Taungoo. UNI alwan sarr thi

Taungoo. UNI alwan sarr thi ချစ်သူအတွက် စာစီရန်

ကျောင်းဖွင့်ရင်ရည်းစားထားမယ်တွေးထဲကပိတ်ထားခဲ့တဲ့ကျောင်းရည်းစားထားဖို့စိတ်ကုန်လာတဲ့အခါကျကျောင်းက ပြန်ဖွင့်ဖို့စီစဥ်နေလေရဲ...
28/12/2020

ကျောင်းဖွင့်ရင်
ရည်းစားထားမယ်
တွေးထဲက
ပိတ်ထားခဲ့တဲ့ကျောင်း
ရည်းစားထားဖို့
စိတ်ကုန်လာတဲ့အခါကျ
ကျောင်းက ပြန်ဖွင့်ဖို့
စီစဥ်နေလေရဲ့

စာမေးပွဲက လုံးဝမရှိတာမဟုတ်ဘူး။ အစောကြီးကတည်းက ပြောထားတယ်။ တစ်ပတ်သင်ရင်လည်း တစ်ပတ်စာနဲ့စစ်မယ်။ SBL သင်ခန်းစာတွေကို အရင်ကခ...
11/10/2020

စာမေးပွဲက လုံးဝမရှိတာမဟုတ်ဘူး။

အစောကြီးကတည်းက ပြောထားတယ်။

တစ်ပတ်သင်ရင်လည်း တစ်ပတ်စာနဲ့စစ်မယ်။

SBL သင်ခန်းစာတွေကို အရင်ကခွဲပေးထားတယ်။

နောက်ထပ်ခွဲပေးမယ်။

Digital Teaching အနေနဲ့ Education Channel ကနေ

သင်ခန်းစာတွေကို အမြဲပို့ချနေတယ်။ ဒါကြောင့် အစိုးရ

အနေနဲ့ စာသင်နေတယ်လို့ ယူဆတယ်။

ဒါကြောင့် လူစုပြီး စာမေးပွဲစစ်လို့ရတဲ့အနေအထားကို

ရောက်ရင် စာမေးပွဲ စစ်ကိုစစ်မှာ။

ဒါကြောင့် ဆရာ၊ ကျောင်းသား၊ မိဘတွေအနေနဲ့

ဒီအချက်တွေကို သိထားပြီး အသင့်ပြင်ဆင်ထားကြဖို့

လိုပါတယ်။ အဲ့တော့ကျောင်းသား/ကျောင်းသူတွေအနေ

နဲ့အချိန်မဖြုန်း ကြဘဲ ကိုယ်လုပ်စရာ ရှိတာကိုလုပ်ကြပါ။

နောက်ဆုံး #ကျေးလက်ကြယ်တစ်ပွင့်အရှင်_လှည်းကူး

ပြောတဲ့ဩဝါဒလိုဘဲ

ကိုယ့်စိတ်နဲ့ကိုယ့်က်ို ကိုယ်ကြိုက်တာကိုယ်လုပ်

ကိုယ်ဖြစ်ကိုယ်ခံပါ။

အရှိန်ရှိတုန်းမကြိုးစားဘဲ စာမေပွဲကျမှမငိုပါနဲ့😂

Crd to Sir Wai Yan
====================

ဆရာတစ်ဦးက

Online Class မှာသင်နေပုံလေးတွေကို
တင်လိုက်တဲ့အခါ

TV, နဲ့ line သုံးလို့မရသူများအတွက်
စာမေးပွဲကိုဘယ်လိုဖြေမှာလဲလို့မေးထားတဲ့
အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။
===============
ဆုံးအောင်ဖတ်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။

စာမေးပွဲ စစ်ခြင်းမစစ်ခြင်း
ကိစ္စကို နိုင်ငံတော်အစိုးရနဲ့
ပညာဝန်ကြီးဌာနက စဉ်းစားမှာပေါ့ဗျာ ။

ကျွန်တော်တို့က ကျွန်တော့်တို့ရဲ့ကလေးတွေကို စာနဲ့ပြတ်မသွားအောင်လို့ တတ်နိုင်သမျှ
TOUCHING လုပ်ပေးနေတာပါခင်ဗျာ။

ပညာရေးဝန်ကြီးဌာနက လည်းTV မှ
ပို့ချနေရခြင်းက အဲဒီရည်ရွယ်ချက်တွေပါပါလိမ့်မယ်ခင်ဗျာ ။

( Covid ကာလဖြစ်တဲ့ အတွက် ကလေးတွေကိုဆက်လုပ်လို့ရသမျှဆက်လုပ်ပေးနေရမှာပါ ။

ရှေ့တန်းကတိုက်ပွဲကြားမှာ ပါရဂူနဲ့ကုမှ ရမည့်လူနာတွေကိုလောလောဆယ်" ဆေးတပ်သားလက်ထဲ" မှာဘဲ အပ်ထားရတာပါ ။
မိုင်းနင်းမိလို့ ခြေချင်းဝတ်အထိ ဖွာလန်ကျဲ သွားတဲ့ ဒဏ်ရာရ လူနာတစ်ဦးကို ရဟတ်ယာဉ်မလာမီအထိ ဒီအတိုင်းထားလို့မရပါဘူး။

