National University of Zoland - NUZ

National University of Zoland - NUZ Quaerite Veritatem

📣National University of Zoland သည်🎇ချင်းအမျိုးသားနေ့ (20 February 2026) မနက်ဖြန် ကျောင်းပိတ်မည်ဖြစ်ပါသည်။Classes များကို...
19/02/2026

📣National University of Zoland သည်
🎇ချင်းအမျိုးသားနေ့ (20 February 2026) မနက်ဖြန် ကျောင်းပိတ်မည်ဖြစ်ပါသည်။

Classes များကို သတ်မှတ်အချိန်အတိုင်း ပြန်လည်ဆက်လက်သင်ကြားသွားမည်ဖြစ်ပါသည်။

🎇Chin National Day (20 February 2026),
National University of Zoland will be closed tomorrow.

Classes will resume as scheduled.

✨Happy Chin National Day✨



Master of Public Affairs (MPA)2025 CohortFirst Semester Break🎉Congratulations to our dedicated and hardworking students ...
18/02/2026

Master of Public Affairs (MPA)
2025 Cohort
First Semester Break

🎉Congratulations to our dedicated and hardworking students on the successful completion of your first semester. This milestone reflects your commitment, perseverance, and growth.🎊

Your first semester break will be from February 17 - 22, 2026.

✴️We hope this break brings you rest, joy, and renewed strength. Enjoy your holidays, and return refreshed and re-energized for the next chapter of your academic journey.✨

📣National University of Zoland သည်🎆တရုတ်နှစ်သစ်ကူးနေ့ (17 February 2026) မနက်ဖြန် ကျောင်းပိတ်မည်ဖြစ်ပါသည်။Classes များကိ...
16/02/2026

📣National University of Zoland သည်
🎆တရုတ်နှစ်သစ်ကူးနေ့ (17 February 2026) မနက်ဖြန် ကျောင်းပိတ်မည်ဖြစ်ပါသည်။

Classes များကို သတ်မှတ်အချိန်အတိုင်း ပြန်လည်ဆက်လက်သင်ကြားသွားမည်ဖြစ်ပါသည်။

🎆 Chinese New Year (17 February 2026),
National University of Zoland will be closed tomorrow.

Classes will resume as scheduled.

✨Happy Holiday✨



University Writers’ Galleryစာရေးသူ - Seleno (24B5CSI014)၊ ကွန်ပျူတာသိပ္ပံပညာဌာန၊ မြန်မာ့နွေဦးတက္ကသိုလ်နတ်မောက်ကြယ်စင် ရင...
13/02/2026

University Writers’ Gallery

စာရေးသူ - Seleno (24B5CSI014)၊ ကွန်ပျူတာသိပ္ပံပညာဌာန၊ မြန်မာ့နွေဦးတက္ကသိုလ်

နတ်မောက်ကြယ်စင် ရင်ထဲမှာ မဝင်ပါနဲ့အုံး

လူသာသေပေမဲ့ နာမည်မသေတဲ့အပြင်၊ မျိုးဆက်သစ်တွေရဲ့ ရင်ထဲမှာ အမြဲတမ်း ရှင်သန်နေမယ့် ကျွန်တော်တို့ရဲ့ ဖခင်... ဗိုလ်ချုပ်အောင်ဆန်း (၁၁၁) နှစ်ပြည့် မွေးနေ့ အမှတ်တရ။

"နတ်မောက်က ကြယ်စင်... ရင်ထဲမှာ မဝင်ပါနဲ့ဦး"

ပြက္ခဒိန်ပေါ်က တစ်ဆယ့်သုံးရက်ဟာ
ဂဏန်းတစ်ခုထက် ပိုတယ်...
အဲဒါဟာ မျှော်လင့်ချက်တွေ သန္ဓေတည်ခဲ့တဲ့နေ့၊
မြန်မာ့မြေပုံပေါ်မှာ သတ္တိကို ဆေးရောင်ခြယ်ခဲ့တဲ့နေ့။

အဖေ...
အဖေ့ကို မော်ကွန်းတိုင်တွေပေါ်မှာပဲ မထားချင်ဘူး၊
သမိုင်းစာအုပ်ထဲမှာပဲ ပိတ်မထားချင်ဘူး။
တိုက်ပုံအင်္ကျီအနွမ်းလေးနဲ့၊
ဆံပင်အတိုလေးနဲ့၊
စားပွဲခုံကို လက်သီးနဲ့ထုပြီး "လွတ်လပ်ရေး" လို့ အော်ခဲ့တဲ့ အသံဟာ
ဒီနေ့အထိ ကျွန်တော်တို့ သွေးကြောထဲမှာ လျှပ်စစ်စီးနေတုန်း။

