Greatest Taiwan Education

Call Directions Contact the university

Greatest Taiwan Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Greatest Taiwan Education, College & University, No. 41, Wutt Kyaung Street , 8 Ward, Pazundaung Tsp, Yangon.

9/2 ,00:55 am.115年的特輔班和先修班同學們順順利利的出發了。特別感恩 緬甸僑務組與海聯會,World Bird 旅遊公司,國立暨南大學及修平科技大學的支持🙏
01/09/2026

9/2 ,00:55 am.
115年的特輔班和先修班同學們順順利利的出發了。
特別感恩 緬甸僑務組與海聯會,World Bird 旅遊公司,國立暨南大學及修平科技大學的支持🙏

26/07/2026
🇹🇼 Education Expense
11/07/2026

🇹🇼 Education Expense

Taiwan မှာ ကျောင်းတက်ရင်း နေထိုင်ဖို့ တကယ်ဘယ်လောက်ကုန်လဲ? 🇹🇼

Taiwan မှာ ကျောင်းတက်ချင်တဲ့သူတွေ အများဆုံးမေးကြတာက "တစ်လကို ဘယ်လောက်ကုန်လဲ" ဆိုတဲ့မေးခွန်းပါ။

အဖြေကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ဘယ်မြို့မှာနေလဲ၊ အဆောင်နေလား၊ အပြင်အိမ်ငှားလား၊ အချိန်ပိုင်းအလုပ်လုပ်လားဆိုတာတွေပေါ်မူတည်ပြီး ကုန်ကျစရိတ်က ကွာသွားပါတယ်။

ကျွန်မသိထားတဲ့ အချက်အလက်တွေအရ အကြမ်းဖျင်းကုန်ကျစရိတ်ကတော့—

🎓 ကျောင်းလခ

Semester တစ်ခု – NT$40,000 မှ NT$80,000 ဝန်းကျင်
တစ်နှစ်စာ - NT$ 80,000 မှ MT$ 160,000 ဝန်းကျင်
ယူတဲ့ မေဂျာ ၊ ရွေးချယ်တဲ့ ကျောင်း ၊ ရွေးချယ်တဲ့ program ပေါ်မူတည်ပြီး ကွဲပါတယ်။

🏠 နေစရာ

ကျောင်းအဆောင် – Semester တစ်ခု NT$10,000 မှ NT$25,000
အပြင်အိမ်ငှား – တစ်လ NT$5,000 မှ NT$20,000

🍜 စားစရိတ်

တစ်လ NT$8,000 မှ NT$12,000
( အလုပ်က ကျွေးတယ်ဆို ဒီထက် လျော့နိုင် )

🚇 သွားလာစရိတ်

MRT၊ Bus စတဲ့ သွားလာစရိတ် – တစ်လ NT$1,300 ဝန်းကျင် ( 1300 က ကား ၊ ရထား ၊ MRT ကြိုက်သလောက်စီးလို့ကတဲ့ package ပါ။ )

📱 ဖုန်း၊ အင်တာနက်နဲ့ အခြားအသုံးစရိတ်

တစ်လ NT$500 မှ NT$5,000

အဲ့ဒါကြောင့် တစ်လ နေထိုင်စရိတ်ကို NT$10,000–20,000 လောက် ပြင်ဆင်ထားရင် ပိုအဆင်ပြေပါတယ်။ ချွေတာသုံးစွဲနိုင်ရင်တော့ ဒီထက်နည်းနည်းနဲ့လည်း နေနိုင်ပါတယ်။

တစ်နှစ်စာအနေနဲ့ ကျောင်းလခ၊ နေထိုင်စရိတ်နဲ့ အခြားကုန်ကျစရိတ်အားလုံးပေါင်းလိုက်ရင် NT$250,000–500,000 ဝန်းကျင် လိုအပ်နိုင်ပါတယ်။

