Htal Jo Korea Language Center-ထယ်ဂျို

Htal Jo Korea Language Center-ထယ်ဂျို မြင့်မားသောဝင်ငွေရှာဖွေလိုသူလူငယ်တိုင်းအတွက်

🐖ကိုရီးယားလေဆိပ်မှာ ဒဏ်ငွေ(၀မ်သိန်း၅၀မှ ၁၀၀)မဆောင်ကြရဖို့ တားမြစ်အသားတွေ ယူဆောင်လာခြင်းကို ရှောင်ရှားကြဖို့လိုအပ်...🐖ကို...
18/02/2026

🐖ကိုရီးယားလေဆိပ်မှာ ဒဏ်ငွေ(၀မ်သိန်း၅၀မှ ၁၀၀)မဆောင်ကြရဖို့ တားမြစ်အသားတွေ ယူဆောင်လာခြင်းကို ရှောင်ရှားကြဖို့လိုအပ်...

🐖ကိုရီးယားနိုင်ငံထဲကို လာရောက်တဲ့အခါ ဝက်သား၊ ဝက်ဆီ၊ ဝက်အရေခွံနဲ့ ဘဲသွေးစတဲ့ အသားထွက်ပစ္စည်းများကို တင်းကြပ်စွာ တားမြစ်ထားပါတယ်။

🐖အခုလို တင်းကြပ်ရခြင်းမှာ အာဖရိက ဝက်အဖျားရောဂါ (ASF)ပြန့်ပွားမှုကို ကာကွယ်ရန်ဖြစ်ပြီး ၀က်သားစတာတွေနဲ့ ပြုပြင်ထားတဲ့ အသားထွက်ပစ္စည်းများကိုလည်း ခွင့်မပြုပါဘူးနော်။

🐖လက်ရှိမှာ အင်ချွန်းလေဆိပ်အပါအဝင် ဝင်ပေါက်များမှာ ဗီယက်နမ်၊ တရုတ်၊ မွန်ဂိုရီးယား၊ ထိုင်း၊ကမ္ဘောဒီးယားနဲ့ နီပေါနိုင်ငံတို့မှ လာတဲ့ ခရီးစဉ်များကို အထူးစောင့်ကြည့် စစ်ဆေးနေပါတယ်။

🐖ခွင့်ပြုချက်မရှိဘဲ ဝက်သားထွက်ပစ္စည်းများ ယူဆောင်လာကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်ဆိုရင်ကို ကိုရီးယားဝမ် သိန်း(၅၀) ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။

🐖သတင်းပို့ရန် ပျက်ကွက်ပြီး တားမြစ်ပစ္စည်းများ သယ်ဆောင်လာပါက ဒဏ်ငွေ ဝမ် သိန်း(၁၀၀)အထိ ဒဏ်ငွေကို တိုးမြှင့်နိုင်ပါတယ်။

🐖ဒဏ်ငွေအပြင် နိုင်ငံခြားသားများအနဲ့ ပြည်ဝင်ခွင့် ပိတ်ပင်ခံရခြင်း ဒါမမဟုတ် နေထိုင်ခွင့် ဗီဇာ ကန့်သတ်ခံရခြင်းတို့ကိုလဲ ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

🙏မှီငြမ်း Lee Soo Bin
#돼지고기 #축입국 #한국

10/02/2026

Credit;U win Bo Oo
EPS စာေမးပွဲ ဖြေဆိုမည့်သူများ သတိပြုပြင်ဆင် ကြရန်
E-9 နိုင်ငံခြားသားအလုပ်သမား ရွေးချယ်မှု ‘အင်တာဗျူးစစ်ဆေးခြင်း’ ပုံစံ တိုးမြှင့်ပြောင်းလဲခြင်း
​- လုပ်ငန်းခွင်အတွင်း လျင်မြန်စွာ အသားကျစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အဓိကထားမည် -
​၂၀၂၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော "E-9 နိုင်ငံခြားသားအလုပ်သမားများ၏ ကိုရီးယားဘာသာစကား အရည်အချင်း စစ်တမ်း" ရလဒ်အရ၊ ကိုရီးယားစက်မှုလုပ်သားအင်အားစုဌာနသည် အလုပ်သမားရွေးချယ်ရေး အမှတ်ပေးစနစ် (Point System) တွင်ပါဝင်သော ကျွမ်းကျင်မှုစစ်ဆေးခြင်း (Skill Test) နှင့် အင်တာဗျူးစစ်ဆေးခြင်း ပုံစံကို ပြောင်းလဲလိုက်ပါသည်။
​၁။ ပြောင်းလဲရခြင်း အကြောင်းရင်း
​အလုပ်ရှင်များ၏ ၄၈.၇% က နိုင်ငံခြားသားအလုပ်သမားများ၏ စကားပြောစွမ်းရည်ကို အားမလိုအားမရ ဖြစ်နေကြသည်။
​အထူးသဖြင့် 'အလုပ်ညွှန်ကြားချက်ကို နားလည်မှု (၄၈.၉%)' နှင့် 'ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်များကို နားလည်မှု (၃၇.၆%)' တို့တွင် အားနည်းနေကြောင်း တွေ့ရှိရသည်။
​၂။ အဓိက ပြောင်းလဲမှုများ
​အမှတ်ပေးစနစ် ပြောင်းလဲခြင်း: စကားပြောစွမ်းရည်ကို ထိရောက်စွာ စစ်ဆေးနိုင်ရန်အတွက် အင်တာဗျူးတွင် ပေးမည့် အမှတ်ဝေစုကို တိုးမြှင့်လိုက်သည်။
​စစ်ဆေးမည့် အကြောင်းအရာများ:
​အလုပ်ညွှန်ကြားချက် နားလည်မှု: လုပ်ငန်းခွင်သုံး ကိရိယာတန်ဆာပလာ အမည်များနှင့် အလုပ်ညွှန်ကြားချက်များကို နားလည်နိုင်စွမ်းရှိမရှိ စစ်ဆေးမည့် မေးခွန်းအရေအတွက်ကို တိုးမြှင့်မည်။
​ဘေးအန္တရာယ်ကင်းရှင်းရေး: အလုပ်သမားများ၏ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာကို မြှင့်တင်ရန်အတွက် လုံခြုံရေးနှင့်ပတ်သက်သော အသေးစိတ်မေးခွန်းများကို အသစ်ထည့်သွင်း စစ်ဆေးမည်။
၁။ ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးမှု (Safety Questions)
​အင်တာဗျူးတွင် မေးမြန်းမည့် မေးခွန်းများကို ကိုရီးယားစက်မှုဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအဖွဲ့ (KOSHA) မှ ထုတ်ဝေသော လက်စွဲစာအုပ်ပါ အပြန်အလှန်ပြောဆိုမှုများအပေါ် အခြေခံ၍ ရေးဆွဲထားသည်။
​ရည်ရွယ်ချက်မှာ အလုပ်သမားများသည် ကိုရီးယားသို့ မဝင်ရောက်မီ ဘေးအန္တရာယ်ကင်းရှင်းရေး၏ အရေးကြီးပုံကို သိရှိပြီး စည်းကမ်းချက်များကို တိကျစွာ နားလည်စေရန် ဖြစ်သည်။
​၂။ ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) တိုးမြှင့်ခြင်း
​ယခုနှစ်မှစ၍ လုပ်ငန်းကဏ္ဍအားလုံးအတွက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ အောင်မှတ် (Cut-off score) ကို ယခင်ထက် ပိုမိုမြှင့်တင် သတ်မှတ်မည် ဖြစ်သည်။
​၎င်းသည် အလုပ်သမားများ၏ ကိုရီးယားစကား ကျွမ်းကျင်မှုကို ပိုမိုသေချာစေရန် ဖြစ်သည်။
​၃။ အကောင်အထည်ဖော်မည့် အစီအစဉ်များ
​ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှု: ယခု ပြောင်းလဲလိုက်သော အချက်အလက်များကို ယခုနှစ် (၂၀၂၆ ခုနှစ်) စစ်ဆေးမှုများမှ စတင်၍ ကျင့်သုံးမည် ဖြစ်သည်။
​သတင်းအချက်အလက် မျှဝေခြင်း: အလုပ်သမားများ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဤအကြောင်းအရာများကို အလုပ်သမားစေလွှတ်သည့် ၁၇ နိုင်ငံ (မြန်မာအပါအဝင်) သို့ မျှဝေပေးသွားမည် ဖြစ်သည်။
​၄။ သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြင်ဆင်ခြင်း
​စာအုပ်အသစ်များ: လုပ်ငန်းခွင်သုံး ကိုရီးယားဘာသာစကား စံပြသင်ရိုးညွှန်းတမ်းများကို ပြန်လည်ပြင်ဆင်ပြီး လုပ်ငန်းခွင်ဓာတ်ပုံများနှင့် အသံထွက်များပါဝင်သည့် သင်ကြားရေးအကြောင်းအရာများကို ထည့်သွင်းမည်။
​လက်တွေ့သုံး စကားပြောစာအုပ်: နောင်တွင် လုပ်ငန်းကဏ္ဍအလိုက် အလုပ်ညွှန်ကြားချက်များ၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အဓိက စက်ကိရိယာ ဓာတ်ပုံများပါဝင်သော "လုပ်ငန်းခွင်သုံး ကိုရီးယားစကားပြောစာအုပ် (E-9 Specialization)" ကို ထုတ်ဝေရန် စီစဉ်နေသည်။
​အရေးကြီးသော မှတ်ချက်:
ဤစာရွက်စာတမ်းအရ ကိုရီးယားအစိုးရသည် အလုပ်သမားများ၏ ကိုရီးယားစကား ပြောဆိုနိုင်စွမ်း နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာ ကို ယခင်ကထက် ပိုမိုအလေးထား စစ်ဆေးတော့မည်ဖြစ်ကြောင်း သိရှိနိုင်ပါသည်။

