16/10/2021
မြန်မာနိုင်ငံအပေါ် အလုံးစုံသော စီးပွားရေးအရ အရေးယူပိတ်ဆို့မှု (Comprehensive Economic Sanctions) ဆောင်ရွက်ပေးပါရန်
တိုက်တွန်း ထုတ်ပြန်ကြေညာချက်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်
၁။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၌ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့အာဏာ (၃) ရပ်ဖြစ်သည့် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေး အာဏာများကို မတရားသဖြင့် လက်နက်အားကိုးပြီး အတင်းအဓမ္မသိမ်းယူခဲ့သည်။
၂။ ကျွန်ုပ်တို့အနေဖြင့် ပြည်သူ့အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့သော အကြမ်းဖက်စစ်အုပ်စုအား အစိုးရတစ်ရပ်အဖြစ် လုံးဝအသိအမှတ်မပြုကြောင်း ကြေညာခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စုအား ဖြုတ်ချ နိုင်ရေးအတွက် ပြည်သူလူထုတရပ်လုံးနှင့်အတူ ငြိမ်းချမ်းသောနည်းဖြင့် တိုက်ပွဲဝင်လျှက်ရှိပါသည်။ မြန်မာပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ မည်သည့် လုပ်ငန်းများတွင်မဆို ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝ (လုံးဝ) မလုပ်ဆောင်ပါ။ အကြမ်းဖက်စစ်အုပ်စုမှ ထုတ်ပြန်သော အမိန့်ကြေညာချက်များကိုလည်း လုံးဝအသိအမှတ်မပြုဘဲ ပြည်တွင်းအင်အားစုများနှင့် အတူ “ဘူး” သပိတ်ကို အဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိသည့်အပြင် အကြမ်းဖက် စစ်အုပ်စု၏ အမိန့်အာဏာဟူသမျှကို ဆန့်ကျင်ဖီဆန် လျှက်ရှိပါသည်။
၃။ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရေးနှင့် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ငြိမ်းချမ်းစွာဆောင်ရွက်နေသော ပြည်သူလူထုကို အကြမ်းဖက်စစ်အုပ်စုမှ ရက်စက်စွာဖိနှိပ်သတ်ဖြတ် ခြင်း၊ မတရားသဖြင့် ဖမ်းဆီးထောင်ချခြင်းတို့အပြင် ပြည်သူတို့အား အကြောက်တရား လွှမ်းမိုးစေရန် အတွက် နယ်မြေများတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် လေကြောင်း မှ လေယာဉ်များဖြင့် လူသားမဆန်စွာ စစ်ဆင်ရေးများပြုလုပ်ခြင်း၊ ရွာများ အိမ်များကို မီးရှို့ဖျက်စီးမှုများ ကြောင့် အိုးပစ်အိမ်ပစ် စစ်ဘေးရှောင်များ များပြားလာပြီး အတိဒုက္ခရောက်ရခြင်း၊ ပြည်တွင်း နေရပ်မဲ့ ဒုက္ခသည်များ ပိုမိုများပြားသည့် အခြေအနေဖြစ်ပေါ်လျှက်ရှိပါသည်။
၄။ အကြမ်းဖက်စစ်အုပ်စုမှ အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင် လေးသိန်းကျော်သော အစိုးရဝန်ထမ်းများအပါအဝင် သန်းနှင့်ချီသောအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်သွားခဲ့ပြီး စီးပွားရေး လုပ်ငန်းများအားလုံး၏ ၇၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွားပြီဟု သတင်းများတွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၁၈.၄ ရာခိုင်နုန်း ကျဆင်းသွားသည်ဟု World Bank အစီရင်ခံစာတွင် တွေ့ရသည်။ ကမ္ဘာ့ကုလသမဂ္ဂ (UN)၏ အဖွဲ့တစ်ခုဖြစ်သော UNDP (United Nation Development Program) ၏ ဇွန်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံလူဦးရေ ၏ ၆၀ ရာခိုင်နှုန်းကျော်သည် ၂၀၂၂ ခုနှစ် အစောပိုင်းကာလတွင် ဆင်းရဲမွဲတေမှုမျဉ်းအောက် ကျဆင်းမည်။ တနည်းအားဖြင့် အငတ်ဘေးဆိုက်ရောက်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၅။ ယနေ့လက်တွေ့တွင် မြင်နေရသည့် နိုင်ငံခြားငွေကြေးဈေးကွက် (အမေရိကန်ဒေါ်လာနှင့် အခြားသော ငွေကြေးများ) ပျက်စီးမှု၏ နောက်ဆက်တွဲ ကုန်ဈေးနှုန်းမြင့်တက်မှု၊ စီးပွားရေးလုပ်ငန်းများ ပြိုလဲမှု၊ နိုင်ငံရှိပြည်သူများ အငတ်ဘေးကြုံတွေ့နေရမှု၊ စစ်ဘေးဒုက္ခများခံစားနေရမှု၊ အကြမ်းဖက် စစ်အုပ်စု၏ ဖိနှိပ်မှုများကြောင့် ဒုက္ခမျိုးစုံခံစားနေရသည့် ပြည်သူများသည် သက်သေခံလျှက်ရှိသည်။ အကြမ်းဖက်စစ်အာဏာရှင်စနစ် နှစ်ကာလများစွာ အာဏာတည်မြဲမည်ဆိုပါက နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အစစအရာရာတွင် ပိုမိုဆိုးရွာလာပြီး ယခုထက်ပို၍ ချွတ်ခြုံကျရန်သာ ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံအသိုင်းအဝိုင်း နိုင်ငံများထဲတွင် လည်း ခေါင်းမဖော်နိုင်သောနိုင်ငံဖြစ်လာမည့်အပြင် ကုလသမဂ္ဂမှအကောင်အထည် ဖော်ဆောင်ရွက်နေ သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals) များကို လည်း ပါဝင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ပါ။
