MBA 25th Anniversary - Yangon University of Economics

MBA 25th Anniversary - Yangon University of Economics News & Information Sharing for 25th Anniversary MBA program of Yangon University of Economics ...

01/02/2020

1-2-2020
MBA 25th Anniversary - Yangon University of Economics
Padamyar Campus

Part (4)
Panel Discussion " Last Decade Challenges & Future Opportunities"
Moderator - သူဇာချယ် (Founder & Executive Director မိုးမြချယ်ကုမ္ပဏီလိမိတက်)
Daw Khin Lay (Managing Director, Gold Power Co., Ltd)
Daw Yamin Naing (Managing Director, Theingi Rice Mill)
U Zaw Min Thant (Chairman, Pyae Son Hein Groups of Companies)
U Aung Soe Tha (Chairman, Myanmar ComBiz Group)

01/02/2020

1-2-2020
MBA 25th Anniversary - Yangon University of Economics
Padamyar Campus

Part (3)
Panel Discussion " Last Decade Challenges & Future Opportunities"
Moderator - သူဇာချယ် (Founder & Executive Director မိုးမြချယ်ကုမ္ပဏီလိမိတက်)
Daw Khin Lay (Managing Director, Gold Power Co., Ltd)
Daw Yamin Naing (Managing Director, Theingi Rice Mill)
U Zaw Min Thant (Chairman, Pyae Son Hein Groups of Companies)
U Aung Soe Tha (Chairman, Myanmar ComBiz Group)

01/02/2020

1-2-2020
MBA 25th Anniversary - Yangon University of Economics
Padamyar Campus

Part (2)
Panel Discussion " Last Decade Challenges & Future Opportunities"
Moderator - သူဇာချယ် (Founder & Executive Director မိုးမြချယ်ကုမ္ပဏီလိမိတက်)
Daw Khin Lay (Managing Director, Gold Power Co., Ltd)
Daw Yamin Naing (Managing Director, Theingi Rice Mill)
U Zaw Min Thant (Chairman, Pyae Son Hein Groups of Companies)
U Aung Soe Tha (Chairman, Myanmar ComBiz Group)

01/02/2020

1-2-2020
MBA 25th Anniversary - Yangon University of Economics
Padamyar Campus

Part (1)
Panel Discussion " Last Decade Challenges & Future Opportunities"
Moderator - သူဇာချယ် (Founder & Executive Director မိုးမြချယ်ကုမ္ပဏီလိမိတက်)
Daw Khin Lay (Managing Director, Gold Power Co., Ltd)
Daw Yamin Naing (Managing Director, Theingi Rice Mill)
U Zaw Min Thant (Chairman, Pyae Son Hein Groups of Companies)
U Aung Soe Tha (Chairman, Myanmar ComBiz Group)

MBA 25th AnniversaryDay 1 Agenda!!!
01/02/2020

MBA 25th Anniversary
Day 1 Agenda!!!

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနI MBA program ရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား ပထမနေ့ ဖဲကြိုးဖြတ်ဖွင့်လှ...
01/02/2020

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနI MBA program ရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား ပထမနေ့ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အမှတ်တရပုံရိပ်များ

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုဌာန၊ MBA programme ရဲ့ "၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား"ရဲ့ ပထမနေ့ အစီအစဉ်များကို...
01/02/2020

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုဌာန၊ MBA programme ရဲ့ "၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား"ရဲ့ ပထမနေ့ အစီအစဉ်များကို မကြာမီစတင်တော့မှာဖြစ်ပြီး FB Live ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

"MBA Program (25) နှစ်ပြည့် ငွေရတုပွဲတော် အခမ်းအနားအားပါ၀င် ဆင်နွှဲနိုင်ကြပါရန် ဖိတ်ကြားနှိုးဆော်ခြင်း"ရန်ကုန်စီးပွားရေး...
25/01/2020

"MBA Program (25) နှစ်ပြည့် ငွေရတုပွဲတော် အခမ်းအနားအား
ပါ၀င် ဆင်နွှဲနိုင်ကြပါရန် ဖိတ်ကြားနှိုးဆော်ခြင်း"

