TTU - Information Technology Family

TTU - Information Technology Family Information about department's activity, events, and seminar ��
IT means F A M I L Y

" Why you should join this Webinar "မင်္ဂလာပါ …အရင်နေ့က "Stepping Stones For Career" virtual webinar လေးနဲ့မိတ်ဆက်ပေးခဲ့...
06/11/2021

" Why you should join this Webinar "

မင်္ဂလာပါ …

အရင်နေ့က "Stepping Stones For Career" virtual webinar လေးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီ virtual webinar ဟာ အလုပ်ခွင်နဲ့ပတ်သက်တဲ့ skillset sharing တွေအပြင် virtual working experience ကိုရလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် Virtual Professional Program ကိုပါမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

"Stepping Stones For Career" webinar မှာ

မိမိမှာရှိတဲ့ skills တွေကို ဘယ်လို maintain လုပ်ပြီး career အတွက်အသုံးချမလဲ၊ global skill set တွေကို ဘယ်လိုမျိုး nurture လုပ်မလဲဆိုတာတွေ ကို ယခုလက်ရှိလုပ်ငန်းခွင် မှာ လုပ်ကိုင်နေတဲ့ professional ကနေ ပြောကြားပေးသွားမှာဖြစ်ပါတယ်။

Virtual working experience နဲ့ internship ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် Virtual Professional Program ကိုအသေးစိတ်ပြောပြပေးမယ့်အပြင် ရှိတဲ့ opportunity တွေနဲ့ ရွေးချယ်စရာနိုင်ငံတွေအကြောင်းကိုလဲထည့်သွင်းပြောကြားပေးသွားမှာပါ။

ဒါကြောင့် တက်ရောက်တဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ရှိပြီးသား skill တွေ ကို improve လုပ်ဖို့အတွက် နည်းလမ်းကောင်းတွေနဲ့ Global skill set improvement နဲ့ပတ်သက်ပြီး tips တွေ နဲ့ speaker ရဲ့ experience တွေကို သိရှိနိုင်မှာပါ။

Virtual Professional Program နဲ့ available ဖြစ်တဲ့ opportunity တွေ အကြောင်း အပြင် program ကို လျှောက်ဖို့ လိုအပ်တဲ့ အချက်တွေကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တက်ရောက်တဲ့ Delegate တွေအတွက် workshop session လေးတွေ ပါဝင်မှာ ဖြစ်ပါတယ်။

အပေါ်မှာဖော်ပြထားတဲ့ အကြောင်းအရာလေးတွေကို စိတ်ဝင်စားတယ်ဆိုရင် webinar ကို တက်ရောက်လိုရပါတယ် ။

Webinar လေးက November 6th, 2021 ကို လုပ်မှာဖြစ်တာကြောင့် တက်ရောက်လိုတယ်ဆိုရင် အခုပဲ register ထားလိုရပါတယ်နော်။

Registration Link: https://bit.ly/Stepping_Stones_for_Career

Event Link - https://fb.me/e/H8UK2LNB

Date: November 6th, 2021
Time: 2 PM to 5 PM
Venue: Zoom

- မင်္ဂလာပါ -ဒီနေ့မှာတော့ ကျောင်းသားကျောင်းသူတို့အတွက် အကျိုးရှိလောက်မယ်ထင်တဲ့ info လေးတစ်ခုလောက် share ပေးလိုပါတယ်။ အဲ့...
02/11/2021

- မင်္ဂလာပါ -

ဒီနေ့မှာတော့ ကျောင်းသားကျောင်းသူတို့အတွက် အကျိုးရှိလောက်မယ်ထင်တဲ့ info လေးတစ်ခုလောက် share ပေးလိုပါတယ်။ အဲ့ဒါကတော့ “Stepping Stones for Career” ဆိုတဲ့ virtual webinar လေးပဲဖြစ်ပါတယ်။

ဒီ webinar လေးကတော့ AIESEC in Yangon နဲ့ AIESEC in NMDC ကပူးပေါင်းစီစဥ်ထားတာဖြစ်ပြီး အခုလိုကာလမှာ ကိုယ့်မှာရှိတဲ့ skills တွေကိုဘယ်လိုအကျိုးရှိရှိ အသုံးချမလဲ ဆိုတာကို webinar လေးမှာ ဆွေးနွေးပေးသွားမှာပါ။

