YTU Student Support Committee

YTU Student Support Committee To support basic necessities for the YTU students

စစ်မှုထမ်းဥပဒေရှင်လင်းပွဲ ဒုတိယ၀န်ကြီး ဆရာကြီး ‌ဒေါက်တာအောင်ဇေယျ ပြုလုပ်ရန်ကုန်၊ မတ် ၂၁ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ...
22/03/2024

စစ်မှုထမ်းဥပဒေရှင်လင်းပွဲ ဒုတိယ၀န်ကြီး ဆရာကြီး ‌ဒေါက်တာအောင်ဇေယျ ပြုလုပ်
ရန်ကုန်၊ မတ် ၂၁

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ၊သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ ကျောင်းအုပ်ကြီးများ၊အရာထမ်းများ၊အမှုထမ်းများနှင့် မိသားစုဝင်များ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အဖွင့်အမှာစကား ပြောကြားရာတွင် – ကမ္ဘာ့နိုင်ငံ အသီးသီး၌ နိုင်ငံကို ကာကွယ် ထိန်းသိမ်းရေးအတွက် နိုင်ငံ့အခြေအနေနှင့်အညီ ကာကွယ်ရေး အစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြရာ နိုင်ငံတစ်နိုင်ငံ၏ နယ်မြေတည်တံ့မှု၊ နိုင်ငံ့လုံခြုံမှု၊ အချုပ်အခြာအာဏာပိုင်စိုးမှု နှင့် အမျိုးသားလွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲမှုတို့အတွက် ကိုယ့်နိုင်ငံကိုယ်ကာကွယ်ရန် နိုင်ငံသားတိုင်း တာဝန်ရှိသည်ဟု သတ်မှတ်ပြီး အချို့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “နိုင်ငံကာကွယ်ရေးသည် နိုင်ငံသားတိုင်း၏ မြင့်မြတ်သော တာဝန်ဖြစ်သည်။ စစ်မှုထမ်းခြင်းသည် နိုင်ငံသားများအဖို့ ဂုဏ်ယူရသော တာဝန်ဖြစ်သည်။” ဟု ပြဋ္ဌာန်းထားပြီး စစ်မှုထမ်းခြင်းကို နိုင်ငံသားတစ်ဦး၏ သာမန်ဝတ္တရားအဖြစ် အားပေး ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့ မြန်မာနိုင်ငံတွင်လည်း ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီးနောက် ၁၉၅၉ ခုနှစ်တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် တာဝန်များအခန်း၏ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းရန် တာဝန်ရှိသည် ဟု ပြဋ္ဌာန်းထားကြောင်း၊နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ လတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့်ပြဋ္ဌာန်းခဲ့ပြီး၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက် တွင် အာဏာတည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ထုတ်ပြန်ခဲ့ပါကြောင်း။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးစွမ်းအား၊ ကာကွယ်ရေးစွမ်းအားများ ဟန်ချက်ညီညီ ဖြစ်ထွန်းစေရေး အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော် တို့နှင့်အတူ ပြည်သူတရပ်လုံး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းလိုက်နာဆောင်ရွက်ရန် တာဝန်ရှိကြောင်း။

တိုင်းပြည်အတွင်းရှိ နိုင်ငံ့စွမ်းအားစုအားလုံး တစ်စိတ်တစ်ဝမ်းတည်း အားလုံးပါဝင်ဆောင်ရွက်နိုင်ရေး အတွက် တစ်ခုတည်းသော နည်းလမ်းသည် အမျိုးသားစစ်မှုထမ်းစနစ်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဥ်း၍ လတ်တလော၌ အချို့သတင်းမီဒီယာများက ထုတ်လွှင့်နေသည့် သတင်းမှားများကို နားယောင်မိ သောကြောင့် အချို့ပြည်သူများ စိုးရိမ်ပူပန်စိတ်များ ဖြစ်လာရပါကြောင်း၊ သို့ဖြစ်ရာ ပြဋ္ဌာန်းပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် ပါဝင်သော အခန်း(၈)ခန်း၊ ပုဒ်မ (၃၃)ခုကို သေချာစွာ လေ့လာပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေလျက် နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးအောင် က စစ်မှုထမ်းဥပဒေပါ အခန်းများ၊ ပုဒ်မများကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကာ တက္ကသိုလ် ဒိဂရိ ကောလိပ်အသီးသီးတွင်လည်း စစ်မှုထမ်းဥပဒေ ပညာပေးဟော‌ပြောပွဲများ ပြုလုပ်နိုင်ရေး မှာကြားခဲ့သည်။

