University of Yangon Students’ Union - UYSU

University of Yangon Students’ Union - UYSU Information & communication channel of the University of Yangon Students’ Union - UYSU. We are the voice of conscience in the era of injustice.

Solidaristic and progressive, the University of Yangon Students’ Union - UYSU has been formed to protect the rights of the students, provide a space for critical education for both learners and educators, and perpetuate a radical political culture among the peoples of Myanmar/Burma as a whole. We are the protectors of the marginalized. We are the Union of spirits in good Faith.

Email: [email protected]

29/10/2025

ကျောင်းဖွင့်ချိန်

စစ်ရှောင်လူထုအတွက် အနွေးထည်ကမ်ပိန်း ပြီးမြောက်ကြောင်း ကြေညာခြင်း________________________________စက်တင်ဘာလ ၉ ရက်ကနေ အောက်...
10/10/2025

စစ်ရှောင်လူထုအတွက် အနွေးထည်ကမ်ပိန်း ပြီးမြောက်ကြောင်း ကြေညာခြင်း
________________________________

စက်တင်ဘာလ ၉ ရက်ကနေ အောက်တိုဘာလ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ကရင်နီဒေသက စစ်ဘေးရှောင်ပြည်သူများအတွက် အနွေးထည်ကမ်ပိန်းဟာ ဒီနေ့မှာတော့ ကမ်ပိန်း ပြီးမြောက်သွားပြီ ဖြစ်ကြောင်း ပြည်သူလူထုအပေါင်းထံသို့ ဝမ်းမြောက်စွာကြေညာလိုက်ပါတယ်။

ကမ်ပိန်းမှာ ပါဝင်လှူဒါန်းခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ၊ ဒေသအသီးသီးမှ ပြည်သူတဦးတယောက်ချင်းဆီကိုလည်း လှိုက်လှုဲစွာ ကျေးဇူးတင်ရှိကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။ ကမ်ပိန်းက ရရှိတဲ့ အလှူငွေအားလုံးဟာ ကရင်နီ ဒေသက စစ်ဘေးရှောင်ပြည်သူတွေအတွက် စစ်ဘေးဒဏ်အပြင် ဆောင်းရာသီရဲ့ အအေးဒဏ်ကနေပါ ကာကွယ်ဖို့ရာ အထောက်အပံ့ကောင်း တရပ်ဖြစ်လိမ့်မယ်လို့လည်း ကျနော်တို့အားလုံးက ဆန္ဒပြုအပ်ပါတယ် ခင်ဗျာ။

📣စစ်ဘေးရှောင်ပြည်သူ ဆောင်းအမှီ အနွေးဓာတ်ပေးနိုင်ဖို့ ကူကြပါဦးဗျို့🚨🔸စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့ရင်ငွေ့နဲ့ အနွေးဓာတ်...
07/10/2025

📣စစ်ဘေးရှောင်ပြည်သူ ဆောင်းအမှီ အနွေးဓာတ်ပေးနိုင်ဖို့ ကူကြပါဦးဗျို့🚨

🔸စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့ရင်ငွေ့နဲ့ အနွေးဓာတ်ပေးဖို့ ပြုလုပ်ခဲ့တဲ့ အနွေးထည်ကမ်ပိန်းလေးဟာ “8️⃣5️⃣%” ကို ရောက်ရှိလာခဲ့ပါပြီ။ စိတ်အားထက်သန်စွာ ပါဝင်ထောက်ပံ့ပေးကြတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

🔸ဒီအနွေးထည်ကမ်ပိန်းလေးကို စက်တင်ဘာလ (၉) ရက်ကနေ အောက်တိုဘာလ (၉) ရက်နေ့အထိ ပြုလုပ်ဖို့ ခန့်မှန်းထားခဲ့တဲ့အတိုင်း ကျန်ရှိနေတဲ့ ကမ်ပိန်းကာလ (၄) ရက်အတွင်းမှာ ၁၀၀% ပြည့်အောင် ကူပေးကြဖို့လည်း ထပ်မံမေတ္တာရပ်ခံချင်ပါတယ်။ စစ်ဘေးရှောင်ဒေသက ပြည်သူတွေအနေနဲ့ ပြည်သူ့မေတ္တာရဲ့ အနွေးဓာတ်ကို ခံစားသိရှိနိုင်အောင် ပြည်တွင်းပြည်ပက ပြည်သူတွေကို ဒီအနွေးထည်ကမ်ပိန်းလေးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