လူတွေက ပြောကြတယ်... အဖေက အာဇာနည်တဲ့။
ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့…

အဖေဟာ အဝေးက နတ်ဘုရားတစ်ပါးမဟုတ်ပါဘူး။
ဖိနပ်စုတ်ကို စီး၊ စစ်တုရင်ကို အာရုံစိုက်၊
"ဗမာက တစ်ကျပ်ရရင် တိုင်းရင်းသားလည်း တစ်ကျပ်" ဆိုတဲ့
ရိုးရှင်းလွန်းတဲ့ တရားကို ဟောခဲ့တဲ့
ကျွန်တော်တို့ရဲ့ "လူကြီး" ပဲ ဖြစ်တယ်။

အဖေ မရှိတော့တဲ့ နှစ်ပေါင်းများစွာမှာ
ကောင်းကင်က ကြယ်တွေ ခဏခဏ ကြွေတယ်၊
ဒါပေမဲ့ နတ်မောက်က လွင့်လာတဲ့ ကြယ်တစ်လုံးကတော့
ကျွန်တော်တို့ ကမ္ဘာငယ်လေးကို အမြဲတမ်း လင်းထိန်စေတယ်။
ဘယ်သူကမှ ရေးမထားတဲ့ ကဗျာတစ်ပုဒ်လိုပဲ
အဖေ့ရဲ့ နာမည်ဟာ...
မင်နဲ့ ရေးတာမဟုတ်ဘဲ အနစ်နာနဲ့ ရေးခဲ့တာမို့
ဘယ်တော့မှ ဖျက်လို့မရတဲ့ သမိုင်းဖြစ်ခဲ့ပြီ။

ဒီနေ့မှာ ဆုတောင်းမနေတော့ဘူး...
အဖေ့ရဲ့ စိတ်ဓာတ်တွေကိုပဲ နှလုံးသားထဲ အစားထိုးလိုက်မယ်။
အဖေ လိုချင်တဲ့ "လွတ်လပ်ခြင်း" ဆိုတာ
စာရွက်ပေါ်က လက်မှတ်မဟုတ်ဘဲ၊
ကျွန်တော်တို့ရဲ့ ကိုယ်ကျိုးစွန့်နိုင်တဲ့ စိတ်ဓာတ်ဆိုတာ
ဒီကဗျာနဲ့အတူ သက်သေထူပါရစေ ဗိုလ်ချုပ်။

📣National University of Zoland သည်🇲🇲 ပြည်ထောင်စုနေ့ (12 February 2026) အား ဂုဏ်ပြုသောအားဖြင့် မနက်ဖြန် (12.2.2026) တွင် ...
11/02/2026

📣National University of Zoland သည်
🇲🇲 ပြည်ထောင်စုနေ့ (12 February 2026) အား ဂုဏ်ပြုသောအားဖြင့် မနက်ဖြန် (12.2.2026) တွင် ကျောင်းပိတ်မည်ဖြစ်ပါသည်။

Classes များကို သတ်မှတ်အချိန်အတိုင်း ပြန်လည်ဆက်လက်သင်ကြားသွားမည်ဖြစ်ပါသည်။

In honor of Union Day (12 February 2026),
National University of Zoland will be closed tomorrow (12.2.2026).

Classes will resume as scheduled.

✨Happy Union Day 🇲🇲✨



University Writers’ Galleryစာရေးသူ - သိုက်ထွန်းဦး (First Year, MPA)အခန်း(၅) ငွေလိမ်လုပ်သားတစ်ဦး၏ တစ်နေ့တာအရှေ့က အခန်းမျာ...
23/01/2026

University Writers’ Gallery
စာရေးသူ - သိုက်ထွန်းဦး (First Year, MPA)

