Speakeasy Language Centre

Call Directions Website Contact the university

Speakeasy Language Centre HAPPY LEARNING; GREAT RESULTS! Our unique approach to learning and state-of-the-art faculty makes SPEAKEASY Institute one of the best schools in Yangon.

SPEAKEASY Institute was born out of a simple idea: bringing high-quality, accessible and affordable education to the entire community. Hereafter, we’d like to cordially invite you to explore our engagements with diverse course schedules, and to stop by for a visit at your convenience.

�Vision
Speakeasy will thrive as a multilingual language centre in the future, well-equipped with all state-of-the-art facilities such as self-access centre and a remarkably vibrant library so that leaners can further their research to a whole new level.

�Mission
The learning programs which will be offered at SPEAKEASY Institute are :
English learning Program : There are three categories under this program : (1) General English, (2) Public Speaking and (3) IELTS. Moreover, we will also deliver weekly knowledge-sharing talk show programs on various interesting topics and also seminars as often as possible at our Speakeasy. In addition, Speakeasy assists learners open doors because it brings job opportunities, standing as a partial job agency of its own.

အကြောင်းအမျိုးမျိုးကြောင့် IELTS Exam ကို ကိုယ်စီစဉ်ထားတဲ့ရက်ထက် စောဖြေလိုက်ရတာမျိုး ကျောင်းသားတွေ ကြုံရလေ့ရှိပါတယ်။ 👉 ဒ...
19/09/2026

အကြောင်းအမျိုးမျိုးကြောင့် IELTS Exam ကို ကိုယ်စီစဉ်ထားတဲ့ရက်ထက် စောဖြေလိုက်ရတာမျိုး ကျောင်းသားတွေ ကြုံရလေ့ရှိပါတယ်။

👉 ဒီလိုအခြေအနေတွေဖြစ်လာရင် လက်ရှိတက်နေတဲ့ IELTS သင်တန်းကို ပြီးဆုံးအောင်မတက်လိုက်ရဘဲ Real Exam ဖြေလိုက်ရတဲ့အခါ ကောင်းကောင်းမဖြေနိုင်မှာ/ ကိုယ်မှန်းထားတဲ့ Band Score မရမှာကို ကျောင်းသားတိုင်း စိုးရိမ်တတ်ကြပါတယ်။
👉 ဒီလိုဖြစ်လေ့ရှိတဲ့အခက်အခဲတွေအတွက် Speakeasy ကနေ ကြိုတင်စဉ်းစားပြီး ကျောင်းသားတွေအတွက် ဝန်ဆောင်မှုတစ်ခု ထည့်သွင်းပေးထားတာရှိပါတယ်။

✅ Intake အမီကျောင်းလျှောက်ဖို့ပဲဖြစ်ဖြစ် / Visa လျှောက်ဖို့အတွက်ပဲဖြစ်ဖြစ် IELTS ကို အချိန်တိုအတွင်း အမြန်ဖြေဖို့ လိုအပ်လာတဲ့အခါ...
👉 Speakeasy ကနေ ကျောင်းသားယူထားတဲ့ အတန်းချိန်အပြင်
👉 ဆရာ/ဆရာမ အားတဲ့အချိန်နဲ့ညှိနှိုင်းပြီး ကျန်ရက်တွေမှာပါ ထပ်မံသင်ကြားလေ့ကျင့်ပေးပါတယ်။ 🎯

ဥပမာ - ကျောင်းသားရဲ့အတန်းချိန်က အပတ်စဉ် Mon, Tue - 7PM to 8:30PM ဖြစ်ပြီး အတန်းပြီးဖို့ကလည်း ၃-၄ ပတ်လောက်ကျန်သေးတယ်ဆိုရင် တစ်ပတ်တည်းမှာပဲ ပုံမှန်သင်နေကျ Mon, Tue အပြင် Wed, Thurs, Fri ရက်တွေမှာပါ စာသင်ချိန်တွေထပ်တိုးသင်ပေးပြီး ၄ ပတ်လောက်ကြာမယ့်အစား ၂ ပတ်လောက်နဲ့ Course ပြီးဆုံးသည်အထိ အားစိုက်သင်ကြားပေးသလို Mid-term, End-term Test များကိုပါ အပြီးဖြေဆိုစေပါတယ်။

ဒီလိုနည်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလျှောက်ဖို့ Intake Deadline အရမ်းနီးနေတဲ့သူတွေ/ VISA လျှောက်ဖို့ urgent အရေးပေါ်လိုအပ်နေတဲ့ကျောင်းသားတွေအတွက် တကယ့်ကိုအဆင်ပြေသွားစေပါတယ်။

ကျောင်းသားတိုင်းရဲ့ ပန်းတိုင်ရောက်ရှိစေဖို့ စိတ်စေတနာအပြည့်နဲ့ အနီးကပ်လမ်းညွှန် ပံ့ပိုးပေးတာ Speakeasy ရဲ့ စံနှုန်းပါပဲခင်ဗျာ... 🏆💯
YOUR GOAL IS OUR GOAL!

📩 IELTS အပါအဝင် Speakeasy မှာတက်ရောက်နိုင်တဲ့ သင်တန်းတွေအကြောင်း အသေးစိတ်စုံစမ်းရန်နှင့် သင်တန်းအပ်နှံရန်

𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
📞 | Viber: 09 788 444 182
📬 | Page Messenger

📍အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။





13/09/2026

September လအတွက် GED 3 in 1 (online)အတန်းသစ်ရှိလား ⁉️

-အလုပ်တစ်ဖက်နဲ့မလို့ ရုံးချိန်လွတ်ညဘက်တက်ချင်သူတွေ
-ကျောင်းစာနဲ့အလှမ်းဝေးထားပြီး အခုမှပညာရေးလမ်းဆက်လျှောက်ချင်သူတွေ
-English စာအားနည်းလို့GEDအတန်းမှာစာလိုက်နိုင်ပါ့မလားစိတ်ပူနေသူတွေအတွက်

