သင်္ဘောလိုက်ချင်သော လူငယ်များ စုဝေးရာ / သေဘၤာလိုက္ခ်င္ေသာ လူငယ္မ်ား စုေဝးရာ
  • Home
  • Myanmar
  • Yangon
  • သင်္ဘောလိုက်ချင်သော လူငယ်များ စုဝေးရာ / သေဘၤာလိုက္ခ်င္ေသာ လူငယ္မ်ား စုေဝးရာ
သင်္ဘောလိုက်ချင်သော လူငယ်များ စုဝေးရာ / သေဘၤာလိုက္ခ်င္ေသာ လူငယ္မ်ား စုေဝးရာ MESforAllSeafarers
ညီငယ်များအတွက် သတင်းကောင်း…
22/05/2024
ညီငယ်များအတွက် သတင်းကောင်း…
18/12/2023
FYI
THERE IS NO SHORTCUT TO ROYAL ROAD
WE WILL HANDLE YOU TO YOUR DESTINATION
သင်္ဘောပြန်လာပြီး သင်တန်းတက် လက်မှတ်ထုတ်ချင်တဲ့ ညီကိုများအတွက် Information….
24/08/2023
သင်္ဘောပြန်လာပြီး သင်တန်းတက် လက်မှတ်ထုတ်ချင်တဲ့ ညီကိုများအတွက် Information….
🫡🫡🫡အရာရှိအဖြစ် ဆက်လက်တမ်းလှမ်းကျမယ့် ညီကိုတို့အတွက်🫡🫡🫡
02/05/2023
🫡🫡🫡အရာရှိအဖြစ် ဆက်လက်တမ်းလှမ်းကျမယ့် ညီကိုတို့အတွက်🫡🫡🫡
Special Announcement For Deck Officer CoC Courses (Class-I Master, Class-II Chief Mate, Class-III OOW), October-2022 Int...
14/09/2022
Special Announcement For Deck Officer CoC Courses (Class-I Master, Class-II Chief Mate, Class-III OOW), October-2022 Intake.
📣📣📣 CoC Classes will be Opened on 11-Oct-2022 📣📣📣
💥✨ THERE IS NO SHORTCUT TO ROYAL ROAD. We'll Handle You to Your Destination. ✨💥
👨‍✈️👨‍✈️👨‍✈️ CoC Classes:
📌 Deck Officer Class-I, Master Course
📌 Deck Officer Class-II, Chief Mate Course
📌 Deck Officer Class-III, OOW Course
Open Date:
📌 11-Oct-2022
☎️☎️☎️ Contact
📞 09250985639
📞 09250985640
📞 09250985641
📳 Viber No.: +959420012392, +959444015551
-MTC -mtc
သင်္ဘောသားလူသစ်တွေကBST (4 Tickets) သင်တန်း ဘာလို့ တက်ရတာလဲ ?
29/03/2022
သင်္ဘောသားလူသစ်တွေက
BST (4 Tickets) သင်တန်း ဘာလို့ တက်ရတာလဲ ?
26/03/2022
သင်္ဘောပေါ်မှာ ဘာတွေ လုပ်ရတာလဲ ?
လိုတိုရှင်းလေး ပြောပြပါမယ်။
Deck ကုန်းပတ်မှာ အလုပ်လုပ်တဲ့သူက သင်္ဘောကိုယ်ထည်ကြီးတစ်ခုလုံးကို သန့်ရှင်းရေး ထိန်းသိမ်းရေး ပြုပြင်ရေး လုပ်ရပါတယ်။
Engine စက်ခန်းမှာ အလုပ်လုပ်ရတဲ့သူက သင်္ဘောပေါ်က စက်ပစ္စည်းတိုင်းကို သန့်ရှင်းရေး ထိန်းသိမ်းရေး ပြုပြင်ရေး လုပ်ရပါတယ်။
Galley စားဖိုဆောင်မှာ အလုပ်လုပ်ရတဲ့သူက သင်္ဘောပေါ်က လူတိုင်း စားဖို့‌ အစားအစာတွေကို သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ပြင်ဆင်ပေးရပါတယ်။
အဲ့မှာမှ သူကြီး ခေါ် Captain ခေါ် Master ကတော့ ဘာမှ မလုပ်လည်း ရပေမယ့် အိပ်နေရင် ကျောပူ နိုးနေရင် ခေါင်းခြောက် နေတာပေါ့ဗျာ။ 😊
19/03/2022
သင်္ဘောသားဖြစ်ဖို့ သင်တန်းတွေ မတက်ခင် ဆေးအရင်စစ်ကြရပါတယ်။ဘာတွေ စစ်ကြရလဲ ဆိုတာကို အောက်ပါလင့်မှာ အကြမ်းဖျဉ်း ကြည့်လို့ရပါ...
