Department Of Geology Dagon University

Department Of Geology Dagon University Welcome From Geology Family

Register လုပ်ထားတဲ့finalတွေMoodle appဒေါင်းပီးAccount ၀င်ထားလို့ရပါပီGeology coursesတွေတော့ရှာမတွေ့သေးပါဖူး
22/11/2022

Register လုပ်ထားတဲ့finalတွေMoodle appဒေါင်းပီး
Account ၀င်ထားလို့ရပါပီ
Geology coursesတွေတော့ရှာမတွေ့သေးပါဖူး

Final,H2,H3...
19/09/2022

Final,H2,H3...

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်သူဗဟိုပြု သယံဇာတ ရှာဖွေ၊ တိုင်းတာ၊ တူးဖော်ထုတ်လုပ်ရေးကဏ္ဍ၌ အန္တရာယ်ကင်းရှင်း၍ စနစ်တကျ ထိရောက်စွာ စီမံအုပ်ချုပ် ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီ နည်းပညာများကို ကမ္ဘာအရပ်ရပ်မှ မြန်မာပညာရှင်များက အောက်တိုဘာလ (၁၅) ရက် စနေနေ့မှ စတင်ကာ အွန်လိုင်းသင်တန်းပို့ချပေးသွားမည် ဖြစ်ပါသဖြင့် အောက်‌ဖော်ပြပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိူင်ရန် အသိပေးကြေငြာအပ်ပါသည်။
သင်တန်း- Certification Course for Exploration and Production Geologist
သင်တန်းကာလ- (၁၅-၁၀-၂၀၂၂)မှ (၂၇-၁၁-၂၀၂၂)အထိ
သင်တန်းနေ့- အပတ်စဉ် စနေ၊ တနင်္ဂနွေ
သင်တန်းချိန်- မြန်မာစံတော်ချိန် ည (၇:၀၀)နာရီမှ (၉:၀၀)နာရီအထိ
*သင်ကြားသူနေထိုင်ရာနိုင်ငံပေါ်မူတည်၍ အချိန်ပြောင်းလဲသည့် ရက်အနည်းငယ်ရှိမည်။

သင်ကြားဆွေးနွေးမည့် အကြောင်းအရာများ
- Exploration and Production Geologist in Mineral Resources Industry, Multidisciplinary disciplines (Resource Federalism, Sustainable/Ethical Mining), Ore Deposit Type, Mineral Exploration (Geology, Geochemistry, Geophysics), Drilling Program, Geological Data Management System and Data QAQC, Resource Geology, Grade Control and Reconciliation.
သင်တန်းတက်ရောက်နိုင်သူများနှင့်သတ်မှတ်ချက်များ
၁။ ဘူမိဗေဒဘာသာရပ်အထူးပြုဖြင့် နောက်ဆုံးနှစ်၊ ဒုတိယနှင့် တတိယနှစ် ဂုဏ်ထူးတန်း၊ နှင့် မဟာသိပ္ပံ၊ ပါရဂူ သင်တန်းများတက်ရောက်နေသူ CDM ကျောင်းသူကျောင်းသားများ၊
၂။ အသုံးချဘူမိဗေဒ သင်တန်းများတက်ရောက်နေသူ CDM ကျောင်းသူကျောင်းသားများ၊
၃။ အစိုးရဌာနများမှ သယံဇာတရှာဖွေထုတ်လုပ်ရေး CDM ဘူမိဗေဒပညာရှင်များ၊
၄။ သင်တန်းတက်ရောက်သူများသည် သင်တန်းအချိန်အားလုံး တက်ရောက်၍ သင်ခန်းစာဆိုင်ရာ အကဲဖြတ်မှုများ အားလုံးကို မပျက်မကွက် ပြုလုပ်ရမည်။
၅။ သင်တန်းတက်ရောက်လိုသူများသည် အောက်တိုဘာလ ၇ ရက်နေ့နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်။
*စာရင်းပေးသွင်းရန် - https://docs.google.com/forms/d/e/1FAIpQLSd4yrtSTprvBDvinCvfc4UXNFTjv-ihbY_GR4KONB7NZvHB0A/viewform?usp=sf_link
(* သင်တန်းတက်ရောက်ခွင့် ရရှိသူများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် Emailမှ အသေးစိတ် လမ်းညွှန်အကြောင်းကြားမည်။)


