Sharing about YUON

Sharing about YUON The sweet memories of YUON students’ activities will be recorded.

ပထမနှစ်သူနာပြုသိပ္ပံ(ပုံမှန်)(၁၁/၂၀၂၅) - မောင်ပိုင်ဖြိုးအောင်ဒုတိယနှစ်သူနာပြုသိပ္ပ(ပုံမှန်)(၁/၂၀၂၆) - မချစ်စံဝင်း (နှစ်ထ...
10/05/2026

ပထမနှစ်သူနာပြုသိပ္ပံ(ပုံမှန်)(၁၁/၂၀၂၅) - မောင်ပိုင်ဖြိုးအောင်

ဒုတိယနှစ်သူနာပြုသိပ္ပ(ပုံမှန်)(၁/၂၀၂၆) - မချစ်စံဝင်း (နှစ်ထပ်ကွမ်းလူရည်ချွန်)

တို့အတွက်ဂုဏ်ပြုစာ✉️

"နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲ တက်ရောက်နိုင်ခဲ့ကြတဲ့ လူရည်ချွန်မောင်မယ်နှစ်ဦးအား အထူးပင် ဂုဏ်ယူမိပါတယ်။ ပညာထူးချွန်ရုံသာမက စိတ်ဓာတ်နှင့် အကျင့်စာရိတ္တပါ ကောင်းမွန်သည့်အတွက် ယခုလို ထိုက်ထိုက်တန်တန် ရွေးချယ်ခံရခြင်းဖြစ်ပါတယ်။ သင်ယူခဲ့ရတဲ့ အတွေ့အကြုံကောင်းတွေကို အခြေခံပြီး နောင်တစ်ခေတ်ရဲ့ အားကိုးထိုက်တဲ့ သားကောင်းသမီးရတနာများ သူနာပြုကောင်းများဖြစ်ကြပါစေ။"

#လူရည်ချွန်

07/05/2026

Appreciate letter from YUON💐

ဒီခရီးစဉ်ဟာ ကလေးတို့အတွက် ဆုလာဘ်တစ်ခုဖြစ်သလို တာဝန်တစ်ခု လည်း ဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ -
• လေ့လာစူးစမ်းပါ: မြင်သမျှ၊ ကြားသမျှ ဗဟုသုတတွေကို မှတ်သားပါ။
• စည်းကမ်းလိုက်နာပါ: လူရည်ချွန်ဆိုတာ အသိပညာတင်မကဘဲ အကျင့်သိက္ခာနဲ့ စည်းကမ်းမှာလည်း စံပြဖြစ်ရပါမယ်။
• မိတ်ဆွေဖွဲ့ပါ: နောင်တစ်ချိန်မှာ တိုင်းပြည်ကို အတူတူလက်တွဲ တည်ဆောက်မယ့် မိတ်ဆွေကောင်းတွေကို ရှာဖွေပါ။
ကလေးတို့ရဲ့ အပြုအမူ၊ အပြောအဆိုတိုင်းဟာ ကလေးတို့ကျောင်းနဲ့ ကလေးတို့မိဘရဲ့ မျက်နှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခရီးစဉ်တစ်လျှောက်လုံးမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာစွာနဲ့ ဗဟုသုတတွေ အပြည့်အဝရရှိပြီး ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

#လူရည်ချွန်၂၀၂၆

YUONကျောင်းတော်ကြီးကလက်မခံလို့အပြင်ပဲသွားနေရတဲ့တစ်စုံတစ်တန်း😆
27/04/2026

YUONကျောင်းတော်ကြီးကလက်မခံလို့အပြင်ပဲသွားနေရတဲ့တစ်စုံတစ်တန်း😆

17/04/2026

၁၇.၄.၂၀၂၆ ရက်
သူနာပြုတက္ကသိုလ် (ရန်ကုန်)မှ

မြန်မာ့နှစ်သစ်ကူး သကြန်အခါသမယတွင်
ပြည်သူလူထုအပေါင်းအားလုံးကို
ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း
အထူးဆုမွန်ကောင်းတောင်းအပ်ပါသည်။

နှစ်ဟောင်းမှ အပင်ပန်းများ၊ စိတ်ပင်ပန်းမှုများအားလုံး
ရေစင်သန့်ရှင်းစေပြီး
နှစ်သစ်တွင် ပျော်ရွှင်မှုများ၊ အောင်မြင်မှုများနှင့်အတူ
မျှော်လင့်ချက်အသစ်များ ပြည့်ဝပါစေကြောင်း
ဆုမွန်ကောင်းလိုက်ပါတယ်ဗျ။

