DBU International College

DBU International College Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DBU International College, College & University, No(58), Shophouse-7, Myanmar Gonyi Residence, Mingalar Taung Nyunt Township, Yangon.

17/05/2026

နည်းပညာနဲ့ စီးပွားရေးလောကကို ဦးဆောင်မယ့် DBU IC ရဲ့ B.Tech.

❝ ရိုးရှင်းတဲ့နိယာမ၁။ လိုချင်တာကို မကြိုးစားရင်   ဘယ်တော့မှ မရနိုင်ဘူး။၂။ သိချင်တာကို မမေးရင်   ဘယ်တော့မှ မသိနိုင်ဘူး။၃။...
14/05/2026

❝ ရိုးရှင်းတဲ့နိယာမ
၁။ လိုချင်တာကို မကြိုးစားရင်
ဘယ်တော့မှ မရနိုင်ဘူး။
၂။ သိချင်တာကို မမေးရင်
ဘယ်တော့မှ မသိနိုင်ဘူး။
၃။ ရှေ့တစ်လှမ်း မတိုးရင်
ဘယ်သောအခါမှ ရှေ့မရောက်နိုင်ဘူး။ ❞

𝐓𝐢𝐧 𝐙𝐚𝐧 𝐊𝐲𝐚𝐰
Founder & Chairman
𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

13/05/2026

AI နည်းပညာတွေနဲ့ အနာဂတ်ကို ဘယ်လိုပုံဖော်မလဲဆိုတာ ထိထိရောက်ရောက် ဆွေးနွေးဖြစ်ခဲ့တဲ့ Seminar ကတော့ တကယ်ကို အားရစရာကောင်းခဲ့ပါတယ်! ✨

အသိပညာအသစ်တွေကို စိတ်ပါဝင်စားစွာ လာရောက်နားထောင်ပေးကြတဲ့ ဆရာ/ဆရာမများ၊ မိဘများနှင့် မောင်မယ်တို့အားလုံးကို DBU International College မိသားစုမှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဒါ့အပြင် ခေတ်သစ်ပညာရေးမှာ AI အရေးပါပုံတွေကို စိတ်ဝင်စားစရာကောင်းအောင် ဝေမျှပေးခဲ့တဲ့ Assistant Director of Faculty Affairs - ဆရာ Nay Htwe Kyaw ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် 🙌

အခုထက်ပိုပြီး ထူးခြားတဲ့ ပညာရေးအခွင့်အလမ်းတွေနဲ့ အမှတ်တရတွေကို DBU International College မှာ အတူတူ ဖန်တီးလိုက်ရအောင်နော် !💙

10/05/2026

👉 မနက်ဖြန် စပြီနော် !✌

💭 Dream career အတွက် အားမနာတန်းမေးဖို့
DBU International College ရဲ့ Open House အစီအစဉ်ကို
⏲ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ
🗓 မေလ ( ၁၁ ) ရက်နေ့ မှ ( ၁၃ ) ရက်နေ့ အထိ

ပြုလုပ်သွားမှာဖြစ်ပါတယ်။
😍 အားလုံးနဲ့ ဆုံဖို့စောင့်မျှော်နေမယ်နော်...🤗

10/05/2026

𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲
🤍 နွေးထွေးသော အငွေ့အသက် 💎

☁️ ဘဝ၏ အလှပဆုံးသော ခွန်အားများနှင့် သားသမီးတို့၏ အောင်မြင်မှု လမ်းခရီးကို အစဉ်အမြဲပံ့ပိုးပေးနေတဲ့ ကျေးဇူးရှင် မေမေတို့အတွက် ယနေ့သည် အထူးခြားဆုံးသော နေ့တစ်နေ့ ဖြစ်ပါသည်။ 🌏

💎 သားသမီးတို့၏ ရင်တွင်းမှ အချစ်ဆုံး နှင့် အလေးစားဆုံးဖြစ်သော မေမေတို့အား ပြောပြလိုသော စကားလေးများ နှင့်အတူ မေတ္တာအပြည့်ဖြင့် ပုံဖော်ဖန်တီး ရေးသားထားသော အမှတ်တရလေးများကို မျှဝေထားသည့် DBU International College မှ ကျောင်းသား၊ ကျောင်းသူများ၏ အမေများနေ့ အမှတ်တရများအား တင်ဆက်လိုက်ရပါသည်။ 🌏