Speakeasy ရဲ့ GED 3 in 1 အတန်းလေးရဲ့ အတန်းရက်နဲ့အချိန်စရင်းလေး (ရုံးချိန်လွတ်) ထွက်လာပါပြီခင်ဗျာ ... 🤩

Pre-GED + GED Foundation + GED Preparation အတန်းလေးရဲ့အချိန်စရင်းလေးကတော့ -
📍Tues , Wed , Fri , Sat - 9:00-11:00 PM (Myanmar Time) ဖြစ်ပြီး ၊
Speakeasy မှ FOC အနေနဲ့ ထည့်သွင်းသင်ကြားပေးသွားမည့် General English for GED အတန်းလေးရဲ့အချိန်စရင်းလေးကတော့ -
📍Sat, Sun 9-10:30 PM (Myanmar Time) ဖြစ်ပါတယ်ခင်ဗျာ ။

အခုလ Sep (26) တွင် General English for GED အတန်းလေးကို ဦးစွာစတင်မှာဖြစ်ပါတယ်ခင်ဗျာ ။ 💎

📍GED 3 in 1 class လေးက ( October 13 ) တွင် GED သင်ခန်းစာများစတင်သင်ကြားပေးမှာဖြစ်ပြီး ၊
English စာအားနည်းတဲ့ကျောင်းသား/သူများအတွက် ရှေ့ပြေးအနေနဲ့ GED အတန်းမစခင် ပထမ (၃) ပတ်ကို General English for GED အတန်းလေး ဦးစွာကြိုတင်သင်ကြားပေးမှာဖြစ်ပါတယ်ခင်ဗျာ ။ 💎


11/09/2026

GED မှာ စာဖတ်တဲ့အခါ အချိန်ကုန်သက်သာပြီး ထိရောက်မှုရှိစေမယ့် အရေးကြီးတဲ့ Reading Techniques (စာဖတ်နည်းဗျူဟာ) ၃ ခု 💯

​၁။ Skimming (ခြုံငုံဖတ်ခြင်း)
​စာသားတစ်ခုလုံးကို တစ်လုံးချင်းစီ လိုက်မဖတ်ဘဲ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်အတွင်းမှာ "ဘာအကြောင်းအရာလဲ" ဆိုတဲ့ အဓိက Big Picture ကို သိရှိနိုင်ဖို့ ဖြစ်ပါတယ်။

ဘယ်လိုတွေဖတ်ရမလဲ?
ခေါင်းစဉ်ကို ဖတ်ပါ: ခေါင်းစဉ်က ဘာအကြောင်းလဲဆိုတာ ချက်ချင်း ပြောပြပေးနိုင်ပါတယ်။

​ပထမဆုံး စာပိုဒ် ကို အာရုံစိုက်ပါ: အထူးသဖြင့် ပထမစာပိုဒ်ရဲ့ နောက်ဆုံးစာကြောင်းတွေကို သေချာဖတ်ပါ၊ အဲဒီနေရာမှာ စာရေးသူရဲ့ အဓိက တင်ပြချက် (Thesis Statement) ရှိတတ်လို့ပါ။

​စာပိုဒ်တစ်ခုချင်းစီရဲ့ ပထမဆုံး စာကြောင်းတွေကို ဖတ်ပါ: ဒါတွေကို Topic Sentences (အဓိကစာကြောင်း) လို့ ခေါ်တယ် အဲဒီစာပိုဒ်ရဲ့ အကျဉ်းချုပ်လဲ ဖြစ်တယ်။

နောက်ဆုံး စာပိုဒ် ကို ဖတ်ပါ: စာရေးသူက သူပြောခဲ့သမျှကို ဒီနေရာမှာ အနှစ်ချုပ်လေ့ ရှိပါတယ်။

Tip = Skimming လုပ်နေစဉ်မှာ ရက်စွဲတွေ၊ ရာခိုင်နှုန်းတွေနဲ့ ဥပမာစာရင်းတွေကို လျစ်လျူရှုပြီး ကျော်ဖတ်သွားပါ။

၂။ Scanning (ရှာဖွေဖတ်ခြင်း)

ကိုယ်လိုချင်တဲ့ သတ်မှတ်ချက် အချက်အလက်တစ်ခုခု (ဥပမာ- နာမည်၊ ရက်စွဲ၊ ကိန်းဂဏန်း သို့မဟုတ် စကားစု) ကို စက္ကန့်ပိုင်းအတွင်း ရှာဖွေဖို့ ဖြစ်ပါတယ်။

​ဘယ်လိုဖတ်ရမလဲ?
​Keyword (သော့ချက်စကားလုံး) ကို သတ်မှတ်ပါ: မေးခွန်းကို အရင်ကြည့်ပြီး ဘာကို ရှာရမလဲဆိုတာ ရွေးပါ (ဥပမာ- မေးခွန်းက "၁၉၂၀ မှာ ဘာဖြစ်ခဲ့လဲ" လို့မေးရင် ကိုယ်ရှာရမယ့် သော့ချက်က "1920" ဖြစ်ပါတယ်)။

​အဓိပ္ပာယ်ကို လိုက်မတွေးပါနဲ့: မျက်စိကို ကွန်ပျူတာ စကင်နာဖတ်သလိုမျိုး စာသားပေါ်မှာ အပေါ်အောက်၊ ဘယ်ညာ အမြန်ရွှေ့ပြီး ကိုယ်လိုချင်တဲ့ သော့ချက်စကားလုံးရဲ့ ပုံသဏ္ဍာန်ကိုပဲ လိုက်ရှာပါ။

​တွေ့ပြီဆိုမှ သေချာဖတ်ပါ: သော့ချက်စကားလုံး (သို့မဟုတ် ၎င်းနှင့်အဓိပ္ပာယ်တူစကားလုံး) ကို မျက်စိက မြင်လိုက်ပြီဆိုရင် ရပ်လိုက်ပါ၊ ပြီးမှ အဖြေရဖို့ ထိုစာကြောင်းနဲ့ ဘေးပတ်ဝန်းကျင် စာကြောင်းတွေကို သေချာအာရုံစိုက်ပြီး ဖတ်ပါ။

​၃။ Finding the Main Idea (အဓိက အယူအဆကို ရှာဖွေခြင်း)

စာသားတစ်ခုလုံးကနေ စာရေးသူ ပေးချင်တဲ့ အဓိက အချက်အလက် သို့မဟုတ် အဓိက message ကို သိရှိဖို့ ဖြစ်ပါတယ်။

အဲ့လိုသိဖို့ ဘယ်လိုလုပ်ရမလဲ?