26/08/2022

Certificateတွေဒီမနက်ဘဲရနေပီနော်
Mail၀င်စစ်ကြည့်ကြပါ။

◾️ ❝ အမျိုးသားနေ့ (၁၀၁) နှစ်ပြည့် ❞မြန်မာနိုင်ငံသည် တော်လှန်ရေးကို ခေတ်အသီးသီးတွင် ကျော်ဖြတ်ခဲ့ကြရသည်။ ခေတ်အသီးသီးတွင်လည...
28/11/2021

◾️ ❝ အမျိုးသားနေ့ (၁၀၁) နှစ်ပြည့် ❞

မြန်မာနိုင်ငံသည် တော်လှန်ရေးကို ခေတ်အသီးသီးတွင် ကျော်ဖြတ်ခဲ့ကြရသည်။ ခေတ်အသီးသီးတွင်လည်းကျောင်းသားနှင့်ပြည်သူသည် လက်တွဲညီခဲ့ကြသည်ချည်းဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ‌(၁၀) ရက်နေ့တွင် သပိတ်မှောက်ကျောင်းသားများ စုဝေး၍နယ်ချဲ့အင်္ဂလိပ်တို့မှ မတရားပြဌာန်းထားသည့် ရန်ကုန်တက္ကသိုလ်အက်ဥ‌ပဒေအားသပိတ်မှောက်ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်အက်ဥပဒေတွင် အမျိုးသားရေးခွဲခြားမှုများ၊ လူတန်းစားခွဲခြားမှုများ အစရှိသရွေ့ မလိုလားအပ်သည့် ကန့်သက်ချက်ပေါင်းများစွာပါ၀င်ပြီး မြန်မာပြည်သူလူထုအား စာတတ်မြောက်ရေးကို ပိတ်ပင်တားဆီးထားသည်။ ထိုကဲ့သို့ မတရားမှုကို သည်းမခံနိုင်ကြသော ကျောင်းသားကြီးများနှင့်ပြည်သူတို့သည် လူထုအစည်းအဝေးပွဲများ ခေါ်ယူ၍ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ထိုကဲ့သို့ ဆန့်ကျင်ကန့်ကွက်ခဲ့သော ကျောင်းသားများ ကျောင်းပြန်မတက်ပါက ကျောင်းထုတ်ပယ်မည်ဆိုသောအချက်ဖြင့် ဖိနှိပ်လာခဲ့သော်လည်း မတရားသဖြင့် ထုတ်ထားသော ဥပဒေကို အစွန်းဆုံးထိ သပိတ်မှောက်တော်လှန်ခဲ့ကြသည်။ထိုအချိန်မှစတင်၍ အမျိုးသားကျောင်းများ စတင်အမြုတေလာခဲ့သည်။ မြို့မအထက်တန်းကျောင်း၊ ရန်ကုန်နှင့်အမျိုးသားကျောင်း၊ ဗဟန်းကောလိပ်အစရှိသဖြင့် တစ်မျိုးသားလုံးစာတတ်မြောက်ရေးကို ဦးတည်သော သခင်ပညာရေးဟုဆိုစမှတ်ပြုကြသည့် အမျိုးသားကျောင်းများပေါ်ထွန်းလာခဲ့သည်။ ကျောင်းသားများသပိတ်မှောက်တော်လှန်ခဲ့ကြသော နေ့ကိုလည်း အမျိုးသားအောင်ပွဲနေ့ဟု ဆိုစမှတ်ပြုကြသည်အထိ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ တော်လှန်ပုန်ကန်ခဲ့ကြသည်။