18/01/2022
သင်္ဘောသားဖြစ်ဖို့ သင်တန်းတွေ မတက်ခင် ဆေးအရင်စစ်ကြရပါတယ်။
ဘာတွေ စစ်ကြရလဲ ဆိုတာကို အောက်ပါလင့်မှာ အကြမ်းဖျဉ်း ကြည့်လို့ရပါတယ်။
https://www.facebook.com/110936436956172/posts/686109139438896/
ဘယ်မှာ စစ်လို့ရလဲ ဆိုတာကို ပုံတွေမှာ ကြည့်လို့ရပါတယ်ဗျာ။
(ပုံပါ စာရင်းသည် ပြောင်းလဲနိုင်၍ သေချာစွာ စုံစမ်းမေးမြန်းပြီးမှ စစ်ဆေးသင့်ပါသည်။)
18/01/2022
""ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်""
မြန်မာ သင်္ဘောသားတိုင်းနဲ့ဆိုင်တဲ့ ဆောင်ပုဒ်ပါ။
ရေငုပ်တော့မယ်ဆိုရင် ရေအောက်ကြမ်းပြင်က သဲနဲ့ထိတဲ့အထိ ငုပ်နိုင်မှ ပန်းတိုင်ရောက်ပါမယ်။
အဲ့လိုငုပ်နိုင်ဖို့ သက်လုံကောင်းရပါမယ်။ လေ့ကျင့်သား ပြည့်ဝနေရပါမယ်။ အလျှော့မပေးတတ်တဲ့ ဇွဲ ရှိရပါမယ်။
မဟုတ်ရင်တော့ ဘာမှမရဘဲ ရေမွန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။
အထက်ကို တက်မယ်ဆိုရင်လည်း လျှောတိုင်တက်သလို တက်နိုင်မှ အဖျားကိုရောက်ပြီး ပန်းဝင်ပါလိမ့်မယ်။
အဲ့လိုအဖျားကို‌‌ရောက်ဖို့ ကြံ့ခိုင်မှုကောင်းရပါမယ်။ ကြိုးစာအားထုတ်ရပါမယ်။ ပါးနပ်ဖို့ လိုပါတယ်။
မဟုတ်ရင်တော့ ခနခနပြုတ်ကျနေပြီး အ‌ဖျားကို မရောက်ဘဲ ဒဏ်ရာတွေပဲ ရသွားပါလိမ့်မယ်။
တစ်ခုတော့ရှိပါတယ်။
တစ်ချို့သောသူတွေ ငုပ်ရတဲ့ ရေက တိမ်နေတာမျိုး၊ တက်ရတဲ့တိုင်က နိမ့်နေတာမျိုးလည်း ရှိတတ်ပါတယ်။
အဲ့လိုလူတွေနဲ့တော့ မိမိနဲ့ သွားမယှဉ်ပါနဲ့နော်။
ဒါပေမယ့် ကျွန်တော်ပြောတာကို ယုံလိုက်ပါ။
လက်ရှိ သင်္ဘောသားတိုင်းဟာ ပြောပြလို့မရတဲ့ အခက်အခဲတွေ အများကြီး ကြုံထားကြရဖူးမှာပါ။
စာဖွဲ့ပြီးပြောမပြချင်လောက်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ အများကြီး ရှိနေကြမှာပါ။
💪💪💪
MES LKK
သင်္ဘောပေါ် အလုပ်ရဖို့ လွယ်သလား? ခက်သလား?ခုတစ်လော သင်္ဘောလိုက်ချင်တဲ့ လူငယ်တွေ‌များနေလို့ ပို့စ်အဟောင်းလေး ပြန်တင်လိုက်ပ...
