UCSY နေ့စဉ် သတင်းစာ

UCSY နေ့စဉ် သတင်းစာ UCSY တွင် နေ့စဉ် ဖြစ်ပျက်နေသော ဖြစ်ရပ်? University of Computer Studies, Yangon. (Myanmar)

17/01/2022

Ready for more events?

WaiMasterclass DataScience Series ရဲ့ ဒုတိယအတန်း ကတော့ Kaggle for Data Scientists ဆိုပြီး
speaker တွေအနေနှင့် Prince of Songkla University (Thailand) မှာ PhD တက်ရောက်နေတဲ့ Ma Aye Hninn Khine နဲ့ Singapore မှာ Senior Data Scientist အနေနဲ့ တာဝန် ထမ်းဆောင်နေသော Ma Zin Tun တို့က ပါဝင်အားဖြည့်ပေးထားပါတယ်ရှင့်။
Eventလေးကို joinချင်တယ်ဆိုရင်တော့အောက်မှာ ပြထားတဲ့ Eventbrite link လေးကနေ တစ်ဆင့် Registration ပြုလုပ်နိုင်ပါတယ်ရှင်။

ဒီ event လေးကို sponsor လုပ်ပေးတဲ့ Airitech株式会社 Airitech Inc ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်

Registration Link:

https://www.eventbrite.ca/e/waimasterclass-event-2-kaggle-for-data-scientists-tickets-239780549077

04/12/2021

Women in AI Myanmar က ပညာဒါနအဖြစ် ပြုလုပ်ကျင်းပနေတဲ့ WAI MasterClass Tech Series ရဲ့ ဒုတိယ event ကယနေ့ အောင်အောင်မြင်မြင်ပြီးဆုံးသွားပါပြီ
တက်ရောက်ပေးကြတဲ့သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ။
EVENT 3 ရဲ့ registration လေး open ပြီဖြစ်တာကြောင့် စတင်စာရင်းပေးသွင်းလို့ရပါပြီရှင့်

Event 3 မှာတော့ Development တွေမှာမပါမဖြစ်အရေးကြီးတဲ့ version control management အကြောင်းကို workshop လေးပြုလုပ် ပေးမှာ ဖြစ်ပြီး Airitech株式会社မှာအလုပ်လုပ်ကိုင်နေတဲ့
မအိမွန်ကျော် Ei Mon Kyaw ကspeaker အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်
တက်ရောက်လိုသူများ အောက်ပါလင့်မှတစ်ဆငိ့စာရင်းပေးသွင်းနိုင်ပါတယ်ရှင့် 🤗🤗🤗

Event3: Version Control Management
Instructor : Ei Mon Kyaw
Date: December 11, 2021
Time : 10 AM ~ 12 PM MMT

https://forms.gle/mrc1FyMm47uzuKtP7

FYIhttps://www.facebook.com/102887031984808/posts/223676693239174/
28/11/2021

FYI

https://www.facebook.com/102887031984808/posts/223676693239174/

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏
ကျောင်းသား/သူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော
ကွန်ပျူတာတက္ကသိုလ်များ၏ ကာလတိုသင်ကြားရေး(Short Course) အစီအစဉ်

၁။ ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား/သူများအတွက် ကြားကာလပညာရေးအစီအစဉ် တွင် အောက်ပါဘာသာရပ်များကို (၂၉.၁၁.၂၀၂၁) တနင်္လာနေ့မှစတင်၍ သင်ကြားမည် ဖြစ်ပါသည်။
• Cyber Security
• Deep Learning
• Digital Image Processing
• English for Business Communication
• Enterprise Resource Planning (ERP)
• Oracle Database
• Project Management Professionals
• Python Programming

၂။ ကြားကာလပညာရေးအစီအစဉ်တွင် ပါဝင်တက်ရောက်ရန်အတွက် စာရင်းပေးသွင်းထားသော ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား/သူများသည် မိမိတို့ပေးထားသော email များထဲသို့ ရောက်လာသော လင့်မှတဆင့် ကြားကာလပညာရေးအစီအစဉ်၏ Moodle Platform တွင် Login ဝင်ရောက်ကာ တက်ရောက်ရန်စာရင်းသွင်းထားသည့် ဘာသာရပ်များကို ဝင်ရောက်လေ့လာနိုင်ပါ သည်။