✨ အရေးကြီးတာက ကျောင်းလခတစ်ခုတည်းကိုပဲ မတွက်ဘဲ၊ နေထိုင်စရိတ်၊ အရေးပေါ်အသုံးစရိတ်နဲ့ အချိန်ပိုင်းအလုပ်ရနိုင်မယ့်အခြေအနေကိုပါ ထည့်စဉ်းစားထားဖို့ လိုပါတယ်။

ဒီစာရင်းက အကြမ်းဖျင်းခန့်မှန်းချက်ဖြစ်ပြီး တက္ကသိုလ်နဲ့ နေထိုင်တဲ့မြို့ပေါ်မူတည်ပြီး ကိုယ်စီမံရင် စီမံတတ်သလောက် ကုန်ကျစရိတ် အပြောင်းအလဲရှိနိုင်ပါတယ်။

ကျမကို မေးရင်တော့ ကျမ အသုံးစရိတ်က အိမ်လခ ၊ စားစရိတ် ၊ အထွေထွေ အသုံးစရိတ်အပါ တစ်လကို
NT 18,000 ကနေ NT 25,000 ဝန်းကျင် ကုန်ပါတယ် ။

မြန်မာငွေနဲ့ သိချင်ရင်တော့ လက်ရှိ ပေါက်ဈေးနဲ့ မြှောက် ကြည့်ကြပါ။

⚠️ အဓိက ထိုင်ဝမ်က ကျောင်းတက်ရင်း PT လုပ်ပြီး ငွေကောင်းကောင်း ရှာနိုင်တဲ့ နိုင်ငံဖြစ်တဲ့ အတွက် ။ အိမ်က 6 လ ဒါမှ မဟုတ် တစ်နှစ် လောက်ပဲ ထောက်ပံ့နိုင်ရင်ကို ရပါပြီ။ တစ်ချို့ဆို အိမ်က 2, 3 လစာပဲ ထောက်ပံ့နိုင်တာတောင် ရှိပါတယ် ။ အကုန်လုံး ဒီလိုပဲ သူ့ဟာနဲ့သူ အဆင်ပြေသွားတာပါ။

#ထိုင်ဝမ် #ထိုင်ဝမ်မြန်မာ #ထိုင်ဝမ်ကျောင်းလခ

21/06/2026

အသက် 20 ကျော်ပြီဆို ကျောင်းပြန်တက်ဖို့ နောက်ကျသွားပြီလား? 🎓

University နဲ့ ပတ်သက်တဲ့ knowledge sharing တွေ တင်တဲ့အခါ လင်းလက်ဆီကို မေးလာကြတဲ့ မေးခွန်းတွေထဲမှာ ဒီမေးခွန်းက အများဆုံးပါပဲ။

“ညီမအသက် 23 ရှိပါပြီ… ကျောင်းပြန်တက်ဖို့ အဆင်ပြေပါ့မလား?”
“အလုပ်ပဲ ဆက်လုပ်သင့်လား၊ ပညာရေးဘက် ပြန်သွားသင့်လား?”

ဒီလိုရွေးချယ်မှုတွေမှာ အကောင်းဆုံးဆုံးဖြတ်နိုင်တဲ့သူက ကိုယ်တိုင်ပါပဲ။ ပတ်ဝန်းကျင်က လူတွေက အကြံပေးနိုင်ပေမယ့် ကိုယ့်ဘဝရဲ့ လမ်းကြောင်းကိုတော့ ကိုယ်တိုင်ပဲ ရွေးချယ်ရမှာပါ။

ဒါပေမယ့် ကျောင်းပြန်တက်ဖို့ ဆုံးဖြတ်ထားပြီဆိုရင် လင်းလက် ပြောချင်တာတစ်ခုရှိပါတယ်။

ပညာရေးဟာ အသက်အရွယ်နဲ့ မသက်ဆိုင်ပါဘူး။

လင်းလက်ရဲ့အသက်က နောက်လဆို 26 ပြည့်ပါပြီ။ အခု NUPS College 2 years ပြီးထားပေမယ့် Bachelor 4 years ကျန်နေပါသေးတယ်။ ဘွဲ့ရမယ့်အချိန်ဆို အသက် 30 ဝန်းကျင် ဖြစ်နေမှာပါ။