အခန်း(၅) ငွေလိမ်လုပ်သားတစ်ဦး၏ တစ်နေ့တာ

အရှေ့က အခန်းများတွင် လူအများကြား အမြဲတမ်းနီးပါးကြားနေကြရသည့်
ကျားဖြန့်၏ ခြေလှမ်းအစ...၊
ကျယ်ပြန့်လာသည့် ငွေလိမ်လုပ်ငန်း‌များ၏ အခြေအနေ...၊
ကျားဖြန့်များ အသုံးပြုကြသည့် ကြားခံပလက်ဖောင်းများနှင့် အခြေခံလိမ်လည်နည်း(၁၀)နည်းအကြောင်း...၊
စသည်တို့ကို ရေးသားတင်ပြခဲ့ပြီးဖြစ်သည်။

ယခုအခန်းတွင် ကျားဖြန့်တစ်ဦး၏ အလုပ်တာဝန်နှင့် လုပ်ဆောင်ရသည့် လုပ်ငန်းတာဝန်အား အဓိက အလေးထားရေးသားသွားမည်ဖြစ်သည်။

မြန်မာပြည်ရှိ လူအများအိပ်ချိန်သည် ကျားဖြန့်လုပ်သားတစ်ဦး၏ လုပ်ငန်း စတင်ချိန်ဖြစ်သည်။ နေ့တစ်နေ့တာ၏ ညအချိန်(၁၀)နာရီမှစ၍ လိမ်လည်မှု လုပ်ဆောင်ရမည့် အခန်းများအတွင်း ကျားဖြန့်လုပ်သားများသည် အလုပ်စလုပ်ရန် အသင့်အနေအထားပြင်ထားကြပြီး ကျားဖြန့်လုပ်ငန်းကို စီမံအုပ်ချုပ် မောင်းနှင်ကြသည့် ခေါင်းဆောင်များ၏ ပြောကြားမှု၊တာဝန်ပေးမှုများကို နာခံကြရသည်။

ငွေလိမ်မှုကိုပြုလုပ်ဖို့ရာ လူ(၃)ဦးကို ဦးတည်ရှာရ

ပျှမ်းမျှအားဖြင့် ကျားဖြန့်များ၏ ဦးဆောင်သူ အဆင့်ဆင့်သည် ကျားဖြန့်လုပ်သားတစ်ဦးလျှင် ငွေကြေးလိမ်လည်၍ရနိုင်မည့်သူ (သားကောင် ) လူ(၃)ဦးကို ရှာ‌ဖွေကြရသည်။အဆိုပါ ကျားဖြန့်လုပ်သားများ အဓိက ဦးတည်လိမ်လည်မှုပြုကြသည်မှာ ဥရောပနှင့် အနောက်နိုင်ငံများရှိ လူထုကို ဦးတည်၍ လိမ်လည်ကြခြင်းဖြစ်သည်။ ထို့ကြောင့်အဆိုပါနိုင်ငံများ၏ နံနက်ခင်းနှင့် နေ့လည်ခင်းအချိန်များကို ရည်ရွယ်၍ ညပိုင်း(၁၀)နာရီကို အလုပ်စတင်ချိန်အဖြစ် သတ်မှတ်ခြင်းဖြစ်သည်။တစ်နေ့လျှင် (၁၄)နာရီ အလုပ်လုပ်ကြရပြီး ထမင်းစားချိန်အတွက် အချိန်တစ်နာရီသာ နားချိန်ရကာ ကျန်ရှိသည့် အချိန်များတွင် ဆက်တိုက်ဆိုသလို အလုပ်လုပ်ကြရသည်။ ကျားဖြန့်လုပ်သားများသည် မိမိတို့ကို အလုပ် တာဝန်ပေးထားသည့်အတိုင်း ဥရောပနိုင်ငံသားများနှင့် အမေရိကန်နိုင်ငံသားများကို အကောင့်အပ်ခြင်းများပြုလုပ်ကြရသည်။သို့သော် လူတိုင်းသည် အပ်သမျှအကောင့်များကို လက်ခံလေ့မရှိသဖြင့် စိတ်ရှည်ရှည်ဖြင့် လူများစွာကို အကောင့်အပ်ကြရသည်။
အချို့ လူပုဂ္ဂိုလ်များ အထူးသဖြင့် အသက်၄၅နှစ်မှ အသက်၆၀နှစ်ကြားရှိ လူများသည် အကောင့်အပ်မှုကို အများ‌ဆုံးလက်ခံလေ့ရှိသည်။

