Shan State Buddhist University Myanmar Edition

Shan State Buddhist University Myanmar Edition This is Shan State Buddhist University page.

 #သီတင်းကျွတ်ကာလ #ထာဝရဆီမီးအလှူ🙏လှူဒါန်းနိုင်ပါတယ်🙏🙏 #အာလောကော ဥဒပါဒိ ကုသိုလ်ပြုကြပါစေ🙏ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သည် လျှ...
02/10/2025

#သီတင်းကျွတ်ကာလ
#ထာဝရဆီမီးအလှူ
🙏လှူဒါန်းနိုင်ပါတယ်🙏
🙏 #အာလောကော ဥဒပါဒိ ကုသိုလ်ပြုကြပါစေ🙏

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သည် လျှပ်စစ်မီးများကို 🙏စာပေသင်ကြားသည့်နေရာ၊
🙏ကျမ်းစာများလေ့လာရန်နေရာ၊
🙏သီတင်းသုံးနေထိုင်သောကျောင်းဆောင်၊
🙏ဆွမ်းကွမ်းချက်ပြုတ်ရေး၊
🙏သောက်ရေသုံးဆောင်ရေများအတွက်အသုံးပြုခြင်း နှင့်
🙏စေတီပုထိုးများတို့ကို ပူဇော်ခြင်း စသောကိစ္စများတို့ကို နေ့စဉ်နေ့တိုင်းအသုံးပြုနေရပါသည်။
🙏သို့ဖြစ်ပါ၍ မြတ်ဗုဒ္ဓသာသနာတော် အရှည်တည်တံ့နိုင်ရန်၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တော်ကြီး ဒီထက်မက အောင်မြင်တိုးတက်နိုင်စေရန် #အာလောကပူဇာအဖြစ် ထောက်ပံ့လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#လှူဒါန်းနိုင်သောအမျိုးအစားများကား
- ရာသက်ပန် လစဉ် (၁) ရက် - ၃,၆၀၀,၀၀၀. ကျပ်
- ရာသက်ပန် နှစ်စဉ် (၁) ရက် - ၃၀၀,၀၀၀. ကျပ်
- ရာသက်ပန် နှစ်စဉ် (၁၂) နာရီ - ၁၅၀,၀၀၀. ကျပ်
- ရာသက်ပန် နှစ်စဉ် (၁) နာရီ - ၁၅,၀၀၀. ကျပ်
- သီးသန့် တစ်နေ့တာအတွက် ဆီမီးအလှူဒါန- ၄၀,၀၀၀. ကျပ် စသည်တို့ကို လှူဒါန်းနိုင်ပါသည်။

#ဆက်သွယ်လှူဒါန်းနိုင်သောနေရာများကား
၁။ စီမံအုပ်ချုပ်ရေးဌာန
- ဖုန်းနံပါတ်- ၀၉၉၅၁၄၄၄၅၉၆၊ 09429679771
၂။ ဘဏ္ဍာရေးဆရာတော်-
ဖုန်းနံပါတ်- ၀၉၂၆၂၀၄၃၇၀၂
၃။ အလှူခံဌာန- ဖုန်းနံပါတ်- 09 408 000 990

#ဆက်သွယ်လှူဒါန်းနိုင်သောဘဏ်စာရင်းများ
KBZ Bank: SSBU WISDOM LIGHT DONATION - 001-513-001-059-539-01
ဖြင့်လှူဒါန်းနိုင်ပါသည်။ အောက်မှာ ​ဖော်ပြထားသော scan code ကို ဖတ်ပြီး လှူဒါန်းနိုင်ပါပြီ။

(၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခြင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ နှင့် နိုဝ...
27/08/2025

(၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခြင်း

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ နှင့် နိုဝင်ဘာ ၁ (တန်ဆောင်မုန်းလဆန်း ၁၁ - ၁၂) ရက်နေ့များတွင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူနှင့် ပါမောက္ခချုပ်ဆရာတော် ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ၏ သက်တော် (၆၁) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် ကျင်းပအပ်သော (၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲကို “ဗုဒ္ဓဘာသာရေးရာ လေ့လာမှုပညာ” ဟူသောခေါင်းစဉ်အောက်ဖြင့် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊ ပါဠိဘာသာ၊ ရှမ်းဘာသာ တို့ဖြင့် စာတမ်းများ ဖတ်ကြားမည်ဖြစ်ပါသည်၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ သုတေသီများ၊ ကျောင်းသား ကျောင်းသူ များအား စာတမ်းတင်သွင်းနိုင်ပါရန်နှင့် မိမိတို့၏ အသိပညာ အတွေးအမြင်များကို မျှဝေနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

စုံစမ်းမေးမြန်းလိုပါက [email protected] နှင့် ၀၉-၂၆၂၅၉၄၃၄၀၊ ၀၉-၄၄၈၀၂၆၀၀၆ သို့ ဆက်သွယ်နိုင်ပါသည်။

08/04/2025
31/03/2025

လက်တွေ့ ကရုဏာ

သောကြာနေ့ ၂၈/၃/၂၀၂၅က မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းနှင့်မန္တလေး ဗဟိုပြု၍ မြေငလျင်လှုပ်ခဲ့သည်။ aftershocks များ ထက်မံပေါ်ပေါက်ခဲ့သည်။

လူ့ဘဝ၏ စိတ်ဖိစီးမျိုးစုံကြားမှ မထမ်းရွက်နိုင်လောက်အောင် သဘာဝဒုက္က ဝန်ထုပ်ဝန်ပိုး အပိုထပ်ဆောင်းပေးသလား
ခံစားရပါသည်။ တုန်လှုပ်စရာ အဆက်မပြတ် ကြုံရ၊ မြင်ရ၊ ကြားနေရ၍
ကြောက်စိတ်ဖြင့် နာရီပိုင်းအတွင်း ထူပူကာ မှင်သေသွားသလား numb ဖြစ်သွားသလားလို့လည်း ခံစားရပါသည်။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပါသည်။

ဘယ်ကစကိုင်ရမှန်းမသိ။

ပြိုကျလာတဲ့တိုက်ထဲ ပိတ်မိနေတဲ့ သူများ၊ အထူးသဖြင့် ကလေးများ၊ မိခင်များ၊ ကိုရင်လေးများ ရေတောင်းသောက်သံကြားရသည်ဟု သိရသည့်အခါ ရင့်နှင့်လှပြီး အခုအဲ့အသံမကြားရတော့ဘူးလို့ သိရပြန်တော့ ဘာဆက်တွေး ဆက်လုပ်ရမှန်းမသိ။

ကရုဏာရှင်များ၏ လှုပ်ရှားမှုများကို တိုက်ရိုက်နှင့် သွယ်ဝှိုက်ကြားရမှ လက်တွေ့ စဉ်းစားဖြစ်တော့သည်။

နီးစပ်ရာ သတင်းကြားတိုင်း ပိုက်ဆံဝိုင်းထည့်ကြသည်။ ကြံဖန် အားတင်း၍ အားပေးစကားပြောကြရသည်။ ဆုတောင်းမေတ္တာပွါးကြရသည်။

သို့သော် ဤအချိန်မှာ
(၁) ရေနဲ့ စားစရာ၊
(၂) အထူးသဖြင့် ကယ်ဆယ်ရေး၊ ဆေးဝါးများ အထူးလိုအပ်နေပါသည်ဟုသိရသည်။

မည်သည့်ကူညီမှုမဆို ပေးနိုင်ပါက
ချက်ချင်းသာ ပေးကြပါ။ ပေးတော်မူကြပါ။

လက်တွေ့ ကရုဏာ ကျင့်ကြံကြရပါမည်။

ဤအချိန်၌ လက်တွေ့ကရုဏာသည်သာ
အသက်ထင်ရှား ဘုရားရှင်က မိမိနှလုံးသားထဲ ဘုရားတည်ပေးသည့်အလား ကောင်းကျိုး ကြီးမားစွာပေးနိုင်သော ကုသိုလ်ဖြစ်စေပါလိမ့်မည်။

အောက်စဖိုဒ့်ဆရာတော်
ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်

Practical Compassion

There have been large earthquakes of as strong as 7.7 centering around Sagaing and Mandalay in Myanmar on and since Friday 28 March 2025.