ထိုင်ဝမ်ကို ရောက်ခါစတုန်းကလည်း လင်းလက်က 16, 17, 18 နှစ်အရွယ် ကလေးတွေနဲ့အတူ ကျောင်းတက်ခဲ့ရတာပါ။

အစပိုင်းမှာတော့ အသက်အရွယ်ကွာခြားမှုကြောင့် စိတ်ဓာတ်ကျတာတွေ၊ ကိုယ့်ကိုယ်ကို သိမ်ငယ်မိတာတွေ၊ “ငါနောက်ကျနေပြီလား” ဆိုပြီး တွေးမိတာတွေ အများကြီးရှိခဲ့ပါတယ်။

တစ်ခါတလေဆို နိုင်ငံပြောင်းလာပြီး အလုပ်ပဲ အာရုံစိုက်လုပ်သွားမလားဆိုပြီးလည်း အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးပါတယ်။

ဒါပေမယ့် နောက်ပိုင်း Large foreign subsidiary companies တွေရဲ့ Chain Restaurant တွေမှာ Part-time လုပ်ရင်း၊ လူတွေကိုတွေ့ရင်း၊ Network တွေ တည်ဆောက်ရင်း သိလာရတာတစ်ခုရှိပါတယ်။

အဲ့ဒါကတော့ ပညာရေးရဲ့တန်ဖိုးပါပဲ။

အတွေ့အကြုံက အရေးကြီးသလို ပညာရေးကလည်း ကိုယ့်အတွက် တံခါးအသစ်တွေ ဖွင့်ပေးနိုင်ပါတယ်။

ဒါကြောင့် လင်းလက်က ကျောင်းဆက်တက်ဖို့ကို ရွေးချယ်ခဲ့တာပါ။

ထိုင်ဝမ်မှာလည်း အသက် 30 ကျော်မှ Bachelor ပြန်စတက်တဲ့သူတွေ ရှိပါတယ်။ ဘဝမှာ ကိုယ့်ရဲ့အချိန်ဇယားနဲ့ ကိုယ့်ရဲ့လမ်းကြောင်းက လူတိုင်းမတူကြပါဘူး။

အသက် 20 ကျော်တာနဲ့ နောက်ကျသွားပြီဆိုတာ မဟုတ်ပါဘူး။

30 နှစ်မှာ ဘွဲ့ရမလား၊ မရဘူးလားဆိုတာထက်
30 နှစ်ရောက်တဲ့အချိန် ကိုယ့်မှာ အသုံးဝင်တဲ့ ဘွဲ့တစ်ခုရှိနေမလား၊ မရှိဘူးလားဆိုတာက ပိုအရေးကြီးပါတယ်။

နောက်တစ်ခုကတော့ မေဂျာရွေးချယ်တဲ့အခါ လက်ရှိအခြေအနေတစ်ခုတည်းကို မကြည့်ဘဲ ရေရှည်အတွက် စဉ်းစားပြီး ရွေးချယ်စေချင်ပါတယ်။

ကိုယ်ဝါသနာပါရာ၊ ကိုယ်တိုးတက်နိုင်မယ့် လမ်းကြောင်း၊ အနာဂတ်မှာ အသုံးချနိုင်မယ့် Skill တွေနဲ့ တွဲပြီး ရွေးချယ်ပါ။

ပညာရေးအတွက် အချိန်ပေးရတာ ဘယ်တော့မှ နောက်ကျတာ မဟုတ်ပါဘူး။ 🤍

Welcome from Shan State , Taunggyi 🌹東支分校 就來了,歡迎大家來參觀🌹Greatest  Education Centre (Taunggyi Branch)ကို စတင်ဖွင့်လှစ်ပါပြီ။...
28/04/2026

