Social Punishment TU YMT

Social Punishment  TU YMT 71street, Bet: 31 street & 32 street.
09962061412

လွိုင်ကော်၊ လားရှိုး၊ ဗန်းမော်၊ ကလေးတက္ကသိုလ်များမပါ၀င်တော့
17/08/2024

လွိုင်ကော်၊ လားရှိုး၊ ဗန်းမော်၊ ကလေးတက္ကသိုလ်များမပါ၀င်တော့

၀ဋ်
07/08/2024

၀ဋ်

ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ဝင်ရောက်တပ်စွဲသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေရပ်ပြန်

ရန်ကုန်၊ ဩဂုတ် ၇

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ယနေ့ ဝင်ရောက်တပ်စွဲသဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမတချို့ နေရပ်ပြန်ကြကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတချို့က ပြောဆိုကြသည်။

ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့်နည်းပညာတက္ကသိုလ် (University of Technology -Yatanarpon Cyber City)သည် ပြင်ဦးလွင်မြို့နယ်/ရတနာပုံနည်းပညာမြို့သစ်အနီး ပြင်စာရွာနှင့်သုံးတောင်ရွာ အကြားတွင် တည်ရှိကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က အဆိုပါ တက္ကသိုလ်အတွင်းသို့ ဝင်ရောက်လာပြီး တပ်စွဲလိုက်သဖြင့် ကျောင်းသားကျောင်းသူတချို့နှင့် ဆရာ၊ ဆရာမတချို့တို့က ကြောက်လန့်ကာ နေရပ်ပြန်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဒီနေ့ ပြင်ဦးလွင် ၂၄ မိုင်ပြင်စာမှာ ရှိတဲ့ Yatanarpon Cyber City University မှာ တပ်လာစွဲပါတယ်။ အဲဒါကြောင့်ကျောင်း သား၊ ကျောင်းသူတွေ က ကျောင်းမတက်ကြတော့ဘဲ နေရပ် ပြန်ကုန်ပါပြီ ။ ဆရာ၊ ဆရာမတချို့လည်း နေရပ် အချို့လည်းပြန်ကုန်ကြပြီ" ဟု ကျောင်းသားတစ်ဦးက ဆိုသည်။

ထို့ပြင် ပြင်ဦးလွင် အဝင် ဝက်ဝံဂိတ်တွင်လည်း လုံခြုံရေးကို ယခင်ထက်ပိုမို တင်းကျပ်လိုက်ပြီး အိမ်စီးကားများ၊ ခရီးသည်တင်ကားများ ၊ ဆိုင်ကယ်များ အပါအဝင် အားလုံးကို လုံခြုံရေး အထူးတင်းကျပ်စစ်ဆေးလျက်ရှိကြောင်း၊ မသင်္ကာသူများကို ဖမ်းဆီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။

ကြက်ဥကြော်ကျက်ပြီဗျို့
03/08/2024

ကြက်ဥကြော်ကျက်ပြီဗျို့

စိတ္တဇကောင်ကြီးအုပ်ချုပ်စဉ် သူတို့ဘာလုပ်နေလဲသိဖို့
25/07/2024

စိတ္တဇကောင်ကြီးအုပ်ချုပ်စဉ် သူတို့ဘာလုပ်နေလဲသိဖို့

ပလို့ဂျိ
25/07/2024

ပလို့ဂျိ

16/06/2024

၃ နှစ်အတွင်း ငွေသာမစုဆောင်းနိုင်တာ၊ ကိုယ်သွားချင်တဲ့
နိုင်ငံပေါင်းစုံတော့ ရောက်ခဲ့ဖူးကြတယ်မဟုတ်လား၊ ဒီစာဖတ်နေတာတောင် ဘယ်နိုင်ငံကနေ ဖတ်နေလဲမသိဘူး😁😁

ငပုကတော့ ကြားနေလို့မရအောင် လုပ်လိုက်ပြီ ချစ်ဖတို့နံပါတ် ၁ကို ရွေးလိုက်တော့ချစ်ဖ .Warmly Welcome နော်......
03/05/2024

ငပုကတော့ ကြားနေလို့မရအောင် လုပ်လိုက်ပြီ ချစ်ဖတို့

နံပါတ် ၁ကို ရွေးလိုက်တော့ချစ်ဖ .Warmly Welcome နော်......

