HEINEKEN Myanmar

HEINEKEN Myanmar HEINEKEN Myanmar has a work environment that promotes diversity, embraces our international mindset and provides leadership opportunities to develop.

HEINEKEN Myanmar Limited (ယခင် APB Alliance Brewery Company Limited) HEINEKEN မှ (၅၇%) နှင့် Alliance Brewery Company မှ (၄၃%) ပိုင်ဆိုင်ထားသည့် ကုမ္ပဏီဖြစ်သည်။ HEINEKEN Myanmar ၏ ဘီယာချက်စက်ရုံမှာ မှော်ဘီတွင် တည်ရှိသည်။ အဓိက အမှတ်တံဆိပ်ဖြစ်သည့် Heineken® အပြင် Tiger®, ABC Extra Stout® , BAWDAR နှငျ့ Regal Seven® အမှတ်တံဆိပ်များကိုလဲ ထုတ်လုပ်လျှက်ရှိပါသည်။ ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်သည့် ပိုမိုကောင်းမ

ွန်သော ကမ္ဘာတစ်ခုကိုတည်ဆောက်ရန် နှင့် မြန်မာနိုင်ငံ၏ အတူတကွ တိုးတက်သွားမည့် လက်တွဲဖော်ဖြစ်နေရန်အတွက် အလုပ်အကိုင်များဖန်တီးပေးနိုင်သည့် စီမံချက်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး နှင့် ချင့်ချိန်မျှတစွာသောက်သုံးရေး တို့အတွက် ပံ့ပိုးကူညီသည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိပါသည်။ ကုမ္ပဏီမှ ယခုလက်ရှိအချိန်ထိ ၀န်ထမ်းဦးရေ ၂၈၀ကျော် ခန့်ထားပြီးဖြစ်သည်။

HEINEKEN Myanmar Limited (formerly known as APB Alliance Brewery Company Limited) is owned by HEINEKEN (57%) and Alliance Brewery Company (43%). It operates a one brewery in Hmawbi. Besides its international flagship Heineken® brand, HEINEKEN Myanmar also brews Tiger, ABC Extra Stout , BAWDAR and Regal Seven. Its mission is to Brew a Better World and be a partner for growth in Myanmar, through a wide range of projects aimed at job creation, road safety, and advocating responsible consumption. The company currently employs more than 280 people.

သင့်ရဲ့ career ကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား?HEINEKEN Myanmar ရဲ့ Apprentice Program 2026 အတွက် စတင် လျှောက်ထားနိုင်ပါ...
15/06/2026

သင့်ရဲ့ career ကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား?

HEINEKEN Myanmar ရဲ့ Apprentice Program 2026 အတွက် စတင် လျှောက်ထားနိုင်ပါပြီ။ ဒီProgram သည် သင့်အတွက် လက်တွေ့ကျသော လုပ်ငန်းခွင်စိန်ခေါ်မှုများ၊ အဓိပ္ပာယ်ပြည့်ဝသော အလုပ်အတွေ့အကြုံများ၊ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်မှုများမှတစ်ဆင့် တိုးတက်အောင်မြင်စေမည့် အခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ယခုနှစ် Apprentice Program တွင် အောက်ဖော်ပြပါ ဌာနများအတွက် Apprenticeများကို ခေါ်ယူလျက်ရှိပါတယ်။
• Corporate Affairs
• Digital & Technology
• Sales – Digital Sales Transformation
• Supply Chain – Quality
• Supply Chain – Packaging
ဒီ (၁၂)လတာ ကြာမြင့်မယ့် Apprentice Programတွင် စာတွေ့သင်ယူခြင်းများသာမက ပြင်ပလက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံများကို ရရှိမှာ ဖြစ်ပြီး စိတ်အားထက်သန်တဲ့ အသင်းအဖွဲ့များ၊ လုပ်ငန်းခွင်ရှိ ဝါရင့်ကျွမ်းကျင်ပညာရှင်များနဲ့အတူ လက်တွဲလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Paid Program ဖြစ်တာကြောင့် မိမိ career အတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခုကို တည်ဆောက်လိုတဲ့ လူငယ်များအနေနဲ့ မဖြစ်မနေ လျှောက်ထားသင့်တဲ့ Programတစ်ခုဖြစ်ပြီး ယုံကြည်မှုအပြည့်ရှိတဲ့ young talentအဖြစ် တိုးတက်ပြောင်းလဲနိုင်မှာပဲ ဖြစ်ပါတယ်။
HEINEKEN နဲ့အတူ သင့် career ကို တိုးတက်စေဖို့
QR codeကို scan ဖတ်၍ (သို့) Apprentice Program Application Form 2026: https://docs.google.com/forms/d/e/1FAIpQLSf-eGVHY890pt3GGKsIBHiouwmfJC_L-P9HvExSAYB9ivcUsg/viewform မှတစ်ဆင့် အခုပဲ လျှောက်ထားလိုက်ပါ။