ယနေ့အချိန်တွင်လည်း မြန်မာလူထုသည် မတရားအာဏာရယူထားသော အကြမ်းဖက်စစ်တပ်၏ ပညာရေးကို သပိတ်မှောက်လျက်ရှိကြသည်။ ပညာရေးမဏ္ဍိုင်သည် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ တည်ဆောက်၍ မရနိုင်ပဲ အလဲလဲအပြိုပြို‌ဖြစ်နေရသည်မှာကျောင်းသားနှင့်လူထုယနေ့အချိန်ထိ လက်တွဲညီညီ ဆန့်ကျင်တော်လှန်နေခြင်းကြောင့်ဖြစ်သည်။လာမည့် ၁၃၈၃ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက် (၂၀၂၁ခုနှစ်၊ နို၀င်ဘာလ ၂၈ ရက်နေ့)တွင် ကျရောက်သော (၁၀၁) နှစ်မြောက်အမျိုးသားနေ့ကို လေးစားဦးညွှတ်ရင်း ကျောင်းသားလူငယ်များအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၍ အာဏာသိမ်းစစ်ကောင်စီမှ တည်ဆောက်ရန် ကြိုးပမ်းနေသည့် သွေးစွန်းပညာရေးအား ရရာနည်းလမ်းဖြင့် ဆက်လက် တော်လှန် သပိတ်မှောက်ကြရမည်ဖြစ်သည်။
Soruce University Students' Union

M.Sc(Geology) အထူးအောင်
30/09/2021

M.Sc(Geology) အထူးအောင်

23/09/2021

"ငါတို့တိုင်းပြည် ငါတို့ပြန်ရဖို့ အထောက်အပံ့ရမယ့် youtube view 10 သန်း campaign "

ကျွန်တော်တို့ လက်ရှိ ရောင်နီချန်နယ်မှာ အဓိက Video ငါးပုဒ်ရှိပါတယ်ခင်ဗျာ။

သစ္စာများ ကြယ် ရှင်သန်ခြင်း နေ့သစ် နေမဝင်အိမ်ပြန်ချိန် တို့ဖြစ်ပါတယ်ခင်ဗျာ။
စိတ်ခွန်အားတွေ စိတ်ခံစားမှုအတက်အကျတွေပေးမယ့်သီချင်းတွေပါ အဲ့လိုပဲ we click ချန်နယ်မှာလဲ သီချင်းတွေတောက်လျှောက်တက်နေပါမယ်ခင်ဗျာ။

ဒီချန်နယ်နှစ်ခုပေါင်း ဒီနေ့ကနေ နောက်ဆယ်ရက်အတွင်း view ပေါင်း သိန်းတစ်ရာရဖို့ campaign လေးပါခင်ဗျာ
(အရေးအကြီးဆုံးက လူတစ်သိန်းက အခါတစ်ရာကြည့်တာနဲ့ လူဆယ်သိန်းက ဆယ်ခါကြည့်တာနဲ့က ပိုက်ဆံရတာ မိုးနဲ့မြေလောက်ကွာပါတယ်ခင်ဗျာ ဒါကြောင့်မို့ ကိုယ်တိုင်လဲကြည့်သလို သူများတွေကိုလဲကြည့်ပေးကြအောင် အားလုံးက တက်ညီလက်ညီလေး ဝိုင်းပီး promote လုပ်ပေးကြပီး တစ်ယောက်စီတိုင်းကနေ နောက်ထပ် ဆယ်ယောက်စီကို ဒီစာလေးတွေကို မက်ဆေ့ကနေ မျှဝေဖြန်ဝေပေးကြပါခင်ဗျာ။ စာတွေကိုကူးတင်ကြပါခင်ဗျာ။ )

ပြည်သူတွေဟာ ဘယ်လောက်ထိ အောင်ပွဲကို တမ်းတနေပီဆိုတာကို အင်အားပြလိုက်ကြပါစို့ခင်ဗျာ။