Welcome from Shan State , Taunggyi 🌹
東支分校 就來了,歡迎大家來參觀🌹

Greatest Education Centre (Taunggyi Branch)ကို စတင်ဖွင့်လှစ်ပါပြီ။
On Campus တက်‌လိုသူများ၊ Education Consultation ရယူလိုသူများအား မြို့တော်တောင်ကြီး မှလှိုက်လှဲစွာဖိတ်ခေါ်ပါတယ်။

👉Greatest Education Centre (Taunggyi ,Shan State)
အမှတ် -331,အရှေ့မြို့ပါတ်လမ်း ရိုးမဘဏ်ဘေး
မင်္ဂလာဦးရပ် ၊မင်္ဂလာလမ်း ၊ တောင်ကြီးမြို့၊ရှမ်းပြည်နယ်တောင်ပိုင်း။
ဖုန်း- 09795250349, 09789952977

Taiwan 🇹🇼MOFA Fully funded Scholarship Program စိုက်ပျိုးရေးနှင့် ရေလုပ်ငန်း ပညာရပ်စိတ်ဝင်စားသူများ QR Scan ဖတ်၍လျှောက်ထ...
10/04/2026

Taiwan 🇹🇼MOFA Fully funded Scholarship Program
စိုက်ပျိုးရေးနှင့် ရေလုပ်ငန်း ပညာရပ်စိတ်ဝင်စားသူများ QR Scan ဖတ်၍လျှောက်ထားနိုင်ပါသည်။

👉NPUST will offer to each student:
(1) Round-trip economy class air tickets, maximum NTD 20,000. (*Not including extra luggage, travel & luggage Inconvenience Insurance.)
(2) Tuition fees (including learning Chinese).
(3) Monthly scholarship of NTD 8,000 (NTD 4,000 for September and January respectively).
(4) Student dormitory accommodation.
(5) Medical insurance coverage.
(6) Monthly off-campus visits arranged by the Office of International Affairs, NPUST

01/04/2026

Fully funded Fellowship in Taiwan 🇹🇼

In order to strengthen cooperation and academic exchange with foreign institutions and to encourage and support experts and scholars from foreign universities or research institutes in conducting academic research at the National Taiwan Library, applications for the National Taiwan Library Fellowship for International Visiting Scholars are being accepted.

Airfare Subsidy:
-One economy-class round-trip ticket, based on the most direct route to Taiwan, will be reimbursed at actual cost for the awarded scholar.

-The maximum airfare subsidy is as follows:
1. From Northeast Asia and Southeast Asia: New Taiwan Dollars (NTD) 35,000.
2. From other regions: NTD 60,000.

Monthly Research Grant:
-Awardees with a doctoral degree will receive a monthly grant of NTD 60,000.
-Awardees without a doctoral degree will receive a monthly grant of NTD 40,000.

Fellowship Duration: The fellowship duration is generally 3 to 6 months, and it cannot span across years. Additionally, the fellowship cannot be deferred to the following year.

Application Date and Deadline: From the announcement date until April 20, 2026

For details, please check in the comments.

Credit: National Library Taiwan

恭喜你們❣️
20/03/2026

恭喜你們❣️

25/02/2026

Fo Guang University (FGU) မိတ်ဆက်

Fo Guang University - FGU သည် ထိုင်ဝမ်နိုင်ငံ၊ Yilan ခရိုင်ရှိ တောင်ကုန်းပေါ်တွင် တည်ရှိသော ထူးခြားသည့် ပုဂ္ဂလိကတက္ကသိုလ်တစ်ခု ဖြစ်ပါသည်။

