KBTC - School of Business

Call Directions Website

KBTC - School of Business Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KBTC - School of Business, College & University, No. 287, Pyay Road ( Near Myaynegone Bus stop) , San Chaung Tsp. Yangon, Yangon.

𝐔𝐊 နိုင်ငံရဲ့ တရားဝင်အသိအမှတ်ပြု 𝐇𝐍𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 📚🎓ကမ္ဘာ့အဆင့်မီ စီးပွားရေးပညာရပ်ကို အချိန်တို၊ ကုန်ကျစရိတ်သက်သာစွာနဲ့ တက်ရေ...
03/09/2026

𝐔𝐊 နိုင်ငံရဲ့ တရားဝင်အသိအမှတ်ပြု 𝐇𝐍𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 📚🎓

ကမ္ဘာ့အဆင့်မီ စီးပွားရေးပညာရပ်ကို အချိန်တို၊ ကုန်ကျစရိတ်သက်သာစွာနဲ့ တက်ရောက်ချင်သူတွေအတွက် 𝐊𝐁𝐓𝐂 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 မှ 𝐔𝐊 နိုင်ငံရဲ့ တရားဝင်အသိအမှတ်ပြု 𝐇𝐍𝐃 (𝐇𝐢𝐠𝐡𝐞𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚) 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို မိတ်ဆက်ပေးပါရစေ 🥰

တက္ကသိုလ်ဘွဲ့ကြို ပထမနှစ်ကနေ စတင်ပြီး အချိန်အကြာကြီး ဖြတ်သန်းရမယ့် ပုံမှန် ပညာရေးလမ်းကြောင်းထက် ပိုမိုမြန်ဆန်၊ ထိရောက်ပြီး အသိအမှတ်ပြုမှု မြင့်မားတဲ့ လမ်းကြောင်းကို ရှာဖွေနေပါသလား ❓

👉🏻 ဒါဆိုရင်တော့ 𝐔𝐊 နိုင်ငံရဲ့ တရားဝင်အသိအမှတ်ပြု 𝐇𝐍𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 ရှိတယ်နော် 👈🏻

𝐇𝐍𝐃 (𝐇𝐢𝐠𝐡𝐞𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚) 𝐏𝐫𝐨𝐠𝐫𝐚𝐦 ဆိုတာဘာလဲ ❓
👉🏻 𝐇𝐍𝐃 ၂ နှစ် သင်တန်းပြီးတာနဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များစွာ ရဲ့ ဘွဲ့ကြို သင်တန်း (𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫'𝐬 𝐃𝐞𝐠𝐫𝐞𝐞) နောက်ဆုံးနှစ် (𝐅𝐢𝐧𝐚𝐥 𝐘𝐞𝐚𝐫/𝐓𝐨𝐩-𝐮𝐩) ကို တိုက်ရိုက်ဝင်ခွင့် ရရှိစေပါတယ်။
👉🏻 နိုင်ငံတကာတွင် အသိအမှတ်ပြုထားသော သင်ရိုးညွှန်းတမ်း ဖြစ်သောကြောင့် သင်ယူခဲ့သည့် အရည်အချင်းများကို နိုင်ငံအသီးသီးတွင် အသုံးပြုနိုင်ပါတယ်။
👉🏻 လက်တွေ့ကျသော စီးပွားရေး ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို ဦးစားပေး သင်ကြားပေးခြင်းကြောင့် လုပ်ငန်းခွင်အတွက် ချက်ချင်းအသင့်ဖြစ်စေပါတယ်။
👉🏻 ပညာသင်နှစ် ကုန်ကျစရိတ် လျှော့ချနိုင်ပြီး အချိန်တိုအတွင်း နိုင်ငံတကာအသိအမှတ်ပြုဘွဲ့တစ်ခု ရယူနိုင်မယ့် လမ်းစကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

💡 𝐊𝐁𝐓𝐂 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ရဲ့ 𝐇𝐍𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို ဘာကြောင့် တက်ရောက်သင့်တာလဲ ❓

🔸 𝐇𝐍𝐃 ဟာဆိုရင် ကမ္ဘာ့အဆင့်မီ 𝐏𝐞𝐚𝐫𝐬𝐨𝐧 𝐁𝐓𝐄𝐂 မှ ချီးမြှင့်သည့် 𝐃𝐢𝐩𝐥𝐨𝐦𝐚 ဖြစ်ပြီး၊ နိုင်ငံတကာမှ တက္ကသိုလ်များနှင့် အလုပ်ရှင်များမှ အလေးထား အသိအမှတ်ပြုထားခြင်း၊
🔸 𝐂𝐚𝐬𝐞 𝐒𝐭𝐮𝐝𝐢𝐞𝐬၊ 𝐏𝐫𝐨𝐣𝐞𝐜𝐭-𝐁𝐚𝐬𝐞𝐝 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 နှင့် 𝐀𝐬𝐬𝐢𝐠𝐧𝐦𝐞𝐧𝐭𝐬 များမှတစ်ဆင့် စစ်မှန်သော လုပ်ငန်းခွင်ရဲ့ အတွေ့အကြုံများကို တိုက်ရိုက်ရရှိစေခြင်း၊
🔸 လုပ်ငန်းခွင်တွင် မရှိမဖြစ်လိုအပ်သည့် စီးပွားရေးစီမံခန့်ခွဲမှု (𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭)၊ စျေးကွက်ရှာဖွေမှု (𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠)၊ ငွေကြေးစီမံခန့်ခွဲမှု (𝐅𝐢𝐧𝐚𝐧𝐜𝐞) နှင့် လူ့စွမ်းအားအရင်းအမြစ် (𝐇𝐑) စသည့် ဘာသာရပ်များကို နက်နက်နဲနဲ သင်ယူနိုင်ခြင်း၊
🔸 𝐇𝐍𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 ပြီးဆုံးပါက နိုင်ငံတကာရှိ 𝐏𝐚𝐫𝐭𝐧𝐞𝐫 တက္ကသိုလ်များတွင် 𝐅𝐢𝐧𝐚𝐥 𝐘𝐞𝐚𝐫 𝐓𝐨𝐩-𝐮𝐩 ကို တိုက်ရိုက်တက်ရောက်၍ 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫'𝐬 𝐃𝐞𝐠𝐫𝐞𝐞 ကို အချိန်တိုအတွင်း ရယူနိုင်ခြင်းတို့အပြင်
🔸 လက်တွေ့ကျွမ်းကျင်မှုများကြောင့် ပြည်တွင်း၊ ပြည်ပရှိ ပုဂ္ဂလိက၊ အစိုးရနှင့် စေတနာ့ဝန်ထမ်းကဏ္ဍ အပါအဝင် မည်သည့်လုပ်ငန်းခွင်တွင်မဆို ဝင်ရောက်လုပ်ကိုင်ရန်အတွက် အခွင့်အလမ်း ပိုမိုရရှိစေခြင်း စတာတွေကြောင့် တက်‌ရောက်သင့်တာပဲ ဖြစ်ပါတယ်။