ဘာမှလုပ်စရာမလိုပဲ youtube video တွေကြည့်ပေးယုံနဲ့ PDF တွေကို လုံခြုံစွာနဲ့ သိန်းရာချီ ထောက်ပံ့ နိုင်ဖို့၊ ပိုက်ဆံလှူစရာမလိုပဲ အချိန်နဲ့လုပ်အားလေးတွေပဲကူပေးပါခင်ဗျာ။

EDIT : CLICK2DONATE ကိုအခုမှသိတဲ့သူတွေက ဘယ်ကိုလှူတာလဲ ဘယ်လောက်လှူတာလဲ ဘယ်လိုလှူတာလဲလာမေးနေကြလို့ လှူထားသမျှထဲက တချို့ကို စုစည်းပေးထားပါတယ်ခင်ဗျာ
https://www.facebook.com/click2donatemm/posts/138678715137127

ဘယ်လိုလုပ်ရမလဲ?

EDIT** facebook ကနေ လင့်ပေးတာခဏရပ်ထားပါတယ်ခင်ဗျာ အသေးစိတ်ကိုဒီမှာကြည့်ပါ https://www.facebook.com/click2donatemm/posts/146958830975782

အပေါ်မှာပြထားတဲ့ လင့်နှစ်ခုကနေ ချန်နယ်နှစ်ခုကိုသွားပါခင်ဗျာ အဲ့ဒီချန်နယ်လေးတွေမှာ နောက်ဆုံးတင် တင်ထားတဲ့ဗီဒီယိုများကို mobile data နဲ့ဆို တစ်နေ့ကိုမနက်တစ်ခေါက်ညတစ်ခေါက် wifi နဲ့ဆို တစ်နေ့ကို ငါးခေါက် ကြည့်ပေးပါခင်ဗျာ။

*** တစ်ခါ ချန်နယ်ကိုသိပီးရင် နောက်အခါတွေYOUTUBE APP ထဲကနေဝင်ကြည့်ကြပါနော်
Facebook ကလင့်တွေကနေနှိပ်ဝင်တာက မကောင်းလို့ပါခင်ဗျာ

နာမည်တူ ပုံတူတူအတုလုပ်ပီး ဗီဒီယိုတွေခိုးချပီးတင်နေတဲ့ အချောင်သမားချန်နယ်တွေရှိတာကြောင့် ဗီဒီယိုတွေကြည့်တဲ့အခါ video တွေရဲ့ ဘယ်ဘက်အောက်ထောင့်နားလေးကိုကြည့်ပါ We Click, Raung Ni ဆိုပီး ကျွန်တော်တို့ပုံလေးတွေနဲ့ Subscriber တစ်သောင်းကျော်နဲ့ ရှစ်သောင်းကျော် ကမှ အမှန်ပါခင်ဗျာ။ view တွေဆိုရင်လဲ K နဲ့ချီရှိနေရမှာဖြစ်ပါတယ်ခင်ဗျာ အချောင်သမားချန်နယ်တွေမှာ view နဲနဲ subscriber နဲနဲပဲရှိပါတယ် အဲ့ဒါလေးနဲ့သေချာခွဲပါခင်ဗျာ ကိုယ့်အချိန်တွေကို အလကားအကုန်မခံပါနဲ့ခင်ဗျာ။

Video တစ်ခုထဲကိုထပ်ခါထပ်ခါမကြည့်ပဲ ချန်နယ်မှာရှိတဲ့ ဗီဒီယိုတွေကိုလှည့်ပတ်ကြည့်ပေးရမှာပါခင်ဗျာ ဗီဒီယိုတစ်ခုကို ကြည့်ရှုမှု တစ်သန်းကျော်ရရင် အောင်မြင်ပါပီခင်ဗျာ။

video တွေကို လှည့်ပတ်ကြည့်ပေးနေရင်ကိုရပါပီခင်ဗျာ။ ဘာမှမလိုပါဘူးခင်ဗျာ။ ဗီဒီယိုကိုတော့ အစအဆုံးလေးကြည့်ပေးပါနော် တဝက်တပျက်စီပဲကြည့်ရင်အဆင်မပြေလို့ပါခင်ဗျာ အဆုံးမှာလဲကြော်ငြာထပ်ဝင်ဦးမှာမို့ပါခင်ဗျာ။