ဆေးတပ်သားက အထက်ကို ဆက်ပြီးပုပ်မသွားခင် ခြေချင်းဝတ်အထက်မှ ဖြတ်ကို ဖြတ်ရ
မယ်လို့ဆုံးဖြတ်ချက်ချပြီးရင်

Surgical Room တွေ၊ Surgical Instrument
တွေ၊ မေ့ဆေးဆရာဝန်တွေ၊ well-trained nurse တွေလာမပြောနဲ့

ရှေ့တန်းက Surgical Room ဆိုတာ ကျည်လွတ်တဲ့နေရာပါ ။
ရှေတန်းက Sugical Instrument ဆိုတာ အရက်ပျံသုတ်ထားတဲ့ ဓားမထက်ထက်တစ်ချောင်းပါ။
ရှေတန်းက မေ့ဆေးဆိုတာ အာမီရမ်နဲ့ ပါးစပ်ထဲကိုကိုက်ခိုင်းထားတဲ့ အဝတ်ပတ်ထားတဲ့ ခပ်မာမာ အရာဝတ္တုပါ ။
အကူနာစ့်တွေက ဝိုင်းပြီးခြေတွေလက်တွေကို
ထိန်းဖိချုပ်ပေးမည့် သူ့ရဲဘော်တွေပါ ။

ပြီးတော့မှ ထင်းချောင်းကိုဖြတ်သလို့ ခုတ်ဖြတ်ရတာပါ ၊ အရေးပေါ်ကာလမှာ ဖြစ်သလိုလုပ်ရမှာပါဘဲ )

အခုလည်း Covid ကာလဆိုတာ အရေးပေါ်ကာလပါ။

ကလေးတွေ စာနဲ့ Touching ဖြစ်ဖို့လိုပါတယ်။

မဟုတ်လျှင် ဒီကာလမှာ စိတ်လေ သွားနိုင်ပါတယ်။

စာကိုသာခေါင်းထဲမထည့်တာ လိုင်းတွေ အစဉ်မပြတ်သုံးပြီး
" ရွာစိတ် " ဝင်နေတဲ့ ကလေးတွေအများကြီးပါခင်ဗျာ ။

( မရိုသေ့စကား ) ကျွန်တော်ပြောတဲ့ " ရွာစိတ် " ဆိုတာ လင်စိတ်သားစိတ်၊ ရီးစားထားတဲ့စိတ်ကို ဆိုလိုတာပါခင်ဗျာ ။

လိုင်းမမိတဲ့နေရာ၊ TV မရှိတဲ့နေရာတွေလည်းရှိပါတယ် ။မငြင်းပါဘူး။

လိုင်းလဲမိ၊ TV လဲရှိသော်လည်း အကြောင်းကြောင်းကြောင့်မတက်နိုင်သူတွေလည်း ရှိမှာပါခင်ဗျာ ။

TV တွေ လိုင်းတွေ မရသော်လည်း တက္ကသိုလ်ဝင်တန်းနဲ့ဆက်စပ်တဲ့သင်ခန်းစာတွေအများကြီးရှိပါတယ်။

အင်္ဂလိပ်စာဆိုလျှင်
ကျွန်တော်ပြောတဲ့ ၂၈ မှတ်ဖိုးကို ၉တန်းအောင်တဲ့ကလေးတိုင်းလုပ်လို့ရပါတယ်ခင်ဗျာ ။

၁။ CLOZE TYPE ၁၀ မှတ်အတွက် TEXT BOOK ရှိလျှင် လေ့ကျင့်လို့ရပါတယ်။
၂။ POEM ၅ မှတ်ရဖို့အတွက် TEXT ထဲက ၄ပုဒ်လောက် ကျက်ထားရင်ရပါတယ်ခင်ဗျာ ။
၃။ PUNCTUATION ၅ မှတ်အတွက် ၉ တန်းမှာ သင်ပြီးသားပါ ၊ ဆက်လေ့ကျင့်နေရင်ရပါတယ်။
၄။GRAMMAR ၅ မှတ်ဖိုးကလည်း ၉ တန်းတုန်းက သင်ပြီးသား GRAMMAR လေးတွေကို ပြန်လေ့ကျင့်ရင် ၅မှတ်ပြေးမလွတ်ပါဘူး ။
၅။ LETTER FORMAT ၃ မှတ်ဖိုးဆိုတာကလည်း ၉တန်းတုန်းကသင်ပြီးသားတွေပါ ။ဆက်လေ့ကျင့်သွားရုံပါဘဲ။