🔸ပါဝင်ကူညီမယ်ဆိုရင်တော့

👉 ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - https://www.facebook.com/share/1FmVWbkTnk/

👉 ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ - https://www.facebook.com/share/1ZzYbTUk96/

👉 ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ - https://www.facebook.com/share/191JKpT63x/

👉 ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - https://www.facebook.com/ydnbusu

👉 Daly City Students' Union - https://www.facebook.com/share/17KWY7DmtE/

👉 Students without Borders - https://www.facebook.com/share/1GV9srinQA/ တို့ကို ဆက်သွယ်ပြီး Kpay, Wavepay, NUGPay အပြင် PayPal, Bangkok Bank , Zelle တို့ကနေတဆင့် ချိတ်ဆက် လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းမှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

‎‎"မေတ္တာနဲ့ထွေးကူ ပုံတူလက်ဆောင်ယူ"‎‎ကျမတို့ ပြုလုပ်နေတဲ့ ကရင်နီဒေသအတွက် အနွေးထည်ကမ်ပိန်းအလှူမှာ ပါဝင်အားဖြည့်ရင်း မေတ္တ...
23/09/2025

‎‎"မေတ္တာနဲ့ထွေးကူ ပုံတူလက်ဆောင်ယူ"

‎ကျမတို့ ပြုလုပ်နေတဲ့ ကရင်နီဒေသအတွက် အနွေးထည်ကမ်ပိန်းအလှူမှာ ပါဝင်အားဖြည့်ရင်း မေတ္တာလက်ဆောင် ပုံတူလေး ရယူနိုင်ပါပြီ။

‎"ပုံတူလက်ဆောင်ယူ" အစီအစဉ်လေးရဲ့ ထူးခြားမှုက အနွေးထည်ကမ်ပိန်းမို့ ပါဝင်အားဖြည့်တဲ့ပြည်သူများပါ နွေးတဲ့ဓာတ်ခံစားရဖို့ အနွေးထည်ဝတ်ထားတဲ့ ပုံတူလေး ရရှိမှာဖြစ်ပါတယ်ရှင်။

‎_ဘယ်လိုပါဝင်ရမလဲ?

‎.................

‎>>page messenger ကတဆင့် ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ပါတယ်။

‎>> ပမာဏသတ်မှတ်ထားခြင်း မရှိတာမို့ တတ်စွမ်းသ၍ ပါဝင်ပြီး လက်ဆောင်ရယူနိုင်ပါတယ်။

‎_ ပုံတူလက်ဆောင်ကဘယ်လိုပြန်ရမှာလဲ?

‎>> မိမိရဲ့ပုံတူကို ပေးပို့ပေးတာနဲ့ အနွေးထည်ဝတ်ထားတဲ့ ပုံတူလေးကို လှလှပပနဲ့ ရရှိမှာပဲ ဖြစ်တယ်။

‎>> အရေအတွက် ကန့်သတ်ထားခြင်း မရှိတာမို့ ကမ်ပိန်းကာလ မပြီးဆုံးမချင်း ပါဝင်အားဖြည့်ရင်း လက်ဆောင်ရယူနိုင်ပါတယ်။

‎>> ပုံတွေကို အလှဆုံး အမှတ်တရအနေနဲ့ လက်ဆောင်ပေးချင်တာကြောင့် အချိန်ကာလတခု စောင့်ပေးဖို့တော့ ကြိုတင်မေတ္တာရပ်ခံပါတယ်ရှင်။

‎ကရင်နီစစ်ရှောင်ဒေသက ပြည်သူတွေဟာ မိုးနှောင်းကာလမှာတည်းက အအေးဓာဏ်ကို ခံစားနေရတာဖြစ်ပါတယ်။ ပြည်သူများနွေးထွေးဖို့ ကျမတို့ မေတ္တာနဲ့ထွေးကူကြရအောင်ပါ။