​မေးခွန်း ၂ ခု မေးပါ: အမြန် Skim လုပ်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ -

​ဒီစာက ဘယ်သူ့အကြောင်း/ဘာအကြောင်းလဲ? (ဒါဆိုရင် အကြောင်းအရာ - Topic ကို ရပါမယ်၊
ဥပမာ - "The Printing Press" ပုံနှိပ်စက်)။

​ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စာရေးသူက ငါ့ကို ဘာသိစေချင်တာလဲ? (ဒါဆိုရင် အဓိကအယူအဆ - Main Idea ကို ရပါမယ်၊ ဥပမာ - "ပုံနှိပ်စက်က သတင်းအချက်အလက်တွေကို လူတိုင်းလက်လှမ်းမီစေပြီး ဥရောပလူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ခဲ့တယ်")။

​The Umbrella Rule (ထီးသီအိုရီ): Main Idea ဆိုတာ ထီးတစ်ချောင်းလိုပါပဲ။ စာမျက်နှာထဲမှာ ပါသမျှ အသေးစိတ်အချက်အလက်တွေ၊ အချက်အလက်တွေနဲ့ ဥပမာတွေ အားလုံးကို လွှမ်းခြုံနိုင်လောက်အောင် ကျယ်ပြန့်ရပါမယ်။ ပေးထားတဲ့ ရွေးချယ်စရာတစ်ခုက စာပိုဒ်တစ်ခုတည်းရဲ့ အသေးစိတ်ကိုပဲ ပြောထားတာဆိုရင် အဲဒါ Main Idea မဟုတ်ပါဘူး။


ဂျပန်ကနေ IELTS လှမ်းတက်ပြီး Master လျှောက်ဖို့လိုအပ်တဲ့ Band 6.5 ရရှိသွားတဲ့ ညီမလေး Tar 🎓🤩Congratulations ပါ ညီမလေးရေ......
10/09/2026

ဂျပန်ကနေ IELTS လှမ်းတက်ပြီး Master လျှောက်ဖို့လိုအပ်တဲ့ Band 6.5 ရရှိသွားတဲ့ ညီမလေး Tar 🎓🤩

Congratulations ပါ ညီမလေးရေ... 🎉
ဒီညီမလေးကတော့ Speakeasy Language Centre မှာ
✅ General English (4 Skills) 30-hr Level-up Course (One-on-one)
✅ IELTS 24-hr Course (One-on-one) တွေကို အတူတွဲဖက်တက်ရောက်ခဲ့ပြီး ကျောင်းဘက်ကလည်း IELTS Real Exam ဖြေခါနီးမှာ ✅ အနီးကပ်စာသင်ချိန် FOC 7 hours ထပ်မံသင်ကြားပေးခဲ့ပါတယ်။

👉 အလုပ်မအားတဲ့ကြားက IELTS အတန်းတက်ရင်း Master လျှောက်ဖို့ပြင်ဆင်နေရတာမို့ ကိုယ်ပိုင်စာကြည့်ချိန်လည်း နည်းပါးခဲ့ပါတယ်။
👉 ဒါပေမယ့် အတန်းထဲမှာတင် ဆရာမရဲ့ တထိုင်တည်းလေ့ကျင့်သင်ကြားပေးမှုနဲ့အတူ ညီမလေးရဲ့ ကြိုးစားအားထုတ်မှုကြောင့် Real Exam မှာ လိုအပ်တဲ့ Band 6.5 ရရှိအောင် ဖြေဆိုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 🤩🤩

✅ ညီမလေးရဲ့ အားသာချက်/အားနည်းချက်တွေအပေါ်အခြေခံပြီး သီးသန့်ရေးဆွဲပေးထားတဲ့ Customized Lesson Plan
✅ သင်တန်းတက်နေစဉ်အတွင်း အပတ်စဉ်တိုးတက်မှုအခြေအနေကိုပြတဲ့ Weekly Progress တွေကိုလည်း ဖော်ပြပေးထားပါတယ်။
Result သိရချင်းမှာ ညီမလေးက ကျေးဇူးတင်ကြောင်းလာပြောပြထားတဲ့ screenshot လေးလည်း ပါတယ်နော်... 🥰

📩 Speakeasy မှာတက်ရောက်နိုင်တဲ့ သင်တန်းတွေအကြောင်း အသေးစိတ်စုံစမ်းရန်နှင့် သင်တန်းအပ်နှံရန်

𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
📞 | Viber: 09 788 444 182
📬 | Page Messenger

📍အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။







GED တက်ချင်ပေမဲ့ English စာ အားနည်းလို့ စိုးရိမ်နေတဲ့ ကျောင်းသားများအတွက်...💡👉 GED တက်တော့မယ်ဆိုရင် ကျောင်းသားတိုင်းရဲ့ ...
05/09/2026

GED တက်ချင်ပေမဲ့ English စာ အားနည်းလို့ စိုးရိမ်နေတဲ့ ကျောင်းသားများအတွက်...💡

👉 GED တက်တော့မယ်ဆိုရင် ကျောင်းသားတိုင်းရဲ့ Education Background မတူညီကြပါဘူး။
👉အင်္ဂလိပ်စာ လေ့လာထားသူတွေ ရှိသလို အင်္ဂလိပ်စာနဲ့ အလှမ်းဝေးနေတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။

ဒါကြောင့် Speakeasy မှာ GED တက်ရောက်တဲ့ ကျောင်းသားတွေအနေနဲ့ GED အတွက် သီးသန့်အင်္ဂလိပ်စာအတန်း ထပ်တက်ဖို့ မလိုအောင် "English for GED" အတန်းကို Complimentary Class အနေနဲ့ အခမဲ့ (FOC) ထည့်သွင်း သင်ကြားပေးနေပါတယ်။ 🎁

📌 ဒီအတန်းဟာ လက်ရှိ Speakeasy မှာဖွင့်လှစ်ထားတဲ့ General English (4 Skills) Level-up Course နဲ့မတူညီဘဲ GED Group Class အတွက်သီးသန့် ဖြည့်စွက်အတန်းတစ်ခုသာဖြစ်ပါတယ်။
📌 GED ဖြေနိုင်ရုံတင်မဟုတ်ဘဲ ကိုယ့်ရဲ့ General English Level (4 Skills) ကိုပါ မြှင့်တင်ချင်တဲ့ကျောင်းသားများကတော့ General English (4 Skills) Level-up Course ကို ထပ်မံအပ်နှံပြီး တွဲဖက်တက်ရောက်ကြပါတယ်။

💁‍♂️ English for GED အတန်းမှာ ဘာတွေ ပါဝင်လဲ?