ထပ်ပီး ပိုတိကျချင်ရင် ဒီလင့်လေးကနေ အသေးစိတ် stream နည်းလေးတွေကြည့်ပေးပါခင်ဗျာ။

https://www.facebook.com/click2donatemm/posts/132601049078227

ကျွန်တော်တို့ ပြီးခဲ့တဲ့လက video view ပေါင်း နှစ်သန်းကနေ သိန်းခြောက်ဆယ်ကျော်ရခဲ့ပါတယ်ခင်ဗျာ။ ဒီလမှာရော ဘယ်လောက်တောင်ရမလဲ ဆိုတာ ကျွန်တော်တို့ရဲ့ ကြိုးစားမှုအပေါ်မှာပဲမူတည်ပါတယ်ခင်ဗျာ။
အားလုံးတက်ညီလက်ညီနဲ့ ဒီမိုကရေစီကို ဘယ်လောက်တောင်လိုချင်နေပီလဲဆိုတာကို ပြသပီး ရှေ့တန်းကရဲဘော်တွေကို စိတ်အင်အားထောက်ပံ့မှု ငွေအင်အားထောက်ပံ့မှုတွေလုပ်ပေးကြရအောင်ပါခင်ဗျာ။

**** ထပ်ပြောပါဦးမယ်ခင်ဗျာ mobile data နဲ့ဆို တစ်နေ့ကိုမနက်တစ်ခေါက်ညတစ်ခေါက်ပဲကြည့်ပါခင်ဗျာ wifi နဲ့ဆို တစ်နေ့ကို ငါးခေါက် ထိကြည့်လို့ရပါတယ်ခင်ဗျာ။ ကိုယ်တိုင်ကြည့်တာအပြင် သူများတွေပါကြည့်အောင် ဝိုင်းလုပ်မှသာအောင်မြင်မယ့် ပရောဂျက်ပါခင်ဗျာ။**

တကယ့်သမိုင်း၀င်ဖက်ကလပ်နှင့်ကိုကိုညီညီတို့ဂုဏ်ထူးတန်းမဟာတန်း၀င်ခွင့်များ၊၂ဂုဏ်ဘ-၆မင်းသန့်နောင်၃ဂုဏ်ဘ-၁၀ဖြိုးဟန်ကျော်ကျူဘ-...
19/08/2021

တကယ့်သမိုင်း၀င်ဖက်ကလပ်နှင့်ကိုကိုညီညီတို့
ဂုဏ်ထူးတန်းမဟာတန်း၀င်ခွင့်များ၊
၂ဂုဏ်ဘ-၆မင်းသန့်နောင်
၃ဂုဏ်ဘ-၁၀ဖြိုးဟန်ကျော်
ကျူဘ-၁မိုးဟန်ကျော်

၄ဘ-၃၀ အာကာမင်းမြတ်ငါသွားမတက်ဖူးတခြားသူတက်တာပါလို့သူများချောက်တွန်းကာQ၀င်သွားသောကောင်လေးပေါ့။
19/08/2021

၄ဘ-၃၀ အာကာမင်းမြတ်
ငါသွားမတက်ဖူးတခြားသူတက်တာပါလို့သူများချောက်တွန်းကာQ၀င်သွားသောကောင်လေးပေါ့။

အနာဂတ်ဘူမိဗေဒပညာရှင်ကြီးများအောင်စာရင်းSource
19/08/2021

အနာဂတ်ဘူမိဗေဒပညာရှင်ကြီးများအောင်စာရင်း
Source

''ဖမ်းဆီးခံကျောင်းသားများအတွက် စာရင်းကောက်ခံခြင်း ''________________________________________Feb 1 ရက်နေ့ကစလို့ ယနေ့အချိန...
11/08/2021

''ဖမ်းဆီးခံကျောင်းသားများအတွက် စာရင်းကောက်ခံခြင်း ''
________________________________________