ဒါ့အပြင် Virtual Internship လုပ်ကိုင်နိုင်မယ့် opportunities တွေအပြင် career development အတွက်လိုအပ်မယ့် global skills တွေအကြောင်း knowledge sharing လုပ်ပေးသွားမယ့် webinar လေးဖြစ်ပါတယ်။

"Stepping Stones for Career" webinar ကနေဘယ်လို benefits တွေရမှာလဲ။

1) Global skill set session ကနေ မိမိမှာရှိတဲ့ skills တွေကိုဘယ်လိုမျိုးအကျိုးရှိရှိအသုံးချရမလဲ၊ ကိုယ့်ရဲ့ career အတွက် လိုအပ်တဲ့ global skill set တွေ ကဘာတွေရှိလဲစတာတွေကို သိရမှာပါ။ ဒါ့အပြင် ယခုလက်ရှိမှာအလုပ်လုပ်နေတဲ့ professional ကနေ သေသေချာချာ session deliver ပေးမှာဖြစ်တာကြောင့် speaker ရဲ့ experience တွေ tips တွေကို လက်ခံရရှိနိုင်မှာဖြစ်ပါတယ်။

2) ဒါ့အပြင် အလုပ်လျှောက်တဲ့နေရာမှာ အထောက်အကူဖြစ်စေမယ့် CV preparation နဲ့ interview အတွက် workshop လဲပါဝင်တာကြောင့် ကိုယ့်ရဲ့ CV နဲ့ interview ကို ဘယ်လို improve လုပ်မလဲဆိုတဲ့ tips တွေကို ရရှိမှာပါ။

3) Internship ကို စိတ်ဝင်စားတဲ့လူတွေအတွက် Foreign Virtual Internship ဖြစ်တဲ့ Virtual Professional Program ကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီး opportunity တွေ၊ requirement တွေကိုပြောပြပေးသွားမှာပါ။

webinar နဲ့ပတ်သက်ပြီး အသေးစိတ်ကို အောက်က delegate booklet လေးကို ဝင်ကြည့်လို့ရပါတယ်။

Delegate Booklet: https://bit.ly/DelegateBooklet-SteppingStoneforCareer

စိတ်ဝင်စားတယ်ဆိုရင်တော့ webinar အတွက် အောက်ပါ registration link မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

Registration Link: https://bit.ly/Stepping_Stones_for_Career

Date: 6th November 2021
Time: 2 pm to 5 pm
Venue: Zoom

Event Link: https://bit.ly/SteppingStoneforCareer-Event

စစ်ကောင်စီလက်အောက်ခံ ၀န်ကြီးဌာန၏ မျိုးစုံသောဖိအားပေးမှုများ ၊ မိမိ ပုဂ္ဂိုလ်‌ ရေးဆိုင်ရာ စိုးရိမ်မှု နှင့်တကွ မိသားစုရေး...
10/05/2021

စစ်ကောင်စီလက်အောက်ခံ ၀န်ကြီးဌာန၏ မျိုးစုံသောဖိအားပေးမှုများ ၊ မိမိ ပုဂ္ဂိုလ်‌ ရေးဆိုင်ရာ စိုးရိမ်မှု
နှင့်တကွ မိသားစုရေးရာ လိုအပ်ချက် များကြောင့် အာဏာသိမ်းစဉ် ကြားကာလများတွင် CDM လှုပ်ရှားမှု အပေါ် အနည်းနှင့်အများ ယိုင်နဲ့သော အတွေးများလည်း ၀င်နိုင်‌သည် ။ ရာထူးရာခံနှင့် နေရာတစ်ခုကိုရရှိဖို့ နှစ်ရှည်လများစွာ ရင်းနှီးထားရခြင်းကြောင့် ဆုံးဖြတ် ရခက်ခဲသည်မှာ မထူးဆန်းပါ ။ နောက်ဆုံး ခံယူချက်
ပေါ်တွင် ဆက်လက် မတင်းမာနိုင်ခဲ့၍ Non-CDM အဖြစ်ကူးပြောင်းသွားခဲ့သူများလည်း ရှိပေသည် ။