၃။ ဘာသာရပ်တစ်ခုစီအတွက် ပညာသင်ကာလကို အများဆုံး(၁၀)ပတ်ဖြင့် နာရီ(၂၀) သတ်မှတ် ထားပြီး သင်ခန်းစာအများစုကို Pre-recording ဖိုင်များဖြင့် စီစဉ်ပေးထားပါသည်။

၄။ သင်ခန်းစာများကို မိမိတို့၏ အကောင့် Dashboard မှတဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်။ သင်ခန်းစာသင်ယူပြီးမြောက်မှု အသိအမှတ်ပြုလက်မှတ် ရယူလိုသူများအနေဖြင့် လိုအပ်သည့် Assessment များအတွက် သတ်မှတ်ထားသည့် မေးခွန်းများကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး သတ်မှတ်ထားသော ရမှတ်ရရှိရန် လိုအပ်ပါသည်။

ဆက်သွယ်ရန် - [email protected]

*မှတ်ချက်- မေလတွင်စာရင်းပေးသွင်းပြီးဖြစ်သော ကွန်ပျူတာတက္ကသိုလ်များမှ နောက်ဆုံးနှစ်နှင့် မဟာတန်း ကျောင်းသားကျောင်းသူများအတွက် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

ကျန်ရှိနေသော နောက်ဆုံးနှစ်နှင့် မဟာတန်းကျောင်းသား ကျောင်းသူများအတွက် မကြာမီ စာရင်းပြန်လည်ကောက်ခံသွားမည်ဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ်များမှ ကျန်ရှိနေသောစာသင်နှစ်များအတွက် ပညာရေးအစီအစဉ်များ ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ပါသည်။*

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ခွေးဆွဲခံထားရသော (1). မခိုင်ဇင်ထက် ( ဒုတိယနှစ် )(2). မနှင်းသန္တာထွန်း ( ဒုတိယနှစ် )(3). မပွင...
06/03/2021

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ခွေးဆွဲခံထားရသော

(1). မခိုင်ဇင်ထက် ( ဒုတိယနှစ် )
(2). မနှင်းသန္တာထွန်း ( ဒုတိယနှစ် )
(3). မပွင့်ဖူးဝေ ( 17th batch ကျောင်းသူဟောင်း )
(4). ကိုတိုးလှိုင်ဝင်း ( 23th batch )
(5). မြတ်နိုရယ်ထွန်း ( 18th batch ) တို့ကို
ပြန်လွှတ်ပေးခြင်း မရှိသေးပါ ❗️

ဖမ်းဆီးခံထားရသောကျောင်းသား/သူများ
လွတ်မြောက်ရေးအတွက် ပါမောက္ခချုပ်တီချယ်ကြီး၊ ဌာနမှူး ဆရာ/ဆရာမများ နှင့် ကျောင်းသားသမဂ္ဂမှ ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါတယ်။

ထိန်းသိမ်းခံထားရချိန် 48 နာရီကျော်နေသည့်အပြင်
နေ့ရွေ့ညရွေ့နဲ့ မထုတ်ပေးသေးပါ။ အခြားတက္ကသိုလ်မှ
ကျောင်းသား/သူများအပါအဝင် ကျောင်းသားပေါင်း
ခန့်မှန်း 200 ဝန်းကျင်ဖမ်းဆီးခံထားရကြောင်း
သိရပါတယ်။

မိသားစုတွေစိတ်ပူနေရပါတယ်။ ကျေးဇူးပြု၍
အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဝန်းရံတောင်းဆိုပါတယ်။
ပြည်သူများကလည်း သွေးအေးမသွားဘဲ
ဖမ်းဆီးခံထားရသောသူများ ပြန်လည် မလွတ်မြောက်
မချင်း speak out လုပ်ပေးကြပါ။ ကြိုးစားပေးပါသော
အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။
ဆက်လက်ပြီး ရပ်တည်ပေးကြပါအုံးခင်ဗျာ။

ဖမ်းဆီးခံထားရသော ကျောင်းသား/သူ
တစ်ယောက်ချင်းစီကိုလည်း ဘေးအန္တရာယ်ကင်းစွာနဲ့
အိမ်ကိုပြန်ရောက်နိုင်ရန် ဆုတောင်းပေးပါတယ်။