၁။ နောက်ခံသမိုင်းနှင့် ထူးခြားချက်များ
• တည်ထောင်သူ: တရုတ် မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သည့် Fo Guang Shan ၏ တည်ထောင်သူ ဘုန်းတော်ကြီး Venerable Master Hsing Yun က တည်ထောင်ခဲ့ပါသည်။
• Fo Guang Shan: ကမ္ဘာအနှံ့ Fo Guang Shan ကျောင်း ၃၉၆ ကျောင်း တည်ထောင်ထား ပါသည်။
• FGU စတင်ဖွင့်လှစ်ချိန်: ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
• တည်နေရာနှင့် ပတ်ဝန်းကျင်: ထိုင်ဝမ်နိုင်ငံ၊ ယီလန်ခရိုင် (Yilan County)၊ ကျောက်ရှိမြို့နယ် (Jiaoxi Township)၊ လင်မေကျေးရွာရှိ တောင်ကုန်းပေါ်တွင် တည်ရှိပြီး လန်ယန်လွင်ပြင် (Lanyang Plain) နှင့် လိပ်ကျွန်း (Turtle Island) တို့၏ လှပသော ရှုခင်းများကို ကြည့်ရှုနိုင်ပါသည်။
• ဗိသုကာလက်ရာ: တရုတ်ရှေးဟောင်း စာသင်ကျောင်းဗိသုကာပုံစံ (classical Chinese learning academies) ဖြင့် ဆောက်လုပ်ထားသောကြောင့် ထိုင်ဝမ်၏ အလှဆုံးတက္ကသိုလ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံရလေ့ရှိပါသည်။
• ဆောင်ပုဒ်: "義正道慈" (Yi Zheng Dao Ci) - ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း၊ လမ်းစဉ်၊ နှင့် ကရုဏာ/ကြင်နာမှု တို့ဖြစ်သည်။
ထူးခြားပညာရေးစနစ်:
• အတန်းငယ်သင်ကြားရေးစနစ် (small-class teaching system) ကို ကျင့်သုံးပါသည်။ ဆရာနှင့်ကျောင်းသား အချိုးအစားကောင်းမွန်သောကြောင့် သင်ကြားမှုပတ်ဝန်းကျင် ကောင်းမွန်စေရန် မြှင့်တင်ပေးပါသည်။
• ခေတ်မီသောအဓိပ္ပါယ်ပါဝင်သည့် ရိုးရာ စာပေသင်ကြားရေးကျောင်းပုံစံ (traditional residential college in a modern mode) ဖြင့် ဆောက်လုပ်ထားသောကြောင့် ထိုင်ဝမ်၏ အလှဆုံးတက္ကသိုလ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံရလေ့ရှိသည်။
(ထိုင်ဝမ်တွင် ပထမဆုံး)

၂။ သင်ကြားရေးဌာနများနှင့် ဘာသာရပ်များ
FGU ၌ ကောလိပ် (၆) ခု ဖွဲ့စည်းထားပြီး ပညာရပ်နယ်ပယ်မျိုးစုံကို သင်ကြားပို့ချပေးလျက်ရှိပါသည်။
ကောလိပ်များ (Colleges):
၁။ လူမှုဘာသာရေးနှင့် လူမှုရေးသိပ္ပံကောလိပ် (College of Arts and Humanities)
၂။ လူမှုရေးသိပ္ပံနှင့် စီမံခန့်ခွဲမှုကောလိပ် (College of Social Sciences and Management)
၃။ တီထွင်ဖန်တီးမှုနှင့် နည်းပညာကောလိပ် (College of Creativity and Technology)
၄။ လောဟတ် (LOHAS) နှင့် စက်မှုလုပ်ငန်းကောလိပ် (College of LOHAS and Industries)
၅။ ဗုဒ္ဓဘာသာပညာရပ်ကောလိပ် (College of Buddhist Studies)
၆။ ကျန်းမာရေးနှင့် စီမံခန့်ခွဲမှုကောလိပ် (College of Health, LOHAS and Management)

ထင်ရှားသော ဌာနအချို့:
• ဗုဒ္ဓဘာသာပညာရပ်ဌာန (Department of Buddhist Studies)
• သမိုင်းဌာန (Department of History)
• တရုတ်စာပေနှင့် အသုံးချမှုဌာန (Department of Chinese Literature and Application)
• ကျန်းမာရေးနှင့် တီထွင်ဖန်တီးမှု သက်သတ်လွတ်အစားအစာလုပ်ငန်းဌာန (Department of Health and Creative Vegetarian Science)