📚𝐏𝐫𝐨𝐠𝐫𝐚𝐦 အဆင့်အလိုက် သင်ယူနိုင်မယ့် ဘာသာရပ်များဟာဆိုရင်-

🎓 𝐇𝐍𝐃 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧:
ပညာရေးအခြေခံကို ခိုင်မာအောင် တည်ဆောက်လိုသူတွေအတွက် ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ သင်ယူနိုင်မယ့် ဘာသာရပ်အချို့ကတော့ 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐅𝐮𝐧𝐝𝐚𝐦𝐞𝐧𝐭𝐚𝐥 𝐨𝐟 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 နဲ့ 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 တို့ပဲ ဖြစ်ပါတယ်။

🎓 𝐇𝐍𝐂 𝐅𝐢𝐫𝐬𝐭 𝐘𝐞𝐚𝐫:
စီးပွားရေးနယ်ပယ်ကို ပိုမိုနားလည်ဖို့အတွက် အကောင်းဆုံး 𝐏𝐫𝐨𝐠𝐫𝐚𝐦 ဖြစ်ပါတယ်။ 𝐂𝐨𝐧𝐭𝐞𝐦𝐩𝐨𝐫𝐚𝐫𝐲 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭, 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐞𝐬 𝐚𝐧𝐝 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 နဲ့ 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 𝐏𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐬 စတဲ့ ဘာသာရပ်တွေက စီးပွားရေးမှာ ပိုမိုအောင်မြင်ရန်အတွက် အထောက်အကူပြုစေနိုင်မှာဖြစ်ပါတယ်။

🎓 𝐇𝐍𝐃 𝐒𝐞𝐜𝐨𝐧𝐝 𝐘𝐞𝐚𝐫:
လုပ်ငန်းခွင်မှာ တကယ်လိုအပ်တဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို လေ့လာရမှာဖြစ်ပြီး သင်ယူရမယ့် ဘာသာရပ်အချို့ကတော့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲, 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐏𝐫𝐨𝐣𝐞𝐜𝐭 နဲ့ 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐞𝐡𝐚𝐯𝐢𝐨𝐫 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 တို့ပဲ ဖြစ်ပါတယ်။

ဒီလို ကမ္ဘာ့အဆင့်မီစီးပွားရေးပညာရပ်လည်းဖြစ်၊ 𝐔𝐊 နိုင်ငံရဲ့ တရားဝင်အသိအမှတ်ပြု 𝐇𝐍𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို အချိန်နှင့်ကုန်ကျစရိတ် သက်သာစွာဖြင့် တက်ရောက်လိုတယ်ဆိုရင်တော့ 𝐊𝐁𝐓𝐂 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ကိုသာ အရောက်လှမ်းလာခဲ့လိုက်တော့နော် 🥰

🌟 စစ်မှန်သော အရည်အသွေးနှင့် တောက်ပသောသင့်အနာဂတ်အတွက် 𝐊𝐁𝐓𝐂 🌟

𝐇𝐞𝐥𝐥𝐨 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 ☔💙𝐌𝐚𝐲 𝐲𝐨𝐮𝐫 𝐝𝐚𝐲𝐬 𝐛𝐞 𝐩𝐞𝐚𝐜𝐞𝐟𝐮𝐥 𝐚𝐧𝐝 𝐲𝐨𝐮𝐫 𝐡𝐞𝐚𝐫𝐭 𝐛𝐞 𝐟𝐮𝐥𝐥. 🌸𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫လရဲ့ သာယာချမ်းမြေ့တဲ့မိုးရေစက်များနှင့်အတူ...
01/09/2026

𝐇𝐞𝐥𝐥𝐨 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 ☔💙
𝐌𝐚𝐲 𝐲𝐨𝐮𝐫 𝐝𝐚𝐲𝐬 𝐛𝐞 𝐩𝐞𝐚𝐜𝐞𝐟𝐮𝐥 𝐚𝐧𝐝 𝐲𝐨𝐮𝐫 𝐡𝐞𝐚𝐫𝐭 𝐛𝐞 𝐟𝐮𝐥𝐥. 🌸

𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫လရဲ့ သာယာချမ်းမြေ့တဲ့မိုးရေစက်များနှင့်အတူ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ရည်ရွယ်ထားသော အိပ်မက်များကို အကောင်အထည်ဖော်နိုင်ကြပါစေကြောင်း 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻


လူတွေကဆိုင်ကို စျေးဝယ်ဖို့ထက် ပစ္စည်း‌စမ်းဖို့ပဲ လာကြတော့မယ်ဆိုရင် ဆိုင်တွေမှာ ပုံမှန် Customer ရှိပေမယ့် လကုန်လို့စာရင်...
28/08/2026