ရန်ကုန်စီးပွားရေးတက္ကသိုလ်ံ၊ စီမံခန့်ခွဲမှုပညာဌာန၊ MBA Program” ၏ “25th Anniversary Silver Jubilee of MBA Program” ပွဲတော် အခမ်းအနားကြီးအား ရန်ကုန်မြို့၊ ပါရမီလမ်း၊ ပတ္တမြားဆောင်၌ (1 - Feb - 2020) မှ (2 - Feb - 2020) အထိ အောက်ဖော်ပြပါ အစီအစဉ်များအတိုင်း နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။

"1 - Feb - 2020 (Saturday)" ပထမနေ့ အစီအစဉ်များအဖြစ်

- ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း
- အမှတ်တရ ဓါတ်ပုံပြပွဲ
- ဖွင့်ပွဲ အခမ်းအနား
- အလှူရှင်များအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်း
- ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ
- သုတေသန စာတမ်းဖတ်ပွဲများ
- မုန့်စျေးတန်း ရောင်းချမှုများ
- လူမှုအကျိူးပြု အသင်းအဖွဲ့များ၏ ပြခန်းများ
- ပွဲကျင်းပ‌ရေး ပံ့ပိုးကူညီပေးကြသည့် ကုမ္ပဏီများ၏ ပြခန်းများ

"2 - Feb - 2020 (Sunday)" ဒုတိယနေ့ အစီအစဉ်များအဖြစ်

- အာစရိယ ပူဇော်ကန်တော့ပွဲ အခမ်းအနား
- ညစာစားပွဲ အခမ်းအနား
- လူမှုအကျိုးပြု အသင်းအဖွဲ့များ၏ ပြခန်းများ
- ပွဲကျင်းပ‌ရေး ပံ့ပိုးကူညီပေးကြသည့် ကုမ္ပဏီများ၏ ပြခန်းများ

စသည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားအစီအစဉ်များ ပါ၀င်မည် ဖြစ်ပါသည်။ ပါ၀င်ကျင်းပမည့် အစီအစဉ် ‌အသေးစိပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။.. ... ... ... ...

"ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း အခမ်းအနား(ပွဲ‌တော် ပထမနေ့)"

ရက်စွဲ။ 1 - Feb - 2020 (Saturday)။
အချိန်။ နံနက် (8:00) AM မှ နံနက် (9:00) AM အထိ။
နေရာ။ ပတ္တမြားဆောင် ခြံ၀န်းအတွင်း။
အစီအစဉ် -
(1) ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း။
(2) အမှတ်တရ ဓါတ်ပုံပြပွဲ။.. ... ... ... ...

"ဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနား (ပွဲ‌တော် ပထမနေ့)"

ရက်စွဲ။ 1 - Feb - 2020 (Saturday)။
အချိန်။ နံနက် (9:00) AM မှ ညနေ (4:00) PM အထိ။
နေရာ။ ပတ္တမြားဆောင် ခန်းမ။
အစီအစဉ်
(1) ဖွင့်ပွဲ အခမ်းအနား အစီအစဉ်။
(2) အလှူရှင်များအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်း အစီအစဉ်။
(3) ကော်ဖီ/မုန့်ဖြင့် တည်ခင်းဧည့်ခံခြင်း။
(3) Panel Discussion "The Challenges of Last Decades & Future Opportunities" အစီအစဉ်။
(4) ဆရာ/ဆရာမများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း။
(5) သုတေသန စာတမ်းဖတ်ပွဲ အစီအစဉ်များ။.. ... ... ... ...

"မုန့်ဈေးတန်း (ပွဲ‌တော် ပထမနေ့)"

ရက်စွဲ။ 1 - Feb - 2020 (Saturday)။
အချိန်။ နံနက် (8:00) AM မှ ညနေ (4:00) PM အထိ။
နေရာ။ ပတ္တမြားဆောင် ခြံ၀န်းအတွင်း။
အစီအစဉ် - အစားအသောက်များ ခင်းကျင်း ရောင်းချခြင်း.. ... ... ... ...