ကိုရီးယားသို့ သွားရောက်အလုပ် လုပ်ကိုင်နိုင်မည့် EPS တန်းခွဲသစ် လာပါပြီ➖➖➖➖➖➖➖➖➖➖➖➖သင်တန်းဖွင့်ရက်.10.2.2026(အင်္ဂါနေ့)ပု...
31/01/2026

ကိုရီးယားသို့ သွားရောက်အလုပ် လုပ်ကိုင်နိုင်မည့် EPS တန်းခွဲသစ် လာပါပြီ
➖➖➖➖➖➖➖➖➖➖➖➖
သင်တန်းဖွင့်ရက်.10.2.2026(အင်္ဂါနေ့)ပုသိမ်မြို့
(ဟင်္သာတ ကျောင်းသားများအတွက်ကတော့ အွန်လိုင်းအတန်းရှိပါမည်)
အချိန်. ⏰6:00-8:00 PM(ညှိနှိုင်း)
သင်တန်းလိပ်စာ 🏠 မြကျွန်းသာအိမ်ရာ၊အောင်ရတနာလမ်း၊တိုက်၁၇ ၊ဒု-ထပ်၊ပုသိမ်မြို့။
09977977231 / 0943122120

သင်တန်းကြေး 💰350000 (နှစ်ခါခွဲသွင်းလက်ခံပေးပါသည်/ သင်ရိုးစာအုပ်ဖိုးမပါဝင်ပါ)
သင်တန်းကြေးတခါသွင်းပြီးပါက မအောင်မချင်းတက်ရောက်နိုင်ပါသည်)

ကိုရီးယားနှင့်ပတ်သတ်၍တစ်ခြားသိထားသင့်သည်အချက်များ

🔹အကျိုးခံစားခွင့်🔹

🏆အခြေခံလစာ သိန်း ၆၅နှင့်အထက်ရရှိနိုင်ခြင်း
🏆အခြေခံလစာအပြင် လုပ်သက်ဆုကြေးအပါဝင် တစ်ခြားသော ခံစားခွင့်များ...
🏆အစိုးရမှတရားဝင်စေလွှတ်သောကြောင့် လုံခြုံစိတ်ချရခြင်း....

🔹အခြေခံလိုအပ်ချက်🔹

🎇 အသက် ၁၈နှစ်မှ ၃၉နှစ်ကြား
🎇 အမျိုးသား /အမျိုးသမီး
🎇 ကျန်းမာရေးကောင်းမွန်သူ
🎇 အခြေခံအတန်းပညာ ကန့်သတ်ချက်မရှိပါ(ကျား)
အထက်တန်းအောင် (မ)

🔹သင်တန်းကာလ🔹

တစ်ပတ် ၅ရက် .တနေ့ ၂နာရီနှုန်းဖြင့် အနည်းဆုံး၆ လ
(စာမေးပွဲ အောင်မြင်ပြီးပါက ရာနှုန်းပြည့်အလုပ်ခန့်ထားမည်ဟု အစိုးရမှ တာဝန်ခံထားခြင်းမျိုးတော့ မရှိပါ )

သက်တန်းတိုးရန် အချိန်ဇယား ထွက်လာပါပြီ
14/01/2026

သက်တန်းတိုးရန် အချိန်ဇယား ထွက်လာပါပြီ

Credit;Kyaw San 🇰🇷🏫 တောင်ကိုရီးယားမှာ ကလေးမွေးဖွားနှုန်း ဆယ်စုနှစ်များစွာ ဆက်တက်ကျဆင်းခဲ့ပြီး မျိုးဆက်သစ် လူဦးရေပြတ်လတ်...
31/12/2025

Credit;Kyaw San
🇰🇷🏫 တောင်ကိုရီးယားမှာ ကလေးမွေးဖွားနှုန်း ဆယ်စုနှစ်များစွာ ဆက်တက်ကျဆင်းခဲ့ပြီး မျိုးဆက်သစ် လူဦးရေပြတ်လတ်တဲ့ထိ ဖြစ်တာကြောင့် စာသင်ကျောင်းပေါင်း ၄၀၀၀ ကျော်ပိတ်သိမ်းရ"

နိုင်ငံတဝှမ်းမှာ တဖြေးဖြေး ကလေးသံတွေ တိတ်ဆိတ်သွားတဲ့ တောင်ကိုရီးယား - ကျောင်းပေါင်း ၄,၀၀၀ ကျော်တောင် တံခါးတွေကို အပြီးတိုင် ပိတ်လိုက်ရခြင်းရဲ့ ထိတ်လန့်ဖွယ် အကြောင်းတရား !"