ယခုထုတ်ပြန်စာပါ သုတနည်းပညာအင်ဂျင်နီယာဌာန
မှ ဆရာ/ဆရာမများ၏ ခံယူချက်သည် ဒီတိုက်ပွဲပြီးဆုံးသည် အထိ မပျက်ယွင်းသော ခိုင်ခံ့မှုဖြင့် ဆက်လက်တည်ရှ်ိနေမည်ဟု လေးလေးနက်နက် ယုံကြည်ပါသည် ။ ကျွန်ုပ်တို့ ကျောင်းသား/သူများ၏ စာမေးပွဲ အောင်စာရင်းကဲ့သို့ ဖော်ပြပါ ထုတ်ပြန်စာတွင်မိမိ၏အမည်နာမ ပါ၀င်ရခြင်းသည်က အောင်မြင်မှု ၊ ရဲရင့်မှု ၊ ‌စွန့်လွှတ်ခြင်းတို့၏ ပြယုဂ်တစ်ခုဖြစ်ပါသည် ။ သို့ဖြစ်ပါ၍ မိမိတို့ ကျောင်းသားကျောင်းသူများအနေဖြင့် ဆရာ၊ဆရာမတို့၏ ပြတ်သား‌သော ရပ်တည်ချက်ကို စိတ်အားဖြင့်‌ လေးစားဂုဏ်ယူရသလို ရှေ့လျှောက် ဆရာ ၊ ဆရာမတို့၏ ကြုံလာနိုင်မည့် အခက်အခဲ နှင့် စိန်ခေါ်မှုများတွင်လည်း မိမိတို့၏
ကိုယ်စွမ်း၊ဉာဏ်စွမ်း ရှိသမျှနှင့် ‌ပူး‌ပေါင်းတွန်းလှန်
သွားမည်ဟု ထပ်လောင်းပြောကြားလိုပါသည် ။

အရေးတော်ပုံအောင်ရမည် ။

P.S စာရင်းရှိ CDM ဦးရေမှာ ၁၄ ဦးဖြစ်သော်လည်း အသစ်ပြောင်းလာသူ တစ်ဦးမှာ Non CDM ဖြစ်သွား၍ စံပြ ဆရာ ဆရာမ ၁၃ ဦး ကျန်ရှိခဲ့ပေသည်။




သန်လျင်နည်းပညာတက္ကသိုလ် သုတနည်းပညာအင်ဂျင်နီယာဌာနမှ ကျောင်းသားကျောင်းသူများ၏ ဖြူပြာကျောင်းမတက်သပိတ်     #ကျောင်းမတက်နဲ့_က...
07/05/2021

သန်လျင်နည်းပညာတက္ကသိုလ် သုတနည်းပညာအင်ဂျင်နီယာဌာနမှ ကျောင်းသားကျောင်းသူများ၏ ဖြူပြာကျောင်းမတက်သပိတ်




#ကျောင်းမတက်နဲ့_ကျောင်းပျက်

ကျောင်းသူ ကျောင်းသားများ အနေနှင့် ကြိုတင်ပြင်ဆင်ထားနိုင်ပါရန် အသိပေးပြန်ကြားခြင်း
01/05/2021

ကျောင်းသူ ကျောင်းသားများ အနေနှင့် ကြိုတင်ပြင်ဆင်ထားနိုင်ပါရန် အသိပေးပြန်ကြားခြင်း

 ွေကိုပိတ်ခဲ့သည်ရှိသော်သတင်းစီးဆင်းမှုတွေ အတွက်Email သတင်းလွှာတွေကိုMobile Data နဲ့ရယူလို့ရပါသေးတယ်Outlook mail / Univer...
30/04/2021

ွေကိုပိတ်ခဲ့သည်ရှိသော်

သတင်းစီးဆင်းမှုတွေ အတွက်
Email သတင်းလွှာတွေကို
Mobile Data နဲ့
ရယူလို့ရပါသေးတယ်

Outlook mail / University Mail တွေနဲ့ ရပါတယ်
(For example - [email protected])

RFA

https://www.rfa.org/burmese/subscribenewsletter

VOA

https://burmese.voanews.com/subscribe.html

အတန်းသား အချင်းချင်း
တက္ကသိုလ် ကျောင်းသားတွေ အချင်းချင်း ကွန်ယက်တွေ ကူညီ ချိတ်ဆက်ပေးကြဖို့ လဲ