အကောင့်လက်ခံပါက ကျားဖြန့်လုပ်သားများအနေဖြင့် ခင်မင်ရင်းနှီးမှုရှိအောင် မိတ်ဆက်စကားပြောခြင်းမှတဆင့် တဖြေးဖြေးယုံကြည်မှုတည်ဆောက်ခြင်းများပြုကြရသည်။ အနည်းငယ် ရင်းနှီးမှုရှိလာပါက စာရိုက်မှု ကျွမ်းကျင်ပြီး စကား‌ကို လူအများသဘောကျယုံကြည်အောင် ပြောဆိုစည်းရုံးနိုင်စွမ်းရှိသူထံ မိမိတို့၏ အကောင့်ကို လွှဲပြောင်းပေးကြရသည်။

အဆိုပါ ကျားဖြန့်ကျွမ်းကျင်လုပ်သားများသည် အရှေ့အခန်းတွင်ရေးသားခဲ့သည့် လိမ်လည်သည့် နည်းလမ်းများအတိုင်း အဆင့်ဆင့် ဖြတ်ကျော်၍ တဖက်လူ ယုံကြည်စွာဖြင့် ငွေကြေးရင်းနှီးမြုပ်နှံလာအောင် စည်းရုံးလေ့ရှိသည်။အဆိုပါ စည်းရုံးလှုံ့ဆော်မှုအတွင်း ငွေကြေးလိမ်လည်မှု အောင်မြင်သည့် အချိန်အခါများရှိသကဲ့သို့ အလုပ်အချိန်ဖြစ်သည့် (၁၃)နာရီထိတိုင် စကားပင် လုံးဝမပြောနိုင်သည့် အချိန်အခါများလည်း ရှိသည်။

University Writers’ Galleryစာရေးသူ - သိုက်ထွန်းဦး (First Year, MPA)အပိုင်း(၄)ကျားဖြန့်များ၏ အခြေခံလိမ်နည်း(၁၀)နည်းစာရေးသ...
09/01/2026

University Writers’ Gallery
စာရေးသူ - သိုက်ထွန်းဦး (First Year, MPA)

အပိုင်း(၄)ကျားဖြန့်များ၏ အခြေခံလိမ်နည်း(၁၀)နည်း

စာရေးသူအနေဖြင့် အရှေ့အပိုဒ်များ၌ အပိုင်း(၄)ကျားဖြန့်များ၏အခြေခံလိမ်နည်း(၆)နည်းကို ရေးသားတင်ပြပြီးဖြစ်သည့်အတွက် ယခုအပတ်၌မှု ကျန်ရှိ‌နေသည့် အခြား လိမ်လည်နည်း(၄)နည်းကို ထပ်မံတင်ပြအပ်ပါသည်။

လိမ်နည်း(၇) Online Shopping Scam (အွန်လိုင်းဈေးဝယ်လိမ်လည်နည်း)

အရှေ့က အခန်းများတွင်လည်း ဤအွန်လိုင်းဈေးဝယ်လိမ်လည်နည်းအကြောင်း ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။လူထုအများဆုံးအသုံးပြုသည့် Facebook ၊ Website များ၌ ပြင်ပတွင်ပေါက်သော ဈေးနှုန်းထက် စျေးများစွာသက်သာသည့် ပစ္စည်းများကို ကြော်ငြာပြီး ရောင်းချနေခြင်းကို စာဖတ်သူများ တွေ့ဖူးကြပေလိမ့်မည် ။ အဆိုပါပစ္စည်းကို ကြိုက်နှစ်သက်သဖြင့် ဝယ်ယူသည့် အခါမျိုး၌ အဆိုပါ ပေ့(Page)များက ‌ ငွေကြိုတင်လွှခိုင်းကြ‌လေ့ရှိသည် ။ ငွေလွှပြီးနောက် ပစ္စည်းမပိုပေးဘဲ အကောင့်ကို ဘန်းခြင်း(စကားပြော စာပိုခွင့် ပိတ်ခြင်း)၊ Account ဖျက်သွားခြင်းများကိုလုပ်လေ့ရှိပါသည်။ အမျိုးသမီးအများစုအနေဖြင့်မူ အထည်နှင့် အလှကုန် ဝယ်ယူသည့် အခါမျိုး၌ အများစုသည် အထက်တွင်ဖော်ပြထားသော အလားသဏ္ဍာန်တူသည့် လိမ်လည်မှုကို ခံကြရပါသည်။အချိုတရားဝင်သဏ္ဍာန် ရေရှည်လိမ်လည်သူများကတော့ ပစ္စည်းအတုအပနှင့် အရည်အသွေးမကောင်းသည့် ပစ္စည်းများ ပိုပြီး ရေရှည်လိမ်လည်ကြလေ့ရှိသည်။

