Sky Home Japanese College

Sky Home Japanese College No.1 Japanese Language, IT and Business Service Provider in Myanmar

📣 Job Vacancy Announcement 📣✍️ Content Writer – 1 Post🇯🇵 NHM IT & Business College တွင် တာဝန်ထမ်းဆောင်ရန် Creative ဖြစ်ပ...
12/05/2026

📣 Job Vacancy Announcement 📣

✍️ Content Writer – 1 Post
🇯🇵 NHM IT & Business College တွင် တာဝန်ထမ်းဆောင်ရန် Creative ဖြစ်ပြီး Writing ပိုင်းကို စိတ်ဝင်စားသူများကို ဖိတ်ခေါ်နေပါတယ်။

Requirements
◾Social Media Content များ ရေးသားနိုင်ရမည်
◾Creative Thinking ရှိရမည်
◾Teamwork ဖြင့် အလုပ်လုပ်နိုင်ရမည်
◾Japanese Education / Study Abroad Content များကို လေ့လာရေးသားနိုင်ရမည်
◾SEO နဲ့ ပတ်သက်ပြီး ထိမိသော စကားလုံးများရွေးချယ် အသုံးပြုနိုင်ရမည်

Responsibilities:
◾page အတွက် Content များရေးသားခြင်း
◾Designer ကို Content Brief များ ကောင်းကောင်းပေးနိုင်ခြင်း
◾Audience Engagement တိုးစေရန် Creative Ideas များ တင်ပြနိုင်ခြင်း
◾Teamwork ဖြင့် အလုပ်လုပ်ကိုင်နိုင်ခြင်း

📍 Working Location – (605/ ka), Pyay Road, Kamayut Township, Yangon.
🕘 Working Hours - 8:30 AM to 4:30 AM

📩 Interested candidates များအနေဖြင့်
CV Form ကို Viber No - 09 768967203 မှတဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

Sky Home Japanese မှာ တက်ရောက်ခဲ့တဲ့ ကျောင်းသားကျောင်းသူလေးတွေSky Home မှာ လေ့လာပြီးInterview Training တွေတက်ပြီးတကယ်ဖြတ...
05/05/2026

Sky Home Japanese မှာ တက်ရောက်ခဲ့တဲ့ ကျောင်းသားကျောင်းသူလေးတွေ

Sky Home မှာ လေ့လာပြီး
Interview Training တွေတက်ပြီး
တကယ်ဖြတ်သန်းခဲ့တဲ့ သူတို့လေးတွေရဲ့
Feedback တွေကို မျှဝေပေးလိုက်ပါတယ် 💙

ကျောင်းသားကျောင်းသူလေးများအားလုံး မိမိတို့လိုရာခရီး အိမ်မက်ပန်တိုင်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ🤗

“ကမ္ဘာ့အလုပ်သမားနေ့”ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ မိမိတို့ရဲ့ မိသားစု၊ လူမှုပတ်ဝန်းကျင်နဲ့ ကိုယ...
30/04/2026

“ကမ္ဘာ့အလုပ်သမားနေ့”

ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ မိမိတို့ရဲ့ မိသားစု၊ လူမှုပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့ အနာဂတ်အတွက် နေရာအသီးသီးမှာ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံးကို လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါတယ်ဗျာ🙏

အလုပ်ကို တန်ဖိုးထားပြီး ဘဝကို ရိုးသားစွာ ထုဆစ်နေကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ❤️✨

🌸 မင်္ဂလာရှိသော ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်ပါစေခင်ဗျာ...ဘုရားလောင်းတော် ဖွားမြင်ခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခြင်းနဲ့ ပရိ...
30/04/2026

🌸 မင်္ဂလာရှိသော ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်ပါစေခင်ဗျာ...

ဘုရားလောင်းတော် ဖွားမြင်ခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခြင်းနဲ့ ပရိနိဗ္ဗာန်စံဝင်ခြင်း တည်းဟူသော ထူးခြားတဲ့ အမှတ်အသားတွေ စုံညီတဲ့ နေ့ထူးနေ့မြတ်မှာ လူသားအားလုံး ဘေးဘယာဝေးကွာပြီး ငြိမ်းချမ်းကြပါစေ။ မိမိတို့ရဲ့ စိတ်နှလုံးမှာလည်း ဗုဒ္ဓရဲ့ တရားတော်တွေ ကိန်းဝပ်ပြီး၊ အေးရိပ်မြုံမှာ အမြဲထာဝရ ခိုလှုံခွင့်ရကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ကဆုန်လပြည့်မှာ ပြုပြုသမျှ ကုသိုလ်ကောင်းမှုတွေကြောင့် ဘဝရဲ့ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ပြီး လိုအင်ဆန္ဒတွေအားလုံး အေးချမ်းစွာ ပြည့်ဝကြပါစေခင်ဗျာ။ ✨