⋆.˚🦋༘⋆ ကမ္ဘာပေါ်ရှိ မေမေ တို့အားလုံး သက်တော်ရာကျော်ရှည်ကာ သားသမီးများနှင့်အတူ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ˚.🎀༘⋆

👨🏻‍💻 Coding အပြင် AI နဲ့ Blockchain ပါ သင်ယူရမယ့် 𝐃𝐁𝐔 𝐈𝐂 ရဲ့ 𝐁.𝐓𝐞𝐜𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦🎓🚀 နည်းပညာလောကဟာ တစ်နေ့တခြား ပြောင်းလဲနေတာကြေ...
10/05/2026

👨🏻‍💻 Coding အပြင် AI နဲ့ Blockchain ပါ သင်ယူရမယ့် 𝐃𝐁𝐔 𝐈𝐂 ရဲ့ 𝐁.𝐓𝐞𝐜𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦🎓
🚀 နည်းပညာလောကဟာ တစ်နေ့တခြား ပြောင်းလဲနေတာကြောင့် အခုခေတ်မှာ Coding ရေးတတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ အနာဂတ်ရဲ့ ထိပ်တန်း Career တွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် AI နဲ့ Blockchain - ဒေတာလုံခြုံရေးနည်းပညာ လိုမျိုး ခေတ်ရှေ့ပြေးပညာရပ်တွေကိုပါ ကျွမ်းကျင်ထားဖို့ လိုအပ်ပါတယ်။
💻 𝐁.𝐓𝐞𝐜𝐡 ဘွဲ့ရယူပြီးရင် -
🌎 လုပ်ငန်းခွင်မှာ လူသားတွေအစား ပိုမိုမြန်ဆန်တိကျတဲ့ AI စနစ်တွေ ဖန်တီးပေးရတဲ့ ပညာရှင် - AI Solution Developer,
🌎 ဘဏ်လုပ်ငန်း နဲ့ ဒေတာလုံခြုံရေးကဏ္ဍတွေမှာ အချက်အလက်တွေ အဆင့်မြင့်နည်းပညာနဲ့ ကာကွယ်ပေးရသူ - Blockchain Specialist,
🌎 အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး စီးပွားရေးလုပ်ငန်းတွေ အကျိုးအမြတ်ရအောင် လမ်းညွှန်ပေးရတဲ့ - Data Analyst,
🌎 ကိုယ်ပိုင် နည်းပညာ Startup တစ်ခုကို တည်ထောင်ပြီး ကိုယ်တိုင် ဦးဆောင်မယ့် လုပ်ငန်းရှင် - Tech Entrepreneur များဖြစ်လာနိုင်ပါတယ်။
✍🏻 တက်မြောက်သွားမယ့် 𝐁.𝐓𝐞𝐜𝐡 - 𝐒𝐤𝐢𝐥𝐥 များ
Coding: ကွန်ပျူတာနဲ့ စက်ပစ္စည်းတွေကို ခိုင်းစေတတ်ဖို့ အခြေခံမှသည် အဆင့်မြင့်အထိ သင်ယူရပါမယ်။
AI & Robotics: စက်တွေက လူလိုတွေးခေါ်တတ်အောင်၊ အလုပ်လုပ်တတ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာ လေ့လာရပါမယ်။
Blockchain: အွန်လိုင်းပေါ်က အချက်အလက်တွေကို အလုံခြုံဆုံးဖြစ်အောင် ဘယ်လိုစီမံမလဲဆိုတာ သင်ကြားပေးမှာပါ။
Business Transformation: နည်းပညာကိုသုံးပြီး စီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတာကိုပါ ပေါင်းစပ်သင်ယူရမှာဖြစ်ပါတယ်။
💡နည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် B.Tech (Information Systems for Digital Business) ဘာသာရပ်ဟာ အနာဂတ်မှာ ဘယ်လိုအခြေအနေမျိုးမှာမဆို အလုပ်အကိုင်အခွင့်အလမ်း အများဆုံးနဲ့ တန်ဖိုးအရှိဆုံးဖြစ်မယ့် ရွေးချယ်မှုတစ်ခုပါ။
🔮 မရေရာတဲ့ အနာဂတ်မှာ ကိုယ့်ရဲ့အရည်အချင်းကို ခေတ်မီနည်းပညာတွေနဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံလိုက်ပါ။