"အနွေးဓါတ်အတွက် ကမ်းလက်"ကရင်နီစစ်ရှောင်ဒေသမှ ကလေးငယ်၊ သက်ကြီးရွယ်အို၊ လူကြီးလူငယ်များအတွက် ဆောင်းရာသီအအေးဓံကို အံတုဖို့ ...
21/09/2025

"အနွေးဓါတ်အတွက် ကမ်းလက်"

ကရင်နီစစ်ရှောင်ဒေသမှ ကလေးငယ်၊ သက်ကြီးရွယ်အို၊ လူကြီးလူငယ်များအတွက် ဆောင်းရာသီအအေးဓံကို အံတုဖို့ အနွေးထည်တွေ လိုအပ်နေပါတယ်။

ဆောင်းရာသီရဲ့ အနွေးဓါတ်အတွက် ကမ်းလက်များအဖြစ် ကူညီပေးကြဖို့ ကျမတို့ "စစ်ရှောင်လူထုအတွက်အနွေးထည်" ကမ်ပိန်းကို အောက်တိုဘာလ(၉)ရက်နေ့ထိ ပြုလုပ်လျက်ရှိတာမို့ ပြည်တွင်း၊ပြည်ပ အင်အားစုများမှ ပါဝင်အားဖြည့်နိုင်ပါတယ်။

ပူးပေါင်းပါဝင်လှူဒါန်းလိုသူများအနေဖြင့် University of Yangon Students’ Union - UYSU page နှင့် Students Without Borders page တို့မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

"ပြည်သူတွေအတွက်အနွေးဓါတ်ပြည်သူ့လက်နဲ့ကူညီမယ်" ❤️စစ်ကောင်စီရဲ့ ပစ်မှတ်ထား တို*က်ခိုက်ခံနေရတဲ့ အပြစ်မဲ့ စစ်ဘေးရှောင်ပြည်သူ...
15/09/2025

"ပြည်သူတွေအတွက်အနွေးဓါတ်
ပြည်သူ့လက်နဲ့ကူညီမယ်" ❤️

စစ်ကောင်စီရဲ့ ပစ်မှတ်ထား တို*က်ခိုက်ခံနေရတဲ့ အပြစ်မဲ့ စစ်ဘေးရှောင်ပြည်သူများစွာရှိတဲ့ ကရင်နီဒေသမှာ အခုလိုမိုးနှောင်းကာလတည်းက အအေးဒဏ်ကို ခံစားနေကြရပြီး ဆောင်းတွင်းကာလကို အံတုခံနိုင်ဖို့ အနွေးဓါတ်လိုအပ်နေပါတယ်။

အိုးမဲ့အိမ်မဲ့ သစ်ဘေးဒဏ်ခံစားနေကြရတဲ့ "ပြည်သူတွေအတွက်အနွေးဓါတ် ပြည်သူ့လက်နဲ့ကူညီနိုင်ဖို့" ကျမတို့က ကူညီဆောင်ရွက်ပေးတဲ့အနေနဲ့ "စစ်ရှောင်လူထုအတွက် အနွေးထည်" ကမ်ပိန်းကို ပြုလုပ်နေပါတယ်။

ပြည်တွင်းပြည်ပအင်အားစုများ ဝိုင်းဝန်းကူညီကြဖို့အတွက် အမြဲစောင့်ကြိုနေပါတယ်။

အအေးဒဏ်ကို အံတုဖို့ အနွေးထည်ကူကြစို့_နေရာတော်တော်များများမှာတော့ မိုးမကုန်သေးတဲ့အပြင်ကို တချက်တချက်တောင် ပူစပ်စပ်နဲ့ ဖြစ...
09/09/2025

အအေးဒဏ်ကို အံတုဖို့ အနွေးထည်ကူကြစို့
_

နေရာတော်တော်များများမှာတော့ မိုးမကုန်သေးတဲ့အပြင်ကို တချက်တချက်တောင် ပူစပ်စပ်နဲ့ ဖြစ်နေပါသေးတယ်။

ဒါပေမဲ့ လက်နက်ကြီးဒဏ်ကို အလူးအလဲခံနေရတဲ့ ကရင်နီဒေသရဲ့ စစ်ရှောင်စခန်းတွေမှာတော့ ဆောင်းရဲ့ အငွေ့အသက်ကို အခုတည်းက ခံစားနေရပါပြီ။

