ကိုရီးယား ဆီသို့ )မောင်လှိုင်မင်း တယောက် ဒီည လေယာဉ်တက်ပါပြီ အလုပ်ကိုင်တွေ အများကြီး အဆင်ပြေပါစေကွာ❤️
27/04/2026

( #ချောင်းသာ မှသည် ကိုရီးယား ဆီသို့ )
မောင်လှိုင်မင်း တယောက် ဒီည လေယာဉ်တက်ပါပြီ
အလုပ်ကိုင်တွေ အများကြီး အဆင်ပြေပါစေကွာ❤️

တောင်ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက လာမယ့် မေလ ၁ ရက် (အလုပ်သမားနေ့) နဲ့ ပတ်သက်ပြီး အလုပ်သမားခံစားခွင့်ဆိုင်ရာ ညွှန်ကြားခ...
16/04/2026

တောင်ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက လာမယ့် မေလ ၁ ရက် (အလုပ်သမားနေ့) နဲ့ ပတ်သက်ပြီး အလုပ်သမားခံစားခွင့်ဆိုင်ရာ ညွှန်ကြားချက်အသစ်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီနှစ်ကစပြီး အလုပ်သမားနေ့ဟာ အားလုံးအတွက် တရားဝင်ရုံးပိတ်ရက်ဖြစ်လာပြီး တခြားရက်နဲ့ အစားထိုးပိတ်ခွင့်မရှိဘူးလို့ သိရပါတယ် 🗓️⚖️

အလုပ်သမားနေ့အတွက် လုပ်ခလစာ ခံစားခွင့်အသေးစိတ်ကတော့ 👇
• အစားထိုးပိတ်ခွင့်မရှိခြင်း: အလုပ်သမားနေ့ဟာ သီးခြားဥပဒေနဲ့ ပြဋ္ဌာန်းထားတဲ့ရက် ဖြစ်တာကြောင့် တခြားရုံးပိတ်ရက်တွေလိုမျိုး တခြားရက်ကို ရွှေ့ဆိုင်းပြီး အစားထိုးပိတ်ခွင့် မရှိပါဘူး။ မေလ ၁ ရက်နေ့မှာ အလုပ်လုပ်ရရင် မဖြစ်မနေ အချိန်ပိုကြေး (သို့မဟုတ်) အထူးကြေး ပေးဆောင်ရမှာဖြစ်ပါတယ် 🚫🗓️။

• နေ့စားနှင့် နာရီစား အလုပ်သမားများ: ဒီနေ့မှာ အလုပ်ဆင်းရရင် ပုံမှန်ထက် ၂.၅ ဆ (250%) အထိ ရရှိနိုင်ပါတယ်။
• ဥပမာ - ပုံမှန်နေ့တွက်ခ ဝမ် ၁ သိန်းရသူဟာ အလုပ်သမားနေ့မှာ အလုပ်ဆင်းရင် ဝမ် ၂ သိန်းခွဲ ရရှိမှာဖြစ်ပါတယ်။ (အကယ်၍ အလုပ်မဆင်းဘဲ နားနေရင်လည်း ခွင့်ရရက်ဖြစ်လို့ ပုံမှန် ၁ သိန်း ရရှိရပါမယ်) 💰📈။

• လစာစား အလုပ်သမားများ: လစာထဲမှာ အခြေခံအားဖြင့် ပိတ်ရက်ခွင့် ခံစားခွင့်ပါဝင်ပြီးသားဖြစ်လို့ အလုပ်ဆင်းရရင် နောက်ထပ် ၁.၅ ဆ (150%) ထပ်တိုးရရှိမှာဖြစ်ပါတယ် 💵။

• ဝန်ထမ်း ၅ ဦးအောက် လုပ်ငန်းများ: ဝန်ထမ်း ၅ ဦးအောက်ရှိတဲ့ လုပ်ငန်းငယ်တွေမှာလည်း အလုပ်သမားနေ့ကို လစာပေး အားလပ်ရက် အဖြစ် သတ်မှတ်ပေးရမှာဖြစ်ပေမဲ့ ပွဲတော်ရက် အပိုထောက်ပံ့ကြေး (Holiday Premium) ကိုတော့ ပေးဆောင်ဖို့ မလိုအပ်ပါဘူး 🏢။