ကိုရီးယားမှာ ဒရာမာထဲကလို မဟုတ်တဲ့ တောင်ကိုရီးယားရဲ့ တချို့သော လက်တွေ့ဘဝ ပြဿနာတွေထဲက တခုကတော့ - အသက်ကြီးရင့်သူတွေ များလာပေမယ့် ကလေးမွေးဖွားတာက ပိုပြီးနဲနဲလာလို့ လူဦးရေကျဆင်းတဲ့ အရှိန်က မြင့်တက်နေပြီး ကြောက်စရာကောင်းတဲ့ စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင်တွေမှာ တဖြေးဖြေးထိခိုက်လာတဲ့ လူပြတ်လပ်တဲ့ လူဦးရေအကျပ်အတည်းဒဏ်ကို ရင်ဆိုင်နေရတာပါ။

ကိုရီးယားနိုင်ငံမှာ ကလေးမွေးဖွားနှုန်းတွေ စံချိန်တင်အောင် လျော့နည်းလာတာနဲ့အမျှ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်သိမ်းလိုက်ရတဲ့ ကျောင်းပေါင်း ၄,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။ ဒါဟာ ကျောင်းတက်မယ့်ကလေး မရှိတော့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတစ်ခုပါပဲ။ 📉

📌 ထိတ်လန့်စရာကောင်းတဲ့ အခြေခံ အချက်အလက်တချို့ကို ကြည့်ရရင် -

ကျောင်းပေါင်း ၄,၀၀၈ ကျောင်း - လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်း အများအပြား တံခါးပိတ်ခဲ့ရပါတယ်။

ကျောင်းအဆင့်အလိုက် ကြည့်မည်ဆိုပါက ပိတ်သိမ်းခဲ့သည့် မူလတန်းကျောင်း စုစုပေါင်း ၃,၆၇၄ ကျောင်း၊ အလယ်တန်းကျောင်း ၂၆၄ ကျောင်းနှင့် အထက်တန်းကျောင်း ၇၀ ကျောင်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် ၅ နှစ်အတွင်းမှာတင် စုစုပေါင်း ၁၅၈ ကျောင်း ပိတ်သိမ်းခဲ့သည်။ ထို့ပြင် လာမည့် ၅ နှစ်အတွင်း၌လည်း နောက်ထပ် ၁၀၇ ကျောင်း ထပ်မံတံခါးပိတ်ရဖွယ် ရှိနေပါတယ်။

မူလတန်းကျောင်းတွေ အထိခိုက်ဆုံးပါ။ ပိတ်သိမ်းရတဲ့အထဲမှာ မူလတန်းကျောင်းပေါင်း (၃,၆၇၄) ကျောင်းအထိ ပါဝင်နေတာကြောင့် နောက်ပိုင်းမျိုးဆက်သစ်တွေ တဖြည်းဖြည်း နည်းပါးလာတာကို မီးမှောင်းထိုးပြနေပြီး လူဦးရေပြဿနာကို ထင်ထင်ရှားရှား မြင်နေရပါတယ်။

ကျောင်းတံခါးတွေကိုပိတ်ပြီး ပစ်ထားတဲ့ ကျောင်းဟောင်းတွေကလည်း မနည်းလှပါဘူး။ ပိတ်ထားတဲ့ကျောင်းတွေထဲက ၃၇၆ ကျောင်းဟာ ဘာမှအသုံးမပြုဘဲ ဒီအတိုင်း ရှိနေပြီး၊ တချို့ဆိုရင် ၃၀ နှစ်ကျော်ကြာအောင် ပစ်ထားရတဲ့ ကျောင်းအို / ကျောင်းပျက်ကြီးတွေ အဖြစ်ကို ရောက်နေကြပါပြီ။ 🏚️

တဖြေးဖြေး ပညာရေးနယ်ပယ်က အလုပ်အကိုင်အပေါ် သက်ရောက်မှုတွေ ရှိလာပါပြီ။ ကျောင်းသားမရှိတော့တဲ့အတွက် ၂၀၂၅ ခုနှစ်ရောက်ရင် ဆရာ၊ ဆရာမ အလုပ်အကိုင်ပေါင်း ၂,၂၀၀ ကျော် ထပ်မံလျှော့ချခံရဖို့ ရှိနေပါတယ်။

တက္ကသိုလ်တွေမှာဆိုရင်လည်း တချို့သောကျောင်းတွေဟာ ဆက်လက်လည်ပတ်နိုင်ဖို့ နိုင်ငံတကာက ကျောင်းသူ /ကျောင်းသားတွေကိုပဲ ပိုပြီးမှီခိုလာနေရပြီး ကျားကန်ထားရပါတယ်။ ဒါကြောင့်ပဲ နိုင်ငံတကာက ကျောင်းသူ/ကျောင်းသားတွေကို အပြိုင်အဆိုင် လက်ခံပြီး ကျောင်းလာတက်ကြဖို့ ဆွဲဆောင်နေကြရပါတယ်။

စက်ရုံအလုပ်ရုံနဲ့ စိုက်ပျိုးရေး ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာလည်း နိုင်ငံခြားသား အလုပ်သမားတွေကို ပိုပြီး မှီခိုလာနေရပါတယ်။

📍 အထူးသဖြင့် မြို့ပြမဟုတ်တဲ့ ဒေသတွေမှာ ကျောင်းသားဦးရေ လျော့နည်းမှုက ပိုဆိုးနေပြီး၊ လာမည့် ၅ နှစ်အတွင်းမှာလည်း နောက်ထပ်ကျောင်းပေါင်း ၁၀၇ ကျောင်းလောက် ထပ်ပြီး ပိတ်ရဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။

အခုဆိုရင် အစိုးရအနေနဲ့ ဒီကျောင်းဟောင်းတွေကို အများပြည်သူအကျိုးရှိမယ့် နေရာတွေအဖြစ် ပြန်လည်အသုံးပြုဖို့ (ဥပမာ- လူမှုကူညီရေးစင်တာ / ဒေသတွင်း ပိုင်ဆိုင်မှုတွေအဖြစ်) ရေရှည်စီမံကိန်းတွေ ချမှတ်ဖို့ ကြိုးစားနေကြရပြီ ဖြစ်ပါတယ်။

ကလေးမွေးဖွားနှုန်း လျော့နည်းလာတာဟာ နိုင်ငံတစ်ခုရဲ့ ပညာရေးတင်မကဘဲ အနာဂတ်အတွက်ပါ ကြီးမားတဲ့ ဘက်ပေါင်းစုံက စိန်ခေါ်မှုတစ်ခု ဖြစ်လာနေတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ 💭

ကိုရီးယားအစိုးရအနေနဲ့ အိမ်ထောင်ပြုဖို့နဲ့ ကလေးမွေးဖွားနှုန်းတိုးတက်ဖို့အတွက် ငွေကြေးထောက်ပံ့မှုမျိုးစုံနဲ့ တွန်းအားပေးဆောင်ရွက်နေပေမယ့် လူနေမှုစရိတ်ကြီးမားခြင်းနဲ့ လူမှုရေးဆိုင်ရာအခက်အခဲတွေကြောင့် သိသာထင်ရှားတဲ့ တိုးတက်မှုမျိုး မတွေ့ရသေးပါဘူး။

ဒါ့အပြင် အစိုးရရဲ့ မက်လုံးပေးစီမံချက်တွေဟာ ငယ်ရွယ်သူတွေရဲ့ လက်တွေ့ဘဝစိန်ခေါ်မှုတွေကို ထိရောက်စွာ မဖြေရှင်းနိုင်သေးတာကြောင့် မျိုးဆက်သစ်လူဦးရေပြတ်လတ်မှုပြဿနာက ဆက်လက်စိုးရိမ်စရာ ဖြစ်နေဆဲဖြစ်ပါတယ်။