" မဖြစ်နိုင် " လို့တွေးရင်ဘာမှမဖြစ်နိုင်ပါဘူး။

" ဖြစ်အောင်လုပ်မယ်" ဆုံးဖြတ်ပြီးလုပ်ရင် ဖြစ်ပါတယ်။

အခြားဘာသာတွေ ဆက် လုပ်လို့မရသော်လည်း
အင်္ဂလိပ်၊ သချာင်္၊ မြန်မာ၊ အီကို၊ ပထဝီ၊ သမိုင်း စတဲ့ ရနိုင်တဲ့ ဘာသာရပ်ကလေးတွေကို နည်းနည်းချင်းလုပ်ထားရင် မဖြစ်နိုင်ဘူးလားဗျာ ။

တောတောင်ကြားမှာ သစ်ခင်းစောင့်ရင်း၊ နွားကျောင်းရင်း မိဘ ကူရင်း အဲဒီလို မိမိနိုင်သမျှ
တနေ့တနေ့ နည်းနည်းချင်း လုပ်နေတဲ့ ကလေးတွေ အများကြီးရှိပါတယ်ခင်ဗျာ။

အနည်းစုက လုပ်ခွင့်မသာလို့ မလုပ်နိုင်ကြပေမယ့်

အများစုထဲမှာ လုပ်ခွင့်သာရဲ့သားနဲ့ လုပ်နိုင်တဲ့ အခွင့်အရေးတွေရှိရဲ့သားနဲ့ မလုပ်ဖြစ်ပဲ" ရွာစိတ် " တွေဝင်ပြီး မအိပ်နိုင်မစားနိုင် ဖုန်းကလိနေတဲ့ ကလေးတွေ အများကြီးရှိပါတယ်ခင်ဗျာ ။

ရသမျှအခွင့်အရေးကို အလွတ်မပေးပဲ ကြိုးစားနေတဲ့ကလေးတွေလည်း အများကြီးရှိပါတယ်ခင်ဗျာ။

===============

to ဆရာသန့်စင်

အမ်... ဟုတ်တာပေါ့..
10/10/2020

အမ်... ဟုတ်တာပေါ့..

သူနဲ့သာဆိုရင်......  ကျောင်းဖွင့်တဲ့တစ်နေ့...
05/10/2020

သူနဲ့သာဆိုရင်...... ကျောင်းဖွင့်တဲ့တစ်နေ့...

31.10.20
03/10/2020

31.10.20

01/10/2020

အေး.....
မဲဆွယ်တူန်းတော့
အပြိုင်အဆိုင်ပဲနော်
သီတင်းကျွတ်လို့
ငါမဂ်လာဆောင်တော့မယ်လုပ်မှ
လူစုလူဝေးမလူပ်ရဘူးလိူ့ပြောကြည့်
အကူန် ဓားနဲ့လိူက်ခုတ်ပစ်မယ်

01/10/2020

မနှစ်က
သီတင်းကျွတ်ရှိတော့
ရည်းစားမရှိဘူး
ဒီနှစ်ကျ သီတင်းကျွတ်ပါ
မရှိတော့ဘူး .

30/09/2020

ဘာလိုလိုနဲ့
Second semester
တောင်ပြီးပြီပဲ-----
Exam resultတွေတော့
ဘယ်လိုလာမယ်မသိဘုး..
နောက်နေ့ သူငယ်ချင်းတွေစုပြီး
နူတ်ဆက်ပွဲတွေတောင်လုပ်ရတော့မယ်
အိမ်ကိုလွမ်းတဲ့စိတ်ထက်
ကျောင်းနဲ့သူငယ်ချင်းတွေကို
လွမ်းနေရဦးမယ်---
မနူးမနပ် first year တွေလဲ
တစ်နှစ်ပြီးသလို
Sec and third yearကတော့
စော်ပစ် ဘဲပစ်လို့ကောင်းတုန်း
Finalတွေလဲ ကျောင်းပြီးပြီ..
လွမ်းရဦးမယ် ကျောင်းကြီးရယ်

30/09/2020

ဒီအချိန် ရည်းစားရှိရင်
လွမ်းရဦးမှာပဲ...
ပြောချင်တာက
First semester မှာ
တို့က single

28/09/2020

သူငယ်ချင်းကောင်း
ဆိုတာ..
ရည်းစား မရရအောင်
ရှာပေးရတယ်.
သူငယ်ချင်းကောင်းပီသဖို့
ရည်းစားရှာပေးစို့..🤗🤗🤗

တက္ကသိုလ်မှာ ရည်းစားတစ်ယောက်တော့ထားပါ .
26/09/2020

တက္ကသိုလ်မှာ ရည်းစားတစ်ယောက်တော့ထားပါ
.

တို့က faပါ
23/09/2020

တို့က faပါ

Address

Taungoo

Website

Alerts

Be the first to know and let us send you an email when Taungoo. UNI alwan sarr thi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Taungoo. UNI alwan sarr thi:

Shortcuts

Share