တိုင်းပြည်တာဝန်ကိုအပြည့်ဝ ထမ်းရွက်နိုင်ကြပါစေ ဝမ်းသာပိတိဖြစ်ရပါကြောင်းနိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ  ပထမဦးဆုံ...
03/05/2024

တိုင်းပြည်တာဝန်ကိုအပြည့်ဝ ထမ်းရွက်နိုင်ကြပါစေ ဝမ်းသာပိတိဖြစ်ရပါကြောင်း

နိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံ

မေ ၃

မြန်မာနိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်းကို စစ်ကောင်စီက စတင်ကောက်ခံနေကြောင်း နေပြည်တော် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံ

ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်းကို စစ်ကောင်စီက စတင်ကောက်ခံနေကြောင်း နေပြည်တော် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ဧပြီလ ၂၆ ရက်နေ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနက Non-CDM ဝန်ထမ်းများအနက်မှ မိမိ၏ ကိုယ် ပိုင် ဆန္ဒဖြင့် စစ်မှုထမ်းရန် ဆန္ဒပြုလိုသော ဝန်ထမ်းများစာရင်းပေးပို့ရန် ဝန်ကြီးဌာနအသီးသီးသို့ စာရင်းတောင်းခံလာကြောင်း၊ ထိုသို့ တောင်းခံသည့်အတွက် ဝန်ကြီးဌာနများက ဌာနတွင်း ပထမဦးဆုံး သွားရောက် စစ်မှုထမ်းကြမည့် ဝန်ထမ်း များ စာရင်းကို ပြုစုနေကြောင်း၊ သို့ရာတွင် ဝန်ထမ်းများက ကိုယ်တိုင် ဆန္ဒပြုခြင်းမဟုတ်ဘဲ ဌာနအကြီးအကဲများက သင့်တော်သလို စာရင်းပြုစု စီမံကြခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအများစုမှာ ၎င်းတို့ကိုယ်တိုင် သိရှိခြင်းမရှိဘဲ စစ်မှုထမ်းရမည့် နာမည်စာရင်းတွင် ပါဝင်နေကြောင်း သိရှိရသည်။

"ဧပြီလ ၂၆ ရက်နေ့မှာ နေပြည်တော် ဝန်ထမ်းရေးရာဦးစီးဌာနကနေ စစ်မှုထမ်းမယ့် ပထမဦးဆုံး အသုတ် ဝန်ထမ်းစာရင်း ပေးပို့ဖို့ ဝန်ကြီးဌာနအသီးသီးကို စာပို့ပါတယ်။ စာက လျှို့ဝှက်နဲ့ပို့ပေမယ့် ဝန်ထမ်းတွေအကုန် သိကုန်လို့ ၀ရုန်းသုန်းကားဖြစ်ကုန်တယ်။ တချို့ ဝန်ထမ်းတွေက ထွက်စာတင်ပေမယ့်လည်း အထွက်မခံဘူး။ ရုံးလည်း လာမတက်တော့ ကင်းကွာတွေဖြစ်တယ်။ ဆန္ဒပြုခိုင်းတာဆိုပေမယ့် ဝန်ထမ်းတွေကိုယ်တိုင်မသိဘဲ နာမည်စာရင်းတွေကို ဌာနအကြီးအကဲတွေက သင့်တော်သလို စီမံထည့်ထားလို့ ပြဿနာတွေ ဖြစ်နေကြတယ်" ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ သတင်းရင်းမြစ်က ပြောဆိုသည်။

ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများတွင် သက်ဆိုင်ရာ ဝန်ထမ်းများကို အသိပေးခြင်းမရှိဘဲ စစ်မှုထမ်းမည့် စာရင်းကို ဌာနဆိုင်ရာ အုပ်ချုပ်သူများက ပေးကြသဖြင့် အချင်းချင်း အပြန်အလှန် တိုင်ကြားမှုများ ဖြစ်ပေါ်နေကြောင်း၊ တချို့ ဝန်ထမ်းများမှာ ရုံးမတက်တော့ဘဲ ခွင့်မဲ့ပျက်ကွက်မှုများလည်းရှိနေကြောင်း သိရှိရသည်။

စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲဝင်ရောက်ရမည့် Non-CDM ဝန်ထမ်းများကို ဌာနက ပေးအပ်သော တာဝန်ကို ဆက်လက်တာဝန်ထမ်း ဆောင်သည်ဟု သတ်မှတ်ပြီး လစာနှင့်ခံစားခွင့်များ ဆက်လက်ပေးထားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အလုပ်တာဝန်များကို ယာယီ လွှဲပြောင်းမှုရှိမည်ဖြစ်သော်လည်း စစ်မှုထမ်းမှ ပြန်လာချိန်တွင် မူလနေရာ၊ လစာနှင့်ခံစားခွင့်များအတိုင်း ပြန်လည် ခံစား ရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းချိန် စစ်တပ်မှ ရရှိသော လစာနှင့်ခံစားခွင့်များကို ထပ်မံခံစားခွင့်ပြုမည်ဟု မက်လုံးပေးထားကြောင်း သိရှိရသည်။

"လာမယ့် စစ်မှုထမ်းအပတ်စဉ်အသစ်မှာ ဝန်ထမ်းတွေစ တက်ရမယ်ပြောတယ်။ အမျိုးသားတွေချည်းပါပဲ။ စာရင်းမှာတော့ အမျိုးသမီးစာရင်းပေးရတာရှိတယ်။ ဘယ်လိုလာဦးမလဲတော့မသိဘူး။ အားလုံးကတော့ မသွားချင်ကြဘူး"ဟု နေပြည်တော်မွေးမြူရေး၊ ဆည်မြောင်းနှင့်စိုက်ပျိုးရေးဌာနမှ အရာထမ်းတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သို့ ချီတက်ကြသည့် စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများ။

