08/12/2022
ပါမောက္ခချုပ်နှင့် ဌာနမှူးတို့ သိန်း(၂၀)လာဘ်ယူပြီး Non CDM ကျောင်းသား/သူများကို ဘွဲ့ရ ခုနှစ်သက္ကရာဇ် နောက်ဆုတ်ပေးနေ
AAMIJ
ဒီဇင်ဘာ ၇
စစ်တပ် အာဏာသိမ်းပြီးကာလ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ် စာမေးပွဲများ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူများကို သက်ဆိုင်ရာ စစ်တပ်လက်အောက်ခံ ပညာရေး ဝန်းထမ်များက သိန်း(၂၀)လာဘ်ငွေယူပြီး ဘွဲ့ရထောက်ခံစာလက်မှတ်များကို ခုနှစ်သက္ကရာဇ် နောက်ဆုတ်ပြီး ထုတ်ပေးနေကြောင်း AAMIJက စုံစမ်းသိရှိရသည်။
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး AAMIJက သတင်းထောက်များသည် ပြီးခဲ့သည့် နိုဝင်ဘာလနောက်ဆုံး
ပတ်ထဲက Non-CDM ကျောင်းသား ၊ကျောင်းသူများ
နှင့် CDM ကျောင်းသား /ကျောင်းသူများနှင့် ချိတ်ဆက်ပြီး ထဲထဲဝင်ဝင် စုံစမ်းမှုများပြုလုပ်ခဲ့သည်။
AAMIJ၏ စုံစမ်းမှုအချက်အလက်များအရ နိုင်ငံတကာဆက်ဆံရေးမေဂျာ (IR) က Non CDM ကျောင်းသား ၊ ကျောင်းသူအချို့သည် ပါမောက္ခချုပ်ဒေါက်တာနေဝင်းဦး ၊ ပါမောက္ခဒေါက်တာမင်းသောင်း တို့ကို ငွေကျပ် ဆယ်သိန်းစီ စုစုပေါင်း သိန်းနှစ်ဆယ် လာဘ်ငွေပေးကာ ဘွဲ့ရထောက်ခံစာ ခုနှစ်သက္ကရာဇ်ကို အာဏာမသိမ်းမီ နောက်ဆုံး ကျင်းပခဲ့သည့် တက္ကသိုလ် စားမေးပွဲ ခုနှစ်သက္ကရာဇ်အဖြစ်ပြောင်းလဲခဲ့ကြသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(တာ၀)က အသက်၂၀ ဝန်းကျင်ရှိ ကျောင်းသူတစ်ဦးက “၂၀၂၁-၂၀၂၂ခုနှစ်မှာ စာမေးပွဲအောင်မြင်တာကို ပါမောက္ခချုပ်ဒေါက်တာနေဝင်းဦးကို ဆယ်သိန်းကျပ် (IR)ဌာနမှုး ပါမောက္ခဒေါက်တာမင်းသောင်းကို ဆယ်သိန်းကျပ် စုစုပေါင်း သိန်း၂၀ခန့်လဘ်ထိုးပြီး ၂၀၁၈-၂၀၁၉ပညာသင်နှစ်ဖြင့်ဘွဲ့လက်မှတ်ထုတ်ယူနေကြတယ်”AAMIJကို ပြောသည်။
ထို့သို့ဘွဲ့လက်မှတ်ထောက်ခံစာကို ခုနှစ်သက္ကရာဇ်ပြောင်းလဲရန် လာဘ်ငွေပေးရသည်မှာ နိုင်ငံတကာဆက်ဆံရေးမေဂျာ (IR) တစ်ခုတည်းမဟုတ်ဘဲ အခြားသော မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များတွင်လည်းယင်းကဲ့သို့ လာဘ်ယူမှု ဖြစ်ပေါ်နေသည်။
AAMIJ၏ စုံစမ်းမှုအချက်အလက်များအရ ဘွဲ့လက်မှတ် ခုနှစ်သက္ကရာဇ်ပြောင်းလဲနိုင်သည့် စျေးကွက်အခြေအနေသည် နိုင်ငံတကာ ဆက်ဆံရေးမေဂျာ(IR)ဌာနက သိန်းနှစ်ဆယ်ခန့် စျေးနှုန်းပေါက်သော်လည်း တစ်ခြားသော တက္ကသိုလ်ဌာနများတွင် ညှိနှိုင်းစျေးဖြင့် ပြောင်းလဲနိုင်ကြောင်းသိရသည်။
၂၀၂၀ခုနှစ် တက္ကသိုလ်များ စာမေးပွဲဖြေကြားနေချိန် မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးဆက်ဖြစ်ပွားမှုမြင့်မားခဲ့သည့်အတွက်ကြောင့် ကျောင်းများအားလုံးပိတ်ခဲ့ရသည်။