လူတွေကဆိုင်ကို စျေးဝယ်ဖို့ထက် ပစ္စည်း‌စမ်းဖို့ပဲ လာကြတော့မယ်ဆိုရင်

ဆိုင်တွေမှာ ပုံမှန် Customer ရှိပေမယ့် လကုန်လို့စာရင်းတွက်တဲ့အခါ ဆိုင်မှာ ရောင်းအားတက်မလာတာက တစ်ခါတလေမှာ ကိုယ့်ရဲ့ Product နဲ့ Service ကမကောင်းနေလို့မဟုတ်ပဲ ကိုယ့်ရဲ့ ဆိုင်ကို Product ရဲ့ Quality ကိုစမ်းသပ်ချင်ရုံလာနေတာကြောင့်လဲ ဖြစ်နေနိုင်ပါတယ်။

ဆိုင်ကို Customer တွေပုံမှန်လာတယ်၊ ကိုယ်ရဲ့ဆိုင်မှာရှိတဲ့ Product ကို လာကြည့်ကြတယ်၊ နောက်ပြန်လာခဲ့မယ်ဆိုပြီးပျောက်ပျောက်သွားကြတယ်။
ဒီပြဿနာက လက်ရှိစျေးကွက်ထဲက ဆိုင်တော်တော်များများ လက်ရှိမှာရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲကတစ်ခုပါ။

ဒီပြဿနာတွေက အခုမှ စတင်ခဲ့တာမဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ Amazon လိုမျိုး Online shop delivery service တွေပေါ်ပေါက်ခဲ့တဲ့ 2000 ခုနှစ်ဝန်းကျင်ကာလမှာတည်းက US လိုမျိုးနိုင်ငံတွေမှာ ဖြစ်ခဲ့တာပါ။

Amazon စတင်ပေါ်ပေါက်ပြီးမကြာခင် နိုင်ငံတဝန်းက Store ဆိုင်တွေနှင့် Electronic ဆိုင်တော်တော်များများဟာ ဒေဝါလီခံမှုကိုကြုံတွေခဲ့ကြပါတယ်။ လုပ်ငန်းအများစုက အချိန်ကာလတစ်ခုထိ တင်းခံပြီး ဖြေရှင်းဖို့ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးမှာကျရှုံးခဲ့ကြပါတယ်။ ဘာလို့ဆို ကိုယ့်ပေးနေတဲ့ Product နှင့် Service ကြောင့်မဟုတ်ပဲ ကိုယ့်ရဲ့ Business Model က ခေတ်နှင့်အညီမလိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။

ဒီပြဿနာတွေရဲ့ကြားကနေ အကောင်းဆုံးရုန်းထွက်ဖြေရှင်းနိုင်ခဲ့တဲ့ ကုမ္မဏီတစ်ခုရှိခဲ့ပါတယ်။ ဒါကတော့ Best Buy ကုမ္မဏီပါ။
Best Buy ဆိုတဲ့ ကုမ္မဏီက စတင်တည်ထောင်ချိန်မှာ Sound of Music နာမည်နဲ့ ဂီတနှင့်ပတ်သတ်တဲ့ product တွေကို ရောင်းချတဲ့ သာမန်လုပ်ငန်းလေးတစ်ခုပါ။ 1983 ခုနှစ်မှာ နေရာ (7) ခုထိ ဆိုင်တွေဖွင့်လှစ်နိုင်ခဲ့ပြီး Best Buy ဆိုတဲ့ နာမည်ပြောင်းလဲကာ တစ်ခြားသော Electronic product များကိုပါရောင်းချခဲ့ပါတယ်။

၂၀၁၀ ခုနှစ်ဝန်းကျင်ကာလမှာ လူတွေက ဆိုင်တွေမှာ ပစ္စည်းတွေကိုမဝယ်ကြတော့ပဲ Showroomတွေမှာ ပစ္စည်းတွေကို လာကြည့်ရုံသက်သက်လာကြပြီးစျေးနှူန်းသက်သာတဲ့ Amazon လိုမျိုး Website တွေကဝယ်ယူကြတဲ့အခါ RadioShack နှင့် Circuit City လိုမျိုး Showroom တွေဟာ ဒေဝါလီခံရမယ့်အခြေအနေနှင့် ကြုံတွေခဲ့ရပြီး Best Buy ကလဲအခုလိုမျိုးအခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၁၂ခုနှစ် နှစ်လယ်‌လောက်မှာ Carlson Wagonlit Travel မှာ CEO တာဝန်ကိုထမ်းဆောင်ခဲ့တဲ့ Hubert Joly ဆိုတဲ့ သူက Best Buy ကိုရောက်ရှိလာခဲ့ပါတယ်။ သူရောက်လာတဲအချိန်မှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်က Best Buy ကို ဒေဝါလီခံရမယ့်အခြေအနေကနေ ကယ်တင်ပေးခဲ့ပါတယ်။

Best Buy ကဆိုင်မှာ ပစ္စည်းတွေကို ရောင်းချတာတစ်ခုထဲကို မပြုလုပ်တော့ပဲ ရောင်းချတဲ့ကုန်ပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်စေဖို့အတွက် သီးသန့် website တစ်ခုကိုဖန်တီးပြုလုပ်ပေးခဲ့ပြီး တစ်ခြားဆိုင်များနှင့် မတူညီတဲ့ တန်ဖိုးကို Customer အတွက်ထပ်ပေါင်းထည့်ပေးခဲ့ပါတယ်။
ထိုခေတ်ထိုအခါက Amazonပစ္စည်းများမှာ စျေးသက်သာပေမယ့် အာမခံချက်မပါဝင်တဲ့အပြင် Delivery Service ကလဲ ယခုအချိန်လောက် ကောင်းမွန်ခြင်းမရှိသေးတဲ့အချက် နှင့် Competitor တို့ရဲ့ ဒေဝါလီခံခဲ့တာကို Best Buy က အကောင်းဆုံးအသုံးပြုနိုင်ခဲ့ပါတယ်။