လိမ်နည်း(၈) Tech Support Scam (နည်းပညာအကူအညီလိမ်လည်မှု)

ယခုနည်းလမ်းအား အများဆုံးကြုံကြရသည့် ဒေသမှာ ဥရောပနှင့် အမေရိကားဖြစ်သည်။လိမ်လည်သူများက မိမိတို အသုံးပြုနေသည့် ဖုန်းနဲ့ ကွန်ပျူတာများ၌ ဗိုင်းရက်( Virus) များ ရှိသည့်အတွက် Data(ဒေတာ)အချက်အလက်များ မထိခိုက်‌စေရန် ဆော့ဝဲ(app)များ အမြန်သွင်း၍ Virus(ဗိုင်းရပ်)များအား ဖျက်စီးသင့်ကြောင်း အကြံပြုပြီး Remote Accessအားပြုလုပ်‌စေပြီးနောက် ငွေတောင်းခံခြင်း၊အချက်အလက်ခိုးယူခြင်းများပင် ပြုလုပ်လေ့ရှိသည်။ ဆိုးရွားသည့် လိမ်လည်မှုအနေဖြင့် ကျွန်ုပ်တိုအသုံးပြုသည့် ဖုန်း၊ကွန်ပျူတာများဖြင့်ချိတ်ဆက်ထားသည့် Kpay,Wave payကဲ့သိုသော အွန်လိုင်းဘဏ်အကောင့်များကိုပါ ရယူပြီး အကောင့်အတွင်းရှိ ငွေကြေးများပင် ခိုးယူကြလေ့ရှိပါသည်။

နည်းလမ်း(၉) Refund and Overpayment Scam (ငွေမှားလွဲသည့် သဏ္ဍာန်ဖြင့် လိမ်လည်ခြင်း)

ဤနည်းလမ်းကို အသုံးပြုရာ၌ လိမ်လည်သူများသည် အသက်အရွယ်အလယ်အလတ်နှင့် အသက်ကြီးပိုင်း အရွယ်အများစုကို ဦးတည်လိမ်လည်သည်။လိမ်လည်သူအများစုသည် ၎င်းတို ဦးတည်သည့် သားကောင်တစ်ဦး၏ အကောင့်အား ငွေမှားလွှထားသည့်အတွက်ကြောင့် အဆိုပါငွေအား‌ ပြန်လည်လွှအပ်ပေးရန် တောင်းဆိုလေ့ရှိသည်။အမှန်မှာမူ ငွေမှားလွှထားခြင်းမျိုး မရှိဘဲ Screenshot(စခရင်ရှော့) အတုများ အသုံးပြုပြီး အားနာတတ်သူများနှင့် ကိုယ်ချင်းစာနာမှုရှိနိုင်မည့်သူများကို လှည့်စားကာ အရေးကြီးသည့်အတွက် အမြန်ဆုံး ငွေလွှမှုပြုခိုင်းပြီး လိမ်လည်ကြခြင်းဖြစ်သည်။အချိုလိမ်လည်သူများမှာ အမှန်တကယ်အသက်မွေးဝမ်းကြောင်းပြုနေသည့် အွန်လိုင်းဈေးရောင်းချသူများကို ငွေပေးပြီးကြောင်း စလစ်အတုများပို၍ လိမ်လည်ကြမှုများလည်း ရှိသည်။

နည်းလမ်း(၁၀) Account Takeover Scam (အကောင့်ခိုးယူ၍ အခြားသူထံလိမ်လည်ခြင်း)