YUON’s SUMMER FESTIVAL ရဲ့အမှတ်တရ ပုံရိုက်တချို့💦🍂
21/03/2026

YUON’s SUMMER FESTIVAL ရဲ့အမှတ်တရ ပုံရိုက်တချို့💦🍂

16/03/2026

ယနေ့ G-2 များအခြေအနေ


Congratulations to our Nurses (29th batch)မထင်ထားတဲ့နေရာ မတူညီတဲ့နေရာဒေသအသီးသီးကိုရုတ်တရက်ခွဲခွါခဲ့ရပေမယ့် အတော်ဆုံးသောသ...
12/03/2026

Congratulations to our Nurses (29th batch)

မထင်ထားတဲ့နေရာ မတူညီတဲ့နေရာဒေသအသီးသီးကိုရုတ်တရက်ခွဲခွါခဲ့ရပေမယ့် အတော်ဆုံးသောသူများဖြစ်ကြတာမို့လို့ ရောက်ရှိတဲ့နေရာတွေမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားကြပြီးpatient တွေအတွက်အကောင်းဆုံးသော nursing care များပေးရင်းပျော်ရွင်စွာဖြတ်သန်းကြမယ်လို့ ယုံကြည်ပါတယ်
ဘယ်နေရာရောက်ရောက်ဘယ်ဒေသရောက်ရောက် တစ်ခါ29 ဖြစ်ဘူးတိုင်း ထာဝရ 29 မို့လို့ နေရာတွေဝေးသွားသည့်တိုင်အောင် ရင်ဘက်ခြင်းတွေနီးရင်းထပ်တူကျကြမယ်လို့အကြွင်းမဲ့ယုံကြည်ပါတယ်
တစ်နေ့နေ့မှာတစ်ချိန်ချိန်မှာ ပြုံးပျော်ရွင်လန်းစွာနဲ့ပြန်ဆုံကြမယ်လို့တောင့်တရင်းနဲ့ နိုင်ငံ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နိုင်သောနိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ပါစေကြောင်းဆုတောင်းအပ်ပါတယ်ခင်ဗျာ

08/03/2026

8.3.2026 ရက်နေ့ “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့” အထိမ်းမှတ်အခမ်းအနားတွင် ပထမနှစ်သူနာပြုသိပ္ပံ (ပုံမှန်)(၁၁/၂၀၂၅) ကျောင်းသား/သူ လေးများမှ ဂုဏ်ယူစွာတင်ဆက်ပြသခဲ့ပါသည်။

Congratulations!!မချစ်စံဝင်း ၊ဒုတိယနှစ်သူနာပြုသိပ္ပံ (ပုံမှန်)(၁/၂၀၂၆)ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန၊၂၀၂၅-၂၀၂၆ ပ...
07/03/2026

Congratulations!!

မချစ်စံဝင်း ၊ဒုတိယနှစ်သူနာပြုသိပ္ပံ (ပုံမှန်)(၁/၂၀၂၆)
ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန၊
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ဒုတိယနှစ် (နှစ်ထပ်ကွမ်းလူရည်ချွန်)

Congratulation par တို့ရဲ့ဘေဘီလေးရေ 🫶🏻မောင်ပိုင်ဖြိုးအောင် ၊ပထမနှစ်သူနာပြုသိပ္ပံ(ပုံမှန်) ၁၁/၂၀၂၅ပညာရေးဝန်ကြီးဌာန၊ အဆင့်...
07/03/2026

Congratulation par တို့ရဲ့ဘေဘီလေးရေ 🫶🏻
မောင်ပိုင်ဖြိုးအောင် ၊ပထမနှစ်သူနာပြုသိပ္ပံ(ပုံမှန်) ၁၁/၂၀၂၅
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်လူရည်ချွန် 🤍

သူ့ခေတ်နဲ့သူ့အခါပေါ့လေ ပြန်တွေးကြည့်လိုက်ရင်တကယ့်ပျော်စရာအခိုက်အတန့်လေးပါ 🤍အခြေအနေအကြောင်းကြောင့်ညတွင်းချင်းစီစဉ်ခဲ့ရတဲ့...
02/03/2026

သူ့ခေတ်နဲ့သူ့အခါပေါ့လေ ပြန်တွေးကြည့်လိုက်ရင်တကယ့်ပျော်စရာအခိုက်အတန့်လေးပါ 🤍
အခြေအနေအကြောင်းကြောင့်ညတွင်းချင်းစီစဉ်ခဲ့ရတဲ့ပွဲဖြစ်ပေမယ့် တကယ့်ကြည်နူးဖို့ကောင်းခဲ့တယ် 🤍
29th ကကလေးတွေကိုကြိုဆိုပေးခဲ့တဲ့အချိန်ကိုသတိရတယ်ကွယ်၊ သူတို့တောင်ကျောင်းပြီးတော့မှာပါလား 🤍
အဲနှစ်က Welcome ပုံတွေရှိရင်မင်မင့်ကိုပို့ပေးပါနော် 🥺

Address

Yangon
11131

Website

Alerts

Be the first to know and let us send you an email when Sharing about YUON posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share