Best Buy အနေနှင့် ပစ္စည်းတန်ဖိုးကို စျေးကွက်နှင့်အပြိုင် လျော့ချခြင်းမပြုပဲ ဆိုင်မှာရောင်းချတဲ့စျေးနှုန်းအတိုင်းအာမခံချက်ဖြင့် Online မှာရောင်းချခဲ့ပါတယ်။ ဒါ့အပြင် မှာယူထားတဲ့ပစ္စည်းများကို နီးစပ်ရာဆိုင် Best Buy မှာအလွယ်တကူ သွားယူနိုင်သလို Delivery Service ပို့တဲ့အချိန်မှ ယူတာမျိုးကိုလည်းဆောင်ရွက်နိုင်တာကြောင့် အချို့အချိန်များတွင် shipping costကို လျော့ချနိုင်ခဲ့ပါတယ်။ Product တွေ ဆိုင်မှာ Stock မရှိတဲ့အခါလည်း competitor နည်းတဲ့အားသားချက်ကို အကောင်းဆုံးအသုံးချပြီး လိုအပ်တဲ့Stock တွေကို အသက်သာဆုံးစျေးနှုန်းဖြင့် ဝယ်ယူနိုင်တဲ့အတွက် Warehouse ကုန်ကျစရိတ် လျော့ချနိုင်ခဲ့ပြီး ဒီအခွင့်အရေးနှင့် လုပ်ဆောင်ချက်များက ကုမ္မဏီအတွက် အကျိုးအမြတ်များစွာဖန်တီးနိုင်ခဲ့ပါတယ်။

ထိုသို့ကုန်ကျစရိတ်ကို အများကြီးလျော့ချနိုင်ခဲ့တဲ့အတွက် Best Buy အနေနှင့် မကြာခင်မှာ Geek Squad နာမည်နှင့် In house applicant အဖွဲ့ကို တည်ထောင်နိုင်ခဲ့ပြီး Customer များနှင့် members ဝင်များအတွက် နည်းပညာဆိုင်ရာ support နှင့် installation service ကိုပါဆောင်ရွက်ပေးနိုင်ပြီး စျေးကွက်ထဲမှာ ယခုချိန်ထိ Amazon နှင့် အခြား Retailer competitors များနှင့်အပြိုင် ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါ‌ကြောင့် တစ်ခါတလေမှာ ကိုယ့်ရဲ့ Businessကို Market ထဲမှာရပ်တည်နိုင်ဖို့အတွက် အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုက စျေးအပြိုင်‌ရောင်းချပြီးနေရာယူဖို့မဟုတ်ပဲ ကိုယ့်ရဲ့ Business model ကိုခေတ်နှင့် အညီပြောင်းလဲပြီး Customer တို့အတွက် ထိုက်တန်တဲ့ Value တစ်ခုကိုပေးဖို့ဆိုတာကို Best Buy ကနေ သိရှိနိုင်ပါတယ်။

အကယ်၍ သင့်တို့လုပ်ငန်းတွေအနေနှင့် Best Buyလိုမျိုး အခြေအနေကို ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လိုဆုံးဖြတ်ချမလဲ? အမြင်တွေကို Comment မှာတစ်ချက်လောက် ပြောပေးခဲ့ကြပါဦး။




Copy လား? Innovationလား ?ဒီ ဇာတ်ကားကြီးက နိုင်ငံခြားက ဒီဇာတ်လမ်းကြီးကို ကူးယူထားတာ၊ ဒီ Feature ကြီးက ဒီ Brand နည်းပညာကို...
21/08/2026

Copy လား? Innovationလား ?

ဒီ ဇာတ်ကားကြီးက နိုင်ငံခြားက ဒီဇာတ်လမ်းကြီးကို ကူးယူထားတာ၊ ဒီ Feature ကြီးက ဒီ Brand နည်းပညာကို Copy ထားတာပဲ ဆိုတဲ့စကားတွေကို နေ့စဉ်ဘဝမှာလူတိုင်းနီးပါးကြားဖူးကြမှာပါ။
ဒါပေမယ့် ကုမ္ပဏီတစ်ခုရဲ့ Business Model, Movie Script ဒါမှမဟုတ် Design တစ်ခုရဲ့ Idea ကိုယူသုံးလိုက်တိုင်း ဒါဟာ တကယ်ပဲ Copy ကူးတာဖြစ်သွားတာလား?

တကယ်တော့ Copy ဆိုတဲ့ အဓိပ္ပာယ်က ရှင်းရှင်းလေးပါ။ရှိနေပြီးသား Idea, Design, ဒါမှမဟုတ် Business Model တစ်ခုကို တစ်ခြား Value တစ်ခုမထည့်ပဲ တိုက်ရိုက်ကူးယူထားတာကို ဆိုလိုပါတယ်။ Design, Idea, product formula အထိ တူညီအောင်ပုံတူကူးပြီး market ထဲကို ဝင်ရောက်လာခြင်းမျိုးဖြစ်ပြီး ဒီလိုပြုလုပ်ခြင်းဟာ Market ထဲမှာ launch ပြုလုပ်ရလွယ်ကူပေမယ့် Brand Identity မရှိသလို Customer Trust ကိုလဲရရှိဖို့ခက်ခဲပါတယ်။

