19/06/2026
RCT တွင် Music သင်ကြားပေးမည့် Tr. Judy Nnge 🎼🎵
🏫 🎵 RCT Private School ရှိ ကျောင်းသား/သူလေးများကို စနစ်တကျ လမ်းညွှန်ပြသပေးမယ့် RCT ရဲ့ Lead Professional Music Teacher - Tr. Judy Nnge နဲ့ မိတ်ဆက်ပေးပါရစေ။ Tr. ဟာ ဂီတအခြေခံ သီအိုရီကအစ တူရိယာတီးခတ်မှုအဆုံး ကလေးတွေရဲ့ ဝါသနာကို အကောင်းဆုံး ပုံဖော်ပေးမယ့် ကျွမ်းကျင်ဆရာမတစ်ဦး ဖြစ်ပါတယ်။ 🥰🎸🎻
--------------------------------------------
💁 ဂီတဟာ ကလေးတိုင်းအတွက်ဖြစ်ပေမယ့် အရွယ်အစား အလိုက် ချဉ်းကပ်ပုံချင်းတော့ မတူသည့်အတွက်ကြောင့် ဂီတတူရိယာ တွေ ကို - ဘယ်အရွယ်က စတင်ရင် အကောင်းဆုံးဖြစ်မလဲ? ဆိုတာလေးကိုလည်း မျှဝေချင်ပါတယ်ရှင့်။ 😇
~~~
🎨 Pre to Grade 3 အတွက် (အသက် ၂.၅ နှစ်မှ ၈ နှစ်) အတွက် Music ဆိုတာ 🏃♂️🎤
ℹ️ အသက် ၂.၅ နှစ်ကနေ ၈ နှစ်အရွယ် ကလေးငယ်တွေရဲ့ သဘာဝက ပျော်ပျော်ပါးပါး လှုပ်ရှားရတာကို ပိုမိုသဘောကျပြီး လက်ချောင်းကြွက်သားလေးတွေက တူရိယာတွေကို ကြာရှည် ဖိတီးဖို့ နုနယ်ပါသေးတယ်။
ℹ️ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ရဲ့ အသက် ၂.၅ နှစ်မှ ၅ နှစ် အတွင်း ကလေးသူငယ်ဖွံ့ဖြိုးမှုစင်တာ (Center on the Developing Child at Harvard University) ရဲ့ လေ့လာချက် များအရ ဤအရွယ်သည် အကြားအာရုံနှင့် မော်တာစွမ်းရည် ချိတ်ဆက်မှု (Auditory-Motor Mapping) စတင် တည်ဆောက်ချိန် ဖြစ်ပါတယ်။ အသက် ၆ နှစ်မှ ၈ နှစ် (Grade 1 to Grade 3) အမေရိကန် ကလေးအထူးကုအဖွဲ့အစည်း (AAP - American Academy of Pediatrics) ၏ သုတေသနပြုချက်များအရ ဤအရွယ်တွင် ဂီတသည် ကလေးများ၏ ဘာသာစကားစွမ်းရည် (Language Development) နှင့် အကြားအာရုံခွဲခြားနိုင်စွမ်း (Auditory Processing) ကို အဓိက မြှင့်တင်ပေးကြောင်း ဖော်ပြထားပါတယ်။ ထို့ကြောင့် တူရိယာ တီးခိုင်းခြင်းထက် “သီချင်းဆိုခြင်း၊ လတ်ခုပ်တီးခြင်းနှင့် ခန္ဓာကိုယ် လှုပ်ရှားခြင်း (Singing & Movement)" တို့ဖြင့် ဦးနှောက် Synapses များကို လှုံ့ဆော်ပေးခြင်းက အထိရောက်ဆုံး ဖြစ်ပါသည်။
💁 ဒါကြောင့် RCT ရဲ့ (Pre to Grade 3) Music အချိန်တွေမှာ -
• ခက်ခဲတဲ့ တူရိယာတွေ တီးခတ်တာမျိုး မပြုလုပ်ဘဲ၊ သီချင်း တူတူဆိုမယ်၊ စည်းဝါးလိုက်ခုန်ပေါက်ကစားဖို့ရယ်
• ဂီတကို ပျော်စရာ Activity တစ်ခုအဖြစ် ခံစားမိစေပြီး Rhythm (စည်းဝါး) နဲ့ အသံအနိမ့်အမြင့်ကို နားလည်အောင် ပေါ့ပေါ့ပါးပါးလေး ပျိုးထောင်ပေးတာ ဖြစ်ပါတယ်။
~~~