- GED မှာ အဓိကလိုအပ်တဲ့ Vocabulary & Grammar
- Reading Comprehension & Reading Tasks
✍️ ဒါ့အပြင် ကျောင်းသားအများစု ကြောက်ကြတဲ့ Extended Response (RLA Essay) ကိုကောင်းကောင်းရေးသားနိုင်ဖို့ ‌အထူးသင်ကြားပေးပါတယ်။

✅ ဒါတင်မကဘဲ English for GED ရဲ့ အတန်းချိန် Recording Video များကိုလည်း Google Drive ထဲမှာ စနစ်တကျ Upload တင်ပေးထားတာမို့ ကိုယ်က အတန်းမတက်ဖြစ်ခဲ့ရင်တောင် အချိန်မရွေး ပြန်ကြည့်ပြီး စာလေ့လာနိုင်ပါတယ်။

💁‍♂️ English အားနည်းလို့ GED မှာစာမလိုက်နိုင်မှာ/ Essay မရေးနိုင်မှာတွေကို (လုံးဝ) စိတ်ပူစရာမလိုအောင် Speakeasy ရဲ့ GED 3-in-1 Group Class ကို အခုပဲတက်ရောက်လိုက်တော့နော်.... 🎓 ✨

📩 သင်တန်းအကြောင်း အသေးစိတ် စုံစမ်းရန်နှင့် သင်တန်းအပ်နှံရန်

𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
📞 | Viber: 09 788 444 182
📬 | Page Messenger

📍အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။







IELTS နဲ့ General English တပြိုင်တည်းတွဲတက်ပြီး Band 6.5❗🤩ညီမလေး Moe Myat Chel Khine ကတော့ Speakeasy Language Centre မှာ...
05/09/2026

IELTS နဲ့ General English တပြိုင်တည်းတွဲတက်ပြီး Band 6.5❗🤩

ညီမလေး Moe Myat Chel Khine ကတော့ Speakeasy Language Centre မှာ
✅ IELTS 24-hr Course (One-on-one)
✅ General English (4 Skills) Level-up 30-hr Course (One-on-one) ကို တွဲဖက်တက်ရောက်ခဲ့တာပါ။

👉 IELTS အတန်းရဲ့ ပုံမှန် duration က 16 hours တည်းဖြစ်ပေမယ့်
👉 General English အတန်းနဲ့ တပြိုင်တည်းတွဲတက်တဲ့အခါမှာ စာသင်ချိန်နာရီအပို 8 hours တောင်ရရှိတာဖြစ်လို့ စုစုပေါင်း 24 hours တိတိ သင်ကြားလေ့ကျင့်ပေးခဲ့ပါတယ်။

👉 ဒါ့အပြင် စာမေးပွဲဖြေခါနီးမှာ နောက်ထပ် FOC 8 hours ပေးပြီး အနီးကပ်လေ့ကျင့်ပေးခဲ့ပါတယ်။

ဒီလိုလေ့ကျင့်မှုတွေနဲ့အတူ Real Exam မှာ Band Score 6.5 နဲ့ ဖြေဆိုအောင်မြင်ခဲ့တာဖြစ်ပါ‌တယ်... 🏆🤩

Kudos to our outstanding achiever! 🎉

📩 သင်တန်းအကြောင်း အသေးစိတ် စုံစမ်းရန်နှင့် သင်တန်းအပ်နှံရန်

𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
📞 | Viber: 09 788 444 182
📬 | Page Messenger

📍အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။







Group Class ဆိုပေမယ့် ကျောင်းသားတစ်ယောက်စီတိုင်းကို ဂရုစိုက်ပေးတဲ့ Speakeasy ရဲ့ "GED 3-in-1 Class" 🎓✨👉 Group Class တွေမ...
02/09/2026

Group Class ဆိုပေမယ့် ကျောင်းသားတစ်ယောက်စီတိုင်းကို ဂရုစိုက်ပေးတဲ့ Speakeasy ရဲ့ "GED 3-in-1 Class" 🎓✨

👉 Group Class တွေမှာ အရာရာ အဆင်ပြေနေတယ်/ လုံးဝ ပြဿနာမရှိဘူးဆိုရင် ဒါဟာ မမှန်နိုင်ပါဘူး။
👉 ဒါပေမယ့် Speakeasy မှာတော့ Group Class ဖြစ်ပေမယ့် ကျောင်းသားတွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ အများဆန္ဒကို အဓိကဦးစားပေးပြီး အဆင်ပြေဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။

Speakeasy ရဲ့ GED 3-in-1 Class မှာ တက်ရောက်ရင် ရရှိနိုင်မယ့် အားသာ‌ချက်တွေကတော့...