ချစ်ခင်ရပါသော ကျောင်းသားကျောင်းသူများနှင့် မိဘများခင်ဗျာကဆုန်လပြည့်နေ့ (ဧပြီ ၃၀) နှင့် မေလ (၁) ရက်နေ့တို့သည် အများပြည်သူ...
29/04/2026

ချစ်ခင်ရပါသော ကျောင်းသားကျောင်းသူများနှင့် မိဘများခင်ဗျာ

ကဆုန်လပြည့်နေ့ (ဧပြီ ၃၀) နှင့် မေလ (၁) ရက်နေ့တို့သည် အများပြည်သူရုံးပိတ်ရက်များဖြစ်ပါသဖြင့်
Sky Home Japanese College ရုံးအား ပိတ်ထားမည်ဖြစ်ပါသည်။

အဆိုပါရက်များအတွင်း ဝန်ဆောင်မှုများကို ခဏတာ ရပ်နားထားမည်ဖြစ်ပြီး
မေလ (၂) ရက်နေ့မှ စ၍ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

နားလည်ပေးမှုအတွက် လူကြီးမင်းများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ🤗

ဂျပန်မှာ ကျောင်းတက်ဖို့ လျှောက်တဲ့အခါ လူတွေ မသိမသာ လုပ်မိနေတဲ့ အမှား (4) ချက် ဂျပန်မှာ ကျောင်းတက်ဖို့ဆိုတာ စိတ်ဝင်စားရုံ...
28/04/2026

ဂျပန်မှာ ကျောင်းတက်ဖို့ လျှောက်တဲ့အခါ လူတွေ မသိမသာ လုပ်မိနေတဲ့ အမှား (4) ချက်

ဂျပန်မှာ ကျောင်းတက်ဖို့ဆိုတာ
စိတ်ဝင်စားရုံတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
တစ်ခါတလေ သေးသေးလေးထင်ရတဲ့ အမှားတွေကြောင့်ပဲ
process ကြာသွားတာ၊ အခွင့်အရေးလက်လွတ်သွားတာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာ
လူအများဆုံး မသိမသာ လုပ်မိနေတဲ့ အမှားတွေကို
ရှင်းရှင်းလင်းလင်း share လုပ်ပေးသွားပါမယ် 😎

1. Language Skill ကို လျစ်လျူရှုခြင်း
လူတော်တော်များများက “N5 ရှိရင် လုံလောက်ပြီ” ဆိုပြီး ဂျပန်ဘာသာစကားကို အရမ်းမလေ့လာတော့တာတွေရှိတယ်။
ဒါပေမယ့် တကယ် Interview ဝင်တဲ့အချိန်၊ ဒါမှမဟုတ် ဂျပန်ရောက်ပြီး school life စတဲ့အချိန်မှာ basic communication တောင်ကောင်းကောင်း မရတာကြောင့် ယုံကြည်မှုလည်း လျော့သွားတတ်ပါတယ်။
👉 Language က certificate တစ်ခုသာ မဟုတ်ဘဲ တကယ်လက်တွေ့အသုံးချနိုင်မှုက ပိုရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။

2. Interview ကို မပြင်ဆင်ဘဲ ဝင်ခြင်း
တချို့က “Interview က မခက်ဘူး” ဆိုပြီး ဘာမှမပြင်ဆင်ဘဲ ဝင်တတ်ကြပါတယ်။
ဒါပေမယ့် Interview ဆိုတာ ကိုယ့်ရဲ့ mindset, goal, plan ကို ရှင်းရှင်းလင်းလင်း ပြနိုင်ရတဲ့နေရာပါ။
Answer ကို structure မရှိဘဲ ဖြေလိုက်ရင် အဓိပ္ပါယ်မပြည့်စုံဘဲ impression လျော့သွားနိုင်ပါတယ်။
👉 Practice လုပ်ထားတဲ့သူနဲ့ မလုပ်ထားတဲ့သူ result က မတူတာ သေချာပါတယ်။

3. Budget Planning မလုပ်ထားခြင်း
“ဂျပန်ရောက်ပြီးမှ ကြည့်လုပ်မယ်” ဆိုတဲ့အတွေးက တကယ် risky ပါ။
မြို့အလိုက် living cost ကွာသလို စားဝတ်နေရေး၊ သယ်ယူပို့ဆောင်ရေး၊ အိမ်ငှားခ အကုန်လုံးကို ကြိုတင်တွက်ထားဖို့လိုပါတယ်။
👉 Budget plan ရှိထားတဲ့သူက stress နည်းပြီး focus ပိုကောင်းတတ်ပါတယ်။