Innovation ဆိုတာကတော့ ရှိပြီးသား Idea ၊ Creation ကို တိုက်ရိုက်ကူးယူခြင်းမျိုးမဟုတ်ပဲ Inspiration ယူပြီး ကိုယ့်ရဲ့ Customer ၊ Market အတွက် Value အသစ်တစ်ခု ထပ်မံပေါင်းထည့်ပြီး Brand အသစ်တစ်ခုကိုတည်ဆောက်ခြင်းမျိုးကို ဆိုလိုပါတယ်။ ပင်လယ်ရေသောက်မကုန် ဆိုတဲ့ စကားအတိုင်း ကိုယ့်ရဲ့ Creation က Market ထဲရှိနေပြီးသားဖြစ်နိုင်ပေမယ့် မတူညီတဲ့ Concept, Idea တစ်မျိုးဖြင့် ချပြတဲ့အခါ ကိုယ့်ရဲ့ product, brand ဟာ မူရင်းရှိနေတာထက်ပို၍ အောင်မြင်နိုင်ပါတယ်။

ဥပမာအားဖြင့် Xiaomi နှင့် Apple, Instagram နှင့် Snapchat တို့ဟာ ရှိနေပြီသား လုပ်ငန်းတို့ရဲ့ Idea ကို Inspirationယူပြီး ကိုယ်ပိုင်ဖန်တီးမှုဖြင့် Market ထဲမှာ နေရာယူထားတဲ့ Business တို့ရဲ့ Copy မဟုတ်တဲ့ Innovation ရဲ့ ဥပမာတွေပဲဖြစ်ပါတယ်။

လက်တွေ့မှာ လုပ်ငန်းတိုင်းဟာ 100% pure original ဆိုတာရှားပါတယ်။ သမိုင်းတစ်လျှောက် အောင်မြင်ခဲ့တဲ့ Company တိုင်းက လုံးဝ Idea အသစ်တစ်ခုနှင့် စတင်ခဲ့တာမဟုတ်ပါဘူး။ အနီးစပ်ဆုံးအနေနှင့် ကျွန်တော်တို့နေ့စဉ်ဘဝရဲ့ လူတိုင်းနီးပါးဖုန်းထဲမှာရှိနေတဲ့ Mobile Legend, PUBGMတို့ဟာ လုံးဝ pure idea မဟုတ်နေပဲ ရှိနေပြီသားကို ပိုကောင်းအောင် Local market နှင့် အဆင်ပြေအောင်ပြန်လည်ဖန်တီးခဲ့ကြတာပါ။

ဒါကြောင့်မို့လို့ Copy နှင့် Innovation ဆိုတာ သီးခြားခွဲလို့မရပဲ မျဉ်းဖြောင့်တစ်ခုထဲမှာရှိနေတဲ့ အရာနှစ်ခုပဲဖြစ်ပါတယ်။

"အရေးကြီးဆုံးက Idea ကိုဘယ်ကရလဲဆိုတာထက် Value အသစ်ဘယ်လောက်ထိ Customer တွေကို ပေးနိုင်လဲ"ဆိုတာပေါ်မူတည်ပါတယ်။
ဒါကြောင့် လုပ်ငန်းတစ်ခုကို စလုပ်တဲ့အခါ “သူများတွေလုပ်လို့လိုက်လုပ်တာ” ဆိုတဲ့ Mindset ကြောင့်လား? “အခွင့်အလမ်းအသစ်တွေကို မြင်တဲ့အတွက် ပိုကောင်းအောင်လုပ်တာ” ဆိုတဲ့ Mindset ကြောင့်လား?

သင်ဆိုရင်ရော Copyနှင့် Innovation ကိုဘယ်လိုခွဲခြားဆုံးဖြတ်မလဲ? Comment မှာ အမြင်တွေကို ဆွေးနွေးမျှဝေပေးခဲ့ကြပါဦး။




𝐔𝐊 နိုင်ငံမှာ တိုက်ရိုက်တက်ရောက်သင်ကြားနိုင်မယ့် 𝐊𝐁𝐓𝐂 - 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ရဲ့  𝐇𝐢𝐠𝐡𝐞𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 🎓💯𝐇𝐢𝐠𝐡𝐞𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚...
17/08/2026

𝐔𝐊 နိုင်ငံမှာ တိုက်ရိုက်တက်ရောက်သင်ကြားနိုင်မယ့် 𝐊𝐁𝐓𝐂 - 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ရဲ့ 𝐇𝐢𝐠𝐡𝐞𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 🎓💯

𝐇𝐢𝐠𝐡𝐞𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 ( 𝐔𝐊 )မှာဆိုရင် အထက်တန်းအောင်မြင်ပြီး အမှတ်စာရင်းလည်းပြစရာမလိုဘဲ လုပ်ငန်းခွင်မှာ အကောင်းဆုံးအထောက်အကူပြုပြီး ခေတ်မီစီးပွားရေးဘာသာရပ် ၁၅ခုကို အချိန် ၂နှစ်ခန့်သာပေးပြီးပညာသင်ကြားပေးရုံဖြင့် UK ပညာရေး Second Year Level နဲ့ ညီမျှတဲ့ 𝐇𝐢𝐠𝐡𝐞𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 ကိုရရှိမှာဖြစ်ပါတယ်။ 🌟

HND ၂နှစ်ကာလပြီးဆုံးတဲ့အခါမှာ အမြန်ဆုံးလုပ်ငန်းခွင်အတွင်းဝင်ရောက်နိုင်မည့်အပြင် ကျောင်းသား၊ ကျောင်းသူများသည် IELTS ကို ကြိုးစားပြင်ဆင်ဖြေဆိုပြီး UK မှာ Final Year ကိုလည်းဆက်လက်တက်ရောက်သင်ယူနိုင်ပါတယ်။ ဒါကြောင့် 𝐊𝐁𝐓𝐂 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 မှာဆိုရင် HND တက်ရောက်နေဆဲကာလအတွင်း Extracurricular အနေဖြင့် ထပ်မံ ကုန်ကျစရိတ်မရှိပဲ English စာသင်ကြားပေးမှာဖြစ်ပါတယ် 🤗❤