Feb 1 ရက်နေ့ကစလို့ ယနေ့အချိန်အထိ အာဏာသိမ်း စစ်ကောင်စီလက်အောက်အတွင်းမှာ ပြည်သူအယောက် ငါး
ထောင်ကျော်နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရလျက်ရှိပါတယ် ။
ထိုသို့ဖမ်းဆီးခံ သူများထဲ၌ ဒဂုံတက္ကသိုလ်ကမှ ကျောင်းသားကျောင်းသူ များလည်းပါဝင်ပါတယ် ။

ပြည်သူတွေမှာ ပြည်သူတွေပဲရှိပါတယ် ဆိုတဲ့စကားလိုပဲ ကျောင်းသားတွေမှာလည်းကျောင်းသားတွေပဲရှိပါတယ် ။
လူသတ်ဖက်စစ် စစ်တပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်ရင်း အကျဉ်းကျခံနေရတဲ့ ဒဂုံတက္ကသိုလ်မှ ကျွန်တော်တို့ ရဲ့ ​ကျောင်းသား ရဲဘော်တွေအတွက် နှင့်
ဖမ်းဆီးခံကျောင်းသားများ၏ မိသားစုင်များအတွက် Unity & Progress မှ တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

ဒါကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသား ကျောင်းသူများထဲမှ ဖမ်းဆီးခံရတဲ့သော ကိုယ့်ရဲ့ မိသားစုဝင် ၊ အသိမိတ်ဆွေတွေ ပါဝင်ခဲ့မယ်ဆိုရင် Unity & Progress ကိုဆက်သွယ်
ပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ ။

ဒဂုံတက္ကသိုလ်မှ ဖမ်းဆီးခံ ကျောင်းသားကျောင်းသူများအား
Unity & Progress ကို ဆက်သွယ်စာရင်းပေးရန်
နည်းလမ်း ၂ ခု ပြုလုပ်ပေးထားပါတယ်။

၁ .Google form ဖြည့်ကာ စာရင်းသွင်းခြင်း
၂. Unity & Progress cb / messenger သို့ဆက်သွယ်
စာရင်းသွင်းခြင်း တို့ကို ပြုလုပ်နိင်ပါသည်။
Page link- https://www.facebook.com/unityandprogress/

Note ;ယခုစာရင်းကောက်ယူခြင်းသည် အဓမ္မ ဖမ်းဆီးခံရသော ဒဂုံတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအတွက်သာဖြစ်သည်။

အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါကUnity & Progress page cb တွင် လာရောက်စုံစမ်းနိုင်ပါသည်။

Google form link

https://forms.gle/2vmovjrdFGs1gtLm9

▪️ဝမ်းနည်းစွာဖြင့် ဖော်ပြအပ်ပါသည်ဒဂုံတက္ကသိုလ် ၊ ဘူမိဗေဒဌာန ၊ ဒုတိယနှစ်သင်တန်းမှ ကျောင်းသားမောင်လရောင်သန့် သည် ယနေ့ ဇူလိ...
27/07/2021

▪️ဝမ်းနည်းစွာဖြင့် ဖော်ပြအပ်ပါသည်

ဒဂုံတက္ကသိုလ် ၊ ဘူမိဗေဒဌာန ၊ ဒုတိယနှစ်သင်တန်းမှ ကျောင်းသား
မောင်လရောင်သန့် သည် ယနေ့ ဇူလိုင်လ ၂၇ ရက် ၊ နံနက်ပိုင်းတွင် အသက်ရှူကြပ်ကာ ကွယ်လွန်သွားကြောင်း သိရှိရသဖြင့် ကျွန်တော်တို့
ဒဂုံတက္ကသိုလ်ဘူမိ‌ေဗဒကျောင်းသားများ အနေဖြင့် မိသားစု ၊ သူငယ်ချင်းများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ဝမ်းနည်းစွာဖြင့် ဖော်ပြအပ်ပါသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Department Of Geology Dagon University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share