𝐏𝐢𝐨𝐧𝐞𝐞𝐫. 𝐆𝐫𝐨𝐰. 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫.

HEINEKEN Myanmar တွင် ဝန်ထမ်းတိုင်း၏ ကျန်းမာရေးသည် အဓိကဦးစားပေး တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် မိုးရာသီအကူးအပြောင်းကာလတွင်...
10/06/2026

HEINEKEN Myanmar တွင် ဝန်ထမ်းတိုင်း၏ ကျန်းမာရေးသည် အဓိကဦးစားပေး တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် မိုးရာသီအကူးအပြောင်းကာလတွင် ဖြစ်ပွားတတ်သော တုပ်ကွေးရောဂါဘေးမှ ကာကွယ်ရန်နှင့် ဘေးကင်းစိတ်ချရသော လုပ်ငန်းခွင်တစ်ခု ဖြစ်စေရန် ရည်ရွယ်၍ ပြီးခဲ့သော မေလ၏ နောက်ဆုံး ရက်သတ္တပတ်တွင် နိုင်ငံတစ်ဝန်းမှ ဝန်ထမ်းပေါင်း (၄၀၀) ကျော်အား တုပ်ကွေးကာကွယ်ဆေး ထိုးပေးခြင်း အစီအစဉ်ကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။

ဤအစီအစဥ်သည် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကျန်းမာရေးကို တန်ဖိုးထားပြီး လုပ်ငန်းခွင်အတွင်း ရာသီတုပ်ကွေးကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် နှစ်စဥ် ပြုလုပ်လေ့ရှိသော ကျန်းမာရေးအစီအစဥ်တစ်ခု ဖြစ်ပါသည်။ HEINEKEN Myanmar အနေဖြင့် ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကို အစဥ်မပြတ် အလေးထား ဂရုစိုက်ပြီး ရေရှည်တည်တံ့သော လုပ်ငန်းခွင်တစ်ခု ဖြစ်စေရန် လုပ်ဆောင်လျက် ရှိပါသည်။

HEINEKEN Myanmar အနေနဲ့ လူငယ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အရေးပါသော ခြေလှမ်းသစ်တစ်ခုကို စတင်နေပြီ ဖြစ်ပါတယ်။ယခု...
08/06/2026

HEINEKEN Myanmar အနေနဲ့ လူငယ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အရေးပါသော ခြေလှမ်းသစ်တစ်ခုကို စတင်နေပြီ ဖြစ်ပါတယ်။

ယခုနှစ်တွင် British United College (BUC) နှင့် ပထမဆုံးအကြိမ် ပူးပေါင်းကာ အလုပ်သင် (Interns) ပထမဆုံးအသုတ်ကို အောင်မြင်စွာ ကြိုဆိုနိုင်ခဲ့ပါတယ်။ ဤပူးပေါင်းဆောင်ရွက်မှုသည် လုပ်ငန်းခွင်နယ်ပယ် နှင့် ပညာရေးနယ်ပယ်ကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေသည့် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။