💙 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှာ အနာဂတ်ရဲ့ နည်းပညာပညာရှင်တစ်ဦးဖြစ်ဖို့ ဒီနေ့ပဲ စတင်လိုက်ပါ။
🦅 𝑬𝒎𝒑𝒐𝒘𝒆𝒓𝒊𝒏𝒈 𝑴𝒊𝒏𝒅𝒔 𝒇𝒐𝒓 𝑭𝒖𝒕𝒖𝒓𝒆 𝑺𝒖𝒄𝒄𝒆𝒔𝒔 🦅

🌟 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၏ 𝐎𝐏𝐄𝐍 𝐇𝐎𝐔𝐒𝐄 အထူးဖိတ်ကြားလွှာ 🌟 📢လေးစားအပ်ပါသော မိဘအုပ်ထိန်းသူများနှင့် ပညာရှာဖွေနေသူ မောင်မ...
09/05/2026

🌟 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၏ 𝐎𝐏𝐄𝐍 𝐇𝐎𝐔𝐒𝐄 အထူးဖိတ်ကြားလွှာ 🌟

📢လေးစားအပ်ပါသော မိဘအုပ်ထိန်းသူများနှင့် ပညာရှာဖွေနေသူ မောင်မယ်အပေါင်းတို့ …

🤝𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၏ နိုင်ငံတကာအဆင့်မီ ပညာရေးလမ်းကြောင်းများကို ကိုယ်တိုင်လေ့လာရှာဖွေနိုင်မည့်အပြင် အသေးစိတ်လေ့လာနိုင်ရန် လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။

🔗 နိုင်ငံတကာတက္ကသိုလ်ပညာရေး ခရီးလမ်းလျှောက်လှမ်းရန် စီစဉ်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် အကောင်းဆုံးပညာရေးအကြံပေးမှုတွေကို 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၏ Program Manager များ ကိုယ်တိုင်ရင်းနှီး၊နွေးထွေးစွာ တစ်ယောက်ခြင်းစီ ဆွေးနွေးတိုင်ပင်မှုတွေကို ( ၃ ) ရက်တိတိ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

💡 ပါဝင်သော Seminar တစ်ခု
━━━━━━━━━━━━━━━━━
𝐎𝐏𝐄𝐍 𝐇𝐎𝐔𝐒𝐄 ပြုလုပ်မည့် ( ၃ ) ရက်အတွင်း၊
ဒုတိယနေ့ ( ၁၂ ) ရက်နေ့ တွင်

👨🏻‍🏫 အဆင့်မြင့်နည်းပညာ (AI) နှင့်အတူ ပုံဖော်နိုင်မည့် အနာဂတ်ပညာရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမည့်
"Future Learning With AI" Seminar ကို
အခမဲ့ (Free Entry) တက်ရောက်နားထောင်နိုင်မှာလဲ ဖြစ်ပါသည်။
🔹 ဟောပြောဆွေးနွေးမည့်သူ — Mr. Nay Htwe Kyaw (Assistant Director of Faculty Affairs)
🔹 ရက်စွဲ — (၁၂) ရက်၊ မေလ ၊ ၂၀၂၆ ခုနှစ်
🔹အချိန် — မနက် ( ၁၀:၀၀ ) နာရီ

ယခုအစီအစဉ်တွင် သိလိုသမျှကို လွတ်လပ်စွာမေးမြန်းနိုင်သည့် Discussion အစီအစဉ်များ နှင့် အခြားစိတ်ဝင်စားဖွယ်ရာ Activities များလဲပါဝင်ပါမည်။

🎓 လက်လွတ်မခံသင့်တဲ့ အထူးအခွင့်အရေး
━━━━━━━━━━━━━━━━━
✨ တက္ကသိုလ်ပညာရေးသို့ ကူးပြောင်းမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်သစ်တစ်ခုကို မိတ်ဆက်ပေးသွားမှာလည်း ဖြစ်ပါသည်။
🚀 အဆိုပါအစီအစဉ်တွင် ပညာသင်ဆု (Scholarship) ရရှိနိုင်မည့် အခွင့်အရေးများ တစ်ပါတည်း ပါဝင်သောကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးပင် တန်ဖိုးရှိသော အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။