There are people in the areas and around us with desperate needs. It is more than heartbreaking experience.

With constant shocking news anyone can get numbed and indecisive as to how to respond to this largest quake.

At this moment, we have to do whatever we can to help.

Myanmar people and overseas friends, everyone whoever can do anything to help, please do it the way it delivers help to the needy quickly.

Only practical compassion can relieve some pain of this natural disaster. Nothing else will count.

Practical compassion is embodied with the Buddha’s practical wisdom and true blessings.

Oxford Sayadaw Venerable K. Dhammasami
Shan State Buddhist University

နှစ်သစ်အကြိုတရားစခန်းအို..... ပစ္စည်းလေးဖြာ ဒါယကာ၊ ဒါယိကာမ သပ္ပုရိသအပေါင်းတို့၁၃၈၆ မှသည် ၁၃၈၇ ခု အတာသင်္ကြန်၌  နှစ်စဉ်နှ...
28/03/2025

နှစ်သစ်အကြိုတရားစခန်း
အို..... ပစ္စည်းလေးဖြာ ဒါယကာ၊ ဒါယိကာမ သပ္ပုရိသအပေါင်းတို့
၁၃၈၆ မှသည် ၁၃၈၇ ခု အတာသင်္ကြန်၌ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော
သင်္ကြန်အကြို (၅) ရက်တာ တရားစခန်း ကျင်းပပါမည်။
ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စ်ဖိုဒ်စ်ဆရာတော်ဘုရားကြီး အမှူးထား၍ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ် ဆရာတော်ဘဒ္ဒန္တ ဝိစိတ္တာဘိပါလ (တောင်ပေါက်ဆရာတော်) ဦးဆောင်ကာ နှစ်ဦးအခါ တာထွက်မင်္ဂလာ ဖြစ်စေရန် ရည်သန်၍ တရားစခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးသတင်းကောင်း ပါးအပ်ပါသည်။

နေ့ရက် = 12.4.2025 မှ 16.4.2025 (ငါးရက်တာ)
နေရာ = ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၊ ဝိသုံဂါမသိမ်တော်
အချိန် = နံက် 7:00 မှ ည 5:00

ယောဂီစာရင်းသွင်းလိုက ဆက်သွယ်ရန်
Ph: 09259277147
Ph: 09407999979
မှတ်ချက် - နေရာအခက်ခဲကြောင့် အတွင်းနေယောဂီများ သည်းခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

SSBU is holding a Virtual Open Day on 21 December 2024. This event will allow prospective students to learn more about o...
14/12/2024

SSBU is holding a Virtual Open Day on 21 December 2024. This event will allow prospective students to learn more about our Pali and Buddhist Studies Programmes (BA, PGDip, and MA) offered for the Academic Year 2025-2026.

Everyone is welcome to join us to explore all aspects of university life, talk to our staff, students, and alumni, and find out what SSBU has to offer.

For more information, please see the poster attached.

If you have any queries, please contact us at the given email address or call us at the number provided on the poster.

(၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနား   တက်ရောက်ရန် ဖိတ်ကြားခြင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇ - ၈)၊ (တန...
05/11/2024

(၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခြင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇ - ၈)၊ (တန်ဆောင်မုန်းလဆန်း ၇ - ၈) ရက်နေ့များတွင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူနှင့် ပါမောက္ခချုပ်ဆရာတော် ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ၏ သက်တော် (၆၀) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် ကျင်းပအပ်သော (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲကို “ပရိယတ် ပဋိပတ်နယ်ပယ်၌ ထင်ရှားကျော်ကြားသည့် သာသနာပြုပုဂ္ဂိုလ်များ၏ စွမ်းဆောင်မှုများ” ဟူသောခေါင်းစဉ်ဖြင့် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊ ပါဠိဘာသာ၊ ရှမ်းဘာသာ တို့ဖြင့် စာတမ်းများ ဖတ်ကြားမည် ဖြစ်ပါသဖြင့် အခမ်းအနားသို့ တက်ရောက်ပြီး လေ့လာ သင်ယူ နားထောင်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