ဒါကြောင့် ကျမတို့တတွေ ကရင်နီ စစ်ရှောင်စခန်းတွေဆီ ဆောင်းအမီ အနွေးထည်တွေ ကူကြဖို့ မိဘပြည်သူတွေဆီကနေ ရန်ပုံငွေကောက်ခံချင်ပါတယ်။

ဒီအနွေးထည်ကမ်ပိန်းကိုတော့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ (ဗမသ)၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ)၊ Daly City Students' Union နဲ့ Students Without Borders တို့ကနေ ပူးပေါင်းစီစဉ်ထားပါတယ်။

ကမ်ပိန်းကိုတော့ ဒီနေ့ စက်တင်ဘာလ (၉) ရက်ကနေ ဆောင်းအမီ အောက်တိုဘာလ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၅၀၀ ထိ မျှော်မှန်းကောက်ခံသွားမှာ ဖြစ်ပါတယ်။
_

ပါဝင်ကူညီမယ်ဆိုရင်တော့ ဒီ page တွေရဲ့ messenger အသီးသီးကို ဆက်သွယ်ထည့်ဝင်နိုင်ပါတယ်။
👉
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - https://www.facebook.com/share/1FmVWbkTnk/
👉
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ - https://www.facebook.com/share/1ZzYbTUk96/
👉
ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ - https://www.facebook.com/share/191JKpT63x/
👉
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - https://www.facebook.com/ydnbusu
👉
Daly City Students' Union - https://www.facebook.com/share/17KWY7DmtE/
👉
Students without Borders - https://www.facebook.com/share/1GV9srinQA/

31/08/2025

"ဗုံးခိုကျင်းကမ်ပိန်း
ပြီးဆုံးဖို့(၃)ရက်သာလိုပါတော့သည်"

စ*စ်ကောင်စီရဲ့ ပိုမိုဆိုးရွားလာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ၊ စာသင်သားကလေးငယ်တွေ ထိခိုက်ဆုံးရှုံးနေကြရတဲ့ အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုမိုတိုးပွားလာပါတယ်။

ဒီလိုအန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုတာ အထိရောက်ဆုံးနဲ့ အလိုအပ်ဆုံးက "ဗုံးခိုကျင်း"တွေ ဆောက်လုပ်ဖို့ပဲ ဖြစ်ပါတယ်။

မိသားစုများနဲ့စာသင်သားကလေးငယ်များ အသက်အန္တရာယ်လုံခြုံစွာ နေထိုင်နိုင်ဖို့ STUDENTS WITHOUT BORDERS က "ဗုံးခိုကျင်းကမ်ပိန်း" ပြုလုပ်နေတာမှာ ကမ်ပိန်းရရှိငွေက 16.99%သာ ရရှိပါသေးတယ် 🥹။
လကုန်ရက်လဲ ရောက်လာပြီ ဖြစ်တာကြောင့် ကျွန်ုပ်တို့အတူ ပြည်တွင်း၊ပြည်ပ အင်အားစုများမှ ပူးပေါင်းပါဝင်ပြီး ကမ်ပိန်းပမာဏ ပြည့်သွားအောင် ဖြည့်တင်းပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ပူးပေါင်းပါဝင်လှူဒါန်းလိုသူများအနေဖြင့် University of Yangon Students’ Union - UYSU page နှင့် Students Without Borders page တို့မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ကရင်နီစစ်ဘေးရှောင်ပြည်သူများနဲ့ စာသင်ကျောင်းများ လုံခြုံရေးအတွက် ဗုံးခိုကျင်းကမ်ပိန်းဟာ (၆) ရက်မြောက်နေ့ကို ရောက်ရှိလာပါ...
30/08/2025

ကရင်နီစစ်ဘေးရှောင်ပြည်သူများနဲ့ စာသင်ကျောင်းများ လုံခြုံရေးအတွက် ဗုံးခိုကျင်းကမ်ပိန်းဟာ (၆) ရက်မြောက်နေ့ကို ရောက်ရှိလာပါပြီ။

