Geology Family Shwebo University

Geology Family Shwebo University Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Geology Family Shwebo University, College & University, Shwebo University, Shwebo.

ရွှေဘိုတက္ကသိုလ် ဘူမိဗေဒ တတိယနှစ်မှ ကိုဇော်လှိုင်မိုးသည် ဒီမိုကရေစီတိုက်ပွဲအတွင်း ယနေ့ (17.2.2022)တွင် ကျဆုံးသွားကြောင်း...
17/02/2022

ရွှေဘိုတက္ကသိုလ် ဘူမိဗေဒ တတိယနှစ်မှ ကိုဇော်လှိုင်မိုးသည် ဒီမိုကရေစီတိုက်ပွဲအတွင်း ယနေ့ (17.2.2022)တွင် ကျဆုံးသွားကြောင်း သိရှိရသည့်အတွက် အထူးပင်ဝမ်းနည်းမိပါကြောင်း Geology Family Shwebo University မှ ထုတ်ပြန်အပ်ပါသည်။

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအ...
11/07/2021

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး( Short Course) အစီအစဉ်

Certification Course for Engineering Geologist

ကိုဗစ်ကူးစက်မှုနှင့်အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူကျောင်းသား များကို ပညာဆက်လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဥ်လျှက်ရှိသည်။
ယခုအခါ ဘူမိဗေဒပညာဘာသာရပ်ကျောင်းသူကျောင်းသားများအတွက် Certification Course for Engineering Geologist ကို ဇူလိုင်လ (၁၇) ရက် စနေနေ့မှ စတင်ကာ ပို့ချသင်ကြားသွားမည် ဖြစ်ပါ သဖြင့် အောက်‌ဖော်ပြပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ တက်ရောက်နိုင်ရန် အသိပေး တင်ပြ အပ်ပါသည်။
သင်တန်းတက်ရောက်ရန်လိုအပ်ချက်များ
- ဘူမိဗေဒပညာဘာသာရပ်ကို အထူးပြုသင်ယူနေသော နောက်ဆုံးနှစ်၊ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ တတိယနှစ် ဂုဏ်ထူးတန်းနှင့် မဟာဘွဲ့သင်တန်းများမှ ကျောင်းသူ ကျောင်းသားများ ဖြစ်ရမည်။ အသုံးချဘူမိဗေဒ သင်တန်းများ ကျောင်းသူကျောင်းသား များ လျောက်ထားနိုင်ပါသည်။
- သင်တန်းအချိန်အားလုံးကို တက်ရောက်ရမည်ဖြစ်ပြီး သင်ခန်းစာဆိုင်ရာ အကဲဖြတ်မှုများ အားလုံးကိုလည်း မပျက်မကွက် ပြုလုပ်ရမည်ဖြစ်သည်။

သင်တန်း တက်ရောက်မည့်သူများစာရင်းပေးသွင်းရန် Link
https://forms.gle/7pxvV6wWCqvPfULB7

အသေးစိတ်အချက်အလက်များကို ပုံတွင်ကြည့်ရှု့နိုင်ပါသည်။

25/05/2021

ထီထိုးချင်သူများ ရွှေဘိုတက္ကသိုလ်က ဘူမိဗေဒဆရာမဆီ pre-orderမှာလို့ရပါပီ။ 😁
-အခုတော့ မရောက်သေးပါဘူး

H2 Geology
06/05/2021

H2 Geology

ရွှေဘိုတက္ကသိုလ် ဘူမိဗေဒဌာနတတိယနှစ်ဂုဏ်ထူးတန်းကျောင်းသား၊ကျောင်းသူများသဘောထားထုတ်ပြန်ခြင်း၅.၅.၂၀‌၂‌၁ နေ့တွင် အကြမ်းဖက်လူ...
30/04/2021

ရွှေဘိုတက္ကသိုလ် ဘူမိဗေဒဌာန
တတိယနှစ်ဂုဏ်ထူးတန်းကျောင်းသား၊ကျောင်းသူများ
သဘောထားထုတ်ပြန်ခြင်း