ကျောင်းသား အဖွဲ့အစည်းတွေကို မေတ္တာ ရပ်ခံပါတယ်

သန်လျင်နည်းပညာတက္ကသိုလ် သုတနည်းပညာအင်ဂျင်နီယာ ကျောင်းသား ကျောင်းသူ များမှ ဆရာဆရာမများ၏ CDM လှုပ်ရှားမှုအပေါ်  ပေးပို့သော...
01/04/2021

သန်လျင်နည်းပညာတက္ကသိုလ် သုတနည်းပညာ
အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူ များမှ ဆရာဆရာမများ၏ CDM လှုပ်ရှားမှုအပေါ် ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ
============================================
စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် အထိရောက်ဆုံးသော အုပ်ချုပ်မှု ယန္တရားတစ်ရပ်လုံး
ရပ်တန့်သွားစေနိုင်အထိ ပြင်းထန်သော လှုပ်ရှားမှုသည် Civil Disobedience Movement ဖြစ်သည် ။ အာဏာရှင်တို့ကိုလည်း အထိနာစေသလို လှုပ်ရှားမှုတွင်ပါ၀‌င်သော
၀န်ထမ်း ၊ အရာထမ်းများ အနေနှင့်လည်း စွန့်လွှတ်ရင်းနှီးခဲ့ရသော ရာထူးများ ခံစားခွင့်များစွာလည်း ရှိသည့်အပြင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း ၊ အသက်အိုးအိမ် ဆုံးရှုံးနိုင်ခြင်း စသည့်
အခြေအနေ‌အရပ်ရပ်ကိုလည်း ကြုံတွေ့ရနိုင်
သေးသည် ။

ထိုကဲ့သို့သော အန္တရာယ်များကို မကြောက်ရွံ့ ခြင်း ၊ ရာထူးနှင့် ခံစားခွင့်များကိုပါ ပစ်ပယ်ခြင်းတို့ဖြင့် မိမိတို့ တပည့်သားချင်းများ၏ အနာဂတ် နှင့် တိုင်းပြည်၏ အနာဂတ်အောင်နိုင်ရေးကိုသာ ရှေးရှု၍ Civil Disobedience Movement တွင် ပါ၀င်ခဲ့သော သန်လျင်နည်းပညာတက္ကသိုလ်၏ ဆရာ ၊ ဆရာမများနှင့် ၀န်ထမ်းများကို
ပီတိအပြည့်ဖြင့် လှိုက်လှဲစွာ ဂုဏ်ယူလေးစားမိပါသည် ။

ဆရာ ၊ ဆရာမတို့၏ သမားဂုဏ် နှင့် နာယူအပ်သော လမ်းညွှန်မှုတို့ကို အမြဲတစေ လေးစားလိုက်နာခဲ့ရပြီးသည့်အလျောက် ယခု
စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်လည်း ရဲရဲနီသောသွေးနှင့် ခိုင်မာသောရပ်တည်ချက်တို့ကို
ထပ်မံတွေ့မြင်ရသောအခါ တပည့်နှင့်ဆရာ၏ ဆက်ဆံရေးမှာ ယခင်ထက် ပိုမိုခိုင်မာလာပြီး နှလုံးသားချင်းနီးကဲ့သလို့ ၀မ်းသာ၀မ်းမြောက်
ဖြစ်ရပါသည် ။ သို့ဖြစ်ပါ၍ စစ်အာဏာရှင်
ဆန့်ကျင်ရေး ကာလပတ်လုံးတွင် မိမိတို့သုတနည်းပညာ အင်ဂျင်နီယာဌာန ကျောင်းသာကျောင်းသူများအနေဖြင့် ဆရာ ၊ ဆရာမတို့၏ ဆက်လက်လှုပ်ရှားမှုများကို ထောက်ခံအား
ပေးနေမည်ဖြစ်ပြီး လိုအပ်လာသော ကိစ္စများနှင့် ကြုံလာနိုင်သော အခက်အခဲများတို့ကို မိမိတို့
တတ်စွမ်းသည့်ဖက် မှ အကူညီပေးရန် အဆင်သင့်ရှိနေမည် ဖြစ်ပါသည် ။

သုတနည်းပညာအင်ဂျင်နီယာဌာန ကျောင်းသား ကျောင်းသူများ

၂၈.၃.၂၀၂၁ တွင် ဖမ်းဆီးထိန်းသိမ်းခံရသော IT Final Year သော်ဇင်ထက် သည် ယနေ့ ၃၀.၃.၂၀၂၁ ညနေ တွင် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်...
30/03/2021

