14/12/2022
အားလုံးပဲမင်္ဂလာပါ။
The Movement - မြန်မာ့အရွေ့အဖွဲ့အစည်းအနေနဲ့ ကြားကာလပညာရေးအတွင်းလူငယ်လူရွယ်များအားလုံးအတွက် ကာလတိုသင်တန်းများကိုဆက်တိုက်ဖွင့်လှစ်လာပေးခဲ့ရာမှာ ယခုဆိုလျှင် သင်တန်းအပတ်စဉ်(၆)ခုမြောက်သို့ရောက်ရှိနေပြီပဲဖြစ်ပါတယ်။
လူငယ်လူရွယ်များအတွက်အသိပညာ၊ဗဟုသုတများတိုးပွားစေရန်အတွက်လည်း စကားဝိုင်း၊ဆွေးနွေးပွဲများကို ဆက်တိုက်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ယခုတစ်ဖန်လာမည့် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် "Dignity, Freedom and Justice for Migrant Workers - ရွှေ့ပြောင်းလုပ်သားများအတွက် လူ့ဂုဏ်သိက္ခာ၊လွတ်လပ်မှုနှင့်တရားမျှတမှု" အထူးစကားဝိုင်းလေးကို ကျင်းပပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိနိုင်ငံများတွင် နေရပ်စွန့်ခွာရခြင်း၊ပြောင်းရွေ့နေထိုင်ရခြင်းနှင့်ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့၏ အကျိုးသက်ေရာက်မှုများသည် နိုင်ငံများအကြားအထင်ရှားဆုံးသော မညီမျှမှုလက္ခဏာများဖြစ်ပါပေတယ်။ရာသီဥတုပြောင်းလဲမှုဒဏ်ကို အနည်းဆုံးအကျိုးသက်ရောက်မှုဖြစ်စေသည့်သူများကပင် သဘာဝဘေးဒဏ်ကိုအများဆုံးခံစားရသူများဖြစ်နေပါတယ်။ ထိုရာသီဥတုပြောင်းလဲမှုဒဏ်များကြောင့် ပြောင်းရွေ့နေထိုင်မှုများတွင် ပြည်တွင်းပြောင်းရွှေ့နေထိုင်ခြင်းကပင် နိုင်ငံတွင်း မလုံလောက်သေးသည့်အခြေအနေတစ်ခုသို့ရောက်ရှိလာနေပါတယ်။
လွန်ခဲ့သော(၁၁)နှစ်တာကာလတွင်မိမိတို့အာရှပစိဖိတ်ဒေသ၌ သဘာဝဘေးအန္တရာယ်ကြောင့် ၈၀ရာခိုင်နှုန်းခန့်သော ပြည်တွင်းပြောင်းရွှေ့မှုများဖြစ်ပေါ်ခဲ့ပါတယ်။ ထို "ပြည်တွင်းပြောင်းရွှေ့နေထိုင်လာရသူများ" ကို "စစ်ဘေးဒဏ်၊အကြမ်းဖက်ခံရသူများ၊ နေရပ်မှစွန့်ခွာထွက်ပြေးကြသူများ"ဟု အမျိုးမျိုးခေါင်းစဉ်တပ်ကြတဲ့အပြင် တစ်နိုင်ငံမှတစ်နိုင်ငံ၊ နယ်စပ်မှဖြတ်ကျော်လာရသူများကို နိုင်ငံတကာနှင့်ပြည်တွင်းကပါ "စစ်ဘေးရှောင်ဒုက္ခသည်များ" ဟု သတ်မှတ်လာနေကြပါတယ်။
နေရာပြောင်းရွေ့မှုများကိုဖြစ်ပေါ်စေသောအခြေအနေများတွင် နိုင်ငံရေးအရတွန်းပို့မှုများကလည်းပါဝင်နေသောကြောင့် သဘာဝပတ်ဝန်းကျင်အကျိုးသက်ရောက်မှုများကပိုမိုခက်ခဲလာရပါတယ်။လက်ရှိစစ်တမ်းများအရ အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံမဲ့လူဦးရေ (၁)ဒသမ(၂)သန်းရှိနေပြီး ၄င်းအရေအတွက်သည်ကမ္ဘာ့နိုင်ငံမဲ့လူဦးရေ၏ (၁၀)ရာခိုင်နှုန်းခန့်ဖြစ်နေပါတယ်။
ထို့ကြောင့်လက်ရှိရွှေ့ပြောင်းလုပ်သားများရဲ့အခက်အခဲပြဿနာများဖြစ်တဲ့ ပြန်လည်နေရာချထားရေးများလုပ်ငန်းစဉ်များကို အထူးကြိုးပမ်းဆောင်ရွက်ပေးရန်လိုအပ်နေပါတယ်။ကမ္ဘာ့နိုင်ငံတိုင်း၏ဒေသတွင်းသဘာဝပတ်ဝန်းကျင်ဒဏ်ရိုက်ခတ်မှုများအပြင် တခြားသောထိခိုက်ပြောင်းလဲလာတဲ့ လူမှုအသိုင်းအဝိုင်းများအကြား သက်ရောက်မှုများကိုလည်းအဖြေရှာသွားကြရမှာဖြစ်ပါတယ်။