ယခုလိုပူးပေါင်းမှုမှတစ်ဆင့် လူငယ်များအတွက် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့် တန်ဖိုးရှိသော သင်ယူလေ့လာမှု အခွင့်အလမ်းများကို ထိရောက်စွာ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါတယ်။ မိမိတို့ရဲ့ အသက်မွေးဝမ်းကြောင်းခရီးစဥ်ကို စတင်လျှောက်လှမ်းနေကြသည့် လူငယ်များအား အရည်အချင်းတိုးတက်လာစေရန်၊ ယုံကြည်မှုရှိလာစေရန်နှင့် အနာဂတ်အလုပ်အကိုင်အတွက် အဆင်သင့်ဖြစ်နေစေရန်လည်း ကျွန်ုပ်တို့ အစဉ်တစိုက် ဆက်လက် ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်။

ဆက်လက်၍လည်း အခြားပုဂ္ဂလိကတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်လုပ်ဆောင်၍ လူငယ်များအတွက် အခွင့်အလမ်းကောင်းများစွာကို ပိုမိုဖန်တီးပေးနိုင်ရန် မျှော်လင့်လျက်ရှိပါတယ်။

Pioneer. Grow. Together.

World Environment Day 2026  HEINEKEN Myanmar အနေဖြင့် ဘီယာထုတ်လုပ်မှုလုပ်ငန်းစဉ်တိုင်းတွင် ရေရှည်တည်တံ့ခိုင်မြဲမှုကို အလ...
05/06/2026

World Environment Day 2026

HEINEKEN Myanmar အနေဖြင့် ဘီယာထုတ်လုပ်မှုလုပ်ငန်းစဉ်တိုင်းတွင် ရေရှည်တည်တံ့ခိုင်မြဲမှုကို အလေးထားရုံသာမက ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို ပုံဖော်ရန်လည်း အစဉ်တစိုက် ကတိပြုထားပါသည်။

ထိုကတိကဝတ်နှင့်အညီ စက်ရုံ၌ ၂၀၂၅ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သော ဆိုလာပြားတပ်ဆင်မှုစီမံကိန်းမှတစ်ဆင့် ဆိုလာစွမ်းအင် ၄၀၀,၀၀၀ kWh ကို ထုတ်လုပ်သုံးစွဲနိုင်ခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထွက်ရှိမှုကို တန်ချိန် ၁၅၀ ခန့် လျှော့ချနိုင်ခဲ့ပါသည်။ ၎င်းပမာဏသည် ရန်ကုန်မှ မန္တလေးသို့ လျှပ်စစ်ကား (EV) ဖြင့် အကြိမ်ရေ ၄,၅၀၀ ခန့် မောင်းနှင်သည့် စွမ်းအင်ပမာဏနှင့် ညီမျှပါသည်။

ပိုမိုစိမ်းလန်းပြီး ရေရှည်တည်တံ့သော မြန်မာနိုင်ငံကို တည်ဆောက်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရင်း ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ကို HEINEKEN Myanmar မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

Happy Pride Month️‍ 🏳️‍🌈HEINEKEN Myanmar အနေနဲ့ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ မတူကွဲပြားစွာ ကိုယ်ပိုင်ဟန်ကို ယုံကြည်မှုရှိရှိ...
03/06/2026

Happy Pride Month️‍ 🏳️‍🌈

HEINEKEN Myanmar အနေနဲ့ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ မတူကွဲပြားစွာ ကိုယ်ပိုင်ဟန်ကို ယုံကြည်မှုရှိရှိ ထုတ်ဖော်ပြသနေကြတဲ့ LGBTQA+ community တစ်ခုလုံးကို ဂုဏ်ပြုလိုက်ပါတယ်။
လူသားအချင်းချင်း ခွဲခြားမှုမရှိဘဲ မိမိကိုယ်ကို ယုံကြည်မှုရှိစွာ ရှင်သန်နိုင်မယ့် အပြုသဘောဆောင်သော ပတ်ဝန်းကျင် တစ်ခုဖြစ်စေရန် HEINEKEN Myanmar မှ အမြဲ လုပ်ဆောင်လျက်ရှိပါတယ်။
ဒီနှစ်ရဲ့ Pride Month မှာလည်း အားလုံးပဲ မိမိကိုယ်ကို ဂုဏ်ယူစွာနဲ့ အတူတူ Cheers လုပ်လိုက်ကြရအောင်။