၂၈.၃.၂၀၂၁ တွင် ဖမ်းဆီးထိန်းသိမ်းခံရသော IT Final Year သော်ဇင်ထက် သည် ယနေ့ ၃၀.၃.၂၀၂၁ ညနေ
တွင် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါသဖြင့် မေဂျာမှ လှိုက်လှဲစွာ ၀မ်းသာရပြီး သတင်းကူညီဖြန့်ဝေ‌​ပေးသူများ၊ လိုက်ပါဆောင်ရွက်ပေးသူများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည် ။

TTU IT-Final Year ကျောင်းသား သော်ဇင်ထက် သည်ယနေ့ 27.3.2021 မနက် ကိုးနာရီခွဲခန့် ရန်ကုန်မြို့/ပန်းဆိုးတန်းအလယ်ဘလောက် KMD သ...
27/03/2021

TTU IT-Final Year ကျောင်းသား သော်ဇင်ထက် သည်
ယနေ့ 27.3.2021 မနက် ကိုးနာရီခွဲခန့် ရန်ကုန်မြို့/
ပန်းဆိုးတန်းအလယ်ဘလောက် KMD သင်တန်းကျောင်းနားတွင် သပိတ်ခွဲခံရပြီး လူစုကွဲရာမှ အဆက်သွယ်
မရရှိ‌ေတာ့ ပါသဖြင့် သက်ဆိုင်ရာများအဖွဲ့စည်းများမှ ကူညီဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံအပ်ပါသည် ။

Last Updated - ကျောက်တံတားရဲစခန်းတွင် ထိန်းသိမ်းခံထားရပါသည် ။

နည်းပညာတက္ကသိုလ် (သန်လျင်) သုတနည်းပညာ အင်ဂျင်နီယာဌာနမှ ကျောင်းသားကျောင်းသူများ၏ CDM စာရင်းပဲ ဖြစ်ပါတယ်ခင်ဗျ။
25/03/2021

နည်းပညာတက္ကသိုလ် (သန်လျင်) သုတနည်းပညာ အင်ဂျင်နီယာဌာနမှ ကျောင်းသားကျောင်းသူများ၏ CDM စာရင်းပဲ ဖြစ်ပါတယ်ခင်ဗျ။

နေပြည်​တော်မှာ ကူညီ​​ပေးကြပါ။ (TTU 4th year က ဝင်း​ကျော် ဝန်ထမ်းသင်တန်းသား GTI ပြီး TTU BE ဆက်တက်​​နေသူပါ။)နေပြည်တော် ဇမ...
26/02/2021

နေပြည်​တော်မှာ ကူညီ​​ပေးကြပါ။

(TTU 4th year က ဝင်း​ကျော် ဝန်ထမ်းသင်တန်းသား
GTI ပြီး TTU BE ဆက်တက်​​နေသူပါ။)

နေပြည်တော် ဇမ္ဗူသီရီမြို့နယ် အခန်း ၂၃ မှ ပြည်​ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ်ကျောင်းဆင်းကျောင်းသားအပတ်စဥ် ၁၅ ဦးဝင်းကျော် ကုန်သွယ်ရေးဦးစီးဌာနနှင့် အပတ်စဥ် ၁၆ ဦးမင်းချစ်အောင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့သည် ၂၆.၂.၂၀၂၁ ည ၈နာရီတိုက်တွင်သံပုံးတီးရာမှဆူညံသဖြင့်ရဲများမှသေနတ်ပြစ်ဖောက်ဖမ်းဆီးရာတွင် ဓာတ်ပုံရိုက်နေသည်ကိုတွေ့ရှိသွားပြီး ဖမ်းဆီးခေါ်ဆောင်သွားပါသည်ယခုအခါဝဏ္ဏသိဒ္ဓိရပ်ကွက် နယ်မြေ ၉ ရဲစခန်းတွင်ရှိနေပါသည်ဟုသတင်းရရှိပါသည် အမြန်ဆုံးပြန်လည်လွတ်မြောက်အောင်ကူညီဆောင်ရွက်ပေးကြပါဗျာ မေတ္တာရပ်ခံပါသည်။

Address

Thanlyin

Website

Alerts

Be the first to know and let us send you an email when TTU - Information Technology Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share