UK နိုင်ငံအခြေစိုက် UK အစိုးရအသိအမှတ်ပြု HND Program ဟာဆိုရင် စာတွေ့ထက် လက်တွေ့တတ်မြောက်မှုကို ဦးစားပေးတဲ့အတွက် အလုပ်အကိုင်ပေါများမှုကြောင့် အခုချိန်မှာ‌ လူငယ်အများစုရဲ့ လုပ်ငန်းခွင်အတွင်းကျွမ်းကျင်အောင် ရွေးချယ်တဲ့လမ်းကြောင်း တစ်ခုပဲဖြစ်ပါတယ် 💯

🎓 ဘာကြောင့် 𝐇𝐍𝐃 က အရေးကြီးတာလဲ❓
✨ 𝐇𝐍𝐃 ဟာ Theory ကိုသာ မဟုတ်ဘဲ လက်တွေ့အတွေ့အကြုံတွေကို တစ်ပြိုင်နက်တည်း သင်ကြားပေးတဲ့ Diploma ဖြစ်တာကြောင့်အလုပ်အကိုင်အတွက် တိုက်ရိုက်အသုံးချနိုင်မည့် နိုင်ငံတကာအဆင့်မီပညာရေးကို လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။ 𝐇𝐍𝐃 အောင်မြင်ပြီးနောက် 𝐔𝐊 တက္ကသိုလ် (သို့) နိုင်ငံတကာတက္ကသိုလ်တွေမှာ တိုက်ရိုက် Final Year (Top-up) သို့ ဝင်ခွင့်ရရှိနိုင်ပါတယ်။ 𝐔𝐊 နိုင်ငံမှ ဖန်တီးထားသည့် ပညာရေးလမ်းကြောင်းဖြစ်ပြီး ကမ္ဘာအနှံ့ တက္ကသိုလ်များမှ အသိအမှတ်ပြု လက်ခံထားတာကြောင့် နိုင်ငံတကာ ပညာ‌ရေးလမ်းကြောင်းကို လျှောက်လှမ်းချင်သူများအတွက် အလွန်အရေးကြီးပါတယ်။ ✨

🎓 𝐇𝐍𝐃 ကို ဘာကြောင့်ရွေးချယ်သင့်တာလဲ❓
✅ 𝐔𝐊 တက္ကသိုလ်များတွင် ဆက်လက်တက်ရောက်နိုင်သည့် အသင့်‌တော်ဆုံးပညာ‌ရေးလမ်းကြောင်း ဖြစ်ခြင်း၊
✅ လုပ်ငန်းခွင်တွင် အသုံးချနိုင်မည့် Knowledge + Skills တို့ကို လက်တွေ့ကျကျ သင်ယူနိုင်ခြင်း၊
✅ အချိန်ကုန်သက်သာ‌စေပြီး ကုန်ကျစရိတ် သင့်တင့်ခြင်း၊
✅ နိုင်ငံတကာအဆင့်မှ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ခြင်း စသည့်အချက်များကြောင့် 𝐇𝐍𝐃 ကိုရွေးချယ်တက်ရောက်သင့်ပါတယ်။
𝐇𝐍𝐃 ဆိုတာဟာ နိုင်ငံတကာတက္ကသိုလ်လမ်းကြောင်းကို လျှောက်လှမ်းချင်သူ‌တွေအတွက် တစ်ဆင့်မြင့်တင်ပေးမည့် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်💯

🎓 𝐇𝐍𝐃 ကိုဘယ်သူတွေ တက်ရောက်သင့်လဲ❓
💠 (၉) တန်းအောင်မြင်ပြီးသူများနှင့် 𝗚𝗘𝗗, 𝗜𝗚𝗖𝗦𝗘 𝗢’ 𝗟𝗲𝘃𝗲𝗹 မဖြေဆိုရသေးသူများ
💠 (၁၀) တန်းအောင်မြင်ပြီးသူများနှင့် 𝗚𝗘𝗗, 𝗜𝗚𝗖𝗦𝗘 𝗢’ 𝗟𝗲𝘃𝗲𝗹 ဖြေဆိုပြီးသူများ
💠 စီးပွားရေးဘာသာရပ်ကိုအခြေခံမှစပြီးကျွမ်းကျင် ပိုင်နိုင်သည်အထိ လေ့လာချင်သူများ၊
💠 နိုင်ငံတကာ အသိမှတ်ပြု လက်မှတ်ရယူလိုသူများ၊
💠 နိုင်ငံတကာတက္ကသိုလ်များတွင် သက်ဆိုင်ရာမေဂျာကို နောက်ဆုံးနှစ်မှစပြီး တက်ရောက်လိုသူများ၊
💠 နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တဲ့ပညာရှင်အဖြစ် ရပ်တည်လိုသူများ၊
💠 အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိလိုသူများ၊
💠 အဆင့်မြင့်ပညာရေးလမ်းကြောင်းပေါ်လျှောက်လှမ်းလိုသူများအတွက် တက်ရောက်သင့်တဲ့ Program တစ်ခုဖြစ်ပါတယ်။

နိုင်ငံတကာ သတ်မှတ်စံနှုန်းများ ပြည့်မီပြီး အရည်အသွေးကောင်းမွန်ဆုံးသော သင်ကြားပေးမှုနှင့်အတူ ထူးချွန် ထက်မြက်သောပညာရှင်ပေါင်းများကို မွေးထုတ်ပြီးခဲ့ပြီး ဖြစ်ပါတယ်။ ဗဟုသုတ၊ လက်တွေ့ကျွမ်းကျင်မှုနဲ့ အလုပ်အကိုင်အတွက် အဆင်သင့်ဖြစ်စေမယ့် ပညာရေးလမ်းကြောင်းကို ရွေးချယ်ချိန်မှာ 𝐇𝐍𝐃 ဟာ အကောင်းဆုံးအဖြေတစ်ခု ဖြစ်တာကြောင့် 𝐊𝐁𝐓𝐂 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ရဲ့ 𝐇𝐍𝐃 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့်အတူ နိုင်ငံတကာပညာရေးလမ်းကြောင်းကိုလျှောက်လှမ်းရန် နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ် ❤