အိမ်ထောင်ဖက်အနေနဲ့လည်း ကိုရီးယားအမျိုးသားတွေဟာ နိုင်ငံခြားအမျိုးသမီးတွေကို ရွေးချယ်လာတာ ပိုများလာပါတယ်။ လက်ရှိ ကိုရီးယားအမျိုးသမီး အတော်များများဟာ အိမ်ထောင်ပြုခြင်းထက် မိမိရဲ့ Career (အလုပ်အကိုင်) ကို ပိုဦးစားပေးလာကြပြီး "No Marriage" (ဘီဟွန်း - 비혼) လှုပ်ရှားမှုတွေကလည်း အားကောင်းလာပါတယ်။

စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းများရှိရာ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ ကိုရီးယားအမျိုးသမီးတွေဟာ မြို့ပြကို ပြောင်းရွှေ့သွားကြတာကြောင့် ကျေးလက်က အမျိုးသားတွေအတွက် အိမ်ထောင်ဖက်ရှာဖို့ နိုင်ငံခြားသူတွေကို အားကိုးလာရပါတယ်။ အထူးသဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က အမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုတာ များပြားပါတယ်။

ကိုရီးယား ယဉ်ကျေးမှုအရ အိမ်ထောင်ပြုပြီးရင် အမျိုးသမီးတွေဟာ ယောက္ခမတွေကို ပြုစုရတာ၊ အိမ်မှုကိစ္စ အကုန်လုပ်ရတာ စတဲ့ ဖိအားတွေ ရှိပါတယ်။ ခေတ်သစ် ကိုရီးယားအမျိုးသမီးတွေက ဒီလိုဖိအားတွေကို လက်မခံချင်ကြတော့တဲ့အတွက် အမျိုးသားတွေက အိမ်ထောင်မှုတာဝန်ကို ပိုမိုတန်ဖိုးထားနိုင်မယ့် ပိုပြီးသီးခံနားလည်ပေးနိုင်မယ့် နိုင်ငံခြားသူတွေကို ရွေးချယ်လာကြကလည်း တခုပါ။

လူဦးရေ လျော့နည်းလာမှုကို ဖြေရှင်းဖို့အတွက် အစိုးရက နိုင်ငံတကာ အိမ်ထောင်ရေး (International Marriage) ပြုလုပ်သူတွေကို ငွေကြေးထောက်ပံ့တာ၊ ဗီဇာ လွယ်ကူအောင် လုပ်ပေးတာနဲ့ ဘာသာစကားသင်တန်းတွေ ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေပါတယ်။K-Pop နဲ့ K-Drama ကြောင့် နိုင်ငံခြားသူတွေက ကိုရီးယားအမျိုးသားတွေကို အရင်ကထက် ပိုမိုစိတ်ဝင်စားလာတာလည်း ပါဝင်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ ကိုရီးယားမှာ 'Multicultural Families' (ဒါမွန်ဟွာ - 다문화) လို့ ခေါ်တဲ့ လူမျိုးပေါင်းစုံ မိသားစုတွေဟာ လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ဖြစ်လာနေပါတယ်။

ကိုရီးယားအစိုးရကတော့ နိုင်ငံခြားသားတွေကို တောင်ကိုရီးယားမှာ ရေရှည်နေထိုင် လုပ်ကိုင်နိုင်ဖို့ကို ပိုမို တွန်းအားပေးဆောင်ရွက်နေပါတယ်။ တောင်ကိုရီးယားတရားရေးဝန်ကြီးဌာနကလည်း နှစ်သစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ စတင်ပြီး နိုင်ငံခြားသားတွေ ဒေသတွင်း၌ အခြေချနေထိုင်မှုကို ပံ့ပိုးကူညီဖို့ အစီအစဥ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

နိုင်ငံခြားသားတွေအတွက် ‘ဒေသတွင်း နေထိုင်မှု ထောက်ပံ့ရေးဌာန’ ကို တိုးချဲ့ဖွဲ့စည်းမယ်လို့ ကြေငြာထားပါတယ်။

ကိုရီးယားနွယ်ဖွား (သွေးနှော ကပြား) တွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ‘ကိုရီးယားနွယ်ဖွားများ နေထိုင်မှု ပေါင်းစည်းရေးဌာန’ ကိုပါ အသစ်ဖွင့်လှစ်မှာဖြစ်ပါတယ်။

ဒေသအလိုက် အထူးပြုဗီဇာစနစ်တွေကို တိုးချဲ့တာတွေ ၊ နေထိုင်ခွင့်အဆင့်အတန်း(F-4, E-7 ,... ) စတဲ့ဗီဇာစနစ်တွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်တာတွေနဲ့ ဝမ် ၂ ဘီလီယံ ဘတ်ဂျက်သုံးစွဲပြီး နေထိုင်မှုထောက်ပံ့ရေးစင်တာတွေကမှ တစ်ဆင့် ဗီဇာ၊ အလုပ်အကိုင်နှင့် လူမှုဘဝဝန်ဆောင်မှုတွေ ကို စနစ်တကျ ထောက်ပံ့ပေးပြီး နိုင်ငံခြားသားတွေနဲ့ ကိုရီးယားနွယ်ဖွားတွေ ကိုရီးယားလူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်စွာ အခြေချနေထိုင်နိုင်ကြဖို့ ရည်ရွယ်ဆောင်ရွက်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

30/12/2025

ပုသိမ် (ထယ်ဂျို ကိုရီးယားစာ သင်တန်းကျောင်း)အား ကန်လမ်းသင်တန်းကျောင်းမှ ယခင် မြကျွန်းသာအိမ်ရာ၊အောင်ရတနာလမ်း ၊တိုက် ၁၇ သို့ ပြန်လည်ပြောင်းရွှေ့ဖွင့်လစ်ထားပါသည်

22/12/2025

Credit;K blog
● ကိုရီးယားအစိုးရ လာမည့်နှစ် ကျွမ်းကျင်မှုမရှိသူ နိုင်ငံခြားလုပ်သား ၁၉၁,၀၀၀ ဦး ခေါ်ယူမည် 🎉 ●

ကိုရီးယားနိုင်ငံ အစိုးရက လာမယ့်နှစ်အတွက် နိုင်ငံခြားသား ကျွမ်းကျင်မှုမရှိတဲ့ လုပ်သားတွေ ခေါ်ယူမယ့် အစီအစဉ်ကို ဒီကနေ့ (ဒီဇင်ဘာလ ၂၂ ရက်နေ့) မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နိုင်ငံခြားလုပ်သား စုစုပေါင်း ၁၉၁,၀၀၀ (တစ်သိန်း ကိုးသောင်း တစ်ထောင်) ခန့်ကို ခေါ်ယူသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီ ကျွမ်းကျင်မှုမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေဆိုတာကတော့ အလုပ်အကိုင် ခွင့်ပြုမိန့် (Employment Permit - E-9)၊ ရာသီအလိုက် အလုပ်လုပ်ခွင့် (Seasonal Work - E-8) နဲ့ သင်္ဘောသား အလုပ်အကိုင် (Seafarer Employment - E-10) ဗီဇာတွေနဲ့ ကိုရီးယားကို ရောက်လာကြမယ့် လုပ်သားတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