🏫 ဘာကြောင့် OPEN HOUSE ကို တက်ရောက်သင့်တာလဲ
━━━━━━━━━━━━━━━━━
🔹 DBU IC ၏ အဆင့်မြင့်စာသင်ခန်းများနှင့် Facilities များကို လေ့လာကြည့်ရှုနိုင်ခြင်း၊
🔹 မိမိတို့နှင့် ကိုက်ညီမည့် သင်ရိုးညွှန်းတမ်းများနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အခမဲ့ပညာရေးအကြံပေးဝန်ဆောင်မှု ရယူနိုင်ခြင်း၊
🔹 Program Manager များ၊ တာဝန်ရှိသူများနှင့် တိုက်ရိုက်တွေ့ဆုံ၍ သိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ခြင်း၊

📢 အထူးမှာကြားချက် 🤔
🎯 𝐎𝐏𝐄𝐍 𝐇𝐎𝐔𝐒𝐄 ကို လာရောက်လေ့လာဆွေးနွေးရန်အတွက်သာဖြစ်ပြီး၊
ကျောင်းအပ်နှံရန် မဖြစ်မနေ လိုအပ်မည် မဟုတ်ပါ။

🎯 𝐎𝐏𝐄𝐍 𝐇𝐎𝐔𝐒𝐄 ရဲ့ အဓိကရည်ရွယ်ချက်မှာ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်ပညာရေးအတွက် အကောင်းဆုံးနှင့် အမှန်ကန်ဆုံးသော ရွေးချယ်မှုများပြုလုပ်နိုင်ရန် ကူညီပံ့ပိုးပေးရန်သာ ဖြစ်ပါသည်။
━━━━━━━━━━━━━━━━━
📅 ရက်စွဲ — မေလ၊ (၁၁) ရက် မှ (၁၃) ရက်အထိ၊ ၂၀၂၆ ခုနှစ်
⏰ အချိန် — နံနက် ၁၀:၀၀ မှ ညနေ ၄:၀၀ အထိ

🚨မှတ်ချက် - မေလ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် Seminar သို့ တက်ရောက်လိုသူများအနေဖြင့် နံနက် ၁၀:၀၀ နာရီမတိုင်မီ ကြိုတင်ရောက်ရှိရန် မေတ္တာရပ်ခံအပ်ပါသည်။ 🚨

📍 နေရာ — 𝗖𝗮𝗺𝗽𝘂𝘀: တိုက်နံပါတ် (၇)၊ မြန်မာ့ဂုဏ်ရည်အိမ်ရာ၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
📞 ဆက်သွယ်စုံစမ်းရန် - 09 88 263 1717, 09 88 264 1717
✍️ Register - https://bit.ly/dbu-ic-open-house

👨‍👩‍👧‍👦 သူငယ်ချင်းများ အတူတူစုပြီးသော်လည်းကောင်း၊ မိသားစုနှင့် အတူတူသော်လည်းကောင်း လာရောက်လည်ပတ်ဆွေးနွေးရန် လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။ 🦋

အနာဂတ် ဉာဏ်ပညာအလင်း ထွန်းလင်းမယ့် ... 𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

❝ စဉ်ဆက်မပြတ် လေ့လာသင်ယူခံယူမှုတွေဟာ အချိန်မရှိလို့မဟုတ်ပါ၊ ကြိုးစားအားထုတ်မှု နည်းကြတာပါ… ❞𝐓𝐢𝐧 𝐙𝐚𝐧 𝐊𝐲𝐚𝐰 Founder & Chair...
09/05/2026

❝ စဉ်ဆက်မပြတ် လေ့လာသင်ယူခံယူမှုတွေဟာ
အချိန်မရှိလို့မဟုတ်ပါ၊
ကြိုးစားအားထုတ်မှု နည်းကြတာပါ… ❞

𝐓𝐢𝐧 𝐙𝐚𝐧 𝐊𝐲𝐚𝐰
Founder & Chairman
𝐃𝐁𝐔 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

08/05/2026

𝐆𝐮𝐞𝐬𝐬 𝐡𝐨𝐰 𝐦𝐚𝐧𝐲 𝐩𝐫𝐨𝐠𝐫𝐚𝐦𝐬 𝐰𝐞 𝐡𝐚𝐯𝐞 ?

သင့် အနာဂတ်ပညာရေးအတွက် စိတ်ကြိုက် Major ကို ရွေးချယ်နိုင်ဖို့ DBU IC ကို အခုပဲ အရောက်လှမ်းခဲ့ပါ။

Register - https://bit.ly/dbu-ic-open-house

Address

No(58), Shophouse-7, Myanmar Gonyi Residence, Mingalar Taung Nyunt Township
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959421007001

Alerts

Be the first to know and let us send you an email when DBU International College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to DBU International College:

Share