29/05/2026

Build Your Skills, Shape Your Future x Shwe Sa Bwe Hospitality training

အောင်မြင်မှုတိုင်းဟာ အိပ်မက်တစ်ခု နဲ့ ရဲ၀ံ့သောခြေလှမ်းများမှ အစပြုပါတယ်။ လူငယ်တွေ မိမိတို့ရဲ့စွမ်းရည်တွေ တိုးတက်ပြီး အနာဂတ်ကို ဘယ်လို စတင်ပုံဖော်ကြမလဲဆိုတာကို အတူတူကြည့်ရှုလိုက်ကြရအောင်။

HEINEKEN Myanmarတွင် ဘေးအန္တရာယ်ကင်းရှင်းရေးသည် ကျွန်ုပ်တို့၏ အဓိကတန်ဖိုးတစ်ခုဖြစ်သကဲ့သို့ လုပ်ငန်းလည်ပတ်မှုကဏ္ဍတိုင်းရှ...
27/05/2026

HEINEKEN Myanmarတွင် ဘေးအန္တရာယ်ကင်းရှင်းရေးသည် ကျွန်ုပ်တို့၏ အဓိကတန်ဖိုးတစ်ခုဖြစ်သကဲ့သို့ လုပ်ငန်းလည်ပတ်မှုကဏ္ဍတိုင်းရှိ မည်သူတွင်မဆို တာဝန်ရှိသည်ဟု ခံယူထားပါသည်။ ထို့ကြောင့် HEINEKEN Myanmar၏ ဝန်ထမ်းများနှင့် ကန်ထရိုက်တာများအားလုံးသည် လုပ်ငန်းခွင်သို့ မဝင်ရောက်မီနှင့် လုပ်ငန်းခွင်အတွင်း လုပ်ဆောင်နေစဉ်ကာလတစ်လျှောက်လုံးတွင် ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းများကို မဖြစ်မနေ တက်ရောက်ကြရသည့်အပြင် သတ်မှတ်ချက်များကို တိကျစွာလိုက်နာစေရန်နှင့် ဘေးကင်းသော အမူအကျင့်များ အစဉ်တစိုက်ရှိနေစေရန်အတွက် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်း၊ လက်တွေ့လုပ်ငန်းခွင်အတွင်း လေ့ကျင့်သင်ကြားပေးခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ စက်ရုံရှိ ဝန်ထမ်းများနှင့် ကန်ထရိုက်တာများအားလုံးအတွက် စနစ်တကျ ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းများ ပေးအပ်ခြင်းနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခြင်းတို့မှတစ်ဆင့် ဘေးကင်းလုံခြုံ၍ ကျန်းမာရေးနှင့်ညီညွတ်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရန် ကျွန်ုပ်တို့ ကတိကဝတ်ပြု လုပ်ဆောင်လျက် ရှိပါသည်။

21/05/2026

HEINEKEN Myanmar မှ ထောက်ပံ့ပေးထားသော အခမဲ့ တက်ရောက်နိုင်မည့် အသက်မွေးဝမ်းကျောင်းသင်တန်း (အပတ်စဉ် ၂)

Food & Beverage Service Training – Batch 2 အတွက် စာရင်းပေးသွင်းဖို့ ရက်အနည်းငယ်ပဲ လိုပါတော့တယ်။ စာတွေ့အပြင်လုပ်ငန်းခွင်အဆင်သင့်ဖြစ်စေမယ့် လက်တွေ့လေ့ကျင့်မှုတွေကိုပါ ထိထိရောက်ရောက် သင်ကြားပေးသွားမှာဖြစ်လို့ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ။

📍 သင်တန်းတည်နေရာ: ရန်ကုန်မြို့ (Yangon)

📅 သင်တန်းရက်များ: တနင်္လာနေ့ မှ စနေနေ့အထိ

📲 လျှောက်ထားရန် -

ပုံပါ QR code ကို scan ဖတ်၍ဖြစ်စေ၊
ပေးထားသော Google Form link https://forms.gle/UuMomBoDma44QcTY7 မှတစ်ဆင့်ဖြစ်စေ အလွယ်တကူ လျှောက်ထားနိုင်ပါသည်။
✨ နေရာအရေအတွက် ကန့်သတ်ထားတာမို့ အခုပဲ စာရင်းသွင်းလိုက်ပါ!