၃။ နိုင်ငံတကာအခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်မှု
• FGU တက္ကသိုလ်ကွန်ရက်: FGUတက္ကသိုလ်သည် ကမ္ဘာတစ်ဝန်းရှိ အခြားသော FGUနှင့် ဆက်စပ် တက္ကသိုလ် (၄) ခုနှင့်အတူ ပညာရေးအရင်းအမြစ်များ မျှဝေသုံးစွဲပြီး ပညာရပ်ဆိုင်ရာ ဖလှယ်မှုများ ပြုလုပ်ပါသည်။
o Nanhua University (Taiwan)
o University of the West (USA)
o Nan Tian (Australia)
o Guang Ming (Philippines)
• နိုင်ငံတကာ ဖလှယ်ရေး အစီအစဉ်: ကျောင်းသား/သူများအား ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ် (၁၀၀) ကျော်နှင့် ချိတ်ဆက်ကာ အနည်းဆုံး တစ်ကြိမ် ရေတို သို့မဟုတ် တစ်ပညာသင်ကာလကျော် နိုင်ငံခြားတွင် စေတနာ့ဝန်ထမ်းလုပ်ခြင်း၊ စာသင်ကြားခြင်း၊ သို့မဟုတ် လေ့လာဖလှယ်ခြင်း အခွင့်အလမ်းများ ရရှိစေရန် အားပေးပါသည်။
• ဘာသာစကား: နိုင်ငံတကာကျောင်းသားများအတွက် တရုတ်ဘာသာစကား သင်ကြားရေးစင်တာ ( Chinese Language Instruction Center) ကို ဖွင့်လှစ်ထားပါသည်။

၄။ ကျောင်းစရိတ်နှင့် အထောက်အပံ့များ
• ကျူရှင်ခ နှုန်းထား: ပုဂ္ဂလိကတက္ကသိုလ်ဖြစ်သော်လည်း အစိုးရပိုင်တက္ကသိုလ်များ၏ ကျူရှင်ခနှုန်းထား ဖြင့်သာ ကောက်ခံပါသည်။
• ပညာသင်ဆုများ: ထူးချွန်သော ကျောင်းသားများနှင့် ဗုဒ္ဓဘာသာပညာရပ်ဆိုင်ရာ ကျောင်းသားများအတွက် ပညာသင်ဆုများ ချီးမြှင့်ပေးပါသည်။
• အဆောင်နေထိုင်ခွင့်: နိုင်ငံခြားသားကျောင်းသားအသစ်များအတွက် လေးနှစ်တာ အဆောင်နေထိုင်ခွင့်ကို အာမခံ ပေးထားပါသည်။

ဆွေးနွေးမည့်အစီအစဉ်နှင့် ရက်စွဲ
Moderator - အရှင်ဓမ္မဒိန္န
ဆွေးနွေးသူ - အရှင်စန္ဒိမာသီရိ

နေ့ရက် - ၂၇-၀၂-၂၀၂၆
သီရလင်္ကာအချိန် - ည ၆း၀၀ မှ ၈း၀၀ ထိ
မြန်မာစံတော်ချိန် - ည ၇း၀၀ မှ ၉း၀၀ ထိ

Zoom ID: 534 552 4241
Passcode: MSAS
--
မျှဝေမှုအပြည့်အစုံ https://youtu.be/mDdcnJsAwDE?si=SmTogHPgXZbeQxqU

For English taught learner
09/01/2026

For English taught learner

Address

No. 41, Wutt Kyaung Street , 8 Ward, Pazundaung Tsp
Yangon
11171

Telephone

09254828794

Website

Alerts

Be the first to know and let us send you an email when Greatest Taiwan Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Greatest Taiwan Education:

Shortcuts

Share