Shwebo University English Family

Shwebo University English Family Informational Fan Page Of English Family

11/07/2021

“ အသက်ရှုသံများ မျှဝေစို့ “

OXYGEN PLANT တည်ဆောက်ရန်အတွက် တစ်ဦးလျှင် ၅၀၀၀ ကျပ်စီလှူဒါန်းနိုင်ပါသည် ။

ယခုဖြစ်ပေါ်လျက်ရှိသော အောက်ဆီဂျင်လိုအပ်ချက် အခက်အခဲများ အား အားဖြည့်ကူညီနိုင်ရန် မိမိတို့မှ OXYGEN PLANT တပ်ဆင်တည်ဆောက်မှုအား ကူညီသွားမည်ဖြစ်ပါသည် ။

OXYGEN PLANT တပ်ဆင်ပြီးပါက တစ်နေ့လျှင် 40L အခုရေ ၃၀-၄၀ ထိ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည် ။ တပ်ဆင်ပြီးပါက လိုအပ်လျက်ရှိသည့် ပြည်သူများထံ အခမဲ့ကူညီပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည် ။

အဆိုပါ OXYGEN PLANT ၏ ကုန်ကျစရိတ်မှ သိန်း ၁၀၀၀ ခန့်ရှိပြီး လည်ပတ်မှုစရိတ် များအပါအဝင် သိန်း ၁၂၀၀ ကျော် ခန့် ကုန်ကျမည်ဖြစ်ပါသည် ။

မိမိတို့ပြည်သူများအနေဖြင့် အသက်ရှုသံများအားလိုအပ်သူများထံမျှဝေးပေးနိုင်ဖို့ ဝိုင်းဝန်းကူညီလက်တွဲဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည် ။

“ပြည်သူတွေမှာ ပြည်သူတွေရှိတယ်”

05/10/2020
Source from Shwebo University page
28/08/2020

Source from Shwebo University page

အနုပညာဝါသနာပါသည့် ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်လိုလျှင် ဌာနကိုအမည်၊ခုံနံပါတ် ပေးပြီး စာရင်းပေးနိုင်ပါသည်။
19/08/2020

အနုပညာဝါသနာပါသည့် ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်လိုလျှင် ဌာနကို
အမည်၊ခုံနံပါတ် ပေးပြီး စာရင်းပေးနိုင်ပါသည်။

လက်မလွှတ်သင့်တဲ့အခွင့်အရေးကောင်းတစ်ခုပါ 💯💯💯
29/07/2020

လက်မလွှတ်သင့်တဲ့အခွင့်အရေးကောင်းတစ်ခုပါ 💯💯💯

⛳ လူငယ်အားလုံးအတွက် မြန်မာ့ပထမဆုံး လူငယ့်စွမ်းရည် စခန်းကြီး ⛳
ကျန်းမာတော်မူကြပါစခင်ဗျ။ 🙏🙏
အားလုံးစောင့်မျှော်နေကြတဲ့ အထူးစပါယ်ရှယ် လက်ဆောင် နဲ့ မိတ်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ 📣📣📣
🛡 𝐄𝐋𝐈 𝐖𝐨𝐫𝐥𝐝 𝐘𝐨𝐮𝐭𝐡 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐨𝐨𝐭 𝐂𝐚𝐦𝐩 𝐑𝐨𝐮𝐧𝐝 𝟐 🛡

အားလုံးရဲ့ အရှေ့ကို ဒုတိယအကြိမ် ထပ်မံရောက်ရှိလာတဲ့ ELI World Youth Skills Boot Camp 🚨🚨🚨
ပထမအကြိမ်မှာ ကချင်ပြည်နယ်အတွက် သီးသန့်အနေနဲ့ လူငယ် ၂၀၀၀ ကိုသာ ပေးအပ်ခဲ့တာဖြစ်ပေမယ့် အားလုံးရဲ့ တောင်းဆိုချက်အရ MYEO မှ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ် ၃၀၀၀ အတွက်ကို ယခုလို ဒုတိယအကြိမ်မြောက် ထပ်မံလုပ်ဆောင်ပေးရခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ် ထူးခြားချက်အနေနဲ့ ယခုပြုလုပ်မယ့် Round 2 ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဘဏ်တွေထဲက တစ်ခုဖြစ်တဲ့ Farmers Development Public Bank (FDB) နဲ့ ပူးပေါင်း လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼

⛳ ရည်ရွယ်ချက်

- ဇူလိုင်လ ၁၅ရက်နေ့မှာ ကျရောက်ခဲ့တဲ့ World Youth Skills Day ကို အခြေပြုကာ မြန်မာနိုင်ငံမှ လူငယ်တွေ ၂၁ရာစုမှာ ရှိကိုရှိထားရမယ့် စွမ်းရည်များကို Online ပေါ်မှ ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်ပါတယ်။
_____________________________________________

⛳ ဘယ်သူတွေ တက်ရောက်နိုင်မှာလဲ❓

- မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ တိုင်းနှင့်ပြည်နယ် ၁၄ ခုက မည်သည့်နေရာဒေသက လူငယ်မဆို (ကန့်သတ်ချက်မရှိ) ပါဝင်တက်ရောက်နိုင်ပါတယ်။
- ဒါပေမယ့် ပါဝင်သူဦးရေ 🚨၃၀၀၀🚨 သာ သတ်မှတ်ထားတာမို့ ယခုချက်ချင်း Registration လုပ်ဆောင်ဖို့တော့ လိုအပ်ပါတယ်။

⛳ ဘယ်သူတွေ သင်ကြားပေးမှာလဲ❓

- မြန်မာနိုင်ငံရှိ တက္ကသိုလ်အနှံ့အပြားမှာ နေရာယူထားတဲ့ Senior Campus Chapter Directors (Senior CCDs) များ၊
- Farmers Development Public Bank (FDB) မှ Trainer များ၊
- မြန်မာတစ်နိုင်ငံလုံးမှ အဆင့်ဆင့်ရွေးချယ်ထားတဲ့ အရည်အချင်းပြည့်ဝတဲ့ လူထုအကျိုးပြုလူငယ်ခေါင်းဆောင်များစွာက ပါဝင်ဦးဆောင် သင်ကြားပေးသွားမှာ ​ဖြစ်ပါတယ်။
_____________________________________________

⛳ ဘာတွေ သင်ပေးမှာလဲ❓

- ၂၁ရာစု အတွက် အရေးကြီးဆုံး ကဏ္ဍက ပါဝင်နေတဲ့ Digital Literacy Skills တွေ၊
- လူငယ်တစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ soft skills များနှင့် လုပ်ငန်းခွင်မှာ စမတ်ကျလာစေမယ့် Professional Skills တွေ၊
- ကိုယ်ပိုင်ဝင်ငွေ၊ ကိုယ်ပိုင်အသုံးစရိတ်တွေကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတဲ့ သင်ခန်းစာတွေ၊
- အချင်းချင်း ရင်းနှီးခွင့်ရနိုင်မယ့် Ice-breaking Activities တွေ၊
- သင်ယူထားတာတွေကို ပြန်လည်ဆန်းစစ်နိုင်မယ့် mini quizzes တွေ၊
- ဖိတ်ကြားထားတဲ့ Guest Speakers တွေရဲ့ Live Chat တွေ၊
- Online Workshop Sessions တွေ၊

အစရှိသည်ဖြင့် ပါဝင်သွားမှာပါ။
ဒါ့အပြင် သင်တန်းပြီးဆုံးအောင် ပါဝင်လေ့လာသူများအား MYEO မှ E-certificate ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 📣
_____________________________________________

⛳ သင်တန်းကြေးက ဘယ်လောက်လဲ❓

- ယခု လူငယ် ၃၀၀၀ ကို သင်ကြားပေးမယ့် Boot Camp ဟာ ဝင်ရောက်သင်ယူခွင့် (လုံးဝ) အခမဲ့ ဖြစ်ပါတယ်။

⛳ အချိန်ဘယ်လောက် ပေးရမှာလဲ❓

- Boot Camp ကာလဟာ စုစုပေါင်း ၃ရက်တာသာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ( Date - 7th Aug , 8th Aug, 9th Aug)
- ၃ရက်တာအတွင်းမှာလည်း အချိန်ပြည့် online တက်စရာမလိုပဲ workshop session များမှ လွဲ၍ တစ်နေ့လျှင် ပျမ်းမျှ (၃) နာရီခန့် အလျဥ်းသင့်သလို အချိန်ပေးတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
_____________________________________________

⛳ ဘယ်သူတွေတက်ရောက်သင့်လဲ❓

- ၂၁ရာစုမှာ ရှိရမယ့် စွမ်းရည်တွေ တတ်မြောက်ထားချင်တဲ့ လူငယ်တိုင်း (မည်သည့်နယ်ပယ်ကမဆို) မဖြစ်မနေ တက်ရောက်သင့်ပါတယ်။