• ပြစ်ဒဏ်: အလုပ်ရှင်အနေနဲ့ ဒီစည်းမျဉ်းကို ချိုးဖောက်ပြီး လုပ်ခလစာ မှန်ကန်စွာမပေးရင် ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဝမ် သန်း ၃၀ အထိဖြစ်စေ ချမှတ်ခံရနိုင်ပါတယ် ⚖️👮‍♂️။

ဒါကြောင့် ကိုရီးယားမှာရှိတဲ့ အလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ရပိုင်ခွင့်ကို သေချာသိရှိထားဖို့ လိုအပ်ပါတယ်
Credit;မူရင်း

💸ကိုရီးယားအစိုးရမှ လူဦးရေ (၃၅)သန်းကျော်ကို ထောက်ပံ့ကြေး (၆)သိန်းဝမ်အထိ ပေးအပ်မည်...💸အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ...
31/03/2026

💸ကိုရီးယားအစိုးရမှ လူဦးရေ (၃၅)သန်းကျော်ကို ထောက်ပံ့ကြေး (၆)သိန်းဝမ်အထိ ပေးအပ်မည်...

💸အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးအကျပ်အတည်းကို ကျော်လွှားဖို့ ကိုရီးယားအစိုးရက ဝမ် (၂၆.၂)ထရီလီယံတန်ဖိုးရှိတဲ့ အထူးဘတ်ဂျက်ကို အတည်ပြုလိုက်ပာတယ်။

💸ဒီအစီအစဉ်အရ ဝင်ငွေနည်းတဲ့ အောက်ခြေ (၇၀)%ရှိတဲ့ ပြည်သူ (၃၅.၈)သန်းခန့်ကို တစ်ဦးလျှင် ဝမ် (၁)သိန်းကနေ (၆)သိန်းအထိ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

💸အထူးသဖြင့် ဆီစျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေအတွက် 'ဆီစျေးနှုန်းထိခိုက်မှု ထောက်ပံ့ကြေး' အဖြစ် ငွေသားနဲ့တူတဲ့ ထောက်ပံ့မှုတွေကို ပေးအပ်မှာဖြစ်ပါတယ်။

💸အခြေခံလူမှုဖူလုံရေးခံစားခွင့်ရှိသူတွေဟာ အများဆုံး ဝမ် (၅)သိန်းခွဲကနေ (၆)သိန်းအထိ ရရှိမှာဖြစ်ပြီး အခြားဝင်ငွေနည်းပါးတဲ့ လူလတ်တန်းစားတွေလည်း ပါဝင်ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။

💸ထောက်ပံ့ကြေးတွေကို 신용카드(Credit Card)၊ 체크카드(Check Card) ဒါမှမဟုတ် ဒေသန္တရငွေကြေး(Local Currency)ပုံစံမျိုးနဲ့ စိတ်ကြိုက်ရွေးချယ် လက်ခံနိုင်မှာ ဖြစ်ပါတယ်တယ်။

💸အစိုးရအနေနဲ့ ဆီစျေးနှုန်းနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ လျှော့ချနိုင်ဖို့အတွက်လည်း ဝမ် (၅)ထရီလီယံခန့် သီးသန့်လျာထားတယ်လို့ သိရပါတယ်။

💸သမ္မတ အီဂျယ်မြောင်းကတော့ အခြေခံလူတန်းစားတွေနဲ့ လူငယ်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့ ဒီအစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ညွှန်ကြားထားပါတယ်။

💸ဒီထောက်ပံ့ကြေးဟာ စားသုံးမှုပြန်လည်ကောင်းမွန်လာစေပြီး နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကိုလည်း (၀.၂)ရာခိုင်နှုန်းလောက် အထောက်အကူပြုမယ်လို့ ခန့်မှန်းထားပါတယ်။

💸လာမယ့် ဧပြီလ (၁၀)ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ဒီဘတ်ဂျက်ကို အပြီးသတ်အတည်ပြုပြီး အမြန်ဆုံး ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

🙏မှီငြမ်း 세계일보
#ကိုရီးယားသတင်း #ထောက်ပံ့ကြေး #ကိုရီးယားသမ္မတ #ကိုရီးယားစီးပွားရေး #ကိုရီးယားရောက်မြန်မာများ

ကိုရီးယားနိုင်ငံတွင် အလုပ်လက်မဲ့ဖခင်တစ်ဦးမှ သားသမီး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ပွား😭မနေ့က မွန်း...
20/03/2026