အရေးပါသည့်မှတ်တိုင်စိုက်ထူနိုင်သည့်အတွက် ဂုဏ်ယူ၀မ်းမြောက်ပါသည်။အဏုမြူစွမ်းအင်၊ နျူးကလီးယားနည်းပညာ ဘာသာရပ်များအပါအဝင် သိပ...
10/10/2023

အရေးပါသည့်မှတ်တိုင်စိုက်ထူနိုင်သည့်အတွက် ဂုဏ်ယူ၀မ်းမြောက်ပါသည်။

အဏုမြူစွမ်းအင်၊ နျူးကလီးယားနည်းပညာ ဘာသာရပ်များအပါအဝင် သိပ္ပံနည်းပညာနှင့် အင်ဂျင်နီယာဘာသာရပ်များတွင် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်အကျိုးပြု စွမ်းအားစုများအဖြစ် အရည်အသွေးပြည့်မီသော နည်းပညာရှင်များကို မွေးထုတ်ခြင်းရေးနှင့် ပြည်သူ့အကျိုးပြု သုတေသန များဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အဓိက ရည်ရွယ်ကာ တက္ကသိုလ် ၃ ခုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ National Research Nuclear University (Moscow Engineering Physics Institute-MEPhI) တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။

ဒုတိယဝန်ကြီးက ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် အစဉ်မိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယခုနှစ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် စိန်ရတုပြည့်နှစ်ဖြစ်ရာ ၁၉၅၈ ခုနှစ်၌ ရုရှနိုင်ငံမှ စီးပွားရေးနှင့် ကျွမ်းကျင်မှုဆိုင်မှာ ပံ့ပိုးမှုများဖြင့် စတင်တည်ထောင်ပေးခဲ့ရာမှ မြန်မာ့ အင်ဂျင်နီယာပညာရေးကဏ္ဍတွင် မီးရှူးတန်ဆောင်ဖြစ်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ယနေ့ ကျင်းပသည့် အခမ်းအနားသည် နှစ်နိုင်ငံကြား ခိုင်မြဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအတွက် ထူးခြားပြီး အရေးပါသည့် မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခြင်းပင် ဖြစ်ပါကြောင်း၊ Ranking မြင့်မားသည့် အထင်ကရ MEPhI တက္ကသိုလ်နှင့် မိမိတို့ တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက် ရသည်ကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် နျူးကလီးယား နည်းပညာကဏ္ဍ မြင့်မားရေးအတွက် အပြန်အလှန် ဖလှယ်ကာ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ MEPhI တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ Dr. Dmitry A Savkin မှ အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တို့နှင့် MEPhI တက္ကသိုလ်တို့ကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြကာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန Documentry သီချင်းနှင့် MEPhI တက္ကသိုလ် Documentry ဗွီဒီယိုတို့ကို ကြည့်ရှုသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ MEPhI တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်၊အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်ရှိ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များသည် ပင်မဆောင်ရှေ့နှင့် အထိမ်းအမှတ်ကျောက်စာတိုင်ရှေ့တို့တွင် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။

YTU ကို Polytechnic University အဖြစ် အဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရန်ကုန်၊ စက်တင်ဘာ ၁၆၂၀၂၃ ခုနှစ်...
21/09/2023

YTU ကို Polytechnic University အဖြစ် အဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁၆

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ နံနက်(၁၁း၀၀)နာရီ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် နိုင်ငံတကာ Polytechnic University များအား ဆန်းစစ်လေ့လာ၍ အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦးက နိုင်ငံတကာ Polytechnic University များအား လေ့လာဆန်းစစ်၍ အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်နိုင်ရးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ရန်ကုန် နည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်များ စတင်ဖွင့်လှစ်ခဲ့ရာ ပညာသင်ယူမှု အခွင့်အလမ်း လက်လှမ်းမီစေရေး နှင့်လူဦးရေထူထပ်မှု လိုအပ်ချက်အရ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ ထပ်မံဖွင့်လှစ်ခဲ့ပါကြောင်း၊ ယင်းနောက် အထူးဒေသဖွံ့ဖြိုး ရေးအစီအစဉ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ (၄၆)ခု တို့အား ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဘွဲ့လွန်နှင့် ခေတ်မီ နည်းပညာဘွဲ့များ ပေးအပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ အထက်ပိုင်းတွင် မန္တလေးနည်းပညာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့ကိုလည်းကောင်း၊ တိုးတက်လာသော နည်းပညာ လိုအပ်ချက်အရ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ်နှင့် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်တို့ကိုလည်း အသီးသီး ဖွင့်လှစ်ခဲ့ပါကြောင်း၊ အသိပညာများ ဖြန့်ဝေပေးနိုင်သည့် တက္ကသိုလ်များ တည်ထောင်ထားသကဲ့သို့ လုပ်ငန်းခွင် ကျွမ်းကျင်မှုနှင့် ပိုမိုနှီးနှောဆက်နွယ်သည့် ဘာသာရပ်များကို အဓိကထား သင်ကြားပေးသည့် တက္ကသိုလ်များလည်း လိုအပ်နေပါကြောင်း၊ နိုင်ငံတကာတွင် တက္ကသိုလ် ပညာရေး ရရှိနိုင်စေရေးအတွက် ကြိုးပမ်းနိုင်ခွင့် ပေးထားသကဲ့သို့ လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရေး အဓိကထားသည့် ဘက်စုံသက်မွေး ပညာတက္ကသိုလ် (Polytechnic University) များမှ တစ်ဆင့် အခွင့်အလမ်း ရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှသည် နိုင်ငံတကာရဲ့ Polytechnic University များကို ဆန်းစစ်လေ့လာနိုင်ပြီး အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့် မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်များ ပေါ်ထွက်လာနိုင်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြံဉာဏ်များပေးကြဖို့ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားခဲ့ပြီး၊ တက်ရောက်လာသော ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဘာသာရပ်ခေါင်းဆောင်များမှ ဝိုင်းဝန်ဆွေးနွေးခဲ့ကြပြီး၊ ရန်ကုန်နည်းပညာတ္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမ၌ ခင်းကျင်းပြသထားသော နိုင်ငံတကာတွင် ဖွင့်လှစ်ထားရှိ သော Polytechnic University များအကြောင်း ဆန်းစစ်ချက်များကို ကြည့်ရှုလေ့လာပြီး အစည်းအဝေးအား (၁၄း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(၆၁) ကျောင်းမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် ခေါင်းဆောင်များ၊ ဘာသာရပ်ဌာနမှူးများ (၆၀)ဦးနှင့် Online မှ (၆၀)ဦး စုစုပေါင်း တက်ရောက်သူ (၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စု၀န်ကြီး စာကြည့်တိုက် စစ်ဆေးမှု တင်ပြခြင်းသိပ္ပံနဲ့နည်းပညာပြည်ထောင်စု၀န်ကြီး ပါမောက္ခ ဆရာကြီး ဒေါက်တာမျိုးသိန်...
21/08/2023

ပြည်ထောင်စု၀န်ကြီး စာကြည့်တိုက် စစ်ဆေးမှု တင်ပြခြင်း

သိပ္ပံနဲ့နည်းပညာပြည်ထောင်စု၀န်ကြီး ပါမောက္ခ ဆရာကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဩဂုတ် လ ၁၇ ရက်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိလာပါ၏။

ပြည်ထောင်စု၀န်ကြီးသည် နိုင်ငံတော် ၀န်ကြီးချုပ်၏ လမ်းညွှန် ခွင့်ပြုချက်ဖြင့် ပြန်လည်တည် ဆောက်နေပါသော စာကြည့်တိုက်လုပ်ငန်းခွင်သို့ ရောက်ရှိရာ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသူနန္ဒာနဲ့အဖွဲ့ ကြိုဆိုပါသည်။

အဲ့နောက်မှာ ပြည်ထောင်စု၀န်ကြီးသည် ပြန်လည်တည်ဆောက်နေသည့် စာကြည့်တိုက် အပေါ်ဆုံးထပ်ကို ရောက်ရှိ စစ်ဆေးပြီး နိုင်ငံတော် ၀န်ကြီးချုပ် လမ်းညွှန်ချက်အညီ အချိန်မီပြီးစီးရန် အရည်အသွေး စစ်ဆေးရန် မှာကြားပါသည်။