🎨 Grade 4 & above အတွက် (အသက် ၉ နှစ်) အထက်များ အတွက် Music ဆိုတာ 🏃♂️🎤
ℹ️ အမေရိကန်နိုင်ငံရှိ အမျိုးသားဂီတပညာပေးအဖွဲ့အစည်း (NAfME - National Association for Music Education) ရဲ့ လေ့လာမှုများအရ ကလေးငယ်များ၏ အနုစိပ်ကြွက်သားလှုပ်ရှားမှု စွမ်းရည် (Fine Motor Skills) နှင့် အာရုံစူးစိုက်မှုအပိုင်း (Attention Span) သည် အသက် ၉ နှစ် (Grade 4 အရွယ်) တွင် စတင် ရင့်ကျက်လာသဖြင့် ဤအရွယ်သည် Piano, Guitar စသည့် တူရိယာများကို စနစ်တကျ သင်ယူတတ်မြောက်ဖို့ရန် အကောင်းဆုံးစတင်ရမည့်အရွယ် (The Optimal Age) ဟု သတ်မှတ်ထားပါတယ်။
💁ထို့ကြောင့် RCT ရဲ့ Grade 4 မှစ၍ Music အချိန်မှာ
• Musical Instrument တီးခတ်နည်းများကို အခြေခံမှစ၍ စနစ်တကျ လက်တွေ့သင်ကြားပေးခြင်း။
• Music Notes (သီချင်းနုတ်စ်) များကို ကိုယ်တိုင်ဖတ်တတ်၊ နားလည်တတ်အောင် အဆင့်မြှင့်တင်ပေးခြင်း။
• Stage Performance ပေါ်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဖျော်ဖြေတင်ဆက်နိုင်အောင် ပျိုးထောင်ပေးခြင်းတို့ကိုပါ တိုးတက်ကောင်းမွန်စေရန် RCT ၏ Professional Music Teacher - Tr. Judy Nnge ဦးဆောင်သည့် အဖွဲ့မှ စနစ်တကျ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။
----------------------------------------------
----------------------------------------------
🥰(၂၀၂၆-၂၀၂၇) ပညာသင်နှစ်တွင် RCT မှဖွင့်လှစ်မည့်
• Pre-KG, KG
• Grade 1 to Grade 8
• GED
• Weekend English & Maths Class
အတန်းများနှင့်ပက်သတ်၍ အသေးစိတ်သိရှိလိုပါက
https://m.facebook.com/story.php?story_fbid=1496351485611941&id=100057113123638
----------------------------------------------
----------------------------------------------
💛 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗪𝗲 𝗕𝘂𝗶𝗹𝗱 𝗔 𝗕𝗲𝘁𝘁𝗲𝗿 𝗙𝘂𝘁𝘂𝗿𝗲 💙
-----------------------------------------------
🏫 𝗖𝗮𝗺𝗽𝘂𝘀 (𝟭) & 𝗖𝗮𝗺𝗽𝘂𝘀 (𝟮)
Nang Htike Shwe Sin Condo & In front of the Condo.
Thidar Road, Nyaung Shwe Haw Gone Quarter, Taunggyi.
🏫 𝗡𝗮𝘆 𝗖𝗵𝗶 𝗟𝗮𝗻𝗻 𝗖𝗮𝗺𝗽𝘂𝘀
69/10, Nay Chi Road, Yay Aye Kwin Quarter Taunggyi.
☎️ 𝟬𝟵 𝟳𝟱𝟱𝟱 𝟬𝟬𝟵𝟱𝟵
☎️ 𝟎𝟗 𝟔𝟖𝟖𝟏 𝟖𝟕𝟓𝟔𝟔
☎️ 𝟎𝟗 𝟔𝟗𝟒𝟖 𝟏𝟎𝟒𝟗𝟔
☎️ 𝟎𝟗 𝟔𝟗 𝟔𝟐𝟗 𝟑𝟒𝟖𝟐
📧 𝗿𝗰𝘁𝗲𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻𝗴𝗿𝗼𝘂𝗽.𝘁𝗴𝗶@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