Prevent Plastic Myanmar – YEAH Students’ Brewery Tour at HEINEKEN Myanmar ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် Prevent Plast...
13/05/2026

Prevent Plastic Myanmar – YEAH Students’ Brewery Tour at HEINEKEN Myanmar

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် Prevent Plastic Myanmar ၏ Youth Environmental Action for Hope (YEAH) Program မှ ကျောင်းသား/သူများသည် ဟန်နီကန်မြန်မာစက်ရုံသို့ လာရောက်လေ့လာခဲ့ကြပါသည်။ လူငယ်များ၏ သဘာဝပတ်ဝန်းကျင်အပေါ် စိတ်ဝင်စားမှုနှင့် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ဖန်တီးလိုသည့် စိတ်အားထက်သန်မှုများဖြင့် စတင်ခဲ့သော ဤလေ့လာရေးခရီးစဉ်သည် အသိပညာမျှဝေခြင်းနှင့် အတွေ့အကြုံလေ့လာခြင်းတို့ ပေါင်းစပ်ထားသော အဓိပ္ပါယ်ရှိသည့် အချိန်တစ်ခု ဖြစ်ခဲ့ပါသည်။
ဤလေ့လာရေးခရီးစဉ်အတွင်း ဟန်နီကန်မြန်မာ၏ Utility and Environmental Manager မှ ရေရှည်တည်တံ့ခိုင်မြဲမှု (Sustainability) ဆိုင်ရာ လုပ်ဆောင်ချက်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချသည့် လုပ်ငန်းစဉ်များ (Circular Economy) အကြောင်းကို အသေးစိတ် မျှဝေပေးခဲ့ပါသည်။ ထို့ပြင် ကျောင်းသား/သူများသည် ရေ၊ စွမ်းအင်နှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုများကို လက်တွေ့လေ့လာနိုင်ရန် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန် လူငယ်များ၏ တက်ကြွသော စိတ်ဓာတ်များနှင့် ပြောင်းလဲမှုတစ်ခု ဖန်တီးလိုသည့် ဆန္ဒများကို မြင်တွေ့ရခြင်းသည် ဟန်နီကန်မြန်မာအတွက် အားတက်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။
ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့သော အနာဂတ်တစ်ခု ဖန်တီးနိုင်ရန် လူငယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ အသိပညာမျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြုသဘောဆောင်သော ပြောင်းလဲမှုများကို ဟန်နီကန်မြန်မာမှ ဆက်လက်လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Build Your Skills Shape Your Future Program Batch‑2 Registration Open! | Batch‑2 စာရင်းသွင်းနိုင်ပါပြီHEINEKEN Myanmar သ...
06/05/2026

Build Your Skills Shape Your Future Program Batch‑2 Registration Open! | Batch‑2 စာရင်းသွင်းနိုင်ပါပြီ

HEINEKEN Myanmar သည် CVT (Center for Vocational Training) နှင့် The Radio Group တို့နှင့် ပူးပေါင်း၍ Food & Beverage Service Training – Batch‑2 ကို ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းတွင် သင်ခန်းစာအခြေခံသင်ကြားမှု နှင့် လုပ်ငန်းခွင်လေ့ကျင့်မှု ကို ပေါင်းစပ်ထားပြီးအလုပ်အကိုင်အတွက် လက်တွေ့ကျသော ကျွမ်းကျင်မှုများ ရယူနိုင်မှာ ဖြစ်ပါတယ်။

📍 Yangon
📅 Monday to Saturday
📲 QR scan ဖြင့် စာရင်းပေးသွင်းခြင်း (သို့)
Google Form link https://forms.gle/UuMomBoDma44QcTY7 မှလည်း လျှောက်ထားနိုင်ပါသည် -


Address

Junction City Office Tower, Level 15, Unit 01-05, Corner Of Bogyoke Aung San Road And 27th Street, Pabedan Township
Yangon
11142

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+959968129999

Alerts

Be the first to know and let us send you an email when HEINEKEN Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to HEINEKEN Myanmar:

Share