လာမယ့်နှစ်မှာ E-9 ဗီဇာနဲ့ အလုပ်လုပ်ခွင့်ရမယ့် လုပ်သားဦးရေကို ၈၀,၀၀၀ (ရှစ်သောင်း) လို့ သတ်မှတ်ထားပါတယ်။ ဒီအရေအတွက်ဟာ ဒီနှစ်ထက် ၅၀,၀၀၀ (ငါးသောင်း) နည်းပါးတာ ဖြစ်ပြီး၊ လာမယ့်နှစ်ရဲ့ စီးပွားရေး အခြေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ရာသီအလိုက် အလုပ်လုပ်ခွင့် E-8 ဗီဇာနဲ့ ဝင်ရောက်မယ့် လုပ်သားဦးရေကတော့ ၁၀၉,၀၀၀ (တစ်သိန်း ကိုးထောင်) အထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။ ကျေးလက်ဒေသတွေမှာ လူဦးရေ လျော့နည်းလာပြီး သက်ကြီးရွယ်အိုတွေ များလာတဲ့အတွက် လုပ်သားရှားပါးမှုကို ဖြေရှင်းဖို့ ဒီနှစ်ထက် ၁၃,၀၀၀ (တစ်သောင်း သုံးထောင်) ပိုပြီး ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

သင်္ဘောသား အလုပ်အကိုင် E-10 ဗီဇာနဲ့ ဝင်ရောက်လာမယ့် လုပ်သားဦးရေကိုတော့ စုစုပေါင်း ပမာဏ သတ်မှတ်ထားခြင်း မရှိဘဲ၊ စုစုပေါင်း ခန့်အပ်ခွင့်စနစ်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ဒီဗီဇာနဲ့ ဝင်ရောက်လာမယ့် ဦးရေဟာ ဒီနှစ်နဲ့ အလားတူ ၁,၇၀၀ (တစ်ထောင့် ခုနစ်ရာ) ဝန်းကျင် ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ကိုရီးယားအစိုးရရဲ့ မူဝါဒညှိနှိုင်းရေးရုံး အကြီးအကဲဖြစ်သူ ယူန်းချန်းလျောလ် (Yun Chang-ryeol) ကတော့ နိုင်ငံခြားသား လုပ်သားတွေကို မတရား ဆက်ဆံတာမျိုးဟာ ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ မကိုက်ညီဘူးလို့ ပြောကြားခဲ့ပါတယ်။ သူတို့အနေနဲ့ အလုပ်ခွင်မှာ တရားမျှတတဲ့ ဆက်ဆံမှုတွေ ရရှိပြီး ဘေးကင်းလုံခြုံစွာ အလုပ်လုပ်နိုင်ဖို့အတွက် အခွင့်အရေး ကာကွယ်ရေးနဲ့ ပေါင်းစပ်ပံ့ပိုးမှု အစီအစဉ်တွေ ပြင်ဆင်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားသား လုပ်သားမူဝါဒ ကော်မတီရဲ့ (၄၈) ကြိမ်မြောက် အစည်းအဝေးမှာ မြို့တော်ပြင်ပက ကုန်ထုတ်လုပ်ငန်း (non-metropolitan manufacturing) တွေအတွက် နိုင်ငံခြားသား လုပ်သား ခန့်အပ်ခွင့် ကန့်သတ်ချက်ကို မြှင့်တင်ပေးမယ့် အစီအစဉ်တွေကိုလည်း အတည်ပြုခဲ့ကြပါတယ်

🚅မြေအောက်ရထားလမ်းလုပ်ငန်းခွင်ပြိုကျမှု...အလုပ်သမား(၁)ဦး အသက်ဆုံးရှုံး...🚅ဆိုးလ်နဲ့ ဂယောင်းဂီပြည်နယ် အနောက်တောင်ပိုင်းကိ...
20/12/2025

🚅မြေအောက်ရထားလမ်းလုပ်ငန်းခွင်ပြိုကျမှု...အလုပ်သမား(၁)ဦး အသက်ဆုံးရှုံး...

🚅ဆိုးလ်နဲ့ ဂယောင်းဂီပြည်နယ် အနောက်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ရှင်းအန်းဆန်းလိုင်း (신안산선) ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဒီနှစ်ထဲမှာပဲ (၂)ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

🚅အားလုံးဟာ မြေအောက်မှာ အဆောက်အအုံ ပြိုကျလို့ ဖြစ်ခဲ့တဲ့ မတော်တဆမှုတွေပါ။

🚅ဒီဇိုင်း ဒါမှမဟုတ် ဆောက်လုပ်ရေးလုပ်ငန်းမှာ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေ ရှိမရှိ စစ်ဆေးသင့်တယ်လို့ ထောက်ပြကြပါတယ်။

🚅ပြီးခဲ့တဲ့ (၁၈)ရက်နေ့က မြေအောက် မီတာ (၇၀)အနက်ရှိတဲ့ လုပ်ငန်းခွင်မှာ ဥမင်လိုဏ်ခေါင်း မျက်နှာကျက်နားက တပ်ဆင်ထားတဲ့ ကြီးမားသော သံဘောင်အဆောက်အအုံ ပြိုကျလို့ ဖြစ်ခဲ့တာပါ။

🚅အလုပ်သမား (၁)ဦး သေဆုံးခဲ့ရပြီး၊ ရှင်းအန်းဆန်းလိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဂယောင်းဂီပြည်နယ် ဂွမ်းမြောင်းမြို့ လုပ်ငန်းခွင်မှာ ဥမင်လိုဏ်ခေါင်းကို ထိန်းထားတဲ့ တိုင်ပြိုကျလို့ (၁)ဦး သေဆုံးခဲ့ဖူးပါတယ်။

🚅ရှင်းအးန်ဆန်းလိုင်းဟာ ဆိုးလ်ယောအီဒိုနဲ့ ဂယောင်းဂီပြည်နယ် အန်းဆန်းကို ဆက်သွယ်မယ့် ရထားလမ်းဖြစ်ပြီး၊ မြို့တော်ဧရိယာ အနောက်တောင်ပိုင်းက ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့ တည်ဆောက်နေတာပါ။

🚅စုစုပေါင်း ကဏ္ဍ (၁၁)ခုထဲက မတော်တဆမှုတွေ ဖြစ်ခဲ့တဲ့ ယောအီဒို (၄-၂)အပိုင်းနဲ့ ဂွမ်းမြောင်း (၅-၂)အပိုင်း နှစ်ခုစလုံးကို POSCO E&C က တာဝန်ယူ ဆောက်လုပ်နေခဲ့တာပါ။

🚅ကျွမ်းကျင်သူတွေကတော့ အဲဒီ မတော်တဆမှုဟာ ကွန်ကရစ်သွန်းလောင်းတဲ့ လုပ်ငန်းခွင်မှာ ဖြစ်ခဲ့တာမို့ "လူကြောင့်ဖြစ်နိုင်ခြေ" ရှိကြောင်း ယူဆထားကြပါတယ်။

