Al-Khair Academy

Al-Khair Academy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Al-Khair Academy, College & University, Yangon.

 #ခလောက်ကွန်ဒိုင်ကြေညာစာတမ်းPdf ဖိုင် လိုချင်သူများအတွက်https://t.me/qariesar/244
04/11/2024

#ခလောက်ကွန်ဒိုင်ကြေညာစာတမ်း

Pdf ဖိုင် လိုချင်သူများအတွက်

https://t.me/qariesar/244

05/06/2023
ဟဇရသ်အုမရ်(ရသွေ့)လက်ထက်မှာ အင်မတန်ထူးဆန်းအံ့သြဖွယ်ရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို ကျွန်တော်တို့ရဲ့ ဆရာသခင်အကြီးအကဲတွေဆီကန...
18/12/2022

ဟဇရသ်အုမရ်(ရသွေ့)လက်ထက်မှာ အင်မတန်ထူးဆန်းအံ့သြဖွယ်ရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို ကျွန်တော်တို့ရဲ့ ဆရာသခင်အကြီးအကဲတွေဆီကနေ မကြာခဏဆိုသလိုကြားဖူး၊သူတို့ရေးသားထားတာ ဖတ်ဖူးခဲ့တယ်။

စာအုပ်စာပေအမြောက်အများ လေ့လာဖတ်ရှုဖူးပေမယ့် အဲ့ဒီအဖြစ်အပျက်ကို ရေးသားဆင့်ပြန်ထားတဲ့ မူရင်းသမိုင်းစာအုပ် ကျွန်တော် အရင်ကမတွေ့မိခဲ့ဘူး။

ဒီနေ့တော့ ကျွန်တော် အဲ့ဒီအဖြစ်အပျက်ကို ရေးသားဆင့်ပြန်ထားတဲ့ စာအုပ်တစ်အုပ် တွေ့မိတယ်။စာအုပ်နာမည်က Ibne Taghri Birdi ရဲ့ အန်နုဂျူမွတ်ဇာဟိရဟ်(Al Nujum Al Zahira)ဖြစ်ပါတယ်။

အဖြစ်အပျက်လေးကို အကျယ်တဝင့် လေ့လာဖတ်ရှူကြည့်ပါအုံး!

ဟဇရသ် အမရ်ဗင်န်အားစွ်(ရသွေ့)အီဂျစ်ပြည်ကိုအောင်နိုင်ပြီး အီဂျစ်ရဲ့ မြို့တော်ဝန်အဖြစ်နဲ့ စိုးစံနေချိန် ကာလအတန်ကြာတော့ "ဇွန်လ" ကိုရောက်ရှိလာတယ်။

ဇွန်လအစမှာ အီဂျစ်မှာရှိတဲ့မြို့ခံအဖွဲ့တစ်ခု က ဟဇရသ် အမရ်ဗင်န်အားစွ်(ရသွေ့)ထံပါးကို ရောက်လာပြီးပြောတယ်...မြို့တော်ဝန်ခင်ဗျာ!ကျွန်တော်တို့ အီဂျစ်မှာရှိတဲ့ နိုင်းမြစ် မှာ အကျင့်တစ်ခု ဆွဲကပ်နေပါတယ်၊အဲ့ဒီအကျင့်ကို လူတွေက မဖြည့်ဆည်းပေးရင် ဒီမြစ်က ရေမစီးဆင်းတော့ပဲ တဖြေး​ဖြေး ခမ်းခြောက်လာတတ်ပါတယ်။

ဟဇရသ် အမရ်ဗင်န်အားစွ်(ရသွေ့)ကမေးတယ်။ ဘာ အကျင့်တုန်း!

