25/06/2022
"ပါးပြင်ထက်က သွေးမျက်ရည်"
"မေဇီ ကိုကိုလေ မေဇီ့ကို ပြောစရာရှိတယ်"
"ဟုတ်... ပြောလေ ကိုကို ရဲ့"
"အင်း.. မေဇီ ဆယ်တန်းဖြေနိုင်လား"
"ဒါပေါ့ ကိုကို ရ မေဇီ့ မှာ အရမ်းတော်တဲ့ ကိုကို ရှိတယ်လေ"
"ဟုတ်လား ဘယ်သူလဲ အဲ ကိုကို က"
"ဟောဒီက ကိုကိုကျော်ပေါ့"
"မေဇီ ကလည်းကွာ"
(3)လခန့်ကြာသော်
"ဟား:::ငါအောင်ပြီ ဟေး..မေဇီ နင်အောင်လား"
"အေး.. ငါအောင်တယ် ငအောင် ရ"
"အေးပါ.... "
"မဇေီ"
"ဟင်... ကိုကို"
"ဒီမှာဘာလုပ်နေတာလဲ"
"အဲဒါက... ဟို... လေ... "
"လာ ကိုကို နဲ့အိမ်ပြန်လိုက်ခဲ့"
"ကိုကို ကလည်း"
"လာပါဆိုမှကွာ မြန်မြန်လာ"
"အား.... ကိုကို လက်ကိုလွှတ်ပါ နာတယ်"
"မေဇီ ကိုကို မေဇီ့ ကိုရှင်းရှင်းပဲပြောမယ် ကိုကို မေဇီ့ ကိုအရမ်းချစ်တယ်ကွာ"
"ကိုကို..... "
"ဟုတ်တယ် မေဇီ ကိုကို လေ မေဇီ့ ကိုချစ်နေတာကြာပြီ"
"ဒါဆို"
"ဟုတ်တယ် မေဇီ ကိုကို့ ကိုယ် ပြန်ချစ်မယ်မလား"
"ဒါကတော့ ကိုကို ရယ်"
"ဘာလို့လဲ ကိုကို့ ကိုယ်ပြန်မချစ်နိုင်ဘူးလား"
"မဟုတ်ပါဘူး ကိုကို ရယ်"
"ဒါဆိုဘာလို့လဲ"
"ကိုကို ဖွင့်ပြောတာနောက်ကျနေလို့လေ"
"ဒါဆို မေဇီ က ကိုကို့ ကိုယ်"
"ပြောဖို့လိုသေးလို့လား ကိုကို ရယ်"
"ဝမ်းသာလိုက်တာ မေဇီ ရယ်"
(4)နှစ်ခန့်ကြာသော်
"မေဇီ ကိုကို တို့ဘယ်တော့လက်ထပ်ကြမှာလဲ"
"ဖြေးဖြေးပေါ့ ကိုကို ရယ်"
"မေဇီ ကလည်းကွာ"
"အော်... ဒါနဲ့ ကိုကို မနက်ဖြန်ကြရင် မေဇီ့ သူငယ်ချင်းရဲ့အမစင်ကာပူကပြန်လာမယ်တဲ့"
"အော်... အင်း"
"အဲဒါဒီမှာအိမ်မရှိတော့ မေဇီ ခေါ်ထားရမယ်"
"အင်း"
"ကိုကို မနက်ဖြန်ကြရင် မေဇီ နဲ့အတူတူလေယာဥ်ကွင်းလိုက်ခဲ့နော်"
"အင်း.. ကိုကို လိုက်ပို့ပေးမယ်"
"ဟော.... ဟိုး.. မှာ မမရွှရည်"
"သူလား"
"အင်း.. ဟုတ်တယ် ကိုကို မမရွှေရည် လာဒီကိုလာ"
"မေဇီ အရမ်းလှလာပါလား"
"ဟာ.. မဟုတ်တာ"
"တကယ်ဆို"
"မမ ကိုမုန့်ဝယ်ကျွေးမယ်"
"ဟုတ်ပါပြီရှင်"
"မမ ဒါ ကိုမြတ်ကျော် တဲ့"