၆။ အထက်ဖော်ပြပါ အလုပ်လက်မဲ့ဖြစ်မှုနှင့် ငတ်မွတ်မှု အပါအဝင် ဆင်းရဲဒုက္ခအပေါင်းမှ ကယ်တင် နိုင်ရန်အတွက် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏ အာဏာရှင်စနစ်များကို အမြစ်ဖြတ်ချေမှုန်း ပယ်ရှားခြင်းဖြင့်သာ ကယ်တင်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို ချိနဲ့အားနည်းသွားစေရန် စီးပွားရေးဆိုင်ရာ သပိတ်မှောက်ခြင်းအဖြစ် စစ်တပ်နှင့် သူ၏လက်ဝေခံများ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သပိတ်မှောက်ခြင်း/ မသုံးစွဲခြင်း၊ မီတာခမဆောင်ခြင်း၊ အခွန် မဆောင်ခြင်း စသည့် လုပ်ငန်းများကို ပြည်တွင်းတွင် ဆောင်ရွက်လျက်ရှိပါသည်။ သို့သော် အပြည်ပြည် ဆိုင်ရာမှ ရင်းနှီးမြှပ်နှံသူများသည် စစ်တပ်နှင့်သူ၏လက်ဝေခံတို့အား စီးပွားရေးတွဲဖက် လုပ်ဆောင်ခြင်း ဖြင့်လည်းကောင်း၊ စစ်တပ်နှင့်မသက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများမှလည်း စစ်တပ်အုပ်ချုပ်ရေးကို တိုက်ရိုက်လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း ငွေကြေးပံ့ပိုးမှုများ ပြုလုပ်လျှက်ရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် မြန်မာ့နွေဦးတော်လှန်ရေး လျင်မြန်စွာအောင်မြင်၍ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပြန်လည်ထူထောင်နိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာအစိုးရများမှ ထိရောက်သော အလုံးစုံ သော စီးပွားရေး ပိတ်ဆို့အရေးယူမှု (Comprehensive Economic Sanctions - CES) ကို အမြန်ဆုံး ပြုလုပ်ရန် အရေးတကြီး လိုအပ်လျှက်ရှိပါသည်။
၇။ အလုံးစုံသောစီးပွားရေးပိတ်ဆို့မှု CES သည် သန်းနှင့်ချီ၍ အလုပ်အကိုင်ဆုံးရှုံးမှုဖြစ်ပေါ်နေသော မြန်မာနိုင်ငံအတွက် ပို၍အခက်အခဲများကို ဖြစ်စေမည်ကို နားလည်ပါသည်။ သို့ပါသော်လည်း အကြမ်းဖက်စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မည်ဆိုပါက ယခုဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ဆိုးရွားစွာချိုးဖောက်ခံနေရမှုများ၊ အဓမ္မခိုင်းစေခံရမှုများ၊ အလုပ်လက်မဲ့ ပြဿနာ၊ ငတ်မွတ်ဘေး၊ စစ်ဘေးစသည့် ဖိနှိပ်မှုအပေါင်းတို့သည် ယခုထက် ပိုမိုလာနိုင်ဖွယ်ရာ ရှိပါ သည်။ ကာလကြာရှည်သွားမည်ဖြစ်ပါသည်။ အမျိုးမျိုးသော ဖိနှိပ်မှုအပေါင်းနှင့် ဒုက္ခမျိုးစုံတို့မှ လွတ်မြောက်ရန်မှာ အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြန်ဆုံး ကျဆုံးသွားမှသာ ဖြစ်ပါမည်။ အထွေထွေစီးပွားရေး အလုံးစုံပိတ်ဆို့မှုကြောင့် စစ်တပ်၏ ဒေါက်တိုင်များ ပြိုကျပျက်စီးပြီး အချိန်တို ကာလအတွင်း အကြမ်းဖက်စစ်အာဏာရှင်စနစ် ကျဆုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများ လိုလား တောင့်တအပ်သော အနာဂါတ်ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် မဖြစ်မနေရွေးချယ်ရမည့် နည်းလမ်းတခုအနေဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။
၈။ သို့ဖြစ်၍ ကျွန်ုပ်တို့ အလုပ်သမားများ၊ လယ်သမားများ၊ ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ ဆရာမများ၊ ဆေးပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ လူငယ်၊ အမျိုးသမီးများအပြင် အခြားသော အင်အားစုအသီးသီးမှ ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံများ အပါအဝင် အပြည်ပြည်ဆိုင်ရာ အစိုးရများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်သော အရေးယူမှုဖြစ်သည့် အလုံးစုံသော စီးပွားရေးပိတ်ဆို့မှုကို အမြန်ဆုံးချမှတ်အရေးယူပေးပါရန် တောင်းဆိုအပ်ပါသည်။ ကျွန်ုပ်တို့မှ တောင်းဆိုသည့် အလုံးစုံသောစီးပွားရေးပိတ်ဆို့မှုဆိုသည်မှာ ငွေကြေးဝန်ဆောင်မှုပေးခြင်းအား ရပ်တန့်ခြင်း၊ အာမခံလုပ်ငန်းများ ရပ်တန့်ခြင်း (Financial sector)၊ ငွေကြေးဝန်ဆောင်မှုလက်နက်များ၊ ကြားခံ နာမည်ခံပွဲစားများမှဝယ်ယူမှု အစရှိသောဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများအားလုံးကို ပိတ်ဆို့ အရေးယူခြင်းနှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများအပြင် ရေပေါ်ရေအောက် မြေပေါ်မြေအောက် မြန်မာပြည်သူများ မူလပိုင်ဆိုင်သော သစ်နှင့် သစ်တောထွက်ပစ္စည်းများ၊ ကျောက်စိမ်းနှင့် ရွှေကျောက်မျက်ရတနာများ တင်ပို့ရောင်းချခြင်းများ အပါအဝင် အခြားသောစီးပွားရေးလုပ်ငန်းများ အားလုံး ပါဝင်သည်။