𝐊𝐁𝐓𝐂 - 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬
🏡 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐚𝐦𝐩𝐮𝐬
☎09 – 765 656 398 / 09 - 765 685 651
Address - အမှတ် (၂၈၇), ပြည်လမ်း၊မြေနီကုန်းမှတ်တိုင်အနီး ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
☎09 - 799 100 069
Address - အမှတ် (၂၁၈) ဘီ၊ ဟံသာဝတီနှင့် နာနတ်တောလမ်းကြား၊ (၈) ရပ်ကွက် ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

🏡 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐂𝐚𝐦𝐩𝐮𝐬
☎09 - 765 685 372 / 09 - 765 685 373 / 09 - 765 685 374
Address – (၇၃) လမ်း ၊ (၂၈ - ၂၉) ကြား ၊ ရွှေလှံရပ်ကွက် ၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။



ကြိုတင်ကာကွယ် ပြင်းထန် ဝမ်းပျက်၊ဝမ်းလျှောရောဂါ အန္တရာယ်🥰✨ဒီနေ့မှာတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရေ...
14/08/2026

ကြိုတင်ကာကွယ် ပြင်းထန် ဝမ်းပျက်၊ဝမ်းလျှောရောဂါ အန္တရာယ်🥰✨

ဒီနေ့မှာတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်လို့ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။

မိုးရာသီကို ရောက်ရှိလာပြီဖြစ်တာကြောင့် ရာသီတုပ်ကွေးရောဂါအပြင် လတ်တလော မှာဆိုရင် ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ပြင်းထန်စွာ ဖြစ်ပွါးလျက်ရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွါးနိုင်တဲ့ ဒီ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အစားအသောက်များမှ တစ်ဆင့်လည်း ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာကြောင့် သန့်ရှင်းမှုအားနည်းသော အစားအသောက်များနှင့် ရေများကို တတ်နိုင်စွာ မစားသောက်မိစေဖို့ သတိပြုရှောင်ရှားရမှာပဲ ဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျောရောဂါဟာ ရာသီမရွေးဖြစ်ပွာတတ်တဲ့ ‌ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် မိုးဦးကာလနှင့် မိုးအကုန်ဆောင်းအကူးကာလများတွင်ဖြစ်ပွားတတ်ပါတယ်။

ရောဂါပိုးပါဝင်သည့် ဝမ်းအညစ်အကြေးများရှိနေသော ရောဂါပိုးမွှားများက ယင်ကောင်များမှ တစ်ဆင့်လည်းကောင်း၊ မသန့်ရှင်းသော လက်များမှတစ်ဆင့်လည်းကောင်း ၊ မိလ္လာ‌ေပါက်ခြင်း၊ အညစ်အကြေးမြေသြဇာအသုံးပြုခြင်းတို့မှ တစ်ဆင့် အစားအစာ ‌သောက်သုံးရေများထဲသို့ တိုက်ရိုက်ရောက်ရှိကာ စားသုံးသူများကို ကူးဆက်စေပြီး ထိုမှတစ်ဆင့် တစ်ဦးမှတစ်ဦးသို့ ရောဂါကို ဆက်လက်ကူးစက်စေပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျောရဲ့ ရောဂါလက္ခဏာများမှာ
🔰အရည်ဝမ်းများသွားခြင်း၊
🔰ငါးညှီနံ့နံသော ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း၊
🔰အော့အန်ခြင်း၊
🔰နှလုံးခုန်နှုန်းမြန်ခြင်း၊
🔰အ‌ရေပြားကြုံ့နိုင်ဆန့်နိုင်အား လျော့နည်းလာြခင်း၊
🔰မျက်တွင်းချိုင့်ဝင်ခြင်း၊
🔰ခံတွင်း၊လျှာနှင့် နှုတ်ခမ်းများခြောက်သွေ့ခြင်း၊
🔰ကြွက်တက်ခြင်းနှင့် သတိလစ်ခြင်းတို့ပဲဖြစ်ပါတယ်။

အထူးသဖြင့် ဝမ်းလျှောတာများလာတဲ့အခါ ခန္ဓာကိုယ်က ရေနဲ့ ဆားဓာတ်တွေ အလွန်အကျွံဆုံးရှုံးနိုင်ပြီး ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်
🔹အစာမစားမီနှင့် အစားအစာမပြင်ဆင်မီအချိန်၊ အညစ်အကြေးနှင့် အမှိုက်သရိုက်များ ကိုင်တွယ်ပြီးချိန်နှင့် အိမ်သာမှ ဆင်းပြီးချိန်များတွင် လက်ကိုဆပ်ပြာနှင့် သေချာဆေးကြောပါ။
🔹တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုစိုက်ပါ။
🔹ယင်လုံအိမ်သာကို ရာနှုန်းပြည့်သုံးစွဲပါ။
🔹ရေကို ကြိုချက်သောက်သုံးပါ။
🔹အစားအစာများကို ကျက်သည်အထိ သေချာချက်ပြုတ်စားသုံးပါ။
🔹ယင်နားစာများ စားသုံးခြင်းကို ရှောင်ကြဥ်ပြီး
🔹မိမိပတ်ဝန်းကျင်တွင် ခြင်၊ယင်မပေါက်ပွားစေရန် ပတ်ဝန်းကျင်ကို အထူးသေချာ သန့်ရှင်းအောင် ဂရုပြုဖို့ လိုအပ်ပါသည်။

ဝမ်းပျက်၊ဝမ်းလျောရောဂါဆိုတာ ပေါ့ဆသင့်တဲ့ ရောဂါမဟုတ်တဲ့အတွက် သံသယရှိပါက အချိန်မီ ကုသမှုခံယူနိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ကုသသင့်ပါတယ်။