1️⃣ ၃ ပတ် (သို့) ၁ လ တစ်ခါ ကျောင်းသားတွေကို Meeting ခေါ်ယူပြီး နားမလည်တဲ့ အခန်းတွေကို ပြန်လည်ရှင်းပြပေးခြင်း။

2️⃣ လက်ရှိသင်နေတဲ့ ဆရာမနဲ့ အဆင်မပြေပါက (ကျောင်းသား ၈၀% သဘောတူရင်) ၁ ပတ်အတွင်း ဆရာမအသစ်ကို ချက်ချင်း လဲလှယ်ပေးပါတယ်။
👉 လက်ရှိ ၂၀၂၆ ရဲ့ GED 4th Batch မှာဆိုရင်လည်း ကျောင်းသားအများစုက လက်ရှိဆရာမရဲ့ သင်ကြားတဲ့ပုံစံနဲ့ အာဘော်မကိုက်/ အဆင်‌မပြေလို့ သဘောမကျဘူးလို့ feedback ပေးကြတာကြောင့် Speakeasy ဘက်ကနေ ဆရာမကို ချက်ချင်းပဲ ပြောင်းလဲပေးခဲ့ပါတယ်။

3️⃣ Chapter-Ended Tests
ဘာသာရပ်တိုင်း၊ အခန်းတစ်ခန်းပြီးတိုင်း chapter-ended test တွေကို စနစ်တကျ စစ်ဆေးပေးပြီး အမှတ်များပြန်ထုတ်ပေးပါတယ်။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့လည်း စာပုံမှန်လုပ်ဖြစ်စေပါတယ်။

4️⃣ ဆရာ/ဆရာမများအ‌ပေါ် တင်းကြပ်တဲ့ SOP Policy
Teacher Salary Checklist စနစ်ထားရှိပြီး လစဉ် Lesson Plan, Recording, Weekly Progress Report များ စုံလင်သွားမှသာ လစာလွှဲပေးတာမို့ သင်ကြားရေး အရည်အသွေး ရာနှုန်းပြည့် စနစ်ကျ‌ပါတယ်။

5️⃣ Lifetime Google Drive Recording
Class Recording Video တွေကို Telegram/Viber မှာလို ပျက်စီး/Expired ဖြစ်မသွားအောင် Google Drive ထဲမှာထည့်ပေးထားပြီး Lifetime Access နဲ့ အချိန်မရွေး ပြန်ကြည့်နိုင်ပါတယ်။

6️⃣ Flexible Class Time
ကျောင်းသား အများစု အတန်းချိန်အဆင်မပြေပါက သေချာ ညှိနှိုင်းပြီး အချိန်ပြောင်းလဲပေးပါတယ်။
👉 GED 4th Batch မှာပဲ လက်ရှိအတန်းချိန် 8:30-10:30 PM က အရမ်းနောက်ကျလို့ ရှေ့ကိုတိုးပေးဖို့တောင်းဆိုကြတာကြောင့် 8-10 PM ကို ပြောင်းလဲသင်ကြားပေးခဲ့ပါတယ်။

7️⃣ Weekly Progress Report
အတန်းပျက်/နောက်ကျ၊ အိမ်စာမထပ်၊ စာမရတာတွေကို သေချာ စောင့်ကြည့်ပြီး မိဘအုပ်ထိန်းသူများကို ပြန်လည် ရှင်းပြပေးပါတယ်။
မိဘများတောင်းဆိုပါက Weekly Progress Report ကို ပြသပေးပါတယ်။

8️⃣ FOC English for GED Class
အင်္ဂလိပ်စာသင်တန်း သီးသန့်ထပ်တက်ရန် မလိုဘဲ Vocab, Grammar, Reading နားလည်ရုံမက ကျောင်းသားအများစုကြောက်ကြတဲ့ Extended Response (RLA Essay) ကိုပါ ကောင်းကောင်းရေးနိုင်သွားအောင် "English for GED" အတန်းမှာ အခမဲ့ ထပ်တိုးသင်ကြားပေးပါတယ်။

👉 English အားနည်းတာအပါအဝင် အတန်းထဲ စာမလိုက်နိုင်မှာ (လုံးဝ) ပူစရာမလိုအောင် စီစဉ်ပေးထားတဲ့ GED 3-in-1 Group Class နဲ့အတူ သင့်အနာဂတ်ကို ယုံကြည်စိတ်ချစွာ ပုံဖော်လိုက်ပါ... 👩‍🎓👨‍🎓✨

📩 သင်တန်းအကြောင်း အသေးစိတ် စုံစမ်းရန်နှင့် သင်တန်းအပ်နှံရန်

𝐒𝐩𝐞𝐚𝐤𝐞𝐚𝐬𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐫𝐞
📞 | Viber: 09 788 444 182
📬 | Page Messenger

📍အမှတ် (၂၆)၊ ခိုင်ရွှေဝါ Housing ဒုတိယထပ်၊ ရွှေကံ့ကော်လက်ဖက်ရည်ဆိုင်အပေါ်ထပ်၊ ဗဟိုလမ်း (ဗဟိုလမ်းနှင့် လင်းရောင်ခြည်လမ်းထောင့်)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။







02/09/2026

ဒီနေ့မှာတော့ GED ရဲ့ RLA Literary Test Fiction Analysis မှာပါတဲ့ အသုံးအနှုန်းတွေ (Elements of Fiction) တွေကို ပြောပြပေးသွားပါမယ် 💯

​📍တစ်ခုချင်းစီရဲ့ Definition နဲ့ ဘယ်အချိန်မှာ သုံးရမလဲဆိုတာကို ရှင်းပြပေးပါမယ်။

​1. Theme (အဓိကအကြောင်းအရာ / အတွေးအခေါ်)
​ ဇာတ်လမ်းတစ်ပုဒ်လုံးကနေ ပေးချင်တဲ့ ဗဟုသုတ၊ Universal Truthဒါမှမဟုတ် လူ့သဘာဝဆိုင်ရာ သင်ခန်းစာတွေ ဖြစ်ပါတယ်။ စာလုံးတစ်လုံးတည်း (ဥပမာ- "ချစ်ခြင်းမေတ္တာ") မဟုတ်ဘဲ ပြည့်စုံတဲ့ ဝါကျတစ်ကြောင်း ("စစ်မှန်တဲ့မေတ္တာဟာ အခက်အခဲအားလုံးကို ကျော်လွှားနိုင်တယ်") အနေနဲ့ ဖော်ပြရပါမယ်။
​ဘယ်အချိန်မှာ သုံးလဲ: စာရေးသူက ဒီဇာတ်လမ်းကနေတစ်ဆင့် စာဖတ်သူကို ဘယ်လို အတွေးအမြင် message ပေးချင်တာလဲဆိုတာကို မေးတဲ့အခါ သုံးပါတယ်။