၉။ “တိုင်းရင်းသားများနှင့် ပြည်သူများအားလုံး တန်းတူအခွင့်အရေးပေးနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ရေး” အတွက်လည်းကောင်း၊ “စစ်အာဏာရှင်စနစ်အား ဖယ်ရှား၍ အရပ်သား အစိုးရကို ပြန်လည်တင်မြှောက်ခြင်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ပြန်လည်ဖိတ်ခေါ်၍ မြန်မာ ပြည်သူများအတွက် ကောင်းမွန်သည့်အလုပ်အကိုင်အခွင့်အလမ်းများနှင့် ကောင်းမွန်သည့်အနာဂါတ် ဘဝ ပြန်လည်ရရှိရေး” ကို မျှော်မှန်းကာ မိမိတို့ ပြည်တွင်းအင်အားစုများအားလုံးကလည်း မလျော့သော ဇွဲဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၄င်းတို့၏စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖယ်ရှားရန် ပြည်တွင်း၊ ပြည်ပအားလုံးနှင့် အောက်ပါ တော်လှန်ရေးအင်အားစုအသီးသီးမှ ဟန်ချက်ညီညီ ပူးပေါင်း တိုက်ထုတ် သွားပါမည်။
သို့ဖြစ်ပါ၍ မိဘပြည်သူလူထုများ၊ အလုပ်သမားညီအကိုမောင်နှမများ၊ တော်လှန်ရေး အင်အား စုများ၊ အပြည်ပြည်ဆိုင်ရာအစိုးရများ၊ အပြည်ပြည်ဆိုင်ရာအလုပ်ရှင်အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာအသိုင်းအဝိုင်းများနှင့် အဖွဲ့အစည်းများအားလုံးတို့မှ ကျွန်ုပ်တို့နှင့်အတူ Comprehensive Economic Sanctions ကို ပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းတောင်းဆို အပ်ပါသည်။
၁။ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)
၂။ မန္တလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၃။ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၄။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂ
၅။ မန္တလေးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၆။ နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂ
၇။ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ကျောင်းသားများသမဂ္ဂ
၈။ မန္တလေးကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၉။ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂ
၁၀။ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၁၁။ ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ
၁၂။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ
၁၃။ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ
၁၄။ ဆေးဝါးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ
၁၅။ တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၁၆။ သူနာပြုတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ
၁၇။ သားဖွားသင်တန်းကျောင်း-မန္တလေး ကျောင်းသားများသမဂ္ဂ
၁၈။ သူနာပြုသင်တန်းကျောင်း-မန္တလေး ကျောင်းသားများသမဂ္ဂ
၁၉။ မန္တလေးပုဂ္ဂလိကတက္ကသိုလ်များ ကျောင်းသားသမဂ္ဂ
၂၀။ ရန်ကုန်စီးပွားရေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ
၂၁။ မုံရွာစီးပွားရေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ
၂၂။ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ
၂၃။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကြားကာလကောင်စီ
၂၄။ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ( ရွာသာကြီး )
၂၅။ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ
၂၆။ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ( လှိုင်နယ်မြေ)
