14/09/2026
ဗကသကျောင်းသားခေါင်းဆောင်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း၊ စာရေးဆရာ ဦးလှကွန့် (သိုမဟုတ်) ဦးလေးမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ
________________________________
ဗကသများအဖွဲ့ချုပ် ၁၉၅၆ ခုနှစ် ကျောင်းသားခေါင်းဟောင်းတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးလှကွန့်သည် စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းတွင် ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အနေနှင့် အထူးပင် ဝမ်းနည်းမိပါသည်။
ဦးလှကွန့်သည် ဗကသများအဖွဲ့ချုပ်တွင်လည်း ကျရာနေရာမှာ ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း မတရားဖမ်းဆီးခံခဲ့ရသူလည်း ဖြစ်သည်။ ထို့အပြင် သူသည် သမိုင်းသုတေသီတဦးအဖြစ်လည်း ဆည်းပူးလေ့လာဝေမျှရင်း လူထုအထံ အသိပညာ ဖြန့်ဝေခဲ့သူဖြစ်သည်။
ဗကသများအဖွဲ့ချုပ်အနေနှင့် ဦးလှကွန့်၏ ဖြတ်သန်းမှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်နှင့် အသိပညာတ်ို့ကို ဂုဏ်ယူတန်ဖိုးထားရသည့်အပြင် ဦးလှကွန့် ကွယ်လွန်သွားခြင်းအတွက်လည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိကြောင်း ပြောကြားရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။