ကျားဖြန့်များ၏ အခြေခံလိမ်နည်း (၁၀)နည်းထဲရှိ နောက်ဆုံးနည်းလမ်းကတော့ မိမိတို၏ ဆိုရှယ်မီဒီယာအကောင့်ကို Hack (ခိုးယူ၍) မိမိတို၏ မိတ်ဆွေအကောင့်များထံ စာပိုဆက်သွယ်ကာ ငွေချေးခြင်း၊အကူအညီတောင်းခံခြင်းများကို ပြုလုပ်လေ့ရှိသည်။ကျွန်ုပ်တို၏ မိတ်ဆွေများမှာလည်း မိတ်ဆွေချင်းအကူအညီပေးရန် အသင့်ရှိကြလေ့ ရှိသည့်အတွက် မိမိတို၏ ဆိုရှယ်မီဒီယာအကောင့်ကို အသုံးချ၍ ငွေရှာလေ့ရှိသည့် လိမ်လည်မှုဖြစ်သည်။တချိုငွေမရသည့် အကောင့်များဖြစ်ပါကလည်း အဆိုပါအကောင့်များထံ Scam Link(လိမ်လည်မှုပြုရန် ပြင်ဆင်ထားသည့် လင့်)များ ဖြန့်၍ အကောင့်ဟက်ခြင်းအပြင် အခြားနည်းလမ်းဖြင့် လိမ်လည်မှုပြုကြသည်။

အပိုင်း(၄) နိဂုံး

ကျားဖြန့်နှင့် အွန်လိုင်းလိမ်လည်သူများသည် ယနေ့ခေတ် ဒစ်ဂျစ်တယ်လောက၏ အမှောင်ဘက်ခြမ်း စီးပွားရှာသူများ ဖြစ်ကြသည်။ အဆိုပါ လိမ်လည်သူ ကျားဖြန့်ရန်မှ ကာကွယ်နိုင်ရေးအတွက်ရည်ရွယ်၍ စာရေးသူအနေဖြင့် ကျားဖြန့်များ၏ အခြေခံလိမ်လည်နည်း(၁၀)နည်းကို ရေးသားခြင်းဖြစ်ပါသည်။ထိုအတွက်ကြောင့် စာဖတ်သူတစ်ဦးချင်းအနေဖြင့် မိမိတို မသိသည့် သူစိမ်းအကောင့်များကိုလည်းကောင်း၊ လင့်များကိုလည်းကောင်း၊ ဈေးသက်သာသည့် အွန်လိုင်းဈေးရောင်း ပေ့များကိုလည်းကောင်း သံသယ အထူးထား၍ မိမိတို၏ ကိုယ်ရေးအချက်အလက်များအား ကာကွယ်ပြီး အင်တာနက်ပလက်ဖောင်း အသုံးပြုမှုတစ်ခုစီတိုင်းအား သတိထားသုံးစွဲမှုပြုပါက ကျားဖြန့်အန္တရာယ်မှ မိမိကိုယ်ကို ကာကွယ်နိုင်ပါလိမ့်မည်။

2026 Cohort အတွက် ကျောင်းအပ်နှံထားသော ကျောင်းသူ ကျောင်းသားများ အနေဖြင့် Welcome & Orientation Program အား မပျက်မကွက်တက်ရ...
07/01/2026

2026 Cohort အတွက် ကျောင်းအပ်နှံထားသော ကျောင်းသူ ကျောင်းသားများ အနေဖြင့် Welcome & Orientation Program အား မပျက်မကွက်တက်ရောက်ရပါမည်။

မိမိတို့ email များအား သေချာ စစ်ဆေးရန် လိုအပ်ပါသည်။ Enrolled လုပ်ထားပြီး email မရရှိပါက Program Office email သို့မဟုတ် Page messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Program Office, NUZ

📢Diploma in Social Science Interview ဒုတိယသုတ်ကို မနက်ဖြန် ပြုလုပ်မှာ ဖြစ်ပါတယ်။ 📝လျှောက်ထားသူများ အနေဖြင့် မိမိတို့ ema...
02/01/2026

📢Diploma in Social Science Interview ဒုတိယသုတ်ကို မနက်ဖြန် ပြုလုပ်မှာ ဖြစ်ပါတယ်။

📝လျှောက်ထားသူများ အနေဖြင့် မိမိတို့ email များကို စစ်ဆေးကြဖို့ လိုပါတယ်ခင်ဗျာ။

University Writers’ Galleryစာရေးသူ - သိုက်ထွန်းဦး (First Year, MPA)အပိုင်း(၄) ကျားဖြန့်များ၏ အခြေခံလိမ်နည်း(၁၀)နည်းဒုတိယ...
02/01/2026

University Writers’ Gallery
စာရေးသူ - သိုက်ထွန်းဦး (First Year, MPA)

အပိုင်း(၄) ကျားဖြန့်များ၏ အခြေခံလိမ်နည်း(၁၀)နည်း
ဒုတိယပိုင်း

လိမ်နည်း(၅) Phishing Scam (အချက်အလက်ခိုးယူခြင်း)