"တွေ့ရတာဝမ်းသာပါတယ် ကျွန်မနာမည် ဆူးရွှေရည် ပါ"
"ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်"
အချင်ချင်းလက်ဆွဲနှုတ်ဆက်လျက် ထိုစဉ် မေဇီ တစ်ယောက် ရွှေရည် အကြည့်တွေကိုအကဲခတ်မိနေသည်
"အော်... မမ ဒါ မေဇီ့ ရဲ့"
"မေဇီ မမ ခေါင်းနည်းနည်းမူးလာလို့ အိမ်ပြန်လို့ရမလားကွယ်"
"အာ... ဟုတ်ပြီလေ ပြန်ကြတာပေါ့"
"သူကဘာလုပ်ဖို့ အိမ်လိုက်လာတာလဲ မေဇီ"
"ကိုကို ကို မေမေ ငယ်ငယ်လေးကတည်းကစောင့်ရှောက်ခဲ့တာလေ အဲဒါ"
"တစ်အိမ်တည်းအတူတူနေကြတာပေါ့"
"ဟုတ်တယ် မမ ရဲ့"
"မေဇီ ကိုကို အလုပ်သွားတော့မယ် ဂရုစိုက်နော်"
"အင်းပါ... ကိုကို ရဲ့"
"မေဇီ ဒီကိုလာပါဦး မမ မေးစရာလေးရှိလို့"
"ဘာမေးမလို့လဲ မမ"
"မြတ် ကဘာအလုပ်လုပ်တာလဲ"
"မမ ကဘာလို့မေးတာလဲဟင်"
"အော်.... အေး... ဒီလိုပါပဲ ဒီတုင်းသိချင်တာ"
"ကိုကို ကအင်ဂျင်နီယာလေ ဆောက်လုပ်ရေးမှာဝင်လုပ်နေတယ်လေ"
"ဒါဆို မြတ် ကသိပ်တော်တာပဲနော်"
"ဒါပေါ့ မမ ရ"
ဖြေသာဖြေနေရပေမယ့် မေဇီ့ စိတ်ထဲသံသယပေါင်းများစွာနှင့် နောက်တစ်နေ့
"မေဇီ ကိုကို အလုပ်သွားတော့မယ်"
"ဟုတ်ကဲ့ ကိုကို"
"မြတ်"
"အော်.. မမရွှေရည် ပြောလေ"
"ဒီနေ့ ရွှေရည် မြတ် တို့အလုပ်ထဲလိုက်လို့ရမလား"
"မမရွှေရည် ကဘာလုပ်မလို့လဲဗျ"
"အော်... ဒီလိုပါပဲ ဒီတိုင်းလိုက်ချင်တာ"
"မဇေီ ကိုကို"
"ရပါတယ် ကိုကို ရယ်ခေါ်သွားလိုက်ပါ"
"ဒါဆိုလည်းကားပေါ်တက်ပါ"
"ကျေးဇူးနော်"
"အော်.. ဒါနဲ့ မြတ် မှာချစ်သူရှိလား"
"ဗျာ... ကျွန်တော်လား"
"အင်း"
"ဟုတ်ကျွန်တော့်မှာချစ်သူ.... "
"ရှိတယ်ပေါ့"
"ဟုတ်ရှိပါတယ်"
"ဘယ်သူလဲ"
"မဇေီ ပါ"
"ဘာပြောလိုက်တာ မေဇီ ဟုတ်လား"
"ဟုတ်ပါတယ်ဗျဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး သိချင်လို့မေးလိုက်တာ"
"အော်... ရပါတယ်ဗျ"
"မမရွှေရည် ရဲ့အကြည့်တွေကအရမ်းထူးဆန်းတာပဲ ငါပဲသဝန်တိုနေတာလား အိုး.... မမရွှေရည် ဒီလောက်တော့ ဟာ... မဖြစ်နိုင်ပါဘူး"
"မဇေီ"
"ကိုကို"
"ဘာတွေဒီလောက်စဉ်းစားနေတာလဲ"
