17/11/2025
ကျောင်းအပ်လို့ရပြီးနော်...
🤠ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေ အကုန်လုံး ယနေ့ (၁၇/၁၁/၂၀၂၅)ကနေစပြီးကျောင်းစတင်အပ်လို့ရပါပြီးဗျာ။ကျောင်းအပ်တဲ့အခါ Online စနစ်နဲ့ကျောင်းအပ်ရမှာဖြစ်တဲ့အတွက် နယ်ဝေးကျောင်းသား/သူများ၊ ကျောင်းလာရန်အခက်အခဲရှိသူများအတွက်အရမ်းအဆင်ပြေတဲ့အပြင် ငွေကုန်ကျလဲအလွန်သက်သာပါတယ်။ အရင်ကလိုလဲကျောင်းကိုလာပြီး တန်းစီစရာမလိုပါဘူးဗျာ။
Online စနစ်နဲ့ကျောင်းအပ်တဲ့အခါ အစဉ်ပြေမှုရှိသလိုတဖက်ကလဲ ကျောင်းသား/ကျောင်းသူအချို့ အခက်အခဲနဲ့တွေရပါတယ်။ ဒါတွေကတော့
❎အကျိုးဆောင်ပုံစံဟန်ဆောင်ကာကျောင်းအပ်ပေးမည်ဆိုက ငွေကြေးအလိမ်ခံရခြင်း
❎အွန်လိုင်းအခက်အခဲဖြစ်ခြင်း၊ အွန်လိုင်းမရခြင်းတွေဖြစ်ပါတယ်။
အရင်နှစ်ကဆိုကျောင်းသား၊သူ တော်တော်များများဒီပြဿနာ တွေကိုတွေ့ကြုံရပါတယ်။
ဒါကြောင့်ကျောင်းအပ်တဲ့အခါ သက်နိုင်သလောက်မိမိကိုယ်တိုင်အပ်သင့်ပါတယ်။ အကျိုးဆောင်တွေနဲ့အပ်မယ်ဆိုရင်လဲ မှန်ကန်တဲ့သူဟုတ်မဟုတ်သေချာစစ်ဆေးဖို့ပြောချင်ပါတယ်။
Payment ကျခြင်း
..........…................
Payment ကတော့ ကျောင်းသား၊သူတွေရဲ့ကိုယ်ရေးအချက်အလတ်မှန်ကန်ကြောင်းစစ်ဆေးပြီး နောက်ဆုံး ကျောင်းအပ်ရန်ငွေပေးချေရတော့မှာဖြစ်ပါတယ် ။
ပထမနှစ်ကလွဲရင် ကျန်တဲ့ အတန်းတွေက Payment ကျတာမြန်ပါတယ်။ ဘာလို့လဲဆိုတော့ ပထမနှစ်တွေမှာ ကိုယ်ရေးအချက်အလတ်တွေကိုသေချာပြန်စီစစ်နေရလို့ဖြစ်ပါတယ်။ တကယ်လို့ကျောင်းအပ်တာတစ်ခုခုမှားခဲ့ရင် Errorတစ်ခုခုဖ့စ်တယ်ဆိုပြီးအကြောင်းပြချက်နှင့်အတူပေါ်လာမှာပါ။ Payment ကျဖို့အတွက်ကတော့ခန့်မှန်ခြေ ပထမနှစ်တွေအတွက် တစ်ပတ်ကျော်ကြာနိုင်ပြီး၊ တခြားအတန်းတွေကတော့ တစ်ပတ်အတွင်းကျပါတယ်။
Acc ဝင်နည်း
ပထမနှစ်
User Name နေရာမှာ
ကျောင်းဝင်ခွင့်ရအမှတ်စဉ် -(1မှ1071အတွင်းအနောက်မှာ2025ထည့်ပါ)
Password နေရာမှာ
ယာယီလျှို့ဝှက်နံပါတ် - 11111111(1ရှစ်လုံး)ကိုအသုံးပြုပါ။
ဥပမာ
User Name -20251***(Roll Noကို**ပြထားသောနေရာတွင်ထည့်ပါ)
Password - 11111111
ပြီးရင် မိမိကြိုက်နှင့်သက်ရာ Password ကိုထားလို့ရပါပြီး။ ဒါကြောင့် သူများကျောင်းဝင်ခွင့်ရအမှတ်စဉ်ကို မဝင်မိပါစေနဲ့နော်။မိမိထည့်သွားထားတဲ့Passwordကိုလဲမှတ်သားထားပါနော်။
အခြားအတန်းများ
User Name နေရာမှာ
ကျောင်းဝင်အမှတ်- ၅၁၂၃၄(ဥပမာ)
Password - ********အရင်ကမိမိထားခဲ့သောPassword
ကိုအသုံးပြု၍ဝင်ပါ။
အားလုံးအဆင်ပြေကြပါစေ။
အဆင်မပြေမှုများရှိလျှင် Cbမှာလာရောက်မေးမြန်နိုင်ပါတယ်။
#ရန်ကုန်စီးပွားရေးတက္ကသိုလ်
#ရွာသာကြီး
#မောင်ကျော်ဝင်း