Joseph Education College - Mingalar Taungnyunt

Joseph Education College - Mingalar Taungnyunt Joseph Education College is the first private Catholic College in Myanmar.

06/03/2026

အခုဆို ဖုန်းအခွန်ကိစ္စတွေကြောင့် "IMEI" ဆိုတဲ့ စကားလုံးကို ခဏခဏ ကြားနေရမှာပါ။ ဒါပေမဲ့ သာမန်ဖုန်းသုံးသူ တစ်ယောက်အနေနဲ့ "IMEI ဆိုတာ ဘာကြီးလဲ၊ ငါ့ဖုန်းထဲက Data တွေများ ခိုးကြည့်လို့ရသွားမလား" ဆိုပြီး စိုးရိမ်နေသူတွေ ရှိနိုင်ပါတယ်။

ဒါကြောင့် နည်းပညာနားမလည်သူတွေပါ အလွယ်တကူ သဘောပေါက်သွားစေမယ့် IMEI အကြောင်း Knowledge Sharing လေးကို မျှဝေပေးလိုက်ပါတယ်။

ဖုန်းတိုင်းမှာပါတဲ့ လျှို့ဝှက်နံပါတ် "IMEI" ဆိုတာ တကယ်တော့ ဘာကြီးလဲ? 🤔📱

လွယ်လွယ်ပြောရရင် IMEI (International Mobile Equipment Identity) ဆိုတာ သင့်ဖုန်းရဲ့ "မှတ်ပုံတင်ကတ်ပြား" ပုံစံပါပဲ။

ဖုန်းစက်ရုံကနေ ထွက်လာကတည်းက ဖုန်းတစ်လုံးချင်းစီအတွက် မတူညီတဲ့ ဂဏန်း (၁၅) လုံးနဲ့ သတ်မှတ်ပေးလိုက်တဲ့ သီးသန့် ID ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သင့်ဖုန်းရဲ့ IMEI နံပါတ်နဲ့ တူတဲ့ဖုန်း နောက်ထပ် လုံးဝမရှိပါဘူး။

Dual SIM (ဆင်းမ်ကတ် ၂ ကတ်စိုက်လို့ရတဲ့) ဖုန်းတွေမှာတော့ "မှတ်ပုံတင် ၂ ခု" ရှိတဲ့သဘောမို့ IMEI ဂဏန်းအရှည်ကြီး (၂) စုံ ပါဝင်ပါတယ်။

📌 IMEI ကို ဘာအတွက် သုံးတာလဲ?

ကောင်းကျိုးတွေအနေနဲ့ကတော့

၁။ ပျောက်ဆုံး/အခိုးခံရရင် ပိတ်ပစ်လို့ရတယ်။
သင့်ဖုန်း ပျောက်သွားတဲ့အခါ ရဲနဲ့ အော်ပရေတာကို တိုင်ချက်ဖွင့်ပြီး အဲ့ဒီ IMEI ကို Block (ပိတ်) ခိုင်းလို့ရပါတယ်။ ပိတ်လိုက်ရင် သူခိုးက ဖုန်းကို Format ချပြီး ဆင်းမ်ကတ်အသစ် ထည့်သုံးရင်တောင် ဖုန်းလိုင်းပေါ်လာမှာ မဟုတ်တော့ပါဘူး။

၂။ စစ်မှန်မှု အာမခံချက် (Quality Check)
တစ်ပတ်ရစ်ဖုန်း ဝယ်တဲ့အခါ ဖုန်းဘူးခွံမှာ ရေးထားတဲ့ IMEI နဲ့ ဖုန်းထဲက IMEI တိုက်ကြည့်ပြီး ဖုန်းအစစ်/အတု၊ ဖုန်းခွံ လဲထားတာ ဟုတ်/မဟုတ် အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။

🛑 IMEI သိရုံနဲ့ ငါ့ဖုန်းကို ဟက် (Hack) လို့ရလား?