14/01/2022
သင်္ဘောပေါ် အလုပ်ရဖို့ လွယ်သလား? ခက်သလား?
ခုတစ်လော သင်္ဘောလိုက်ချင်တဲ့ လူငယ်တွေ‌များနေလို့ ပို့စ်အဟောင်းလေး ပြန်တင်လိုက်ပါတယ်။
သင်္ဘော လိုက်တယ်ဆိုတာ အဝီစိတွင်း တူးရသလိုပဲ
တချို့နေရာတွေမှာ ပေ ၅၀ လောက်တူးရုံနဲ့ရေရတယ်။
အလွယ်တကူပဲ တူးလို့ရတဲ့ရေဖြစ်ပေမယ့် အခုချက်ချင်း ကြည်ကြည်သန့်သန့်သောက်လို့ မရတာကတော့ ကျိန်းသေပါတယ်။
တချို့ကတော့ အပေါ်ယံရေကြောပဲတူးမိပြီး ဆက်မတူးတော့ ရေကြည်တာ မရကြတော့ဘူး။
တချို့ကျတော့လည်း ရေကြည်ဖို့မလိုဘူး ရေရရင်တော်ပြီဆိုပြီး ဆက်မတူးကြတော့ဘူး။
တချို့ကျ‌တော့ ဆက်တူးစရာလည်းမလို ရေကြည်ဖို့ အကြာကြီးစောင့်စရာလည်း မလိုဘဲ တစ်သက်လုံး ကြည်ကြည်သန့်သန့်လေး သုံးသွားလို့ရကြပါတယ်။
တချို့ရှားရှားပါးပါးနေရာတွေကျတော့ ပေ ၃ သောင်းလောက်တူးမှ ရေရမယ်ဆိုတာကို မသိဘဲ တူးနေမိတတ်ကြတယ်။
တူးနေရင်းနဲ့ ခြေကုန်လက်ပန်းသာ ကျသွားတယ် ရေ ရမလာဘူး။
အဲဒီလို အဝီစိတွင်းတူးသလိုပါပဲ
သင်္ဘောလိုက်တယ်ဆိုတာ
တချို့လူတွေအတွက် လွယ်တယ်
တချို့လူတွေအတွက် ခက်တယ်
တချို့လူတွေအတွက်တော့ မဖြစ်နိုင်ပါဘူး။
အိုကေပါ လွယ်တာ ခက်တာ မဖြစ်နိုင်တာတွေက လူတစ်ယောက်နဲ့တစ်ယောက် ကံအကျိုးပေးချင်း မတူတဲ့အတွက် အခြေအနေပေါ်မူတည်ပြီး ကွာခြားသွားကြမှာပါပဲ။ သဘာဝလို့ပြောလို့ရလို့ ပြဿနာ မရှိပါဘူး။
သင်္ဘောသားအလုပ်က ကိုယ့်အတွက် လွယ်သလား ခက်သလား ကိုယ်နဲ့ မဖြစ်နိုင်ဘူးလား ဆိုတာ မသိမှသာ ပြဿနာပါ။
ဘယ်လို ပြဿနာလဲဆိုရင်
ပေ ၁၀၀ လောက်တူးမှ ရေရမယ့်နေရာမှာ ရေပိုက်အရှည် ပေ ၅၀ လောက်ထဲနဲ့ အဝီစိရေ တူးနေသလိုမျိုး။
ရေပိုက်အရှည် ပေ ၁၀၀၀ လောက်ရှိတယ်ဆိုပြီး တူးနေတယ် ရေက ဟိုးး ဟို ပေ ၁ သောင်းကျော်မှာ ရှိနေတယ်။
ရေကတော့ ပေ ၅၀ လောက်မှာ ရှိပါရဲ့ တူးတဲ့နေရာမှာ ကျောက်ဖျာကြီးရှိနေတာကို မသိဘဲ တူးနေတော့ ပိုက်တွေ တဖျောင်းဖျောင်း ကျိုးကုန်တာမျိုး။
ပိုက်အရှည် ပေ၅၀ ရေရှိတဲ့ အနက်ကလည်း ပေ ၅၀ လိုချင်တာက ‌သောက်ရေ ရေတူးပြီးမှ ရလာတာက ရေကြည်ရေသန့်မဟုတ်ဘူး ဆိုတာမျိုး။