"ဘာမှမဟုတ်ပါဘူး ကိုကို ရယ်ဒီလိုပါပဲ"
"အင်း.. ကိုကို ရေသွားချိုးတော့မယ်"
"ဟုတ် ကိုကို"
"မဇေီ ရေ မမ ဆီခဏလောကျလာပါဦး"
"ဘာဖြစ်လို့လဲ မမ"
"မင်းက မြတ်ကျော် ကိုသိပ်ချစ်တာပဲလား"
"ဘယ်လိုမေးလိုက်တာလဲ မမ ရယ်သိပ်ချစ်တာပေါ့"
"အကယ်၍သာမင်းဆီက မြတ် ကိုတခြားတစ်ယောက်ကလုယူသွားမယ်ဆိုရင် မင်းဘယ်လိုနေမလဲ"
"မမ ရယ်ဘာလို့ဒီမေးခွန်းမျိုးမေးရတာလဲ"
"ဖြေပါ"
"မေဇီ ကိုကို့ ကိုအဆုံးရှုံးမခံနိုင်ဘူး မေဇီ မမ မေးတဲ့မေးခွန်းနဲ့တင် တကယ်ခံစားနေရပါတယ် မေဇီ့ ကိုထပ်မမေးပါနဲ့တော့နော်"
"အေးလေ မမေးနဲ့ဆိုမမေးတော့ပါဘူး"
"မေဇီ လေအရမ်းပင်ပန်းနေလို့နားတော့မယ်နော်"
"မေဇီ ရယ်မင်းမလိုချင်တဲ့နေ့ရက်တွေဆီ မကြာခင်ရောက်တော့မှာပါ"
"မမရွေရည် ဘာရည်ရွယ်ချက်ရှိလို့ဒါမျိုးမေးရတာလဲ ဟူး... စိတ်မောလိုက်တာ"
မေဇီ တစ်ယောက်သံသယပြည့်နှက်နေပါသည် မနက်မိုးလင်းတာနဲ့
"ဒေါက်... ဒေါက်... ဒေါက်... "
"မဇေီ ရေ မဇေီ"
"ဘာဖြစ်လို့လဲ မမ"
"ဒီနေ့ မမ အပြင်သွားမလို့ မေဇီ လိုက်ခဲ့ပါလား"
"မမ ကဘယ်သွားမှာလဲ"
"စိတ်အပန်းပြေရအောင် ပြင်ဦးလွင်ကခြံ( )ကမမအိမ်ကိုသွားကြမယ်လေ"
"အာ... ဟုတ်ကဲ့ မေဇီ တို့နှစ်ယောက်တည်းလား"
"အင်း... ဟုတ်တယ်နှစ်ယောက်တည်း"
"အော်... ဟုတ်"
"တောထဲမှာ မမ တို့အိမ်ရှိတယ်"
"မမ ကအဲဒီအိမ်မှာဘာလို့မနေတာလဲ"
"အဲ.. ဒါက"
တော်တော်ကြာစဉ်းစားပြီးနောက်
"အရမ်းဝေးတယ်လေ မေဇီ ရဲ့"
"အော်... "
(2)နာရီကြာပြီးနောက်
"ကဲရောက်ပြီ မေဇီ"
"အိမ်ကအကြီးကြီးပဲနော်"
"အင်း ဟုတ်တယ်"
"မမ ဒီအိမ်ကအရမ်းလှတာပဲနော် ဉယျာဉ်လေးရယ် သစ်ပင်လေးတွေနဲ့ သိပ်လှတာပဲ"
"မမ တို့အိမ်ထဲသွားကြမယ်လေ"
"ရှင်.. အော်ဟုတ်"
25.12.1990 ထိုနေ့က မိုးသည်းထန်နေသည် လျှပ်စီးကလက် မိုးကခြိမ်း မီးအိမ်လေးသာရှိသော ထိုအိမ်လေးမှာ စိတ်ခြောက်ခြားဖွယ်ရာဖြစ်နေသည် ဆူးရွှေရည် တစ်ယောက်အိမ်ကရှိသမျှ တံခါးတိုင်းလိုက်ပိတ်နေလေသည်
"မမ အိပ်ကြမယ်လေ"