နှစ်ကာလ ကြာရှည်စွာ သူတို့ ဘာလုပ်နေလဲ ဆိုတဲ့  မှတ်တမ်း
03/05/2024

နှစ်ကာလ ကြာရှည်စွာ သူတို့ ဘာလုပ်နေလဲ ဆိုတဲ့ မှတ်တမ်း

ချယ်ရီတွေ ဝို နေပြီ နန်းရေစွပုရဲ့ အညှိုးတွေကြောင့် ဖြစ်မယ်။😝ရုံးတက်ရကျိုးနပ်လိုက်တာ 😅😅
17/02/2024

ချယ်ရီတွေ ဝို နေပြီ
နန်းရေ
စွပုရဲ့ အညှိုးတွေကြောင့် ဖြစ်မယ်။
😝

ရုံးတက်ရကျိုးနပ်လိုက်တာ 😅😅

Breaking News- ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများအားလုံး၏ စာရင်းကို ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်

■ လာမည့် ရှေ့ ၃ နှစ်အထိ အလှည့်ကျ စစ်မှုထမ်းဆောင်ရမည့် Non-CDM ဝန်ထမ်းများ၏ စာရင်းပါ အသေးစိတ် ကြိုတင်ပြင်ဆင်ခိုင်းနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံး ဝင်သော Non-CDM ဝန်ထမ်းများစာရင်း ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန် ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများ စာရင်းတောင်းခံလျက်ရှိရာ ရန်ကုန်တိုင်းအတွင်းမှ Non-CDM ဝန်ထမ်းများ၏ စာရင်းကို ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဝန်ထမ်းဦးရေ စာရင်းချုပ်ကိုလည်းကောင်း၊ အသေးစိတ် စာရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင်လည်ကောင်း အချိန်မီ စာရင်းပြုစု ပေးပို့ရန် ညွှန်ကြားထားသည်။

ထို့ပြင် လာမည့် ၂၀၂၅ ၊ ၂၀၂၆ ၊ ၂၀၂၇ ခုနှစ်တွင် စစ်မှုထမ်းရမည့် Non-CDM ဝန်ထမ်းများစာရင်းကိုပါ အသေးစိတ် ထပ်မံပြုစုရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

(ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်နှင့်သက်ဆိုင်သော လုံခြုံရေးအတွက် ရုံးစာအမှတ်များ၊ စာဝင်အမှတ် သင်္ကေတများကို ဖျက်ထားရပါသည်။)

13/02/2024

လင်ပြေးယူမှာက တစ်ဖွဲ့ 😍😍
ဘုန်းကြီးပြေးဝတ်မှာက တစ်ဖွဲ့ 😘😘
ရွာသာကြီးကလက်မှတ်ကိုင်မှာက တစ်ဖွဲ့ 😘😘
မအူမလည်နဲ့ မသိသေးတာက တစ်ဖွဲ့ 🤔🤔
နိုင်ငံခြားပြေးမှာက တစ်ဖွဲ့ 😁😁
မသိဘူးကြောက်တယ် ဆိုတာက တစ်ဖွဲ့ 😅😂🤣
အသက်ပြည့်လို့ မိန့်မိန့်ကြီး ပြုံးနေတာက တစ်ဖွဲ့ 😍😍
ငယ်ပေမယ့် ယောကျာ်းစောစောရလို့ စွက်ဂရုမစိုက်တာက တစ်ဖွဲ့ ☺😊😂😅

သင်က ဘယ်အဖွဲ့ကတုန်း 😆🙃🙃🙃🙃🙃

Credit.

13/02/2024

စစ်မှုထမ်းဥပဒေတွင် ဘွဲ့ရပညာတတ်များ တပ်ထဲ ကာလရှည်နေရန် ပြဋ္ဌာန်းထား
------------
ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ခြေရှိသည်။

အခြားသူများက ၂ နှစ်မှ ၅ နှစ်အထိ စစ်ကောင်စီတပ်ထဲ စစ်မှုထမ်းရမည်ဖြစ်သော်လည်း ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရပါက ၃ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်သည်။

အခြားသူများသည် စစ်မှုထမ်းကာလပြည့်ပြီးပါက နောက်တစ်ကြိမ် စစ်တပ်ထဲလာရန်မလိုတော့သော်လည်း ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကိုတော့ “အရေးပေါ်ပြန်တမ်းဝင်အရာရှိ” အဖြစ် တပ်ထဲ ပြန်ခေါ်နိုင်သည်။

နောက်တစ်ကြိမ်ဆင့်ခေါ်မှုအတွက် အချိန်မည်မျှကြာအောင် စစ်တပ်ထဲထားမည်ဆိုသည်က သတ်မှတ်ချက်မရှိပါ။ ကံမကောင်းပါက ဘဝတစ်လျှောက်လုံး စစ်တပ်ထဲနေရသည်အထိပင် ဖြစ်လာနိုင်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/49136/

Address

Sittwe
111111

Website

Alerts

Be the first to know and let us send you an email when Social Punishment TU YMT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share