သဒ္ဓါကြည်ဖြူ သင်္ကန်းလှူ ကုသိုလ်ယူကြ ဝါဆိုလ 🙏🏻ဝါဆိုလဟာ ဗုဒ္ဓဘာသာဝင်များအတွက် အလွန်မြင့်မြတ်သော ကာလဖြစ်ပြီး ရဟန်းသံဃာတော်...
10/08/2026

သဒ္ဓါကြည်ဖြူ သင်္ကန်းလှူ ကုသိုလ်ယူကြ ဝါဆိုလ 🙏🏻

ဝါဆိုလဟာ ဗုဒ္ဓဘာသာဝင်များအတွက် အလွန်မြင့်မြတ်သော ကာလဖြစ်ပြီး ရဟန်းသံဃာတော်များ ဝါဝင်တော်မူသည့် အချိန်ဖြစ်သလို ထိုကာလတွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းဟာလည်း ကုသိုလ်ထူးများစွာ ရရှိစေသော ဒါနမြတ်တစ်ရပ်ပဲ ဖြစ်ပါတယ်။

အခုလို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ ထုံးတမ်းအစဥ်အလာကို တန်ဖိုးထားသောအားဖြင့် 𝐊𝐁𝐓𝐂 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ကျောင်းတော်ကြီးမှလည်း ဝါတွင်းကာလကို ရောက်ရှိလာချိန်တွင် ဝါဆိုသင်္ကန်းများကို ဆပ်ကပ်လှူဒါန်းကာ ကုသိုလ်ယူခဲ့ကြရာ ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုအစုစုကို အားလုံး ထပ်တူထပ်မျှရကြပါစေကြောင်း 𝐊𝐁𝐓𝐂မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 😍🤍



#ဝါဆိုသင်္ကန်း

ကမ္ဘာ့အသိအမှတ်ပြု တက္ကသိုလ်များရှိရာ မလေးရှားနိုင်ငံမှာ ပညာသွားရောက်သင်ယူချင်တဲ့ လူငယ်များအတွက် 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တွေက...
01/08/2026

ကမ္ဘာ့အသိအမှတ်ပြု တက္ကသိုလ်များရှိရာ မလေးရှားနိုင်ငံမှာ ပညာသွားရောက်သင်ယူချင်တဲ့ လူငယ်များအတွက် 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တွေကို ဘာကြောင့်ဦးစားပေးအနေနဲ့ ရွေးချယ်သင့်တာလဲ ❓

မလေးရှားနိုင်ငံ အသိအမှတ်ပြု 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ပညာရပ်ကို သင်ယူဖို့ စိတ်ကူးနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် 𝐆𝐥𝐨𝐛𝐚𝐥 𝐑𝐚𝐧𝐤𝐢𝐧𝐠 ကောင်းမွန်ပြီး ကျောင်းစရိတ်နှုန်းထားသက်သာတဲ့ မလေးရှားနိုင်ငံရှိ 𝐌𝐎𝐇𝐄 အသိအမှတ်ပြုတက္ကသိုလ် “𝐓𝐔𝐍𝐊𝐔 𝐀𝐁𝐃𝐔𝐋 𝐑𝐀𝐇𝐌𝐀𝐍 𝐔𝐍𝐈𝐕𝐄𝐑𝐒𝐈𝐓𝐘 𝐎𝐅 𝐌𝐀𝐍𝐀𝐆𝐄𝐌𝐄𝐍𝐓 𝐀𝐍𝐃 𝐓𝐄𝐂𝐇𝐍𝐎𝐋𝐎𝐆𝐘, 𝐌𝐀𝐋𝐀𝐘𝐒𝐈𝐀 (𝐓𝐀𝐑 𝐔𝐌𝐓) မှ တိုက်ရိုက်ပေးအပ်မည့်
🎓 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 (𝐇𝐨𝐧𝐨𝐮𝐫𝐬)
ဘွဲ့ကို 𝐊𝐁𝐓𝐂 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 တွင် တက်ရောက်ပြီး မိမိပညာရေးကို တဆင့်မြှင့်တင်နိုင်ပါပြီ ☺



𝐇𝐞𝐥𝐥𝐨 𝐀𝐮𝐠𝐮𝐬𝐭 🤗🤍𝐀𝐮𝐠𝐮𝐬𝐭 လရဲ့ ပထမဆုံးသောရက်လေးမှစ၍ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ရည်ရွ...
31/07/2026

𝐇𝐞𝐥𝐥𝐨 𝐀𝐮𝐠𝐮𝐬𝐭 🤗🤍

𝐀𝐮𝐠𝐮𝐬𝐭 လရဲ့ ပထမဆုံးသောရက်လေးမှစ၍ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ရည်ရွယ်ထားသော အိပ်မက်များကို အကောင်အထည်ဖော်နိုင်ကြပါစေကြောင်း 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻



ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏🏻ယနေ့ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားရှင်ကိုယ်တော်...
28/07/2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏🏻

ယနေ့ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်မှ တရားဦးဓမ္မစကြာကို ဟောကြားတော်မူသော ဝါဆိုလပြည့်နေ့ ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မြန်မာလူမျိုးတို့ဟာ သံဃာတော်များကို ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းပြီး ကုသိုလ်ယူကြတဲ့ ဝါတွင်းသုံးလကို စတင်ရာရက်လည်း ဖြစ်ပါတယ်။

မြန်မာပြက္ခဒိန်၏ စတုတ္ထမြောက် လတစ်လဖြစ်တဲ့ ဝါဆိုလရဲ့ လပြည့်နေ့မှစပြီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻


#ဝါဆိုလပြည့်
#ဓမ္မစကြာနေ့

Address

No. 287, Pyay Road ( Near Myaynegone Bus Stop) , San Chaung Tsp. Yangon
Yangon

Alerts

Be the first to know and let us send you an email when KBTC - School of Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share