"မေဇီ မင်း မြတ်ကျော် ဆီကထွက်သွားလိုက်ပါ"
"မမ ဘယ်လိုပြောလိုက်တာလဲ"
"ဟုတ်တယ် တို့ မြတ်ကျော် ကိုချစ်မိနေပြီ"
"မမ ရယ် မေဇီ့ ကိုလေအဲဒီလိုမနောက်ပါနဲ့နော်"
"တို့နောက်နေတာမဟုတ်ဘူး"
"မမ ရယ် မေဇီ တောင်းပန်ပါတယ်နော်"
"မင်း မြတ်ကျော် ကိုစွန့်လွှတ်မလား မင်းရဲ့ဘဝကို စွန့်လွှတ်မလား"
"မမ မေဇီ့ ကိုချမ်းသာပေးပါနော် မေဇီ တောင်းပန်နေတာပါ မမ"
"ဒါဆိုရှင်းရှင်းလေးပဲလေ မင်းသူ့ကို စွန့်လွှတ်လိုက်"
"မေဇီ ကိုကို့ ကိုသိပ်ချစ်တယ် မေဇီ ကိုကို့ ကိုလုံးဝမစွန့်လွှတ်နိုင်ဘူး"
"မေဇီ မင်းကိုငါကောင်းကောင်းပြောနေတယ်နော်"
"မေဇီ တောင်းပန်ပါတယ်"
"မင်းသိပ်ပြောရပါလား တို့ မြတ်ကျော် ကိုပိုင်ဆိုင်ရဖို့အတွက် ဘာမဆိုလုပ်နိုင်တယ် အေးလူသတ်သင့်ရင်လည်းငါသတ်ရလိမ့်မယ်"
"မမ မမ စိတ်ထိန်းပါနော် မဖြစ်သင့်တာတွေမဖြစ်အောင် မမ စိတ်ကိုထိန်းပါနော် မေဇီ ရှိခိုးပါတယ်"
"မလိုချင်ဘူး မင်းသူ့ကိုစွန့်လွှတ်လိုက်"
"မစွန့်လွှတ်နိုင်ဘူး မေဇီ ကိုကို့ ကိုအရမ်းချစ်တယ်"
"ဒီလောက်တောင်ပြောရခက်တဲ့မိန်းမ နင်သေတာပဲကောင်းတယ်"
"မမ မလုပ်ပါနဲ့နော် မေဇီ တောင်းပန်ပါတယ်"
ပြောပြောဆိုဆိုနဲ့ ဆူးရွှေရည် တစ်ယောက်မီးဖိုချောင်ထဲဝင်သွားကာ ဓားကိုင်ထွက်လာခဲ့သည်
"မမ အဲဒီဓားလက်ထဲကချလိုက်ပါနော် မေဇီ ကြောက်လို့ပါ"
"မင်းကပြောမရဘူးလေ"
"တောင်းပန်ပါတယ်နော်"
"မင်းမသေချင်ရင် သူ့ကိုစွန့်လွှတ်လိုက်"
"မေဇီ သေတာတောင်မစွန့်လွှတ်နိုင်ဘူး"
"ဟုတ်လား ဒါဆိုလည်းသေရမှာပေါ့"
"မ..၊?"
မေဇီ့ စကားမဆုံးလိုက်ခင်မှာပဲ ဆူးရွှေရည် တစ်ယောက်လက်ထဲကဓားနှင့် ခုတ်ပစ်လိုက်လေပြီ
"မေဇီ နင်ကဒါနဲ့ပဲတန်တယ် နင်နေရစ်ခဲ့ပေတော့"
မေဇီ သတိလစ်နေချိန်မှာ ဆူးရွှေရည် တစ်ယောက်ကားကိုအရှိန်ပြင်းစွာမောင်းနှင်ပြီးပြန်လာခဲ့လေပြီ
ထိုအချိန် မှာပဲ မေဇီ သတိပြန်ရလာသည် ဓားဒဏ်ရာတွေကြောင့် မေဇီ အရမ်းနာကျင်နေသည်
"လူယုတ်မာ အား... ငါ့ကိုသေအောင်သတ်တဲ့ မိန်းမ အား... ငါကလဲ့စားပြန်ချေပြမယ်"
