02/04/2025
မိဘပြည်သူများ၊ ကျောင်းသားများရှင်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အစပ်နားကို ဗဟိုပြုခဲ့ပြီး ပြင်းအား ၇.၇ ရှိသည့် ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့ပါသည်။ ငလျင်၏ ပြင်းအားကြောင့် လူအများ ပိတ်မိခြင်း၊ ထိခိုက်ဒဏ်ရခြင်းနှင့် အသက်အိုးအိမ်များ ဆုံးရှုံးခဲ့ရပါသည်။ ထို့ကြောင့် ယခုအခါ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဟာ အရေးတကြီး လိုအပ်လာပါသည်။
ထိုကဲ့သို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဆုံးရှုံးထိခိုက်သွားသော ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်အတွက် မိဘပြည်သူ ကျောင်းသားအပေါင်းတို့အား တတ်နိုင်အားသမျှ နည်းသည်၊ များသည် မဟုတ်ဘဲ ပါဝင် လှူဒါန်းနိုင်ရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
လက်ရှိ မြေပြင် အခြေအနေများမှာ အင်တာနက်လိုင်းများ မရရှိခြင်း၊ လျှပ်စစ်မီးများ မရရှိခြင်းများကြောင့် ဆက်သွယ်ရေးမှာ ခက်ခဲမှုရှိပြီး သတင်းအမှန်ရရှိနိုင်ရန်လည်း ခဲရင်းလှပါသည်။ မိမိတို့ အနေဖြင့် မြေပြင်ရှိ စိတ်ချယုံကြည်ရသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တိုက်ရိုက် ချိတ်ဆက် လှူဒါန်းသွားမည်ဖြစ်ပြီး မြေပြင်အခြေအနေ သတင်းမှန်များကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
K Pay, Wave Pay, Thai Bank များနှင့် နိုင်ငံတကာဘဏ်များဖြင့် ပါဝင်လှူဒါန်းနိုင်ပါသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဆက်သွယ်ရန် - West Yangon University Students' Union - WYUSU ၏ messenger နှင့် [email protected]