ရောက်လာတဲ့ မြို့ခံအဖွဲ့က ပြောပြတယ်။

ဟုတ်ကဲ့....ဇွန်လ(12)ရက်ကျော်တာနဲ့ ကျွန်တော်တို့ နယ်ခံတွေထဲက နုနယ်ချောမောလှပတဲ့ အပျိုစင်အမျိုးသမီးလေးတစ်ယောက်ကို နယ်မြေတစ်ဝိုက်မှာလိုက်ရှာရပါတယ်၊ရှာတွေ့ရင် သူ့မိဘတွေကို အမျိုးမျိုး ဖြောင့်ဖြ ချော့မော့ပြောဆိုပြီး အမျိုးသမီးလေးကို ကျွန်တော်တို့ခေါ်လာရပါတယ်။

ပြီးရင် ဒီအမျိုးသမီးလေးကို ကျွန်တော့်တို့ အလှပဆုံးဝတ်ဆင်၊တန်ဆာတွေဆင်ပေးပြီး နိုင်းမြစ်ထဲပြစ်ချပေးရပါတယ်။အဲ့ဒီလို ပြစ်ချပေးမှပဲ မြစ်ရေက ပြန်တက်လာတတ်တယ်၊မဟုတ်ရင် မြစ်ရေက တဖြေးဖြေး ခမ်းခြောက်သွားပါတယ်။

ဟဇရသ်အမရ်ဗင်န်အားစွ်(ရသွေ့)က
အမိန့်ရှိတယ်။"အစ္စလာမ်မှာ ဒါမျိုးတွေမရှိဘူး၊ဒါအမိုက်ခေတ်က ဓလေ့ထုံးတမ်းအစဥ်လာတွေဖြစ်တယ်"လို့ပြောတော့ ရောက်လာတဲ့အဖွဲ့လည်း ပြန်ထွက်သွားတယ်။

နောက်တော့..

တကယ်သူတို့ပြောခဲ့သလိုပဲ ဇွန်လကုန်ပြီး ဇူလိုင်၊သြဂုတ်လရောက်​တော့ နိုင်းမြစ်ရေက တဖြေးဖြေး ခမ်းခြောက်လာပါတော့တယ်။နောက်ဆုံး အခြေအနေကအတိုင်းထက်အလွန်ဆိုးဝါးလာပြီး အဲ့ဒီမှာရှိနေတဲ့ နယ်ခံတချို့ပါ ရေရှားပါးတဲ့ဒဏ်ကြောင့် နောက်တစ်နေရာပြောင်းရွှေ့တော့ဖို့ စီစဥ်လာတဲ့အထိပါပဲ။

ဒီအခြေအနေကို​တွေ့တော့ ဟဇရသ်အမရ်ဗင်န်အားစွ်(ရသွေ့)လည်း ဒုတိယခလီဖဟ်ကြီး ဟဇရသ် အုမရ်(ရသွေ့)ထံ ဖြစ်ကြောင်းကုန်စင်ရေးသားပြီး မရှ်ဝရဟ်တောင်း အသိပေးရပါတော့တယ်။

စာပို့အသိပေးပြီး မကြာခင်မှာပဲ ဟဇရသ်အုမရ်(ရသွေ့)ဆီကနေ ပြန်စာရောက်ရှိလာတယ်။ဟဇရသ် အုမရ်(ရသွေ့)ပြန်စာမှာ အမိန့်ရှိတာက..

အို အမရ်!အသင်ပြောခဲ့တာမှန်တယ်။အစ္စလာမ်က အမိုက်ခေတ်ရဲ့ အခြေအမြစ်မရှိတဲ့ ဓလေ့ထုံးတမ်းစဥ်လာတွေကို အပြီးတိုင်ဖျက်သိမ်းတဲ့ သာသနာပဲ။ကျွန်ုပ် သင့်ကို စာရွက်တစ်ခုပါ တစ်ပါတည်း ထည့်ပေးလိုက်တယ်။အဲ့ဒါကိုအသင် နိုင်းမြစ်ထဲ ထည့်လိုက်ပါ လို့အမိန့်ရှိတယ်။