ပြောပြောဆိုဆိုနဲ့ အနီးနားရှိဓားအား မရမကလှမ်းယူကာ ကိုယ့်ပါးကိုလှီးရင်းထွက်ပေါ်လာသောသွေးများနှင့် ကျန်စာဆိုခဲ့သည်
"ငါ့ကိုသေအောင်သတ်တဲ့ မိန်းမနင့်ကိုငါဒီတစ်သက်မကျေဘူး ငါနာကျင်လိုနင်အဆပေါင်းများစွာနာကျင်စေရမယ် ငါခံစားရလို နင်အဆပေါင်းများစွာ ခံစားစေရမယ် ဒီအိမ်ကိုပြန်လာတဲ့တစ်နေ့ နင်ပြန်ပြီးသေဆုံးစေရမယ်"
ထိုသို့ပြောပြီး မေဇီ တစ်ယောက်သွေးပင်လယ်ထဲ သေဆုံးသွားခဲ့လေပြီ
"မမရွှေရည် မေဇီ့ ကိုတွေ့မိသေးလား"
"အင်း တွေ့တယ် သူက မြတ် ကိုဒီစာလေးပေးပေးပါတဲ့"
"ဘာများလဲ"
"ဖတ်ကြည့်ပေါ့"
"ကိုကို မေဇီ ဒီအတောအတွင်း ကိုကို့ ကြောင့်ပျော်ရွှင်ခဲ့ရပါတယ် ကိုကို့ ကိုလိမ်ခဲ့မိလို့လဲ တောင်းပန်ပါတယ်
မေဇီ့ မှာလက်ထပ်ရမဲ့သူရှိတယ် ဒါကြောင့်သူနဲ့ဘဝတစ်ခုတည်ထောင်ဖို့အတွက် မေဇီ ထွက်သွားပါပြီ
မဇေီ"
"တကယ်ပဲလား မေဇီ ရယ်"
"မေဇီ မမ ကိုတစ်ခါပြောဖူးတယ် သူလက်ထပ်ရမဲ့သူရှိတယ်တဲ့"
"ရက်စက်လိုက်တာ မေဇီ ရာ"
မြတ်ကျော် တစ်ယောက် ဆူးရွှေရည် ရဲ့အလိမ်အညာအောက်ရောက်ရှိခဲ့လေသည်
"အားမငယ်ပါနဲ့ မြတ် ရယ် မမ ရှိပါသေးတယ်"
"မေဇီ ဒီလောက်ရက်စက်လိမ့်မယ် မထင်ခဲ့ဘူး သူလုပ်ရက်တယ်ဗျာ"
"မင်းသူ့ကို စိတ်ထဲကထုတ်ပစ်လိုက်စမ်းပါ"
"ကျွန်တော် သူ့ကိုသိပ်ချစ်ခဲ့တယ် ကျွန်တော်အရမ်းခံစားရတယ်ဗျာ"
"မမ ရှိပါတယ်ကွယ်"
"ကျွန်တော်လေ..."
"မမ မင်းကိုလက်ထပ်ချင်တယ်"
"ဗျာ... မမ လာနောက်နေတာလား အခုချိန်မှာ... "
"မမ သိတာပေါ့ မြတ် အားငယ်နေမယ်ဆိုတာလည်းသိပါတယ် ဒါကြောင့် မြတ် ကိုနှစ်သိမ့်နေတာပါ"
"ကျွန်တော်... "
"စဉ်းစားပါ အချိန်လိုမှာပေါ့"
(11)လခန့်ကြာသော်
"ဘယ်လိုလဲ မြတ် စဉ်းစားတာ"
"ကျွန်တော်တော်တော်ခံစားခဲ့ရပြီးပြီ ကျွန်တော်ပျော်ရွှင်ချင်နေပြီ"
"ဒါဆို"
"ကျွန်တော် မမ ကိုလက်ထပ်ပါမယ်"
"မြတ် တကယ်ပြောနေတာလား"
"ဟုတ်တယ် မမ"
"ဒါဆို မမ ပျော်ရတော့မှာပေါ့"
""ဟား...ဟား...""
"မမ ကျွန်တော်တို့...."