❗️"ငါတို့ကျောင်းသား ငါတို့ပြန်ပေး"❗️



#ငါတို့ကျောင်းသားငါတို့ပြန်ပေး

Job Vacancy for UCSY students
06/03/2019

Job Vacancy for UCSY students

03/02/2019

ဒီPageကလေ အရင်ကတော့ ကျောင်းကသတင်းတွေကို ကျောင်းသားတွေသိအောင် လုပ်ထားခဲ့တာပေါ့။
ခုadminတော်တော်များများကလည်းကျောင်းပြီးတဲ့အချိန်pageလည်းသိပ်အသက်တောင်မဝင်တော့ဘူး။
အရင်တုန်းက ကျောင်းရဲ့pageဘာသာမရှိသေးခင်က တော်တော်activeဖြစ်ခဲ့ပေမယ့်
ခုဆို ကျောင်းသားသမ္မဂ္ဂနဲ့ကျောင်းရဲ့တရားဝင်စာမျက်နှာတွေကလည်း သတင်းတွေအချိန်နဲ့တပြေးညီတင်နေကြတာမို့ ဒီPageကသိပ်တော့မလိုတော့ဘူးလိုတောင်ဖြစ်နေပြီ။
အလုပ်ခေါ်စာတွေဘာတွေကျောင်းသားတွေအတွက်အကျိုးရှိရင်တော့တင်ပေးတယ်။
ခုPageလည်းပြန်အသက်ဝင်အောင် အစီအစဉ်လေးတစ်ခုလုပ်မလို့။
ကျောင်းသားတွေ ကိုယ့်အသက်မွေးဝမ်းကြောင်းနဲ့ပက်သက်တာ နည်းပညာနဲ့ပက်သက်တာဘာသိချင်ကြလဲ။
Googleမှာရှာဖတ်လို့ရတာတွေတော့ မမေးနဲ့ပေါ့နော်။
တကယ်လို့လုပ်ငန်းခွင်ထဲရောက်နေတဲ့စီနီယာတွေ ပညာရှင်တွေကိုဆက်သွယ်လို့ အဆင်ပြေတယ်ဆို သူတို့ကိုတဆင့်မေးပြီး ဒီPageမှာပြန်တင်ပေးမယ်။
မေးခွန်းလေးတွေcommentမှာချန်ခဲ့ပေးပါ။
ကိုယ်တိုက်ရိုက်မေးချင်တဲ့သူရှိရင်လည်း သူ့ကိုမေးချင်တဲ့မေးခွန်းကိုရေးခဲ့ပါ။ဆက်သွယ်လို့အဆင်ပြေရင် ဆက်သွယ်ပြီးမေးပေးပါမယ်။
တကယ်စီနီယာတွေကိုဆက်သွယ်ပြီးမေးပေးဖို့စီစဉ်ထားလို့ စတာနောက်တာအပြောင်အပျက်ရေးတာလေးတွေ သည်းခံပေးပါနော်။

31/01/2019

၃.၂.၂၀၁၉တွင် ကျင်းပပြုလုပ်မည့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ (၁၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Ph.D. (IT), M.C.Sc/M.C.Tech, B.C.Sc./B.C.Tech ဘွဲ့ တက်ရောက်ယူကြမည့်သူများ/အဝေးရောက်ဘွဲ့ယူသူများ အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူပါသည်။ ပိုမိုထူးချွန်တောက်သော အနာဂတ်ကိုပိုင်ဆိုင်ပုံဖော်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ဘွဲ့တက်ရောက်ယူသူများsocial mediaသို့ဓါတ်ပုံများတင်သည့်အခါ တစ်စုတစ်စည်းတည်းအမှတ်တရဖြစ်စေရန် Hasgtagအား Captionတွင်ထည့်ပေးပါရန်မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

Address

University Of Computer Studies
Yangon

Opening Hours

Monday 08:15 - 15:30
Tuesday 08:15 - 15:30
Wednesday 08:15 - 15:30
Thursday 08:15 - 15:30
Friday 09:00 - 15:30

Alerts

Be the first to know and let us send you an email when UCSY နေ့စဉ် သတင်းစာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to UCSY နေ့စဉ် သတင်းစာ:

Share