✔️ပါမောက္ခ အန်းဟျောင်းဂျွန်း(안형준) [ဂေါင်းဂုတက္ကသိုလ် ဗိသုကာအင်ဂျင်နီယာဌာန:]က "ပုံလောင်းခွက်ကို တပ်ဆင်ပြီး ကွန်ကရစ် လောင်းထည့်တဲ့ လုပ်ငန်းစဉ်မှာ ကွန်ကရစ် မာမသွားခင် (သံဘောင်) ပြိုကျခဲ့တာဖြစ်ပြီး (ကြီးကြပ်မှု လုပ်ငန်းစဉ်မှာ) ဒါမျိုးကို အလုံအလောက် အတည်ပြုစစ်ဆေးနိုင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး မတော်တဆမှု ဒုတိယအကြိမ် ဖြစ်သွားပြီဖြစ်လို့ မြေအောက်မျက်နှာပြင်ရဲ့ ထူးခြားချက် ပြဿနာတွေ ရှိမရှိကို စစ်ဆေးသင့်တယ်လို့" ထောက်ပြပါတယ်။

🚅မတော်တဆမှု ဖြစ်ခဲ့တဲ့ နေရာနှစ်ခုစလုံးဟာ မြေသား ပျော့တဲ့နေရာတွေအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေပါ။

✔️အီဆုန်းဂယူ(이송규)[ကိုရီးယားဘေးအန္တရာယ်ကင်းရှင်းရေးကျွမ်းကျင်သူများအသင်း ဥက္ကဌ]က "အနက်ကြီး တူးဖော်တဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါ မြေပြင်အပေါ်က အထပ်မြင့် အဆောက်အအုံတွေ ပြိုကျနိုင်ခြေ၊ မြေအောက်ရေ ပြဿနာတွေ၊ မြေသားဆိုင်ရာ ပြဿနာတွေ စတာတွေကို သုံးသပ်ရမှာပါ" စသဖြင့် ၀ေဖန်အကြံပေးထားပြန်ပါတယ်။

✔️မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနကတော့ ရှင်းအန်းဆန်းလိုင်း တစ်ခုလုံးရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုကို အပြည့်အဝ စစ်ဆေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

🚅ရှင်းအန်းဆန်းလိုင်းကို (၂၀၁၉)ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဒီနှစ် ဧပြီလမှာ ပြီးစီးဖို့ ရည်ရွယ်ခဲ့ပေမဲ့ ခွင့်ပြုချက်ဆိုင်ရာ ပြဿနာတွေကြောင့် တစ်ကြိမ် ရွှေ့ဆိုင်းခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ မတော်တဆမှုကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး ပြဿနာတွေ ပေါ်ပေါက်လာတာနဲ့အတူ (၂၀၂၈)ခုနှစ် ဒီဇင်ဘာလအထိဖြစ်သွားကာ ပြီးစီးမယ့် ကာလ နောက်ထပ် နောက်ကျသွားခဲ့ပါတယ်။

🚅ဒီ မတော်တဆမှုကြောင့် ဆောက်လုပ်ရေးကာလ ပိုမိုနောက်ကျသွားတာကို တော့ ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူး။

🚅စုံစမ်းစစ်ဆေးမှု စတင်ခဲ့တဲ့ ရဲတပ်ဖွဲ့ကတော့ အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အပြင် POSCO E&Cရဲ့ ကြီးလေးတဲ့ဘေးအန္တရာယ် ပြစ်ဒဏ်ဥပဒေ (중대재해처벌법)ကို ချိုးဖောက်မှု ရှိမရှိ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

်းကို ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်...
#신안산선 #구조물사고 &C &C

(ကိုရီးယားမှာတော့ ပိုက်ဆံတွေကောက်ရလဲ ယူခွင့် မရှိပါဘူး)💸ဆိုးလ်မြို့ လမ်းမကြီးပေါ်မှာ ဝမ်(၅)သောင်းတန်တွေ ပျံ့ကြဲ...💸လမ်းလ...
08/12/2025

(ကိုရီးယားမှာတော့ ပိုက်ဆံတွေကောက်ရလဲ ယူခွင့် မရှိပါဘူး)
💸ဆိုးလ်မြို့ လမ်းမကြီးပေါ်မှာ ဝမ်(၅)သောင်းတန်တွေ ပျံ့ကြဲ...

💸လမ်းလျှောက်နေတုန်း ကောင်းကင်ကနေ ငွေအထပ်လိုက်တွေ ကျလာတာမျိုး ဒီလို ရုပ်ရှင်ဆန်တဲ့ ကိစ္စမျိုး ဆိုးလ်မြို့လယ်မှာ တကယ်ဖြစ်ခဲ့တယ်ဆိုပဲ...

💸ပြီးခဲ့တဲ့ (၃)ရက်နေ့ ညနေပိုင်းက ဆိုးလ်မြို့လယ်ခေါင်မှာ ဝမ် (၅)သောင်းတန် ပိုက်ဆံတွေ အများအပြား ဖြန့်ကျဲနေလို့ ပြည်သူတွေ စုပြုံရောက်လာတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေ ဖြစ်ခဲ့ပါတယ်။

💸အခင်းဖြစ်ပွားရာကို မျက်မြင်တွေ့ရှိခဲ့တဲ့ အမျိုးသမီးက လမ်းပေါ်မှာ ဝမ် (၅)သောင်းတန်တွေကို မြင်တွေ့ပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်တော့ လမ်းပေါ်မှာလဲ ပိုက်ဆံတွေ ပြန့်ကျဲနေတာကို တွေ့ရှိခဲ့ရပါတယ်လို့ ပြောပြခဲ့ပါတယ်။

💸သူမဟာ ကတုန်ကယင်နဲ့ ပိုက်ဆံတွေကို ကောက်ယူခဲ့ပြီး ကားတွေပါ ရပ်ပြီး စောင့်ဆိုင်းပေးရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

💸သူမက ကောက်ယူရရှိခဲ့တဲ့ ပိုက်ဆံတွေကို ရဲဌာနကို ချက်ချင်း လွှဲပြောင်းပေးခဲ့ပြီး သူမကောက်ယူရရှိခဲ့တဲ့ ပမာဏက ဝမ်သိန်း (၂၀)ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။

💸ပိုက်ဆံတွေရဲ့ အတိအကျ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် မောင်းနှင်နေတဲ့ ဘတ်စ်ကားတစ်စီးပေါ်ကနေ ပြုတ်ကျတာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းရပါတယ်။

💸သို့ပေမယ့် ကျွမ်းကျင်သူများက ဒီလိုအခြေအနေမျိုးမှာ ပိုက်ဆံတွေကို မဆင်မခြင် ယူသွားမိရင် “ပိုင်ရှင်စွန့်ပစ်ထားခြင်း မဟုတ်သော ပစ္စည်းကို တရားမဝင် ရယူမှု” (점유이탈물 횡령죄) အဖြစ် သတ်မှတ်ခံရနိုင်တယ်လို့ သတိပေးထားပါတယ်။

💸ရာဇဝတ်ဥပဒေအရ ပိုင်ရှင်မဲ့ ပစ္စည်းကို မိမိသဘောနဲ့ ယူသွားပါက ထောင်ဒဏ် (၁)နှစ်အောက် ဒါမှမဟုတ် ဝမ် သိန်(၃၀)အောက် ဒဏ်ငွေ ချမှတ်ခံရနိုင်ပြီး ပိုင်ရှင်က ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ခဲ့တဲ့ ပိုက်ဆံမျိုးမှသာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရရှိမှာဖြစ်ပါတယ်။