"ကျွန်တော်လို့မပြောပါနဲ့"
"ဒါဆိုကျွန်တော်ဘယ်လိုပြောရမလဲ"
"မောင်... လို့ပြော"
"ဟာ မမ ကလည်းဗျာ"
"လုပ်ပါ မောင် ရယ်"
"အင်းပါ မမ ရယ် မောင် တို့ဘယ်နေ့လက်ထပ်ကြမလဲ"
"အမြန်ဆုံးနဲ့အမှန်ကန်ဆုံး"
"ဒါဆို ဒီနေ့က 11.11.1991 ဆိုတော့ 27.12.1991 တနင်္လာနေ့ဆိုရင်ရော"
"အင်း ကောင်းသားပဲ"
"မောင် ဒီနေ့ 25 ရက်ရှိနေပြီနော်"
"အင်း မမ"
"မမ မင်းကိုတစ်ကယ်ပိုင်ဆိုင်ရတော့မှာပေါ့နော်"
ထိုစဉ် မြတ်ကျော် ထံရုတ်တရက်အတွေး တစ်ခုဝင်လာသည်
"မမ ကျွန်တော်အိမ်ခဏပြန်မယ်နော်"
"အင်း"
"မေဇီ မင်းငါ့ကို ခွဲသွားတာ (1)နှစ်ပြည့်တော့မယ်နော် မေဇီ ရာမင်းဘာလို့ဒီလိုလုပ်ရက်ရတာလဲကွာ"
ချက်ချင်းဆိုသလို မဖွင့်တာကြာပြီဖြစ်သော မေဇီ့ အခန်းအတွင်းသို့ ဝင်ခဲ့သည်
"မေဇီ ကိုယ် မင်းကိုသိပ်ချစ်ခဲ့ပါတယ်ကွာ ဒါပေမယ့်မင်းကိုယ့်အပေါ် ရက်စက်ခဲ့တယ်ကွာ"
မေဇီ့ ကုတင်ပေါ်မှခေါင်းအုံးလေးကိုဖက်ပြီး ငိုနေစဉ် ခေါင်းအုံးအောက်က မေဇီ့ ဒိုင်ယာရီကိုတွေ့ရှိခဲ့သည်
"ဒါက ဘာလဲ"
မေဇီ ရေးသားခဲ့သောစာလေးတွေကို ဖတ်နေစဉ် ထူးဆန်းသောစာကြောင်းကိုတွေ့ရှိခဲ့သည် ထိုစာကြောင်းမှာ
"ကိုကို ဒီနေ့ မမရွှေရည် ကပြင်ဦးလွင် ခြံ( )ကသူ့အိမ်ကိုသွားမလို့ မေဇီ့ ကိုလိုက်ခဲ့ပါတဲ့ အဲဒါ မေဇီ လိုက်သွားတယ်နော် ကိုကို စိတ်မပူပါနဲ့ 25.12.1990"
"ဒါ... ဒါ..."
"မောင်ရေ မောင်..."
"ဆူးရွှေရည်"
"မောင် ဘယ်လိုပြောလိုက်တာလဲ မောင်ရဲ့"
"ခင်ဗျားက နာမည်နဲ့လိုက်အောင်ကို တော်တော်ကြောက်ဖို့ကောင်းတာပဲ"
"မောင် ဘာတွေပြောနေတာ ဲ"
"မေဇီ မေဇီ ဘယ်မှာလဲ"
"မောင် သူက လက်ထပ်..?"
"မင်းမလိမ်နဲ့ အဲဒီနေ့ မင်းနဲ့ မေဇီ ဘယ်ကိုသွားခဲ့လည်း"
"ဘယ်ကိုသွားရမှာလဲ ဘယ်မှာ... "
"မင်း "
"မောင် ရယ်"
"ပြင်ဦးလွင်မှာမင်းအိမ်နဲ့ခြံရှိတယ်မဟုတ်လား"
"မောင် ကအဲဒါကို"
"အခုချက်ချင်း ကျွန်တော့် ကိုလိုက်ပို့"
"မသွားပါနဲ့ မောင်ရယ် မသွားပါနဲ့ အဟင့် အဟင့်"
"အခုချက်ချင်းလိုက်ပို့လို့ပြောနေတယ်နော် ဒေါ်ဆူးရွှေရည်"
"မောင် မလုပ်ပါနဲ့"
"မင်းမပို့ရင်နေ ကိုယ့်ဘာသာကိုယ်သွားမယ်"
"မောင်....... "
ကားစက်နှိုး၍ သွားမည်အပြု
"မောင် ကျွန်မလိုက်ပို့ပါ့မယ်"
အမြန်လမ်းအတိုင်း မောင်းနှင်လာရင်း
"မောင် ဒါ မမ အိမ်ပဲ"
"ကောင်းပြီ"
"မောင် အိမ်ထဲမဝင်ပါနဲ့လား"
