20/09/2026
World Cleanup Day
Today, September 20, is World Cleanup Day.
The World Cleanup Day movement began in Estonia in 2008 when over 50,000 people cleaned up the entire country in just one day. Today, it has grown into a global movement with participation from communities across the world.
This year’s theme, "From Clean Plates to Clean Cities," aims to build clean and sustainable urban communities by starting with reducing food waste at the dining table. It serves as a reminder that everyday consumption choices regarding food and resources have a direct impact on the natural environment.
You can take action to protect our planet through these three simple, accessible steps:
(1) Buy only what you need and manage meals to avoid leftover food waste.
(2) Reduce single-use plastics and unnecessary packaging by choosing reusable alternatives.
(3) Sort waste properly and keep your home, school, and neighborhood clean.
Let’s start making a difference today with a small, meaningful change.
-----
ကမ္ဘာသန့်ရှင်းရေးနေ့
ယနေ့ စက်တင်ဘာ (၂၀)ရက်နေ့ဟာ ကမ္ဘာသန့်ရှင်းရေးနေ့ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်တွင် အက်စ်တိုးနီးယားနိုင်ငံ၌ လူပေါင်း ၅၀,၀၀၀ ကျော်က တစ်နိုင်ငံလုံးကို တစ်နေ့တည်း သန့်ရှင်းရေးပြုလုပ်ခဲ့ရာမှ World Cleanup Day လှုပ်ရှားမှု စတင်ပေါ်ပေါက်လာခဲ့ပြီး ယနေ့တွင် ကမ္ဘာတစ်ဝန်းရှိ လူထုများ ပူးပေါင်းပါဝင်ကြသည့် လှုပ်ရှားမှုတစ်ရပ် အနေနဲ့ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ယခုနှစ်၏ Theme ကတော့ “From Clean Plates to Clean Cities” ဖြစ်ပြီး စားပွဲပေါ်က အစားအစာအလေအလွင့်ကို လျှော့ချခြင်းမှ စတင်ကာ သန့်ရှင်းပြီး ရေရှည်တည်တံ့သော မြို့ပြအသိုင်းအဝိုင်းများကို တည်ဆောက်ဖို့အတွက် ရည်ရွယ်ထားကြပါတယ်။ လူသားတို့ရဲ့ နေ့စဉ်စားသုံးမှုရွေးချယ်မှုများဖြစ်ကြတဲ့ အစားအစာ၊ သယံဇာတများဟာလည်း သဘာဝ ပတ်ဝန်းကျင်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိကြောင်း သတိပေးတဲ့ Theme လည်း ဖြစ်ပါတယ်။
ကမ္ဘာကြီးကို မိမိတတ်စွမ်းနိုင်သမျှနှင့် ကယ်တင်ဖို့အတွက် အပန်းမကြီးတဲ့ ဒီအချက် (၃) ချက်နဲ့ ပြင်ဆင်နိုင်ပါတယ်။
၁။ လိုအပ်သလောက်သာ အစားအစာဝယ်ယူပြီး မစားနိုင်ဘဲ ကျန်ရှိမှုမဖြစ်အောင် စီမံပါ။
၂။ တစ်ခါသုံးပလတ်စတစ်နှင့် မလိုအပ်သောထုပ်ပိုးပစ္စည်းများကို လျှော့ချပြီး ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများကို ရွေးချယ်ပါ။
၃။ အမှိုက်များကို အမျိုးအစားခွဲခြားစွန့်ပစ်ပြီး မိမိအိမ်၊ ကျောင်းနှင့် ရပ်ရွာပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထိန်းသိမ်းပါ။
ဒီနေ့ကစပြီး မိမိတတ်နိုင်တဲ့ အပြောင်းအလဲလေးတစ်ခုကနေ စတင်ကြရအောင်ပါ။