စာကြည့်တိုက် တည်ဆောက်ခြင်းကို ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းအသင်းမှ ကမကထ ပြုပါ၏။ ယခင်က ကျောင်းသားဟောင်း အသင်း အလှူခံငွေဖြင့် တည်ဆောက်ခဲ့ရသော်လည်း ယခု အခါ နိုင်ငံတော်၀န်ကြီးချုပ်၏ အားပေးမှု၊ အင်ဂျင်နီယကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် ကျောင်းသားဟောင်း အသင်းတို့၏ ညှိနှိုင်းပေးမှု ကြောင့် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေ ဖြင့် တည်ဆောက်နိုင်ပြီ ဖြစ်၏

တည်ဆောက်ရေးကို MKT construction company limited မှ တာ၀န်ယူပါသည်။ MKT အနေဖြင့် တိုင်းပြည်ကျိုးပြု စီမံကိန်းများ တာ၀န်ယူနေသည့် ကုမ္ပဏီကြီး ဖြစ်ပါသည်။ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သည့် လေ့လာရေး လုပ်ငန်းခွင် အင်တန်းရှစ်များလည်း စီစဉ်ကူညီ နေပါသည့်အတွက် ကျေးဇူးတင်ပါ၏

နိုင်ငံတော်၏ သိပ်ပံ နည်းပညာအခန်းဏ္ဍတိုးတက်မြှင့်တင်ရေးအတွက် ပညာရှင် ကျင့်၀တ်ကို စောင့်ထိန်းကာ ကြိုးပမ်းဆောင်ရွက်ပေးနေကြသ...
28/06/2023

နိုင်ငံတော်၏ သိပ်ပံ နည်းပညာအခန်းဏ္ဍတိုးတက်မြှင့်တင်ရေးအတွက် ပညာရှင် ကျင့်၀တ်ကို စောင့်ထိန်းကာ ကြိုးပမ်းဆောင်ရွက်ပေးနေကြသည့် ဆရာကြီ၊း ဆရာမကြီး၊ ပါမောက္ခချုပ်ကြီးများကို ကျေးဇူးတင်ပါသည် ။ ယခုပွဲတော်ကို ဆင်ယင်ပေးပါသည့်အတွက် ငြိမ်းချမ်း‌စွာပညာသင်ကြားကြသည့် ကျောင်းသားလူငယ် မျိုးဆက်သစ်များအတွက် ခွန်အားဖြစ်စေပါ၏

28/06/2023

သိပ်ပံပွဲတော်မှ တက်ကြွထူးချွန်လူရည်ချွန် အင်ဂျင်နီယာ နည်းပညာကျောင်းသားများ၏ တင်ဆက်မှုကြောင့် ဆရာကြီးပါချုပ်ကြီးပျော်ရွှင်နေပါ၏။ မိဘပြည်သူများလည်း လှည့်လည်အားပေးလာရောက်ရန် ဖိတ်ပါသည်။ ၃၀ ရက်နေ့အထိပါ။

28/06/2023

ပျော်ရွှင် တက်ကြွ ငယ်ရွယ်သူ မျိုးဆက်သစ်များတွက် သိပ်ပံပွဲတော်

28/06/2023

စက်မှုစွမ်းအားအင်ဂျင်နီယာမဟာဌာနမှ ပါမောက္ခ ဆရာကြီး ဒေါက်တာ မင်းသော်ထွန်းမှ ကိုယ်တိုင်တပ်ဆင်ထားပါသော ဝင်းတာဘိုင်အား သိပ်ပံပညာပြပွဲကြီးတွင် တည်ခင်းပြသထားပါသဖြင့် မိဘပြည်သူ သိပ်ပံချစ်သူများ လာရောက် အားပေးကြပါရန် ဖိတ်ခေါ်ပါ၏

28/06/2023

သိပ်ပံပညာပွဲတော်ကြီးသို့ လာရောက် လေ့လာကြပါရန် ဆရာကြီးပါချုပ်ကြီး၏ ဖိတ်ကြားမှု ဗီဒီယိုဖြစ်ပါ၏

Address

Yangon
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when YTU Student Support Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share