၂၇။ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ
၂၈။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းသားများ သမဂ္ဂ
၂၉။ သူနာပြုသင်တန်းကျောင်း(မိတ္ထီလာ)ကျောင်းသားများသမဂ္ဂ
၃၀။ လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၃၁။ လားရှိုးကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၃၂။ လားရှိုးသူနာပြု-သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
၃၃။ လားရှိုးနည်းပညာအထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
၃၄။ လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ
၃၅။ တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၃၆။ တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၃၇။ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ကျောင်းသားများသမဂ္ဂ
၃၈။ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ
၃၉။ တောင်ကြီးသူနာပြုသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ(ယာယီ)
၄၀။ တောင်ကြီးမြို့ သားဖွားသင်တန်းကျောင်း ကျောင်းသားမျာသမဂ္ဂ(ယာယီ)
၄၁။ ပင်လုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၄၂။ ပင်လုံနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၄၃။ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) ကျောင်းသားများသမဂ္ဂ
၄၄။ ကျိုင်းတုံနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၄၅။ ကွန်ပျုတာတက္ကသိုလ်(ကျိုင်းတုံ)ကျောင်းသားများသမဂ္ဂ
၄၆။ ကျိုင်းတုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၄၇။ ကျိုင်းတုံ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းသားများ သမဂ္ဂ
၄၈။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၄၉။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၅၀။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၅၁။ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၅၂။ နေပြည်တော်သူနာပြုသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
၅၃။ နေပြည်တော်သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
၅၄။ ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ
၅၅။ ပြည် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းသားများ သမဂ္ဂ
၅၆။ တောင်ငူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၅၇။ နည်းပညာတက္ကသိုလ်(တောင်ငူ) ကျောင်းသားများသမဂ္ဂ
၅၈။ တောင်ငူသူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
၅၉။ တောင်ငူသူနာပြုသင်တန်းကျောင်းကျောင်းသားများ သမဂ္ဂ
၆၀။ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) ကျောင်းသားသမဂ္ဂ
၆၁။ စိုက်ပျိုးရေးသိပ္ပံသာယာဝတီကျောင်းသားများသမဂ္ဂ
၆၂။ မြစ်ကြီးနားသားဖွားသင်တန်းကျောင်းကျောင်းသားများသမဂ္ဂ
၆၃။ ဗန်းမော်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၆၄။ မြစ်ကြီးနား နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၆၅။ ဗန်းမော်သူနာပြု သင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
၆၆။ မြစ်ကြီးနားသူနာပြု သင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
၆၇။ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား) ကျောင်းသားများသမဂ္ဂ
၆၈။ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ
၆၉။ ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား) ကျောင်းသားများ သမဂ္ဂ
၇၀။ မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ
၇၁။ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၇၂။ မကွေးပညာရေး ဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ
၇၃။ ကွန်ပျူတာ တက္ကသိုလ်(မကွေး)ကျောင်းသားများသမဂ္ဂ
၇၄။ ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၇၅။ မကွေး သူနာပြု-သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