💸ရဲတပ်ဖွဲ့ကတော့ လမ်းပေါ်ကို ပိုက်ဆံတွေ ဘယ်လို ရောက်ရှိလာခဲ့သလဲဆိုတဲ့ အခြေအနေနဲ့ အမှန်တကယ် ပိုင်ရှင်ကို စုံစမ်းစစ်ဆေးနေပါတယ်။

● အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် ကိုရီးယားဝမ်ငွေလဲနှုန်း ၁,၄၇၇ ဝမ်အထိ မြင့်တက်လာပြီး နိုင်ငံတော်ပင်စင်ရန်ပုံငွေ...
25/11/2025

● အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် ကိုရီးယားဝမ်ငွေလဲနှုန်း ၁,၄၇၇ ဝမ်အထိ မြင့်တက်လာပြီး နိုင်ငံတော်ပင်စင်ရန်ပုံငွေအဖွဲ့ပါ ပူးပေါင်းဆောင်ရွက်နေရပြီ 🇰🇷💸 ●

မိတ်ဆွေတို့ရေ၊ ကိုရီးယားနိုင်ငံရဲ့ ဝမ်-ဒေါ်လာ ငွေလဲနှုန်းဟာ အနီရောင်အချက်ပြမီးတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ ဝမ်-ဒေါ်လာ ငွေလဲနှုန်းက ၁,၄၈၀ ဝမ်နား ကပ်လာတာကြောင့် အစိုးရအဖွဲ့တစ်ခုတည်း မဟုတ်ဘဲ အမျိုးသားပင်စင်ရန်ပုံငွေအဖွဲ့ (National Pension Service – NPS) ပါ ငွေလဲနှုန်း ထိန်းချုပ်ရေး အစီအမံတွေမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တစ်ရက်မှ မချန်ဘဲ မြင့်တက်ခဲ့သော ဝမ်-ဒေါ်လာ ငွေလဲနှုန်းသည် ယခုသီတင်းပတ်တွင်လည်း ဆက်လက် မြင့်တက်လာခဲ့ပါသည်။ ယခုသီတင်းပတ်၏ ကုန်ဆုံးချိန် ငွေလဲနှုန်းမှာ ၁,၄၇၇.၁ ဝမ်သို့ ရောက်ရှိခဲ့ရာ၊ ၎င်းသည် ယခုနှစ်အတွင်း ဒုတိယအမြင့်ဆုံးနှုန်း ဖြစ်ပါသည်။

ယခင်က နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများကြောင့် ၂၀၂၅ ခုနှစ် ဧပြီလနှင့် စက်တင်ဘာလများတွင် ၁,၄၈၄ ဝမ်အထိ မြင့်တက်ခဲ့ဖူးပါသည်။ ထို့နောက် ဇွန်လကုန်တွင် ၁,၃၅၀ ဝမ်အထိ ကျဆင်းခဲ့ပြီးနောက် တည်ငြိမ်လာမည်ဟု ထင်ရသော်လည်း ဇူလိုင်လမှစ၍ အဆက်မပြတ် မြင့်တက်လာခဲ့ပါသည်။ နိုဝင်ဘာလတစ်လတည်းတွင်ပင် ဝမ် ၅၀ နီးပါး မြင့်တက်လာခဲ့ပါသည်။

ယနေ့အထိ နှစ်စဉ် ပျမ်းမျှငွေလဲနှုန်းမှာ ၁,၄၁၆ ဝမ်ဝန်းကျင် ရှိနေပြီး ၁၉၉၈ ခုနှစ် ငွေကြေးအကျပ်အတည်းဖြစ်ပွားပြီးနောက်ပိုင်း ပျမ်းမျှနှုန်းဖြစ်သည့် ၁,၃၉၄ ဝမ်ထက် ဝမ် ၂၀ ကျော် ပိုများနေပါသည်။ KB အမျိုးသားဘဏ်မှ အကြီးတန်း စီးပွားရေး ပညာရှင် မွန်ဂျောင်ဟီး (Moon Jung-hee) က အမေရိကန်တွင် ရင်းနှီးမြှုပ်နှံရန် ဒေါ်လာ လိုအပ်ချက်များပြားလာခြင်းကြောင့် စျေးကွက်တွင် ဒေါ်လာရှားပါးမှု စိတ်ဓာတ် ပိုမိုပြင်းထန်လာသည်ဟု ရှင်းပြခဲ့ပါသည်။

အစိုးရသည် နိုင်ငံခြားငွေလဲလှယ်ရေး စျေးကွက်သို့ ဝင်ရောက်စွက်ဖက်ရန် ပြင်ဆင်နေပြီး၊ အထူးခြားဆုံးမှာ အမျိုးသားပင်စင်ရန်ပုံငွေအဖွဲ့ (NPS) ၏ ပါဝင်ပတ်သက်မှု ဖြစ်သည်။ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန (Ministry of Economy and Finance) နှင့် ကိုရီးယားဗဟိုဘဏ် (Bank of Korea) အပြင် အမျိုးသားပင်စင်ရန်ပုံငွေကော်ပိုရေးရှင်းနှင့် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန (Ministry of Health and Welfare) တို့ ပါဝင်သည့် လေးပွင့်ဆိုင် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။

အမျိုးသားပင်စင်ရန်ပုံငွေအဖွဲ့ (NPS) သည် ဝမ် ထရီလီယံ ၇၇၀ ကျော်ကို ပြည်ပတွင် ရင်းနှီးမြှုပ်နှံထားပြီး ဆက်လက် တိုးမြှင့်နေပါသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ပြည်သူများ ပေးဆောင်ထားသော ဝမ်ငွေများကို ဒေါ်လာအဖြစ် ပြောင်းလဲရန် လိုအပ်ပါသည်။ NPS သည် “ကြီးမားသော ရင်းနှီးမြှုပ်နှံသူ” ဖြစ်သောကြောင့် ဒေါ်လာရှားပါးမှုကို ပိုမို ဆိုးရွားစေသည့် ဘက်က ပါဝင်နေပါသည်။

ထို့ကြောင့် အမျိုးသားပင်စင်ရန်ပုံငွေအဖွဲ့၏ ပြည်ပရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်ကို လျှော့ချ၍ ဒေါ်လာဝယ်လိုအားကို လျှော့ချမည့် နည်းလမ်းများ၊ ထို့ထက်ပို၍ NPS ၏ ပြည်ပပိုင်ဆိုင်မှုများအတွက် ငွေလဲနှုန်းကို ကြိုတင်သတ်မှတ်ထားခြင်းဖြင့် ပြည်တွင်း၌ ဒေါ်လာများ ပိုမိုရရှိလာစေမည့် “ငွေကြေး ကာကွယ်ခြင်း” (currency hedging) နည်းလမ်းများကိုပါ စဉ်းစားနေကြောင်း သိရပါသည်။

ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဝန်ကြီး (နှင့်) အမျိုးသားပင်စင်ရန်ပုံငွေရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဂျောင်အွန်ကျောင်း (Jeong Eun-kyung) က


#နိုင်ငံတော်ပင်စင် #ငွေကြေးစီမံခန့်ခွဲမှု #ကိုရီးယား #ငွေလဲနှုန်း #ဝမ်ဒေါ်လာ #သတင်း #စီးပွားရေးသတင်း #မြန်မာ #ငွေကြေးကာကွယ်ခြင်း #တောင်ကိုရီးယားစီးပွားရေး #ကမ္ဘာ့စီးပွားရေး