အဖြေကတော့ လုံးဝ မရပါဘူး။

IMEI ဟာ Hardware (ဖုန်းစက်ကြီး) ရဲ့ နံပါတ်သက်သက်ပါ။ အဲ့ဒီနံပါတ်ကို သိရုံနဲ့ သင့်ဖုန်းထဲက ဓာတ်ပုံတွေ၊ Facebook တွေ၊ Bank Account တွေနဲ့ Chat History တွေကို လှမ်းကြည့်လို့၊ ယူလို့ လုံးဝ မရပါဘူး။ သင့်ဖုန်းကို အဝေးကနေ Virus သွင်းတာမျိုးလည်း လုပ်လို့မရပါဘူး။

⚠️ ဒါဆို ဘာလို့ လျှို့ဝှက်ထားရမလဲ? လူမြင်ကွင်းကို ဘာလို့ ချမပြသင့်တာလဲ?

သာမန်လူတွေက သင့် IMEI ကိုသိရုံနဲ့ ဘာမှလုပ်လို့မရပေမဲ့ ကျွမ်းကျင်တဲ့ မသမာသူတွေသိသွားရင်တော့ ဆိုးကျိုး (၂) ချက် ရှိလာနိုင်ပါတယ်။

၁။ IMEI Cloning (ခိုးယူပွားယူခြင်း)

Hacker တွေက သင့်ရဲ့ တရားဝင် IMEI နံပါတ်ကို ခိုးယူပြီး အခွန်မဆောင်ထားတဲ့ တခြား မှောင်ခိုဖုန်းတစ်လုံးမှာ "Clone" (ကူးယူ) လုပ်ပြီး သုံးပစ်နိုင်ပါတယ်။ အဲ့ဒီအခါ Network ပေါ်မှာ IMEI တစ်ခုတည်းက ဖုန်းနှစ်လုံး ဖြစ်နေပြီး သင့်ဖုန်းက အတုကြီးလိုဖြစ်ကာ လိုင်းပိတ်ခံရတာမျိုး ကြုံလာနိုင်ပါတယ်။

၂။ Location ခြေရာခံခံရနိုင်ခြင်း

အော်ပရေတာ (ဖုန်းလိုင်းကုမ္ပဏီ) တွေက သင့် SIM Card နဲ့ IMEI ကို တွဲသိသွားရင် သင်က ဘယ်မြို့၊ ဘယ်ရပ်ကွက်က တာဝါတိုင်နားမှာ ရှိနေတယ် (Location) ဆိုတာကို ခန့်မှန်းလို့ ရသွားနိုင်ပါတယ်။

အနှစ်ချုပ် အကြံပြုရရင်တော့
ကိုယ့်ဖုန်းရဲ့ IMEI ကို သိချင်ရင် ဖုန်းခေါ်တဲ့နေရာမှာ * #06 # လို့ ရိုက်နှိပ်ပြီး အလွယ်တကူ ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနံပါတ်တွေကို Screenshot ရိုက်ပြီး Social Media ပေါ်မှာ Public တင်တာ၊ Comment မှာ ဝင်ရေးတာမျိုး လုံးဝ (လုံးဝ) မလုပ်ဖို့ အထူးသတိထားပါ။

IMEI နဲ့ပတ်သက်ပြီး မသိသေးတဲ့သူတွေ ပိုပြီးနားလည်သွားကြဖို့ ရည်ရွယ်ပါတယ်။

တခြားသူတွေလည်း များများသိရအောင် Share လုပ်သွားပါဦးနော်။

စက်သုံးဆီ ချွေတာနိုင်ရန် ‘’စုံ”ရက်၊ ‘’မ”ရက်ဖြင့် အိမ်စီးကားများ အသုံးပြုမောင်းနှင်ရမည် စက်သုံးဆီဝယ်ယူစုဆောင်းခြင်းနှင့် ...
03/03/2026

စက်သုံးဆီ ချွေတာနိုင်ရန် ‘’စုံ”ရက်၊ ‘’မ”ရက်ဖြင့် အိမ်စီးကားများ အသုံးပြုမောင်းနှင်ရမည်