⛳ သင်တန်းမှာ ပါဝင်ခွင့်ရဖို့ ဘယ်လို Registration လုပ်ရမလဲ❓

- အောက်မှာ ဖော်ပြထားတဲ့ Registration link မှ register လုပ်ပါ။
- သင်တန်းတက်ရောက်ရမည့် Closed group အား join ပါ။
(Closed group အား join ရာတွင် မိမိနာမည်နှင့် ဖုန်းနံပါတ် အား မှန်ကန်စွာ ဖြည့်သွင်းမှသာ group ထဲသို့ သင်တန်းစတင်မည့်နေ့ရက်မတိုင်ခင် ရောက်ရှိမည် ဖြစ်ပါသည်)

Registration Link 👉👉 https://m.me/myeo.hub?ref=MYEOxFDB

_____________________________________________

🚨🚨🚨 ဝင်ရောက် စာရင်းသွင်းသူ လူငယ် ၃၀၀၀ ပြည့်သည်နှင့် Registration Form ကို ပိတ်မည်ဖြစ်ပါသည်။ 🚨🚨🚨

၂၀၁၉-၂၀၂၀ ပညာသင်နှစ် (၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်) အတွက် ရွှေဘိုတက္ကသိုလ်တွင် ပထမနှစ် (နေ့သင်တန်း) တက်ရောက်နေသေ...
16/07/2020

၂၀၁၉-၂၀၂၀ ပညာသင်နှစ် (၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်) အတွက် ရွှေဘိုတက္ကသိုလ်တွင် ပထမနှစ် (နေ့သင်တန်း) တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ရွေးချယ်ချီးမြှင့်မည် ဖြစ်ပါသဖြင့် လျှောက်လွှာပုံစံများကို သက်ဆိုင်ရာဘာသာရပ်ဌာနများမှ လည်းကောင်း၊ အောက်ပါ link မှ download ပြုလုပ်၍ လည်းကောင်း ရယူဖြည့်စွက်ပြီး သက်ဆိုင်ရာဘာသာရပ်ဌာနများသို့ လျှောက်လွှာပုံစံပါ လိုအပ်သော အချက်အလက်များနှင့်အတူ (၁၄.၈.၂၀၂၀) ရက်နေ့ နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

08/07/2020

လူငယ်တွေအတွက် အခွင့်အလမ်းတစ်ခုအနေနဲ့ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး LEAD Alliance Myanmar Team 2020 က ပြုလုပ်တဲ့ ပညာသင်ဆုကို လျှောက်ပြီးကြပြီလား။ မလျှောက်ရသေးဘူးဆိုရင် ဇူလိုင်လ ၁၂ ရက်နေ့ နောက်ဆုံး ဖြစ်လို့ အမြန်လျှောက်ထားကြဖို့ တိုက်တွန်းပါရစေနော်။

ဒီပညာသင်ဆုဟာ မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ ၂ လကြာ အွန်လိုင်းကနေ ပညာသင်ကြားခွင့်ရမယ့် Scholarship (အခမဲ့ )ပညာသင်ဆုအခွင့်အလမ်းပါ။ ဒီသင်တန်းမှာ

• Basic Management Skill
• CV, Resume Preparation
• Presentation Skill , Pitching
• Communication (Business English)
• Productivity and Personal Development ( EQ, Critical Thinking, Team building, Mindset, Life Skills)
• Media and Digital Literacy (Fake News, Hate Speech, Rumors, Misinformation, Privacy Laws, Basic Digital Security)
• Preparation for international scholarship and exchange program
စတဲ့ဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ပညာသင်ဆု လျှောက်ဖို့ အခွင့်အလမ်းရှိသူတွေကတော့ .....
• အနာဂတ် တိုးတက်ရေးအတွက် စိတ်အားထက်သန်သည့် လူငယ်တွေ
• အသက် ၁၈ နှစ် မှ ၂၅ နှစ်ကြားရှိ လူငယ်တွေ
• တက္ကသိုယ်နောက်ဆုံးနှစ်သင်ကြားနေသူနှင့် ဘွဲ့ရပြီးလူငယ်များ ပါ။

လျှောက်ထားလိုပါက-
http://bit.ly/2Z5ddx9
မှာ ဇူလိုင်လ ၁၂ရက်နေ့ နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=141751844240654&id=106425587773280

Address

East Of Shwebo-Myitkyina Road, Shwebo University Compound
Shwebo
02261

Alerts

Be the first to know and let us send you an email when Shwebo University English Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share