ဤအထူးစကားဝိုင်းလေးတွင် နိုင်ငံတကာ အလုပ်သမားပြောင်းရွေ့မှုများ၊ ပဋိပက္ခများ၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုများအပြင် ကျား၊မရေးရာကိစ္စရပ်များ၊ လူမှုမညီမျှမှုများနှင့် ဆက်စပ်ပြီး ရွေ့ပြောင်းလုပ်သားများအတွက် လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့်တရားမျှတမှု ရှုထောင့်မှ ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။
ယခုအထူးစကားဝိုင်းလေးကို ပါမောက္ခ ဒေါက်တာ စုယဉ်ထွန်းမှဆွေးနွေးပြောပြပေးသွားမှာဖြစ်ပြီးတော့ ဆရာမသည် Human Right Law, Constitutional နှင့် Administrative Law, Environmental laws တို့တွင် များစွာသောစာသင်ကြားခြင်းအတွေ့အကြုံများရှိပါတယ်။ ဆရာမအနေနဲ့ ၂၀၁၈ခုနှစ်၊ အမေရိကန်နိုင်ငံ၊ Columbia University တွင် US-ASEAN Fulbright Scholarship ကိုရရှိထားသူတစ်ဦးဖြစ်ပြီး ၂၀၁၉ခုနှစ်၊ စင်ကာပူနိုင်ငံ ASLI Research Fellowship Program တွင်လည်းတက်ကြွစွာပါဝင်ဖို့ ရွေးချယ်ခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။
ဆရာမသည် သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုးမှုကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်များအကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုကို ဥပဒေဆိုင်ရာနည်းနာများဖြင့်ကာကွယ်ခြင်းအကြောင်း၊ ရွှေမန္တလေးရှိ ယဥ်ကျေးမှုနှင့်ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးအကြောင်း၊ ယခု Covid-19 မူဝါဒဆိုင်ရာ ပေါ်လီစီများကြောင့် တွေ့ကြုံရသောအကျိုးဆက်များအကြောင်း၊ နိုင်ငံသားတိုင်းရဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များနှင့် ဥပဒေရေးရာအခွင့်အရေးများအကြောင်း စသည်အကြောင်းအရာများနှင့်ဆက်စပ်၍ ကိုယ်ပိုင် သုတေသနပြုလုပ်၍ စာတမ်းထုတ်ဝေခြင်းများစွာလည်း ပြုလုပ်ထားတဲ့ဆရာမတစ်ဦးဖြစ်ပါတယ်။
ယခု "Dignity, Freedom and Justice for Migrant Workers - ရွှေ့ပြောင်းလုပ်သားများအတွက် လူ့ဂုဏ်သိက္ခာ၊လွတ်လပ်မှုနှင့်တရားမျှတမှု" အထူးစကားဝိုင်းလေးကို ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၁၈)ရက်နေ့၊ ညနေ(၄)နာရီမှာ စတင်ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပြီးတော့ ပါဝင် တက်ရောက်ချင်သူများအနေနဲ့ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့၊ည(၁၂)နာရီအထိအောက်ပါလင့်ခ်လေးတွင် နောက်ဆုံးထားစာရင်းပေးသွင်းနိုင်မှာပဲဖြစ်ပါတယ်။
Registration Link :
https://forms.gle/yKxxvvJ7X6iscerLA
အထူးစကားဝိုင်းတွင် ပါဝင်တက်ရောက်ခွင့်ရရှိသူများအတွက် Zoom Meeting Link များကို
ပွဲမစတင်မှီမနက်ပိုင်းတွင် Email ကနေတစ်ဆင့်ပြန်လည်ပေးပို့ပေးသွားမှာဖြစ်ပါတယ်။