စက်သုံးဆီဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများလုံးဝမပြုလုပ်ရန် လိုက်နာမှုမရှိပါက အရေးယူမည်ဟု အသိပေး

လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် စက်သုံးဆီ ချွေတာနိုင်ရန် ထိုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်၍ ‘’စုံ”ရက်တွင် ‘’စုံ”နံပတ်ပါသော အက္ခရာယာဉ်များ (ဥပမာ 2A / 4A) စသည်တို့ အသုံးပြုမောင်းနှင်နိုင်သည်။

ထို့အတူ ‘’မ”ရက်တွင် ‘’မ”နံပတ်ပါသော အက္ခရာယာဉ်များ (ဥပမာ 1A/3A) စသည်တို့ မောင်းနှင်နိုင်သည်။

ထိုသတ်မှတ်ချက်တွင် EV မော်တော်ယာဉ်/ ဆိုင်ကယ်များ၊ Taxi များ၊ လူနာတင်ယာဉ်များ၊ စက်သုံးဆီသယ်ဆောင်သည့် ယာဉ်များ၊ စည်ပင်အမှိုက်သိမ်းယာဉ်များ၊ နိဗ္ဗာန်ယာဉ်များ မပါဝင်ပေ။

စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း/ စျေးပိုတင်ရောင်းချခြင်းကိုလည်း လုံးဝမပြုလုပ်ရန် တားမြစ်ထားပြီး ဤ အမိန့်သည် ထပ်မံ၍ မထုတ်ပြန်မီအချိန်ထိ အတည်ဖြစ်ကြောင်းအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယနေ့(မတ်လ ၃ ရက်စွဲဖြင့်)ထုတ်ပြန်ထားသည်။

19/02/2026

🎓Bachelor in Investment Management (BIM) အတန်းကို မတ်လ (၁၈) ရက်နေ့တွင် ဖွင့်တော့မည်ဖြစ်ပါတယ်။ လာရောက်စုံစမ်းနိုင်ပါတယ်

❤️ သင်ကြားစနစ် - Online and Campus
⏰ စာသင်ကြားကာလ - 4 years
​💶 ကျောင်းစရိတ် - သိန်း ၂၀၀ ကျပ်

⛱️ စာသင်စရိတ်ကို နှစ်အလိုက် အရစ်ကျ ပေးသွင်းရန်ဖြစ်သည်

Curriculum သင်ကြားမည့်ဘာသာရပ်များက​တော့
1. Principles of Accounting
2. Principles of Economics
3. Business Mathematics
4. E-Commerce and Government
5. Quantitative Methods in Finance
6. Money and Capital Market
7. Investment Analysis
8. International Business Management
9. Econometrics
10. Portfolio Funds Management
11. Industrial Training
12. Research Methodology
13. Thesis

🟣 ဒီဘွဲ့ရပြီးရင် ဘာအလုပ်တွေ လျှောက်လို့ရမလဲ

၁။ Investment Analyst အဖြစ်လုပ်ကိုင်ခြင်း
၂။ Financial Planners အဖြစ်လုပ်ကိုင်ခြင်း
၃။ Investment Advisors အဖြစ်လုပ်ကိုင်ခြင်း

☎️ 095040477, Email: [email protected]

Website: jeu.edu.mm

19/02/2026

Bachelor in Investment Management (BIM) အတန်းကို မတ်လ (၁၈) ရက်နေ့တွင် ဖွင့်တော့မည်ဖြစ်ပါတယ်။ လာရောက်စုံစမ်းနိုင်ပါတယ်

28/01/2026
အခွန်ထမ်းဆောင်ပြီးပါပြီ
27/01/2026

အခွန်ထမ်းဆောင်ပြီးပါပြီ

24/01/2026

Address

Pathein Nyunt Street (5), Mingalar Taung Nyunt, Yangon
Sanchaung
11221

Alerts

Be the first to know and let us send you an email when Joseph Education College - Mingalar Taungnyunt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Joseph Education College - Mingalar Taungnyunt:

Share