ကမ်ပိန်းကာလ (၁၀)ရက်သာထားရှိထားပြီး မျှော်မှန်းတားဂတ်ပမာဏ သိန်း(၁၅၀) ဖြစ်တဲ့အတွက် ပြည်တွင်း၊ပြည်ပ အင်အားစုများမှ ကူညီပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ပူးပေါင်းပါဝင်လှူဒါန်းလိုသူများအနေဖြင့် University of Yangon Students’ Union - UYSU page နှင့် Students Without Borders page တို့မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

27/08/2025

❗ကရင်နီအတွက် ဗုံးခိုကျင်းကမ်ပိန်း❗
_______________________________

အခုလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနီးကပ်လာတဲ့ကာလမှာ နယ်မြေပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်တွေက လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းအမျိုးမျိုးနဲ့ ကရင်နီဒေသကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာဆိုရင်လည်း တရက်တည်းမှာတင် စစ်အုပ်စုလက်ချက်နဲ့ သေဆုံးခဲ့တဲ့ ပြည်သူ (၃၂)ဦးထိ ရှိခဲ့ပါတယ်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းကိုလည်း တရက်တည်းမှာ လက်နက်ကြီး အလုံး(၁၀၀)ကျော် ပစ်ခတ်ခဲ့ပါတယ်။

ဒီအခြေအနေမှာ စာသင်ကျောင်းတွေ၊ စစ်ရှောင်စခန်းတွေမှာ လုံခြုံရေးအစီအမံတွေ ချထားဖို့ဆိုတာ ပိုပြီးလိုအပ်လာပါတယ်။ အဓိက အားဖြင့်တော့ ဗုံးခိုကျင်းတွေ စနစ်တကျ တည်ဆောက်ထားဖို့ အထူးလိုအပ်နေပါတယ်။

ဒါကြောင့် မိမိတို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ Students Without Borders အစီအစဉ်က "ဗုံးခိုကျင်းကမ်ပိန်း" ကို ဩဂုတ်လ၂၅ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ အထိ ဆယ်ရက်တာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သိန်း ၁၅၀ ရရှိရန် ရည်မှန်းထားပါတယ်။

‎ပြည်တွင်း၊ ပြည်ပရှိ ကျောင်းသား၊ ပြည်သူများအနေနဲ့ "ဗုံခိုကျင်းကမ်ပိန်း"မှာ တတ်အားသရွေ့ ပူပေါင်းပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ပူး‌ပေါင်းပါဝင်လှူဒါန်းလိုသူများအနေဖြင့် University of Yangon Students Union - UYSU page နှင့် Students Without Borders page တို့ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

#ဗုံးခိုကျင်း

❙ ‎"ဗုံးခိုကျင်းကမ်ပိန်း"_____________________(English version below.)၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတည်းက ကရင်နီဟာ စစ်တလင်...
25/08/2025

❙ ‎"ဗုံးခိုကျင်းကမ်ပိန်း"
_____________________
(English version below.)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတည်းက ကရင်နီဟာ စစ်တလင်းဖြစ်ခဲ့ရတဲ့ နေရာဒေသတခုပါ။ ၂၀၂၃ ခုနှစ်မှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ အစွယ်အပွားအဖြစ် ၁၁.၁၁ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ပြီးတဲ့နောက် ကရင်နီရဲ့ နယ်မြေဒေသအတော်များများကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာတော့ စစ်ကောင်စီဖက်က ပြည်သူတွေနေထိုင်တဲ့ နေရာတွေကိုပါမချန် လေယာဥ်၊ လက်နက်ကြီး၊ ဒရုန်း ဗုံးကြဲတာတွေ အဆမတန် ပိုမိုအသုံးပြုလာခဲ့ပြီး နယ်မြေဒေသတွေကို ပြန်လည် သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်လာခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်းမှာဆိုရင် စစ်အုပ်စုရဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် တစ်ရက်တည်းနဲ့ ပြည်သူ (၃၂) ယောက် သေဆုံးခဲ့ရပါတယ်။ ဒီးမော့ဆို(အနောက်ဘက်ခြမ်း) ကိုဆိုရင်လည်း တရက်တည်းမှာ လက်နက်ကြီး အလုံး (၁၀၀) ကျော် ပစ်ခတ်တာတွေပြုလုပ်လာခဲ့ပါတယ်။ စာသင်ကျောင်းတွေကို တိုက်ခိုက်တာကတော့ အရင်ကတည်းက ရှိနေပြီးသားပါ။