ထို့နောက်နိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူဆက်နှုန်းလျော့နည်းလာပြီးနောက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အမျိုးသားဒီမိုကရေစီအစိုးရ�ကဆောင်ရွက်နေချိန် စစ်တပ်က အာဏာသိမ်းယူခဲ့သည်။
စစ်တပ် အာဏာသိမ်းမှုကို နိုင်ငံတစ်ဝှမ်း ဆန့်ကျင် ဆန္ဒပြပွဲများကြောင့် အစပိုင်းကာလများတွင် တက္ကသိုလ်ကျောင်းများ ပြန်လည်မဖွင့်လှစ်နိုင်သေးဘဲ �စစ်တပ် က ပြည်သူလူထုကို အကြမ်းဖက် နှိမ်နင်းမှုများပြုလုပ်ခဲ့ပြီး ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
“အာဏာသိမ်းပြီတဲ့အခါမှာ စစ်ကောင်စီရဲ့ လက်ပါးစေ ပါချုပ်တွေကနေပြီတော့ ဘာလုပ်လဲဆိုတော့၊ နောက်ဆုံးနှစ်ကျောင်းသားတွေကို ကျောင်းအနည်းငယ်ပြန်တတ်ခိုင်းပြီတော့ စာမေးပွဲသဘောမျိုးနဲ့ ဖြေခိုင်းတယ်။ ဒီအာဏာသိမ်းကာလမှာ ပြီတော့မှ သူတို့ကနေပြီတော့ ဒီအောင်လက်မှတ်တွေကိုထုတ်ပေးတယ်။ ခုနှစ်ပိုင်းတွေကတော့ အရင်ခုနှစ်တွေပေါ့၊ ဒီကိုဗစ်ကာလမတိုင်ခင် ၂၀၂၀ ခုနှစ်တွေနဲ့ထုတ်ပေးတယ်။ အဲ့အတွက်ကိုလည်း အခကြေးငွေတွေယူတယ်”ဟုနည်းပညာတက္ကသိုလ်ကျောင်းသာ တစ်ဦးက AAMIJကို ပြောသည်။
စစ်တပ်အာဏာသိမ်းခြင်းကို နယ်ပယ်အစုံ ၊အရွယ်အစုံက ဆန့်ကျင်ခဲ့ကြီပြီး ဆန့်ကျင့်သူတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းခဲ့မူများကြောင့်သေဆုံးသူများ ထောင်နှင့်ချီရှိခဲ့သည်။ ထို့အကြောင့် စစ်တပ်အာဏာသိမ်းခြင်းကိုလက်မခံသည့်အပြင် အကြမ်းဖက်ဖြိုခွင်းခံရမှုတွေကို ဆန့်ကျင်သည့် အစိုးရဝန်တမ်းများအပြင် အခြေခံပညာ နှင့် တက္ကသိုလ် ကျောင်း/ ကျောင်းသူများသည် ကျောင်းဆက်မတက် ကျောင်းထွက်ခြင်းဖြင့် စစ်တပ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။
တချို့သော ကျောင်းသား၊ ကျောင်းသူများသည် စစ်တပ် လက်အောက်က ကျောင်းများတွင် ဆက်လက်ပညာသင်းကြားကာ စာမေးပွဲများ ဝင်ရောက်ဖြေဆိုကြသည်။
ထိုသို့ စစ်တပ်လက်အောက်က ကျောင်းများတွင် ပညာသင်ကြားခြင်းနှင့် တက္ကသိုလ်စာမေးပွဲအောင်မြင်သူများသည် စစ်တပ်ဆန့်ကျင်သည့် ပြုသူလူထု၏ ဝေဖန်မှုကိုခံရသည်။
စစ်တပ် လက်အောက်က ကျောင်းများက တက္ကသိုလ် ဝန်ထမ်းအောင်မြင်သူ ၊ တက္ကသိုလ် စာပေးပွဲများဖြေဆိုပြီး ဘွဲ့လက်မှတ် ရရှိလာသူများကို အလုပ်အကိုင်ခွင့်အရေးများ ပေးမည်မဟုတ်ကြောင်း စစ်တပ်ကိုဆန့်ကျင်သည့် လုပ်ငန်းရှင်အချို့က ကြောညာထုတ်ပြန်မှုများလည်း ရှိခဲ့သည်။
ထိုသို့ ကြေညာသည့် လုပ်ငန်းရှိတွေကို စစ်တပ်လက်အောက်ခံ ဟန်ငြိမ်းဦး တယ်လီဂရမ် ချန်နယ်ကနေ စုစည်းထုတ်ပြန်ပြီးနောက် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းများခံခဲ့ရသည်။
Photo - East Yangon University