4. Timeline ကို မသိဘဲ အလျင်လိုခြင်း
COE, Visa, School admission ဒီ process တွေက အချိန်လိုပါတယ်။
တချို့က “ဘာလို့မပြီးသေးတာလဲ” ဆိုပြီး စိတ်ပူ၊ စိတ်ညစ် ဖြစ်တတ်ကြပါတယ်။
ဒါပေမယ့် process တစ်ခုချင်းစီမှာ သူ့အချိန်နဲ့သူ ရှိနေပါတယ်။
👉 Timeline ကိုနားလည်ထားရင် စောင့်နေတဲ့အချိန်မှာလည်း စိတ်အေးနိုင်ပါတယ်။

အမှားဆိုတာ မလုပ်မိဘူးရယ်လို့ မရှိပါဘူး…
ဒါပေမယ့် အချိန်မီ သိထားနိုင်ရင်
အခွင့်အရေးတွေကို လက်လွတ်မသွားအောင် ကာကွယ်နိုင်ပါတယ် ✨

ဂျပန်မှာ ကျောင်းတက်ဖို့ဆိုတာ
တစ်ဆင့်ချင်း မှန်မှန် လုပ်သွားရတဲ့ journey တစ်ခုပါ။
သေးသေးလေးတွေကို သတိထားပြီး ပြင်ဆင်ထားရင်
result ကလည်း သေချာမတူနိုင်ပါဘူး 😌

Interview မတိုင်ခင် အားလုံးက ကြောက်တတ်ကြတာပဲ ဂျပန်မှာ ကျောင်းတက်ဖို့ Interview ဝင်ရတဲ့အချိန်မှာ knowledge ရှိတာတစ်ခုတည်း...
23/04/2026

Interview မတိုင်ခင် အားလုံးက ကြောက်တတ်ကြတာပဲ

ဂျပန်မှာ ကျောင်းတက်ဖို့ Interview ဝင်ရတဲ့အချိန်မှာ knowledge ရှိတာတစ်ခုတည်းမလုံလောက်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ မေးခွန်းတွေကို ဘယ်လိုဖြေမလဲဆိုတာက ပိုပြီး အရေးကြီးပါတယ်။

တကယ်တော့ Interview ဝင်တဲ့အချိန်မှာ
တစ်ချို့မေးခွန်းတွေက ဖြေဆိုသူတိုင်းကို stress ပေးတတ်ပါတယ်…

ဥပမာ—
👉 “ဘာကြောင့် ဂျပန်မှာ ကျောင်းတက်ချင်တာလဲ?”
- なぜ日本に留学したいですか。

👉 “ကုန်ကျစရိတ်တွေအတွက်ရော ဘယ်လိုစီစဉ်ထားရှိလဲ?”
- 学費についてどう考えていますか。

👉 “ကျောင်းပြီးတဲ့နောက် ဘာလုပ်ဖို့ စီစဉ်ထားလဲ?”
-日本語学校が終わった後、どうする予定ですか。

အဲ့လိုမေးခွန်းတွေထဲမှာ
သင့်အတွက် အကြောက်ဆုံး၊ ဖြေရခက်ဆုံးက မေးခွန်းကဘာလဲ? 🤔
👇 Comment မှာ ရေးခဲ့ပါ



🙏 အားလုံးပဲ မင်္ဂလာရှိသော မြန်မာနှစ်ဆန်း (၁) ရက်နေ့လေး ဖြစ်ပါစေခင်ဗျာ!နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်တွေနဲ့ ကိုယ်ဖ...
17/04/2026

🙏 အားလုံးပဲ မင်္ဂလာရှိသော မြန်မာနှစ်ဆန်း (၁) ရက်နေ့လေး ဖြစ်ပါစေခင်ဗျာ!

နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်တွေနဲ့ ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်တွေအားလုံးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေလို့ Sky Home မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာနှစ်သစ်လေး ဖြစ်ပါစေ✨

#နှစ်ဆန်း၁ရက်နေ့

"ပျော်ရွှင်ဖွယ် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ဖြစ်ပါစေ"သင်္ကြန်ဟာ အဟောင်းတွေကို ဆေးကြောပြီး အသစ်တွေကို ကြိုဆိုတဲ့ အချိန်အခ...
12/04/2026

"ပျော်ရွှင်ဖွယ် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ဖြစ်ပါစေ"

သင်္ကြန်ဟာ အဟောင်းတွေကို ဆေးကြောပြီး အသစ်တွေကို ကြိုဆိုတဲ့ အချိန်အခါသမယဖြစ်လို့ စိတ်ညစ်မှုတွေ၊ အပူအပင်တွေကို သင်္ကြန်ရေနဲ့အတူ ဆေးကြောပြီး နှစ်သစ်ကို လန်းဆန်းစွာ စတင်လိုက်ကြရအောင်။

ဒီသင်္ကြန်ကာလမှာ
💦 စိတ်ချမ်းသာမှုတွေ ပိုများပါစေ
💦 မိသားစုနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ
💦 ကျန်းမာရေးကောင်းမွန်ပြီး အန္တရာယ်ကင်းရှင်းပါစေ