၇၆။ ပခုက္ကူ သူနာပြု-သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ
၇၇။ မကွေး အစိုးရစက်မှု လက်မှုသိပ္ပံ ကျောင်းသားများသမဂ္ဂ
၇၈။ ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၇၉။ ကွန်ပြူတာတက္ကသိုလ်(ဘားအံ)ကျောင်းသားများသမဂ္ဂ
၈၀။ နည်းပညာတက္ကသိုလ်(ဘားအံ)ကျောင်းသားများသမဂ္ဂ
၈၁။ ဘားအံပညာရေးဒီကရီကောလိပ်ကျောင်းသားများသမဂ္ဂ
၈၂။ သူနာပြုသင်တန်းကျောင်း(ဘားအံ)ကျောင်းသားများသမဂ္ဂ
၈၃။ သားဖွားသင်တန်းကျောင်း(ဘားအံ)ကျောင်းသားများသမဂ္ဂ
၈၄။ မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၈၅။ မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၈၆။ ကွန်ပျူတာတက္ကသိုလ်(မြိတ်)ကျောင်းသားများသမဂ္ဂ
၈၇။ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၈၈။ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၈၉။ ထားဝယ်ကွန်ပြူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၉၀။ ထားဝယ်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ
၉၁။ စိုက်ပျိုးရေးသိပ္ပံ-ထားဝယ်ကျောင်းသားများသမဂ္ဂ
၉၂။ ထားဝယ်သူနာပြုသင်တန်းကျောင်း - ကျောင်းသားများသမဂ္ဂ
၉၃။ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၉၄။ နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်းသားများသမဂ္ဂ
၉၅။ ကွန်ပျူတာတက္ကသိုလ် (မုံရွာ) ကျောင်းသားများသမဂ္ဂ
၉၆။ ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၉၇။ နည်းပညာတက္ကသိုလ် (ကလေး) ကျောင်းသားများသမဂ္ဂ
၉၈။ ကွန်ပျူတာတက္ကသိုလ် (ကလေး) ကျောင်းသားများသမဂ္ဂ
၉၉။ ရွှေဘိုနည်းပညာကောလိပ် ကျောင်းသားမျာသမဂ္ဂ
၁၀၀။ ရွှေဘိုတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်)
၁၀၁။ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) ကျောင်းသားများသမဂ္ဂ
၁၀၂။ ကန့်ဘလူစက်မှုလက်မှုသိပ္ပံ ကျောင်းသားများသမဂ္ဂ
၁၀၃။ စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၁၀၄။ သမဝါယမတက္ကသိုလ် (စစ်ကိုင်း) ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)
၁၀၅။ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၀၆။ စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)
၁၀၇။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)
၁၀၈။ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
၁၀၉။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂ
၁၁၀။ စက်မှုလက်မှုသိပ္ပံ(အင်းစိန်)ကျောင်းသားများသမဂ္ဂ
၁၁၁။ စက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)ကျောင်းသားများသမဂ္ဂ
၁၁၂။ မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၁၃။ မိုးညှင်းမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၁၄။ မိတ္ထီလာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၁၅။ မော်လမြိုင်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၁၆။ မုဒုံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၁၇။ မိသားစု(ကပက)အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၁၈။ မင်းဘူးမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၁၉။ မိုးကောင်းမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၂၀။ မောက်မယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၂၁။ ရေတာရှည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၂၂။ လားရှိုးမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၂၃။ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၂၄။ လင်းခေးမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၂၅။ လက်ပံတန်းမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၂၆။ လပွတ္တာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၂၇။ ဝမ်းတွင်းမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၂၈။ ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၂၉။ သထုံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၃၀။ ဟိုပင်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၃၁။ ဟင်္သာတမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၃၂။ အောင်မြေသာစံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)