ဝန်ဆောင်မှု အဖွဲ့များ သက်တန်း တိုးထားကြပါရန်
24/11/2025

ဝန်ဆောင်မှု အဖွဲ့များ သက်တန်း တိုးထားကြပါရန်

ဝန်ဆောင်မှုလုပ်ငန်း အလုပ်လျှောက်လွှာ သက်တမ်းတိုးမည့်သူများ သိရှိရန်

ဘာတွေဖြစ်နေတာလဲကမ္ဘာမြေကြီးရယ်တစ်ရက်တစ်မျိုးဘေးကြီးတွေဖြစ်နေတာဗျာ🥺🙏🥺 တောင်ကိုရီးယား 🇰🇷 | အာရှ၏ အကြီးဆုံး E-Land Fashion ...
16/11/2025

ဘာတွေဖြစ်နေတာလဲကမ္ဘာမြေကြီးရယ်တစ်ရက်တစ်မျိုးဘေးကြီးတွေဖြစ်နေတာဗျာ🥺🙏🥺 တောင်ကိုရီးယား 🇰🇷 | အာရှ၏ အကြီးဆုံး E-Land Fashion Logistics Center တွင် မီးလောင်မှုဖြစ်သွားသည်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ နံနက်တွင် တောင်ချုံချုံးပြည်နယ်၊ ချွန်နန်မြို့၊ ဒွန်နမ်ခရိုင်ရှိ E-Land Fashion Logistics Center တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။မီးတောက်ကြီးရဲ့ မီးခိုးများကမီးတောင်ကြီးသဖွယ် မီးတောက်နေလို အရေးပေါ်ကယ်ဆယ်ရေးပေါ်ပေါက်ခဲ့သည်။
သတင်းများအရ အာရှ၏ အကြီးဆုံး ဖက်ရှင်ဖြန့်ဖြူးရေးစင်တာ တောင်ချွန်ချုံးပြည်နယ်၊ ချွန်နန်မြို့ရှိ E-Land Fashion Logistics Center တွင် ဒေသစံတော်ချိန် နံနက် ၆:၀၀ နာရီတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
မီးလောင်မှုသည် အဆောက်အအုံ၏ စတုတ္ထထပ်တွင် စတင်ခဲ့သည်။ နံနက် ၆:၀၀ နာရီခန့်တွင် အာဏာပိုင်များကို အကြောင်းကြား ထုတ်ပြန်ခဲ့သည်။
သို့သော် အထဲတွင် အဝတ်အစားများစွာ သိုလှောင်ထားခြင်းကြောင့် မီးသည် လျင်မြန်စွာစွဲသွားခဲ့သည်။ နံနက် ၇:၀၁ နာရီတွင် မီးကပိုမို‌စွဲသွာသည်။
မီးသတ် ၃၆၆ ဦး၊ ရဟတ်ယာဉ် ရှစ်စင်းနှင့် မီးသတ်ကား ၁၂၂ စီးနှင့် ပစ္စည်းကိရိယာများတို့ကယ်ဆယ်ခဲ့ကျသည်
အရာရှိများက အဆောက်အအုံကို ကွန်ကရစ်ဖြင့် တည်ဆောက်ထားသော်လည်း ၎င်း၏ အပြင်ဘက်နံရံများကို အလွန်လွယ်ကူစွာ မီးလောင်လွယ်သော "sandwich panel" များဖြင့် ပြုလုပ်ထားကြောင်း မှတ်ချက်ပြုခဲ့သည်။ ထို့ကြောင့် မီးသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ထိန်းချုပ်ရန် ခက်ခဲလာခဲ့သည်။ မီးခိုးမည်းများကို မိုင်ပေါင်းများစွာကအကွာအဝေး ‌‌တောင် မြင်တွေ့နိုင်သည်။ ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် သေဆုံးမှုများကို သတင်းပို့ထားခြင်း မသိရှိရသေဘူး
၂၀၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော ၁၉၃,၂၁၀ စတုရန်းမီတာ (၅၈,၄၅၀ စတုရန်းပေခန့်) ကျယ်ဝန်းသော ဖြန့်ဖြူးရေးဌာနတွင် အဝတ်အစားနှင့် ဖိနပ်များအပါအဝင် E-Land အမှတ်တံဆိပ်အမျိုးမျိုးမှ ထုတ်ကုန်များကို သိုလှောင်ထားသည်။ ဤဌာနသည် ဤဌာနမှ ပို့ဆောင်ပေးသော SPAO အမှတ်တံဆိပ်မှ အွန်လိုင်းမှာယူမှုများအတွက် အထူးသင့်လျော်ပါသည်။

ပို့ဆောင်မှုအပေါ် သက်ရောက်မှု-
SPAO သည် ၎င်း၏ ဝဘ်ဆိုက်တွင် မီးလောင်မှုကြောင့် ပို့ဆောင်မှုအချို့ နှောင့်နှေးနိုင်သည် သို့မဟုတ် မှာယူမှုများကို ဖျက်သိမ်းနိုင်ကြောင်း ကြေညာခဲ့သည်။ ၎င်းတို့သည် လက်ရှိတွင် ဘေးကင်းရေးစစ်ဆေးမှုများလုပ်ဆောင်နေပါသည်။
မြန်မာ စံတော်ချိန် နံနက် ၁၁:၃၀ နာရီအထိ မီးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည် 🥺 အားလုံးပြန်အဆင်ပြေကျပါစေ🥺🙏🥺
South Korea 🇰🇷 | Fire at E-Land Fashion Logistics Center, Asia's Largest

On the morning of November 15, 2025, a fire broke out at the E-Land Fashion Logistics Center in Dongnam District, Cheonan City, South Chungcheong Province. Black smoke and high flames sparked concerns that it could lead to delays and numerous orders being canceled.

According to reports, a large fire broke out at the E-Land Fashion Logistics Center in Cheonan City, South Chungcheong Province, Asia's largest fashion distribution center, at 6:00 a.m. local time.

The fire started on the fourth floor of the building. At approximately 6:00 a.m., authorities were notified and issued a Level 1 response level.

However, the fire spread rapidly due to the large amount of clothing stored inside. At 7:01 a.m., the fire was raised to Level 2.

A total of 366 firefighters, eight helicopters, and 122 fire trucks and equipment were deployed.

Officials noted that the building is constructed of reinforced concrete, but its exterior walls are made of highly flammable "sandwich panels." This caused the fire to spread rapidly and become difficult to control. Black smoke was visible from several kilometers away. No injuries or deaths have been reported.

Distribution Center Information:
The 193,210 sq m (approximately 58,450 sq wa) distribution center, built in 2014, houses products from various E-Land brands, including clothing and shoes. This center is particularly suitable for online orders from the SPAO brand, which are shipped from this center.

Impact on Delivery:
SPAO announced on its website that due to the fire, some deliveries may be delayed or orders may be canceled. They are currently conducting safety checks and restoring systems.

**As of 11:30 AM Myanmar time, there are no reports of successful control of the fire.

Pray for fire victims and south Korea SPAO brand

Address

L17, Room 201, Second Floor, Aung Yadanar St, Mya Kyun Thar Estate, Pathein Township
Pathein

Telephone

0943122120

Website

Alerts

Be the first to know and let us send you an email when Htal Jo Korea Language Center-ထယ်ဂျို posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Htal Jo Korea Language Center-ထယ်ဂျို:

Share