စာရွက်မှာရေးသားထားတာက-

مِنْ عَبْدِاللّٰهِ عُمَرَ بْنِ الْخَطَّابِ اَمِیْرِالْمُؤْمِنِیْنَ اِلٰی نِیْلِ مِصْرَ اَمَّا بَعْدُ فَاِنْ كُنْتَ تَجْرِیْ مِنْ قِبَلِكَ فَلَا تَجْرِ وَ اِنْ کَانَ اللّٰهُ الْوَاحِدُ الْقَهَّارُ الَّذِيْ یُجْرِیْكَ فَاَسْأَلُ اللّٰهَ الْوَاحِدَ الْقَهَّارَ اَنْ یُّجْرِيَكَ ۔

"အလ္လာဟ်ရှင်၏ကျေးကျွန် မုအ်မင်န်တို့၏ခေါင်းဆောင် အုမရ်"မှ "နိုင်းမြစ်လို့ အမည်တွင်တဲ့ အီဂျစ်ပြည်ကမြစ်ပင်လယ်"သို့

အကယ်၍ အသင်က မိမိသဘောဆန္ဒနဲ့ စီးတွေနေတယ်ဆိုရင် အသင့်စီးတွေခြင်းကို ယခုပဲရပ်လိုက်ပါ၊အကယ်၍ အသင့်ကိုတစ်ပါးတည်းသောအရှင်၊အရာခပ်သိမ်းကို မိမိရဲ့လွှမ်းမိုးမှုအောက်မှာထားနိုင်သောအရှင်က စီးတွေအောင်ပြုလုပ်နေတယ်ဆိုရင် အဲ့ဒီအရှင်ထံပါးမှာ ငါဒိုအာဆုမွန်တောင်းခံတယ်...အသင့်ရဲ့ ခမ်းခြောက်ခြင်းတွေ တစ်မဟုတ်ချင်း ရုတ်သိမ်းပေးပြီး တစ်ဖန်ပြန်လည် စီးတွေစေပါ။

ဟဇရသ်အမရ်ဗင်န်အားစွ်(ရသွေ့)သခင်က ဒီစာရွက်ကို နတ်ဆွရာနီတွေရဲ့ အီဒေဆွလီးဗ်လို့ခေါ်တဲ့(စက်တင်ဘာလ 14ရက်)နေ့မတိုင်ခင် ပထမရက်(စက်တင်ဘာလ 13ရက်)မှာ နိုင်းမြစ်ထဲ ထည့်ခဲ့တယ်။(နယ်ခံတွေကတော့ အထက်ကပြောခဲ့တဲ့အတိုင်း ဟိုခေတ်က "ရေ"ရှားပါတဲ့ဒေသမှာ လူတွေရှင်သန်နေထိုင်ဖို့ဆိုတာ မလွယ်ဘူး၊ဒါ့ကြောင့် အီဂျစ်ကနေ ရွှေ့ပြောင်းကြတော့ဖို့ အဆင်သင့် ထုတ်ပိုးပြင်ဆင်​ပြီးကြပြီ။)

နောက်နေ့မနက် (စက်တင်ဘာလ 14ရက်)ရောက်တော့ နိုင်းမြစ်ကြီးက တသွင်သွင် စီးဆင်းနေခဲ့ပါပြီ၊စာရေးဆရာက ရေးထားတယ် အဲ့ဒီစာရွက် နိုင်းမြစ်ထဲထည့်ပြီး​တဲ့နောက် ညတွင်းချင်းမှာပဲ ခန့်မှန်းခြေအားဖြင့် နိုင်းမြစ်ရေက (၁၆)တောင် တက်လာခဲ့တယ်။

(ابن تغري بردي : النجوم الزاهرة في اخبار ملوك مصر و القاهرة ج١ ص٣٥ ؛؛ وزارة الثقافة والارشاد القومي ، مصر)

***i Taqi Usmani Sahib DB

Address

Yangon

Telephone

+959956681566

Website

Alerts

Be the first to know and let us send you an email when Al-Khair Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share