၁၃၃။ အထက (၁) ဘားအံ အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၃၄။ အထက(၈)မန္တလေး၊အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)
၁၃၅။ အထက(၁၁) မန္တလေး၊အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)
၁၃၆။ အ.ထ.က.(၂၄) အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)(မန္တလေး)
၁၃၇။ ကျောက်ဆည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၃၈။ ကသာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၃၉။ စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂ
၁၄၀။ စဥ့်ကိုင်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၄၁။ ဇမ္ဗူသီရိမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၄၂။ ညောင်လေးပင်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၄၃။ တောင်ကြီးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၄၄။ ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၄၅။ ဒိုက်ဦးမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၄၆။ ဒီးမော့ဆိုမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၄၇။ ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၄၈။ ပဲခူးမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၄၉။ ပျဉ်းမနားမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၅၀။ ပန်းတောင်းမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
၁၅၁။ ပညာနန်းတော်(ကပက)အခြေခံပညာကျောင်းသားများသမဂ္ဂ
၁၅၂။ တမူးမြို့နယ် ဆရာ/ဆရာမများ သမဂ္ဂ
၁၅၃။ ဟုမ္မလင်းမြို့နယ် ဆရာ/ဆရာမများသမဂ္ဂ
၁၅၄။ ကွန်ပျူတာ တက္ကသိုလ် ကျိုင်းတုံ ဆရာများသမဂ္ဂ
၁၅၅။ ဒဂုံတက္ကသိုလ် ပညာရေးဝန်ထမ်းများ အခြေခံအလုပ်သမားသမဂ္ဂ
၁၅၆။ ပဲခူးမြို့နယ် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ
၁၅၇။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အခြေခံပညာ ဆရာ/ ဆရာမများသမဂ္ဂ
၁၅၈။ တန့်ဆည်မြို့နယ် ဆရာ/ဆရာမများသမဂ္ဂ
၁၅၉။ မုံရွာမြို့နယ် အခြေခံပညာ ဆရာ/ဆရာမများ သမဂ္ဂ
၁၆၀။ ရေးမြို့နယ် ပညာရေးဘုတ်အဖွဲ့
၁၆၁။ တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာဆရာဆရာမများသမဂ္ဂ
၁၆၂။ ထားဝယ်မြို့နယ်ပညာရေးဘုတ်ဖွဲ့(ယာယီ)
၁၆၃။ ရေဖြူမြို့နယ်ပညာရေးဘုတ်ဖွဲ့(ယာယီ)
၁၆၄။ သရက်ချောင်းမြို့နယ်ပညာရေးဘုတ်ဖွဲ့(ယာယီ)
၁၆၅။ လောင်းလုံမြို့နယ်ပညာရေးဘုတ်ဖွဲ့(ယာယီ)
၁၆၆။ ပုလောမြို့နယ်ပညာရေးဘုတ်ဖွဲ့(ယာယီ)
၁၆၇။ မြိတ်မြို့နယ်ပညာရေးဘုတ်ဖွဲ့(ယာယီ)
၁၆၈။ ဘုတ်ပြင်းမြို့နယ်ပညာရေးဘုတ်ဖွဲ့(ယာယီ)
၁၆၉။ တနင်္သာရီမြို့နယ်ပညာရေးဘုတ်ဖွဲ့(ယာယီ)
၁၇၀။ ကျွန်းစုမြို့နယ်ပညာရေးဘုတ်ဖွဲ့(ယာယီ)
၁၇၁။ ကော့သောင်းမြို့နယ်ပညာရေးဘုတ်ဖွဲ့(ယာယီ)
၁၇၂။ ပုံနှိပ်ရေးနဲ့ထုတ်ဝေရေး ဦးစီးဋ္ဌာန အလုပ်သမား သမဂ္ဂ
၁၇၃။ ပဲခူးမြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်သားများ သမဂ္ဂ
၁၇၄။ ပဲခူးမြို့နယ် မြန်မာ့ မီးရထား ဝန်ထမ်းသမဂ္ဂ
၁၇၅။ မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန
၁၇၆။ အမျိုးသမီးမဟာမိတ်အင်အားစု
၁၇၇။ ရန်ကုန်ဆေးပညာကွန်ရက် (Yangon Medical Network)
၁၇၈။ မန္တလေး ကျန်းမာရေးမိသားစု (Medical Family Mandalay- MFM)
၁၇၉။ မန္တလေး အင်ဂျင်နီယာများအဖွဲ့(Mandalay Engineers Group - MEG)
၁၈၀။ CDM ဆေးပညာကွန်ရက် (CDM Medical Network- CDMMN)
၁၈၁။ လိင်စိတ်ခံယူမှုကွဲပြားသူများကွန်ရက်
၁၈၂။ လိင်စိတ်ခံယူမှုကွဲပြားသူများသမဂ္ဂ - မန္တလေး
၁၈၃။ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု
ဆက်သွယ်ရန်
ဒေါ်ခိုင်ဇာအောင် - +49 174 5976740 (Signal Phone)