​2. Plot or Events in a Story (ဇာတ်ကွက် ဖြစ်စဉ်များ)
​ဇာတ်လမ်းထဲမှာ ဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်တွေရဲ့ အစီအစဉ်နဲ့ အကြောင်းအကျိုး ဆက်စပ်မှု ဖြစ်ပါတယ်။ ပြဿနာစတင်ပုံ၊ အရှိန်တက်လာပုံ၊ အထွတ်အထိပ် (Climax) ရောက်ပုံနဲ့ ပြဿနာပြေလည်သွားပုံ (Resolution) တွေ ပါဝင်ပါတယ်။
​ဘယ်အချိန်မှာ သုံးလဲ: ဇာတ်လမ်းထဲမှာ "ဘယ်အကြောင်းကြောင့် ဘာဖြစ်သွားလဲ" ဆိုတဲ့ ဖြစ်ရပ်တွေရဲ့ အဆက်အစပ်ကို ခြေရာခံချင်တဲ့အခါ သုံးပါတယ်။

​3. Characters (ဇာတ်ကောင်များ)
​ ဇာတ်လမ်းထဲမှာ ပါဝင်လှုပ်ရှားပြီး ဇာတ်ကွက်ကို ဦးဆောင်နေတဲ့ လူ၊ သတ္တဝါ ဒါမှမဟုတ် လူသားပုံသဏ္ဌာန် ဖန်တီးထားတဲ့အရာတွေ ဖြစ်ပါတယ်။
​ဘယ်အချိန်မှာ သုံးလဲ: ဇာတ်လမ်းထဲက လူတွေရဲ့ လုပ်ရပ်၊ စရိုက်နဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို လေ့လာဆန်းစစ်တဲ့အခါ သုံးပါတယ်။

​4. Motivation (တွန်းအား / ရည်ရွယ်ချက်)
​ဇာတ်ကောင်တစ်ယောက်က တစ်ခုခုကို လုပ်ဆောင်ဖို့ တွန်းအားပေးနေတဲ့ စိတ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒ၊ လိုအပ်ချက် ဒါမှမဟုတ် ကြောက်ရွံ့မှု တွေဖြစ်ပါတယ်။ "သူ ဘာကြောင့် ဒါကို လုပ်ရတာလဲ (Why)" ဆိုတဲ့ မေးခွန်းရဲ့ အဖြေ ဖြစ်ပါတယ်။
​ဘယ်အချိန်မှာ သုံးလဲ: ဇာတ်ကောင်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ရှာဖွေတဲ့အခါ သုံးပါတယ်။

​5. Character Traits (စရိုက်လက္ခဏာ)
​ဇာတ်ကောင်တစ်ယောက်ရဲ့ ရေရှည်တည်တံ့တဲ့ ပင်ကိုယ်ဗီဇ ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေး (ဥပမာ- ရဲရင့်ခြင်း၊ မာနကြီးခြင်း၊ လောဘကြီးခြင်း) ဖြစ်ပါတယ်။ ဒါတွေကို သူတို့ရဲ့ စကားပြောပုံ၊ ရွေးချယ်မှုနဲ့ လုပ်ရပ်တွေကနေတစ်ဆင့် သိနိုင်ပါတယ်။
​ဘယ်အချိန်မှာ သုံးလဲ: ဇာတ်ကောင်တစ်ယောက်က "ဘယ်လိုလူစားမျိုးလဲ (What kind of person)" ဆိုတာကို ဖော်ပြ၊ ဆန်းစစ်ချင်တဲ့အခါ သုံးပါတယ်။

6. Interaction Between Characters (ဇာတ်ကောင်များကြား အပြန်အလှန်ဆက်ဆံရေး)
​မတူညီတဲ့ စရိုက်နဲ့ ရည်ရွယ်ချက်ရှိကြတဲ့ ဇာတ်ကောင်တွေ ထိပ်တိုက်တွေ့တဲ့အခါ ဖြစ်လာတဲ့ ပဋိပက္ခ၊ ပြောင်းလဲမှု ဒါမှမဟုတ် မဟာမိတ်ဖွဲ့မှုများ ဖြစ်ပါတယ်။
​ဘယ်အချိန်မှာ သုံးလဲ: ဇာတ်ကောင်နှစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ထက်ပိုတဲ့သူတွေရဲ့ ဆက်ဆံရေးက ဇာတ်လမ်းကို ဘယ်လိုတိုးတက်ပြောင်းလဲစေလဲဆိုတာကို ကြည့်တဲ့အခါ သုံးပါတယ်။

​7. Setting (နောက်ခံပတ်ဝန်းကျင်)
​ဇာတ်လမ်းဖြစ်ပွားရာ အချိန် (Time period)၊ နေရာ (Geographic location) နဲ့ ယဉ်ကျေးမှု/လူမှုရေးနောက်ခံ (Cultural background) ဖြစ်ပါတယ်။ Setting ဟာ ရိုးရိုးနောက်ခံတင်မကဘဲ ဇာတ်ကောင်တွေရဲ့ ခံစားချက်နဲ့ ဇာတ်လမ်းရဲ့ အရှိန်အဝါကိုပါ လွှမ်းမိုးပါတယ်။
​ဘယ်အချိန်မှာ သုံးလဲ: ဇာတ်လမ်းရဲ့ အငွေ့အသက် (Mood) ကို ဆန်းစစ်ဖို့နဲ့ နေရာ အချိန်က ဇာတ်ကောင်တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ရှင်းပြတဲ့အခါ သုံးပါတယ်။