ဘာသာအလိုက် စာတမ်းဖတ်ပွဲကျင်းပမည့် နေ့ရက်၊ အချိန် နှင့် နေရာများ
နေ့ရက် - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ - ၈ ရက် (ကြာသပတေး နှင့် သောကြာ)
အချိန် - နံနက် ၇ နာရီ မှ ညနေ ၅ နာရီအထိ
နေရာ - ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၊ ဘုရားဖြူရပ်ကွက်၊ တောင်ကြီးမြို့
အင်္ဂလိပ်ဘာသာ - ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ဓမ္မာရုံ
မြန်မာဘာသာ - ကမ္ဘောဇအစည်းအဝေးခန်းမ
ပါဠိဘာသာ - ဆုမြင့်ပန်သံဃာသုံးထပ်ဆောင်ဘုရားခန်း
ရှမ်းဘာသာ - လေးထပ်ဆောင်အပေါ်ဆုံးထပ်

စုံစမ်းရန်ဖုန်း - 09 447 166 768

 #သီတင်းကျွတ်လပြည့်နေ့ #ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် #ကျောင်းကန်တော့အလှူမှတ်တမ်း
18/10/2024

#သီတင်းကျွတ်လပြည့်နေ့
#ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်
#ကျောင်းကန်တော့အလှူမှတ်တမ်း

 #သီတင်းကျွတ်ကာလထာဝရမီးအလှူလှူဒါန်းကြရအောင်ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သည် လျှပ်စစ်မီးများကို သင်ကြားရေးနေရာ၊ ကျမ်းစာများလ...
13/10/2024

#သီတင်းကျွတ်ကာလထာဝရမီးအလှူလှူဒါန်းကြရအောင်

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သည် လျှပ်စစ်မီးများကို သင်ကြားရေးနေရာ၊ ကျမ်းစာများလေ့လာရန်နေရာ၊ သီတင်းသုံးနေထိုင်သောကျောင်းဆောင်၊ ဆွမ်းကွမ်းချက်ပြုတ်ရေး၊ သောက်ရေသုံးဆောင်ရေများအတွက်အသုံးပြုခြင်း နှင့် စေတီပုထိုးများတို့ကို ပူဇော်ခြင်း စသောကိစ္စများတို့ကို နေ့စဉ်နေ့တိုင်းအသုံးပြုနေရပါသည်။
သို့ဖြစ်ပါ၍ မြတ်ဗုဒ္ဓသာသနာတော် အရှည်တည်တံ့နိုင်ရန်၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တော်ကြီး ဒီထက်မက အောင်မြင်တိုးတက်နိုင်စေရန် အာလောကပူဇာအဖြစ် လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#လှူဒါန်းနိုင်သောအမျိုးအစားများကား
- ရာသက်ပန် လစဉ် (၁) ရက် - ၃,၆၀၀,၀၀၀. ကျပ်
- ရာသက်ပန် နှစ်စဉ် (၁) ရက် - ၃၀၀,၀၀၀. ကျပ်
- ရာသက်ပန် နှစ်စဉ် (၁၂) နာရီ - ၁၅၀,၀၀၀. ကျပ်
- ရာသက်ပန် နှစ်စဉ် (၁) နာရီ - ၁၅,၀၀၀. ကျပ်
- သီးသန့် တစ်နေ့တာအတွက် ဆီမီးအလှူဒါန- ၄၀,၀၀၀. ကျပ် စသည်တို့ကို လှူဒါန်းနိုင်ပါသည်။

#ဆက်သွယ်လှူဒါန်းနိုင်သောနေရာများကား
၁။ အရှင်စန္ဒိမာ၊ စီမံအုပ်ချုပ်ရေးမှူးဆရာတော်- ဖုန်းနံပါတ်- ၀၉၉၅၁၄၄၄၅၉၆
၂။ အရှင်ကောဝိဒ၊ ဘဏ္ဍာရေးဆရာတော်- ဖုန်းနံပါတ်- ၀၉၂၆၂၀၄၃၇၀၂
၃။ အလှူခံဌာန- ဖုန်းနံပါတ်- 09 408 000 990