နှစ်သစ်မှာလည်း
သင်ရည်မှန်းထားတဲ့ အိမ်မက်တွေ
တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်နိုင်ပါစေ ✨

Sky Home မိသားစုမှ အားလုံးကို
ပျော်ရွှင်ချမ်းမြေ့သော အတာသင်္ကြန်နှစ်သစ်ကူး အခါသမယလေးဖြစ်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ် 🌸💙

ဧပြီလ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ရုံးပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခြင်းSky Home Japanese College အား သင်္ကြန်ရုံးပိတ်ရက်...
10/04/2026

ဧပြီလ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ရုံးပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခြင်း

Sky Home Japanese College အား သင်္ကြန်ရုံးပိတ်ရက်အဖြစ် အောက်ပါကာလအတွင်း ရုံးပိတ်ထားမည်ဖြစ်ပါသည်။

📅 ရုံးပိတ်ရက် — ဧပြီလ (၁၁) ရက်နေ့ မှ ဧပြီလ (၁၉) ရက်နေ့အထိ
အဆိုပါကာလအတွင်း Inquiry များ၊ ဝန်ဆောင်မှုများကို ခဏတာ ရပ်နားထားမည်ဖြစ်ပြီး

ဧပြီလ (၂၀) ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

အားလုံး သင်္ကြန်ကာလကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ 💦



သင်္ကြန်ပြီးတာနဲ့ ဂျပန်စာအတန်းသစ်တွေ ပြန်စတင်ပြီသင်္ကြန်ကာလဟာ ရေကစားရင်း၊ ခရီးသွားရင်း စိတ်အေးလက်အေး အနားယူလို့ အကောင်းဆ...
10/04/2026

သင်္ကြန်ပြီးတာနဲ့ ဂျပန်စာအတန်းသစ်တွေ ပြန်စတင်ပြီ

သင်္ကြန်ကာလဟာ ရေကစားရင်း၊ ခရီးသွားရင်း
စိတ်အေးလက်အေး အနားယူလို့ အကောင်းဆုံးပါ။

ဒါပေမယ့် သင်္ကြန်ကာလ ကျော်လွန်သွားပြီးဆိုရင်တော့
👉 ကိုယ့်ရဲ့ အနာဂတ် ဂျပန်အိမ်မက်တွေအတွက်
ပြန်ပြီး Focus လုပ်ရတော့မှာဖြစ်ပါတယ် 📚✨

ဂျပန်မှာ ကျောင်းတက်ချင်သူတွေ အတွက်
Language Skill က အခြေခံအရေးကြီးဆုံးဖြစ်တာကြောင့်
သင်္ကြန်ပြီးတာနဲ့ foundation ပြန်တည်ဆောက်ထားရင်
ရှေ့ဆက်သွားတာ ပိုလွယ်ကူမယ် 💡

Sky Home Japanese College မှာတော့
🎓 N5, N4, N3 အတန်းသစ်တွေကို
သင်္ကြန်ပြီးတာနဲ့ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်

Class Details:

🎌 N-5 Special Class
🗓️ Start – 27.4.2026
⏰ 2:00 PM – 4:00 PM
📝 Mon – Fri
⏳ 4 Months
💰 200,000 Ks

🎌 N-4 Special Class
🗓️ Start – 4.5.2026
⏰ 11:30 AM – 1:30 PM
📝 Mon – Fri
⏳ 4 Months
💰 250,000 Ks

🎌 N-3 Special Class
🗓️ Start – 27.4.2026
⏰ 9:00 AM – 11:00 AM
📝 Mon – Fri
⏳ 4 Months
💰 300,000 Ks

Sky Home မှာက
✔️ Beginner ကနေ Advanced ထိ စနစ်တကျ သင်ကြားပေးခြင်း
✔️ ဂျပန်စာ Exam အတွက် Ready ဖြစ်အောင် Training ပေးခြင်း
✔️ Japan Study Plan နဲ့ချိတ်ဆက်ပြီး Guidance ပေးခြင်း
✔️ အဆောင်စီစဉ်ပေးခြင်း

Seats Limited ဖြစ်တဲ့အတွက် အမြန်ဆုံး စာရင်းသွင်းလိုက်ပါ 🚀

အသေးစိတ်သိရှိလိုပါက👇
☎️ 09 504 8520
☎️ 09 752 588 872
☎️ 09 740 021 001
📍 အမှတ် (605/A)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

Address

No. (605/A), Pyay Road, Kamayut Tsp
Yangon
11041

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30
Saturday 08:30 - 16:30

Telephone

+9595048520

Alerts

Be the first to know and let us send you an email when Sky Home Japanese College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Sky Home Japanese College:

Share