ကိုရီးယားနိုင်ငံတွင် အလုပ်လက်မဲ့ဖခင်တစ်ဦးမှ သားသမီး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ပွား😭

မနေ့က မွန်းလွဲပိုင်းတွင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် ကလေးငယ် ၄ ဦး အပါအဝင် မိသားစုဝင် ၅ ဦးတို့အား အခန်းတစ်ခန်းအတွင်း ဘေးချင်းယှဉ်လျက် အိပ်ပျော်နေသည့်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ ဖခင်ဖြစ်သူဟာ ကလေးတွေကို အသက်ရှူကြပ်အောင် လုပ်ပြီး သတ်ဖြတ်ခဲ့တာ လို့ ယူဆရပါတယ်။

အခင်းဖြစ်နေရာမှာ ပြင်ပက ကျူးကျော်ဝင်ရောက်ထားတဲ့ အထောက်အထား (သို့မဟုတ်) ရုန်းရင်းဆန်ခတ် ဖြစ်ထားတဲ့ လက္ခဏာမျိုး မတွေ့ရပါဘူး။ ကလေးတွေဟာ အိပ်ပျော်နေစဉ်မှာပဲ အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့တာလို့ ကနဦး ကောက်ချက်ချထားပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်း အတိအကျကို သိရှိနိုင်ဖို့အတွက် ရဲတပ်ဖွဲ့က ရုပ်အလောင်းတွေကို ရင်ခွဲစစ်ဆေးမှု ပြုလုပ်ပြီး စစ်ဆေးသွားမှာဖြစ်ပတယ် လို့ဆိုပါတယ်။

အူးလ်ဆန် တောင်ပိုင်းရဲစခန်း (Ulsan Nam-gu Police Station) ၏ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနမှူး ပြောကြားချက်အရ -
"ကလေးတွေ ကျောင်းမတက်တာ ၃ ရက်ရှိပြီဖြစ်တဲ့အတွက် ကျောင်းကနေ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။"

မိသားစုဝင်များ သေဆုံးနေသည့်နေရာတွင် ဖခင်ဖြစ်သူ ကိုယ်တိုင်ရေးသားခဲ့သော သေတမ်းစာ ၂ စောင်ကိုလည်း တွေ့ရှိခဲ့ရသည်။
ထိုစာများထဲတွင် ၎င်း၏ဇနီးဖြစ်သူကို တောင်းပန်ထားပြီး၊ (၈ နှစ်၊ ၆ နှစ်၊ ၄ နှစ် နှင့် ၅ လသား) အရွယ်ရှိ သားသမီး ၄ ဦးကို ပြုစုပျိုးထောင်ရန် မည်မျှခက်ခဲကြောင်း ဖော်ပြထားသည်။

ဒီဖြစ်ရပ် နဲ့ပတ်သတ်ပြီး ကိုရီးယားလူ့အဖွဲ့အစည်းမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အထူးသဖြင့် မိဘက သားသမီးကို သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်တာကို "မိသားစုလိုက် အဆုံးစီရင်ခြင်း" လို့ မခေါ်ဆိုသင့်ဘဲ၊ ကလေးတွေရဲ့ အသက်ရှင်သန်ခွင့်ကို ပိတ်ပင်တဲ့ "ကလေးသူငယ် လူသတ်မှု" အဖြစ်သာ သတ်မှတ်သင့်တယ်လို့ လူ့အခွင့်အရေး ပညာရှင်တွေက ထောက်ပြနေကြပါတယ်။
Credit ;မူရင်း

မောင် ရဲရင့်အောင်လဲ ခေါ်စာ ပါလာပါပြီဗျာ နောက်က အဖွဲ့သားတွေလဲ အမြန်ဆုံး ကံကောင်းကြပါစေဗျာ❤️
07/03/2026

မောင် ရဲရင့်အောင်လဲ ခေါ်စာ ပါလာပါပြီဗျာ
နောက်က အဖွဲ့သားတွေလဲ အမြန်ဆုံး ကံကောင်းကြပါစေဗျာ❤️

Address

L17, Room 201, Second Floor, Aung Yadanar St, Mya Kyun Thar Estate, Pathein Township
Pathein

Telephone

0943122120

Website

Alerts

Be the first to know and let us send you an email when Htal Jo Korea Language Center-ထယ်ဂျို posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Htal Jo Korea Language Center-ထယ်ဂျို:

Shortcuts

Share