Phishing Scam ဟုခေါ်သည့် အချက်အလက်ခိုးယူခြင်းနည်းလမ်းကတော့ Link, Email, Message စသည်တိုကို အသုံးပြုပြီး Password(လျှိဝှက်နံပါတ်), OTP,ကဒ်နံပါတ်( Card Number) များကို ခိုးယူသောနည်းဖြစ်ပါသည်။ ဘဏ်၊ ပိုဆောင်ရေး ဝန်ဆောင်မှု(Delivery Service)၊ ဆိုရှယ်မီဒီယာပလက်ဖောင်း Social Media Platform အဖြစ် အမည်ခံပြီး “အကောင့်အတည်ပြုရန်” ဟုဆိုကာ လင့်Link ပို၍ နှိပ်ခိုင်းလေ့ရှိပါသည်။ အဆိုပါ Link ထဲတွင် အမှန်နှင့်တူအောင် ပြုလုပ်ထားသည့် ဝက်ဆိုက်(Website) အတုများပါရှိတတ်ပြီး အချက်အလက်ထည့်လိုက်သည်နှင့် အကောင့်ပိုင်ရှင်မသိဘဲ လိမ်လည်သူ လက်ထဲ ရောက်သွားတတ်ပါသည်။၂၀၂၅ခုနှစ်အတွင်း "ဒီထဲကပုံက မင်းလား" ဟုဆိုကာ Link ပိုပြီးလိမ်လည်သည့် နည်းလမ်းတစ်ခုကိုလည်း အသုံးပြုလာ
ကြောင်း တွေ့ရပါသည်။

(၆)Prize / Lottery Scam (ဆုလာဘ်မဲပုံသဏ္ဍာန် လိမ်လည်မှု)

ဤနည်းလမ်းတွင် "သင် ဆုကြီးကံထူးရရှိထားတယ်" ဟူသော သတင်းစကားကို အီးမေးလ်၊ စာတို၊ ဖုန်းခေါ်ပြီး အသိပေး‌လေ့ရှိပါသည်။ ထိုကြောင့် ဆုရယူရန်အတွက် အခွန်၊ ပိုဆောင်ခ၊ စာရွက်စာတမ်းကြေး ပေးဆောင်ရမည်ဟု ဆက်သွယ်ပြီး ပြောလေ့ရှိကြပါသည်။ ၎င်းဆုကြီးမှာအမှန်မဟုတ်ပဲ ငွေကိုသာ လိမ်ယူခြင်းဖြစ်ပါသည်။ အဆို​ပါလိမ်လည်နည်းကတော့ ၂၀၁၅ ဝန်းကျင်ကတည်းက မြန်မာပြည်တွင် လူအများဆုံးလိမ်လည်ခံခဲ့ကြရသည့် နည်းဖြစ်သဖြင့် ယနေ့ထိတိုင် အထူးသတိထားရပေဦးမည် ဖြစ်ပါသည်။

အပိုင်း(၄) တတိယပိုင်းဆက်ရန်

📢Diploma in Social Science Interview ပထမသုတ်ကို မနက်ဖြန် ပြုလုပ်မှာ ဖြစ်ပါတယ်။ 📝လျှောက်ထားသူများ အနေဖြင့် မိမိတို့ email...
26/12/2025

📢Diploma in Social Science Interview ပထမသုတ်ကို မနက်ဖြန် ပြုလုပ်မှာ ဖြစ်ပါတယ်။

📝လျှောက်ထားသူများ အနေဖြင့် မိမိတို့ email များကို စစ်ဆေးကြဖို့ လိုပါတယ်ခင်ဗျာ။

25/12/2025

NUZ မိသားစုရဲ့ Online Christmas event မှာ Tg. Cin Bawi ရဲ့ သီဆိုတင်ဆက်မှုလေးဖြစ်ပါတယ်ဗျ 😊

“The First Noel”

Tg. Cin Bawi ရဲ့ Official YouTube Channel မှာလည်း ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ သီချင်း ကောင်းလေးတွေကို သွားရောက်နားဆင် အားပေးလို့ရပါတယ်ဗျ 😊😊

https://youtube.com/?si=6f8Lcv8Zo7tm6rQt

Address

Tedim
Tiddim

Alerts

Be the first to know and let us send you an email when National University of Zoland - NUZ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to National University of Zoland - NUZ:

Share