#ဆက်သွယ်လှူဒါန်းနိုင်သောဘဏ်စာရင်းများ
KBZ Bank: SSBU WISDOM LIGHT DONATION - 001-513-001-059-539-01
ဖြင့်လှူဒါန်းနိုင်ပါသည်။ အောက်မှာ ​ဖော်ပြထားသော scan code ကို ဖတ်ပြီး လှူဒါန်းနိုင်ပါပြီ။

 #သီတင်းကျွတ်ကာလထာဝရမီးအလှူလှူဒါန်းကြရအောင်ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သည် လျှပ်စစ်မီးများကို သင်ကြားရေးနေရာ၊ ကျမ်းစာများလ...
13/10/2024

#သီတင်းကျွတ်ကာလထာဝရမီးအလှူလှူဒါန်းကြရအောင်

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သည် လျှပ်စစ်မီးများကို သင်ကြားရေးနေရာ၊ ကျမ်းစာများလေ့လာရန်နေရာ၊ သီတင်းသုံးနေထိုင်သောကျောင်းဆောင်၊ ဆွမ်းကွမ်းချက်ပြုတ်ရေး၊ သောက်ရေသုံးဆောင်ရေများအတွက်အသုံးပြုခြင်း နှင့် စေတီပုထိုးများတို့ကို ပူဇော်ခြင်း စသောကိစ္စများတို့ကို နေ့စဉ်နေ့တိုင်းအသုံးပြုနေရပါသည်။
သို့ဖြစ်ပါ၍ မြတ်ဗုဒ္ဓသာသနာတော် အရှည်တည်တံ့နိုင်ရန်၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တော်ကြီး ဒီထက်မက အောင်မြင်တိုးတက်နိုင်စေရန် အာလောကပူဇာအဖြစ် လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#လှူဒါန်းနိုင်သောအမျိုးအစားများကား
- ရာသက်ပန် လစဉ် (၁) ရက် - ၃,၆၀၀,၀၀၀. ကျပ်
- ရာသက်ပန် နှစ်စဉ် (၁) ရက် - ၃၀၀,၀၀၀. ကျပ်
- ရာသက်ပန် နှစ်စဉ် (၁၂) နာရီ - ၁၅၀,၀၀၀. ကျပ်
- ရာသက်ပန် နှစ်စဉ် (၁) နာရီ - ၁၅,၀၀၀. ကျပ်
- သီးသန့် တစ်နေ့တာအတွက် ဆီမီးအလှူဒါန- ၄၀,၀၀၀. ကျပ် စသည်တို့ကို လှူဒါန်းနိုင်ပါသည်။

#ဆက်သွယ်လှူဒါန်းနိုင်သောနေရာများကား
၁။ အရှင်စန္ဒိမာ၊ စီမံအုပ်ချုပ်ရေးမှူးဆရာတော်- ဖုန်းနံပါတ်- ၀၉၉၅၁၄၄၄၅၉၆
၂။ အရှင်ကောဝိဒ၊ ဘဏ္ဍာရေးဆရာတော်- ဖုန်းနံပါတ်- ၀၉၂၆၂၀၄၃၇၀၂
၃။ အလှူခံဌာန- ဖုန်းနံပါတ်- 09 408 000 990

#ဆက်သွယ်လှူဒါန်းနိုင်သောဘဏ်စာရင်းများ
KBZ Bank: SSBU WISDOM LIGHT DONATION -001-513-001-059-539-01

ဖြင့်လှူဒါန်းနိုင်ပါသည်။ အောက်မှာ ​ဖော်ပြထားသော scan code ကို ဖတ်ပြီး လှူဒါန်းနိုင်ပါပြီ။

25/09/2024

အခက်ခဲကြားမှာ မိမိကိုယ်ကို ကြင်နာပါ

အရှင်ပညာဇောတာလင်္ကာရ
(သာမဏေကျော်၊ သာသနဓဇဓမ္မာစရိယ)

Address

Shan State Buddhist University
Taunggyi

Alerts

Be the first to know and let us send you an email when Shan State Buddhist University Myanmar Edition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Shan State Buddhist University Myanmar Edition:

Share