"ကျွန်တော်ဒီကိုလာတာ အိမ်ကြည့်ဖိုမဟုတ်ဘူး လာမတားပါနဲ့"
"ဒါဆိုလည်း မမ ပါလိုက်ခဲ့မယ်"
အိမ်ထဲအရောက် ထူးဆန်းစွာမြင်တွေ့လိုက်ရသည်က မေဇီ ၏အရိုးစုပင်
"ဒါ... ဒါ... ကဘာလဲ ဒေါ်ဆူးရွှေရည် ခင်ဗျားတော်တော် ရက်စက်ပါလား ခင်ဗျား... "
ထိုစဉ်ရုတ်တရက်ထူးဆန်းတဲ့အသံတစ်ခုကြားလိုက်မိသည်ကား
"ကိုကို မေဇီ့ ကိုကယ်ပါ"
အနောက်သို့ မြတ်ကျော် နှင့် ဆူးရွှေရည် လှည့်ကြည့်လိုက်မိသည် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အသက်ရှူရပ်သမျှ ဖြစ်သွားရသည် ထိုမြင်ကွင်းက မေဇီ့ ၏ဝိဉာဉ်ပင် ဆူးရွှေရည် အပေါ်မကျေနပ်သောမျက်လုံးများဖြင့်ကြည့်နေသည်မှာ ကြောက်စရာပင်ကောင်းနေတော့သည်
"ဒေါ်ဆူးရွှေရည် ရှင်သိပ်ရက်စက်တယ် ကိုကို့ ကိုကျွန်မဘဝထဲက ထုတ်ယူဖို့ ကျွန်မအသက်ကို ရှင်စတေးခဲ့တယ် အခုတော့ ကျွန်မမျှော်နေတဲ့ရက်ရောက်လာပြီပေါ့ ဒေါ်ဆူးရွှေရည် ရှင့်ကိုကျွန်မ ပြန်သတ်မယ် ရှင့်ကို ပြန်သတ်မယ်"
"မေဇီ မမ တောင်းပန်ပါတယ်နော် မမ ကိုချမ်းသာပေးပါနော်"
"မရဘူး လုံးဝမရဘူး ကျွန်မခွင့်မလွှတ်ပေးနိုင်ဘူး "
"မေဇီ ရယ် တောင်းပန်ပါတယ်လုပ်ပါကွယ်"
"မေဇီ ကိုကိုလေ မေဇီ ဝဋ်ကြွေးတွေထပ်မဆက်ပါနဲ့နော် ကိုကိုတောင်းပန်နေတယ်လေ"
"မရဘူးကိုကို မေဇီ သစ္စာဆိုထားပြီးပြီ မေဇီ ပြောတဲ့အတိုင်း လုပ်တတ်တာ ကိုကို သိတယ်နော်"
"သိပါတယ် မေဇီ ရယ် ကိုကို့ ကိုချစ်တယ်ဆို ကိုကို့ စကားနားထောင်နော်"
"ကိုကို"
"မေဇီ ကိုကို့ ကိုမချစ်ဘူးလား ချစ်ရင်မလုပ်ပါနဲ့တော့ကွာ"
"အဲလိုမပြောပါနဲ့ ကိုကို မေဇီ မခံစားနိုင်လို့ပါ"
"ဒါဆို ကိုကို့ စကားနားထောင်ပါနော်"
"အဟင့်... အဟင့်... လူသားတွေသိပ်ရက်စက်တယ် မေဇီ့ အပေါ်ဘယ်သူမှနားမလည်ပေးကြဘူး မေဇီ အရမ်းဝမ်းနည်းတယ် ကိုကို မေဇီ့ ကိုချစ်ရင် မေဇီ့ ဆုံးသွားတဲ့ဒီအိမ်လေးမှာ အမျှဝေပေးပါနော် မေဇီ ဒီလိုဘဝမျိုးမှာမနေချင်တော့ဘူး မေဇီ့ ကိုသနားရင် မေဇီ့ ကိုကူညီပါနော် ကိုကို အရမ်းချစ်ခဲ့ပါတယ်"
မေဇီ ပြောတဲ့အတိုင်း မြတ်ကျော် တစ်ယောက်လုပ်ပေးခဲ့သည် မေဇီ ဘဝကူးကောင်းခဲ့လေပြီ ဆူးရွှေရည် တစ်ယောက်လည်းသူလုပ်ခဲ့တဲ့ပြစ်ဒဏ်ခံယူရင်း ကျေကွဲဝမ်းနည်းစရာ အဖြစ်အပျက်လေးလည်းပြီးဆုံးခဲ့လေပြီ
စာဖတ်ပရိသတ်တွေအတွက် အမြဲတမ်းအသစ်အဆန်းများစွာဖန်တီးပေးနေဦးမှာပါ
Hnin Sat Pwint Hlaing(EYU Philo)