​8. Character and Narrator Viewpoint (ရှုထောင့် / အမြင်)
​ဇာတ်လမ်းကို ဘယ်သူ့မျက်စိ၊ ဘယ်သူ့ရှုထောင့်ကနေ ဖြတ်ပြီး စာဖတ်သူဆီ တင်ပြနေတာလဲ ဆိုတဲ့ Narrative Perspective ဖြစ်ပါတယ်။
​First-Person: ဇာတ်ကောင်ကိုယ်တိုင်က "ကျွန်တော်/ကျွန်မ" ဟု ပြောခြင်း။
​Third-Person Limited: အပြင်ကပုံပြောသူက ဇာတ်ကောင်တစ်ယောက်တည်းရဲ့ အတွေးကိုပဲ သိခြင်း။
​Third-Person Omniscient: အပြင်ကပုံပြောသူက ဇာတ်ကောင်အားလုံးရဲ့ အတွေးကို အကုန်သိခြင်း။
​ဘယ်အချိန်မှာ သုံးလဲ: စာဖတ်သူအနေနဲ့ ဇာတ်ကောင်တွေရဲ့ စိတ်ထဲက လျှို့ဝှက်ချက် ဒါမှမဟုတ် အတွေးတွေကို ဘယ်လောက်အထိ ထိုးထွင်းသိမြင်နိုင်လဲဆိုတာကို ဆန်းစစ်တဲ့အခါ သုံးပါတယ်။
Tips: GED စာမေးပွဲဖြေဆိုတဲ့အခါ ဒီ Elements တွေကို သုံးပြီး analytical claims ထုတ်ရင် Personal opinions ကို မသုံးဘဲ၊ စာသားထဲက explicit lines ကို Textual Evidence အဖြစ် အမြဲကိုးကားပြီး ဖြေဆိုရမှာဖြစ်ပါတယ်။

အားလုံးပဲ GED exam ကိုအောင်မြင်စွာဖြေဆိုနိုင်ကြပါစေနော် … 💎


31/08/2026

ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာက GED Maths Probabilityမှာ တော်"များ"လွဲကြတဲ့ အမှားများဆုံးအပိုင်းက Independent (အမှီအခိုမရှိ) နဲ့ Dependent (အမှီအခိုရှိ) ကို ကွဲကွဲပြားပြား သိအောင် ပြောပြပေးပါမယ်။ 💯

တွက်နည်း: အဖြစ်အပျက်တစ်ခုချင်းစီရဲ့ Probability ကို ရှာပြီး မြှောက် ပေးရပါမယ်။

P(A and B)= P(A)× P (B)

Independent Events (အချင်းချင်း သက်ရောက်မှုမရှိခြင်း)
​ပထမအကြိမ် လုပ်ဆောင်ချက်က ဒုတိယအကြိမ်အပေါ် လွှမ်းမိုးမှု မရှိတာမျိုးပါ။ (ဥပမာ- With Replacement - အိတ်ထဲကနေ ဘောလုံးတစ်လုံးနှိုက်ပြီး အိတ်ထဲ ပြန်ထည့်လိုက်တာမျိုး)။

Example
​အိတ်တစ်အိတ်ထဲမှာ အနီရောင်ဘောလုံး ၃ လုံး နဲ့ အပြာရောင်ဘောလုံး ၇ လုံး (စုစုပေါင်း ၁၀ လုံး) ရှိတယ်ဆိုပါစို့။
​ပထမအကြိမ် နှိုက်ခြင်း: အနီရောင်ရဖို့ Probability က 3/10 ဖြစ်ပါတယ်။ကိုယ်က နှိုက်လိုက်တဲ့ ဘောလုံးကို ကြည့်ပြီး အိတ်ထဲ ပြန်ထည့်လိုက်တယ် (Replacement)။

​ဒုတိယအကြိမ် နှိုက်ခြင်း: အိတ်ထဲမှာ အနီ ၃ လုံး၊ စုစုပေါင်း ၁၀ လုံး အတိုင်းပဲ ပြန်ဖြစ်နေတဲ့အတွက် အနီရောင် ထပ်ရဖို့ Probability က 3/10 ပဲ ဖြစ်ပါတယ်။
ပထမအကြိမ် နှိုက်တာက ဒုတိယအကြိမ်ရဲ့ စုစုပေါင်း အရေအတွက်ကို မပြောင်းလဲစေတဲ့အတွက် ဒါဟာ Independent ဖြစ်ပါတယ်။

Dependent Events (အချင်းချင်း သက်ရောက်မှုရှိခြင်း)
​ပထမအကြိမ် လုပ်ဆောင်ချက်ကြောင့် စုစုပေါင်း အရေအတွက် ပြောင်းလဲသွားပြီး ဒုတိယအကြိမ်အပေါ် သက်ရောက်မှု ရှိသွားတာမျိုးပါ။ (ဥပမာ- Without Replacement - နှိုက်လိုက်တဲ့ ဘောလုံးကို အိတ်ထဲ ပြန်မထည့်တော့တာမျိုး)။

Example
​နဂိုအတိုင်း အိတ်ထဲမှာ အနီရောင်ဘောလုံး ၃ လုံး နဲ့ အပြာရောင်ဘောလုံး ၇ လုံး (စုစုပေါင်း ၁၀ လုံး) ရှိတယ်။
​ပထမအကြိမ် နှိုက်ခြင်း: အနီရောင်ရဖို့ Probability က 3/10 ဖြစ်ပါတယ်။
​ဒီတစ်ခါမှာတော့ ရလာတဲ့ဘောလုံးကို အပြင်မှာပဲ ထားလိုက်ပြီး အိတ်ထဲ ပြန်မထည့်တော့ဘူး (Without Replacement)။

​ဒုတိယအကြိမ် နှိုက်ခြင်း: အိတ်ထဲမှာ အနီရောင်က ၂ လုံးပဲ ကျန်တော့သလို၊ စုစုပေါင်း ဘောလုံးအရေအတွက်ကလည်း ၉ လုံးပဲ ကျန်ပါတော့တယ်။ ဒါကြောင့် ဒုတိယအကြိမ်မှာ အနီရောင်ထပ်ရဖို့ Probability က 2/9 ဖြစ်သွားပါတယ်။
​ပထမအကြိမ် လုပ်ရပ်ကြောင့် ဒုတိယအကြိမ်ရဲ့ ဖြစ်နိုင်ခြေ ကိန်းဂဏန်းတွေပါ ပြောင်းလဲသွားတဲ့အတွက် ဒါဟာ Dependent ဖြစ်ပါတယ်။