"လူမှုအကျိုးပြု အသင်းအဖွဲ့ပြခန်းများ (ပွဲတော်ရက် နှစ်ရက်လုံး)"

ရက်စွဲ။ 1 ~ 2 - Feb - 2020 (Sat, Sun)။
အချိန်။ ပထမနေ့ - နံနက် (8:00) AM မှ ညနေ (4:00) PM အထိ ၊ ဒုတိယနေ့ - ညနေ (3:00) PM မှ ည (9:00) PM အထိ။
နေရာ။ ပတ္တမြားဆောင် ခြံ၀န်းအတွင်း။
အစီအစဉ် - သက်ဆိုင်ရာ အသင်းအဖွဲ့အလိုက် လှုပ်ရှားမှုပုံရိပ်များအား ခင်းကျင်း ပြသခြင်း။.. ... ... ... ...

"ပွဲကျင်းပရေး ပံ့ပိုးကူညီပေးကြသည့် ကုမ္ပဏီပြခန်းများ (ပွဲတော်ရက် နှစ်ရက်လုံး)"

ရက်စွဲ။ 1 ~ 2 - Feb - 2020 (Sat, Sun)။
အချိန်။ အချိန်။ ပထမနေ့ - နံနက် (8:00) AM မှ ညနေ (4:00) PM အထိ ၊ ဒုတိယနေ့ - ညနေ (3:00) PM မှ ည (9:00) PM အထိ။
နေရာ။ ပတ္တမြားဆောင် ခြံ၀န်းအတွင်း။
အစီအစဉ် - သက်ဆိုင်ရာ ကုမ္ပဏီပြခန်းများ ခင်းကျင်းပြသခြင်း။.. ... ... ... ...

"အာစရိယပူဇော်ပွဲ အခမ်းအနား (ပွဲတော် ဒုတိယနေ့)"

ရက်စွဲ။ 2 - Feb - 2020 (Sunday)။
အချိန်။ ညနေ (3:00) PM မှ ညနေ (5:00) PM အထိ။
နေရာ။ ပတ္တမြားဆောင် ခြံ၀န်းအတွင်း။
အစီအစဉ် -
(1) ကျေးဇူးရှင် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ခြင်း။
(2) ဆရာကြီး/ဆရာမကြီးများမှ ဆုပေးစကား ချီးမြှင့်ခြင်း။.. ... ... ... ...

"ညစာစားပွဲ အခမ်းအနား (ပွဲတော် ဒုတိယနေ့)"

ရက်စွဲ။ 2 - Feb - 2020 (Sunday)။
အချိန်။ ည (6:00) PM မှ ည (9:30) PM အထိ။
နေရာ။ ပတ္တမြားဆောင် ခြံ၀န်းအတွင်း။
အစီအစဉ် -
(1) စားပွဲဝိုင်း ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း
(2) အထိမ်းအမှတ် ကိတ်ခွဲခြင်း အစီအစဉ်
(3) တေးသရုပ်ဖော် အက အလှပြ ဖျော်ဖြေမှုအစီအစဉ်များ
(4) JIT Music Band ၏ ဖျော်ဖြေရေးအစီအစဉ်များ
(5) ကံစမ်းမဲ အစီအစဉ်
မှတ်ချက်။ ညစာစားပွဲ လက်မှတ်များဖြင့် တက်ရောက်နိုင်ပါရန်။.. ... ... ... ...

ငွေရတု အခမ်းအနားကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် MBA Batch အသီးသီးမှ Batch အလိုက်ဖြစ်‌စေ၊ တစ်ဦးချင်း ဖြစ်စေ ထည့်၀င် လှူဒါန်းမှုများအား သက်ဆိုင်ရာ အတန်းကိုယ်စားလှယ်များ မှတဆင့် အသီးသီး ကောက်ခံလျက်ရှိပြီး သက်ဆိုင်ရာ အတန်းကိုယ်စားလှယ်များမှလည်း ဝိုင်း၀န်း နှိုးဆော်ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်း လိုက်ရပါသည်။