၅.၅.၂၀‌၂‌၁ နေ့တွင် အကြမ်းဖက်လူသတ် စစ်ကောင်စီမှ ဦးစီး၍ တက္ကသိုလ်များအား သစ္စာဖောက်လောက်ကောင် ဝန်ထမ်းများဖြင့် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု သိရှိရပါသည်။
ထို့တွင် ကျွန်တော်တို့ ရွှေဘိုတက္ကသိုလ် ဘူမိဗေဒမှ သစ္စာဖောက် လောက်ကောင် ဆရာ၊ဆရာမ အချို့လည်းပါဝင်နေပြီး နေ့သင်တန်းများကို ဖွင့်လှစ်ဖို့ ကြိုးစားနေကြသည်။
ထို့ကြောင့် ကျွန်တော်တို့ တတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသားများအနေဖြင့်သစ္စာဖောက်လောက်ကောင်များ သင်ကြားပို့ချသော နေ့သင်တန်းများအား
တစ်ဦးတစ်ယောက်မှ တက်ရောက်မည်မဟုတ်ကြောင်း တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြပါကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
တတိယနှစ်ဂုဏ်ထူးတန်းကျောင်းသားများ
ရွှေဘိုတက္ကသိုလ်၊ဘူမိဗေဒဌာန။

ရွှေဘိုတက္ကသိုလ် ဘူမိဗေဒဌာန ဒုတိယနှစ်မဟာသိပ္ပံတန်း ကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်
27/04/2021

ရွှေဘိုတက္ကသိုလ် ဘူမိဗေဒဌာန ဒုတိယနှစ်မဟာသိပ္ပံတန်း ကျောင်းသား/သူများ၏ သဘောထားထုတ်ပြန်ချက်

အကြမ်းဖက်စစ်အုပ်စုမှ 2021 ခုနှစ် April 17 ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ထားသောအမိန့်စာတွင် ၅-၅-၂၀၂၁ ရက်နေ့မှစ၍ ပါရဂူဘွဲ့ကြိုသ...
18/04/2021

အကြမ်းဖက်စစ်အုပ်စုမှ 2021 ခုနှစ် April 17 ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ထားသောအမိန့်စာတွင် ၅-၅-၂၀၂၁ ရက်နေ့မှစ၍ ပါရဂူဘွဲ့ကြိုသင်တန်းများ၊မဟာတန်း(ရေးဖြေ)သင်တန်းများ နှင့် နောက်ဆုံးနှစ်သင်တန်းများအားပြန်လည်ဖွင့်လှစ်မည် ဟုဖော်ပြပါရှိပါသည်။
ထို့သို့စစ်အုပ်စုမှဖွင့်လှစ်မည့်သင်တန်းများအား ကျွန်ုပ်တို့ ရွှေဘိုတက္ကသိုလ် ဘူမိဗေဒကျောင်းသား/သူ များအနေဖြင့် လုံးဝတက်ရောက်ခြင်းမပြုဘဲသပိတ်မှောက်သွားမည်ဖြစ်ပါသည်။

ရွှေဘိုတက္ကသိုလ်ဘူမိဗေဒဌာနတွင်တာဝန်ထမ်းဆောင်ခဲ့သော ဆရာဦးအောင်ဇော်ဦးသည် ပြည်သူနှင့်အတူရပ်တည်၍ အာဏာသိမ်းစစ်အုပ်စုမှဖွင့်လှ...
11/04/2021

ရွှေဘိုတက္ကသိုလ်ဘူမိဗေဒဌာနတွင်တာဝန်ထမ်းဆောင်ခဲ့သော ဆရာဦးအောင်ဇော်ဦးသည် ပြည်သူနှင့်အတူရပ်တည်၍ အာဏာသိမ်းစစ်အုပ်စုမှဖွင့်လှစ်မည့် ပါရဂူ(ကျမ်းပြု) သင်တန်းအား သပိတ်မှောက်သည့်အတွက် ကျွန်တော်တို့ဘူမိဗေဒမိသားစုမှ အထူးလေးစားဂုဏ်ယူမိပါသည်။

ရွှေဘိုတက္ကသိုလ်ဘူမိဗေဒဌာနတွင်ဆရာ/မတာဝန်ထမ်းဆောင်ခဲ့သော ဆရာဦးချစ်စမ်းအောင် နှင့် ဆရာမဒေါ်ခင်သက်ဇွန် တို့သည် အာဏာသိမ်းစစ်...
11/04/2021

ရွှေဘိုတက္ကသိုလ်ဘူမိဗေဒဌာနတွင်ဆရာ/မတာဝန်ထမ်းဆောင်ခဲ့သော ဆရာဦးချစ်စမ်းအောင် နှင့် ဆရာမဒေါ်ခင်သက်ဇွန် တို့သည် အာဏာသိမ်းစစ်အုပ်စုမှဖွင့်လှစ်မည့် ပါရဂူ(ကျမ်းပြု) သင်တန်းအား သပိတ်မှောက်သည့်အတွက် ကျွန်တော်တို့ဘူမိဗေဒမိသားစုမှ အထူးလေးစားဂုဏ်ယူမိပါသည်။

Address

Shwebo University
Shwebo

Alerts

Be the first to know and let us send you an email when Geology Family Shwebo University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share