28/08/2026

" Extended Response ကို လှလှပပနဲ့ ကောင်းကောင်းကြီး ရေးတတ်ဖို့ 6-Steps Master Plan"

ER မှာ အမှတ်ကောင်းကောင်းရဖို့ Writing process 6 steps ကို ​အဆင့်တစ်ခုချင်းစီက ဘာကိုဆိုလိုတာလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာကို တစ်ဆင့်ချင်းစီ လွယ်ကူအောင် ပြောပြပေးပါမယ်။

1.Skimming the passage for general overview

ပေးထားတဲ့ စာပိုဒ်အရှည်ကြီးကို စာလုံးတစ်လုံးချင်းစီ လိုက်ဖတ်မနေဘဲ ခေါင်းစဉ်တွေ၊ စာပိုဒ်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးစာကြောင်းတွေကို မျက်စိနဲ့အမြန်ဖတ်ပြီး "ဒီစာက ဘာအကြောင်းအရာလဲ" ဆိုတဲ့ဟာကို ရှာဖွေတာ ဖြစ်ပါတယ်။
အချိန် 1-2 မိနစ်ပဲ ပေးပြီး စာမျက်နှာပေါ် မှာရှိတဲ့ အဓိကအချက် (Main Idea) ကိုပဲ အမိအရဖတ်ပါ။

2.Scanning & analyzing the passage

ဒီstepမှာတော့ စာကို သေချာအာရုံစိုက်ဖတ်ပြီး စာရေးသူနှစ်ယောက် (စာပိုဒ်နှစ်ခုပေးထားလေ့ရှိပါတယ်) ရဲ့ အယူအဆတွေ၊ သူတို့ပေးထားတဲ့ သက်သေအထောက်အထား (Evidence) တွေကို ရှာဖွေတာပါ။

"ဘယ်သူ့ရဲ့ အယူအဆက ပိုခိုင်လုံလဲ"၊ "ဘယ်သူက အချက်အလက် (Fact) တွေ ပိုသုံးထားပြီး ဘယ်သူက ကိုယ်ပိုင်ခံစားချက် (Opinion) တွေပဲ ရေးထားတာလဲ" ဆိုတာကို ခွဲခြားစိတ်ဖြာပြီး ဖတ်ရပါမယ်။

3.Plan & do the short list to use

စာမရေးခင် ကိုယ်ဘာတွေထည့်ရေးမလဲဆိုတာကို ခေါင်းထဲမှာ ဒါမှမဟုတ် စာရွက်အကြမ်းပေါ်မှာ ပုံစံချတာ Outline ဆွဲတာကိုပြောတာပါ။
ကိုယ်က ဘယ်စာရေးသူရဲ့ အယူအဆကို ပိုခိုင်လုံတယ်လို့ ရွေးချယ်လိုက်ကြောင်း (Thesis Statement) ချရေးပါ။ ပြီးရင် step(2) တုန်းက ရှာထားတဲ့ သက်သေအထောက်အထားတွေထဲကမှ အကောင်းဆုံးအချက် ၃ ခုလောက်ကို Short list လုပ်ပြီး ချရေးပါ။

4.Draft your response

​အစီအစဉ်ချထားတဲ့အတိုင်း Essayကို စပြီးရေးတဲ့ အဆင့်ပါ။ စာလုံးပေါင်း၊ Grammer တွေကို စိတ်မပူဘဲ ကိုယ့်ရဲ့ စိတ်ကူးတွေကို စာသားအဖြစ် ပြောင်းလဲဖို့ပဲ အာရုံစိုက်ရပါမယ်။
​အနည်းဆုံး စာပိုဒ် ၄ ပိုဒ်ကနေ ၅ ပိုဒ်ရှိအောင် ရေးပါ။
​ (Introduction): ဘယ်သူ့ argument က ပိုအားကောင်းလဲ။
​(Body Paragraphs): ကိုယ်ရွေးထားတဲ့ အချက်တွေကို စာပိုဒ်ထဲက သက်သေတွေနဲ့ တွဲပြီး ရှင်းပြပါ။
​ (Conclusion): အဓိကအချက်ကို ပြန်ပြီးအနှစ်ချုပ်ပါ။

5.Edits your response

​ရေးထားတဲ့ အကြမ်းစာကို ပြန်ဖတ်ပြီး responseရဲ့ စီးဆင်းမှု (Flow)၊ အဓိပ္ပာယ် ရှင်းလင်းမှုနဲ့ စာလုံးအသုံးအနှုန်း (Vocabulary) တွေကို ပိုကောင်းအောင် ပြင်ဆင်တာပါ။
စာပိုဒ်တစ်ခုနဲ့ တစ်ခု ပြောင်းတာ အဆင်ပြေရဲ့လား (Example - However, Furthermore, On the other hand စတဲ့ စကားလုံးတွေ သုံးထားရဲ့လား)၊ စကားလုံးတွေ ထပ်နေသလား၊ အကြောင်းအရာက ခိုင်လုံရဲ့လားဆိုတာကို စစ်ဆေးပြီးပြန်ပြင်ဆင်ပါ။

6.Proofread

ဒါကတော့ နောက်ဆုံးအဆင့်ပါ။responseရဲ့ အကြောင်းအရာကို မဟုတ်ဘဲ အမှားတွေကိုလိုက်ရှာတာ ဖြစ်ပါတယ်။
​စာလုံးပေါင်း (Spelling) ၊( Comma)၊ (Period) စတဲ့ Punctuation
အမှားတွေနဲ့ Grammar (ဥပမာ- Subject-Verb Agreement မှားတာ၊ Tense လွဲတာ) တွေကို အသေးစိတ် လိုက်လံစစ်ဆေးပြီး အမှားပြင်ဆင်ရမှာ ဖြစ်ပါတယ်။

Trust these 6 steps, practice hard, and turn your writing into a high-scoring masterpiece.



Address

Baho Road
Yangon
11041

Alerts

Be the first to know and let us send you an email when Speakeasy Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Speakeasy Language Centre:

Shortcuts

Share