ဒီအခြေအနေမှာ စာသင်ကျောင်းတွေ၊ စစ်ရှောင်စခန်းတွေမှာ ပိုပြီးတော့ လုံခြုံရေးအစီအမံတွေ ချထားဖို့ လိုအပ်လာပါတယ်။ အဓိက အားဖြင့်တော့ ဗုံးခိုကျင်းတွေ စနစ်တကျ တည်ဆောက်ထားဖို့ အထူးလိုအပ်နေပါတယ်။

‎စစ်ဘေးရှောင်မိသားစုများ အဆင်ပြေလုံခြုံစွာ နေထိုင်နိုင်ရေးနဲ့ ကလေးငယ်များရဲ့ ပညာရေးကို အားပေးမြှင့်တင်နိုင်ရေးအတွက် မိမိတို့ တော်လှန်ရေးအင်အားစုများက အမြဲအားထုတ် ကြိုးပမ်းနေကြပါတယ်။ ဒီနေရာမှာ အဓိက စိန်ခေါ်မှုကတော့ လေကြောင်းအန္တရာယ်နဲ့ ရန်ပုံငွေ မလုံလောက်မှုပါပဲ။

ဒါကြောင့် မိမိတို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ Students Without Borders အစီအစဉ်က "ဗုံးခိုကျင်းကမ်ပိန်း" ကို ဩဂုတ်လ၂၅ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ အထိ ဆယ်ရက်တာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သိန်း ၁၅၀ ရရှိရန် ရည်မှန်းထားပါတယ်။

‎ပြည်တွင်း၊ ပြည်ပရှိ ကျောင်းသား၊ ပြည်သူများအနေနဲ့ "ဗုံးခိုကျင်းကမ်ပိန်း"မှာ တတ်အားသရွေ့ ပူးပေါင်းပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ပူး‌ပေါင်းပါဝင်လှူဒါန်းလိုသူများအနေဖြင့် University of Yangon Students Union - UYSU page နှင့် Students Without Borders page တို့မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

_____________________

❙ The "Bunker Campaign"

Since the 2021 military coup, Karenni State has become a battlefield. Following the launch of Operation 11.11—an extension of Operation 1027—in 2023, resistance forces have successfully gained control of significant territory. However, in response to the junta's announcement of a planned election in 2025, they have intensified their attacks. The military is now using an overwhelming amount of air power, heavy artillery, and drones to drop bombs indiscriminately on civilian areas in a brutal attempt to regain control.

The impact has been devastating. In a single day in August 2025 alone, junta airstrikes killed 32 civilians. On another day, over 100 artillery shells were fired at western Demoso. Attacks on schools, a tactic used for years, are now an expected threat.

In this climate of escalating violence, it's more urgent than ever to implement safety measures, especially at schools and internally displaced persons (IDP) camps. Constructing proper, structurally sound bunkers is the most critical need.

For our revolutionary forces, the main challenges in ensuring the safety and well-being of displaced families and promoting children's education are the constant threat of airstrikes and a severe lack of funding.

That's why we, the University of Yangon Students' Union (UYSU), through our Students Without Borders program, is launching the "Bunker Campaign." This 10-day campaign, running from August 25th to September 3rd, aims to raise 15 million MMK to build safe place for those most at risk.

We urge all students and citizens, both in Myanmar and abroad, to participate and contribute what you can to the Bunker Campaign. Your support is vital.

To donate, please contact the University of Yangon Students' Union - UYSU page and the Students Without Borders page.

‎ပြည်တွင်း၊ ပြည်ပရှိ ကျောင်းသား၊ ပြည်သူများအနေနဲ့ "ဗုံးခိုကျင်းကမ်ပိန်း"မှာ တတ်အားသရွေ့ ပူပေါင်းပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Address

No. 34, Adapati Road, University Of Yangon
Yangon
11041

Telephone

+959250232322

Alerts

Be the first to know and let us send you an email when University of Yangon Students’ Union - UYSU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to University of Yangon Students’ Union - UYSU:

Share