အဲ့အတွက် အဝီစိရေတူးတဲ့သူတွေဟာ ဒီနေရာမှာ ရေရှိနိုင်လား အရင်သိရမယ်။
ဘယ်လောက်အနက်မှာ ရေရနိုင်မလဲ အရင်သိရမယ်။
တူးရခက်နိုင်မလား မခက်လောက်ဘူးလား သိရမယ်။
ကော်ပိုက်နဲ့တူးရမလား သံပိုက်နဲ့တူးရမလား သိရမယ်။
ဒါမှသာ အဝီစိရေကို ခန့်မှန်းထားတဲ့ကုန်ကျစရိတ်နဲ့ တူးနိုင်ပြီး ရေကြည်ရေသန့် ရနိုင်ပါလိမ့်မယ်။
သင်္ဘောသားဖြစ်ချင်တဲ့ ညီကိုတွေ အနေနဲ့လည်း သင်္ဘောလိုက်တာက ကိုယ့်အတွက် အဆင်ပြေနိုင်မလား ?
ကိုယ့်အတွက် လွယ်မလား ? ခက်မလား? မဖြစ်နိုင်ဘူးလား?
စသဖြင့် သိရအောင် ကြိုတင်တွက်ဆ နိုင်ကြပါစေဗျာ။
ကျေးဇူးပါဗျ။ ☺☺☺
MES LKK
သင်္ဘောလိုက်ချင်လို့ သင်္ဘောသားလက်မှတ်တွေရဖို့ ဘာတွေလုပ်ရလဲ ဘယ်လောက် ကုန်နိုင်လဲ ဆိုတာ သိချင်ရင် အောက်က လင့်ကို နှိပ်ပါ။...
13/01/2022
သင်္ဘောလိုက်ချင်လို့ သင်္ဘောသားလက်မှတ်တွေရဖို့ ဘာတွေလုပ်ရလဲ ဘယ်လောက် ကုန်နိုင်လဲ ဆိုတာ သိချင်ရင် အောက်က လင့်ကို နှိပ်ပါ။
New crew procedure
https://docs.google.com/spreadsheets/d/1ybnU5M6_F8qo2tZul-KfjHgs3FREBPNKAj_k6OOllhU/edit?usp=drivesdk
လုပ်ငန်းစဉ်ကို ကြည့်ပြီးခက်တယ်မထင်ပါနဲ့၊ သင်္ဘောအလုပ်ရပြီး သင်္ဘောပေါ်ရောက်ဖို့က ပိုပြီး ခက်ခဲပါတယ်။
New Crew လူသစ် သင်္ဘောသားများ လုပ်ဆောင်ရန် အစီအစဉ်များ MES LKK 1,DMA တွင် ဆေးဖောင်ဝယ် / ဓာတ်ပုံ ဘောင်ချာဖြတ် ( ဓာတ်ပုံရိုက်....
Address
No. (2) Zone, Department Of Marine Administration Compound, Dockyard Street, Yamonnar (2) Quarter, Dawbin Township
Yangon
11241
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Telephone
+959250985640
Alerts
Be the first to know and let us send you an email when သင်္ဘောလိုက်ချင်သော လူငယ်များ စုဝေးရာ / သေဘၤာလိုက္ခ်င္ေသာ လူငယ္မ်ား စုေဝးရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The University
Share