ညစာစားပွဲ လက်မှတ်များအား (10) ဦးပါ စားပွဲဝိုင်း တစ်ခုလျှင် ငွေကျပ် (250,000/-) နှုန်းဖြင့် MBA Batch အသီးသီးသို့ စားပွဲဝိုင်းအလိုက် ကြိုတင် ရောင်းချလျက်ရှိပြီး သက်‌ဆိုင်ရာ အတန်းကိုယ်စားလှယ်များ မှတဆင့် ဆက်သွယ်၀ယ်ယူနိုင်ပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။ နေရာထိုင်ခင်း အဆင်ပြေစွာ စီစဉ်ရေးအတွက် ညစာစားပွဲ လက်မှတ်များအား စားပွဲဝိုင်းအလိုက် ကြိုတင် ၀ယ်ယူထားကြပါရန်လည်း နှိုးဆော်အပ်ပါသည်။ .. ... ... ... ...

အလှူငွေများ နှင့် ညစာစားပွဲ လက်မှတ်ဖိုးများအား "အမည်၊ Batch ၊ ငွေထည့်၀င် ရသည့် အကြောင်းအရာ" စသည်တို့အား တိကျစွာ ရေးသွင်းဖ်ောပြ၍ အောက်ဖော်ပြပါ Joint Account များသို့ ပေးပို့ ထည့်၀င် လှူဒါန်းပေးကြပါရန်လည်း အသိပေး နှိုးဆော် အပ်ပါသည်။

(1) "U Thein Oo + 3" အမည်ရှိ KBZ Bank Account No. (317 102 042 0079 2601)

(2) "U Thein Oo + 3" အမည်ရှိ AYA Bank Account No. (022 520 201 005 1346)

(3) "U Thein Oo + 3" အမည်ရှိ CB Bank Account No.
(010 960 010 004 9058)
.. ... ... ... ...

MBA Program ငွေရတု အခမ်းအနားကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကုမ္ပဏီ/အဖွဲ့အစည်းများမှ ပံ့ပိုးကူညီ ပါ၀င်မှုများကိုလည်း လှိုက်လှဲ၀မ်းမြောက်စွာ လက်ခံကြိုဆိုလျက်ရှိပြီး အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ အောက်ဖော်ပြပါ MBA Society Organizing Committee ကော်မတီ၀င်များထံ ဆက်သွယ်စုံစမ်း ပေးကြပါရန်လည်း တိုက်တွန်းနှိုး‌ဆော်လိုက်ရပါသည်။

(1) ကိုမင်းဦး (EMBA 2) - (095007166)
(2) ကိုသိန်းဦး (MBA Day 16) - (095019184)
(3) မသူဇာချယ် (EMBA 1) - (0943142727)
(4) မမြမြလွင်(ခ) မမို့ (EMBA 7) - (095118861)
(5) မသိန်းသန်းမင်း (MBA Day 11) - (095163123).. ... ... ... ...

ကျေးဇူးရှင် ဆရာကြီး/ဆရာမကြီးများအား ကန်တော့ခွင့်ရပြီး MBA ညီအစ်ကို မောင်နှမများ တပျော်တပါး စုံညီပျော်ရွှင်စွာ ဆုံဆည်းခွင့်ရမည့်အပြင် သက်ဆိုင်ရာနယ်ပယ်များအလိုက် ကျွမ်းကျင်သူများ၏ စီးပွားရေးဆိုင်ရာ ဆွေးနွေး ဟောပြောမှုအစီအစဉ်များပါ တစ်ပေါင်းတစ်စည်းတည်း ပါ၀င်လေ့လာခွင့်ရမည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ပတ္တမြားဆောင်၏ "ငွေရတုအထိမ်းအမှတ်ပွဲတော် အခမ်းအနားကြီး" အား ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ MBA Society Member များအားလုံးမှ ပါ၀င်ဆင်နွဲနိုင်ကြပါရန် ခင်မင်‌လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်လိုက်ပါသည်။

(ခင်မင်လေးစားစွာဖြင့်)
ရန်ကုန်စီးပွားရေးတက္ကသိုလ် ၊ MBA Program
ငွေရတု အခမ်းအနားကျင်းပရေးကော်မတီ

ရက်စွဲ ။ 25 - Jan - 2020

MBA Society Member များ အားလုံးခင်ဗျာဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင်ကျင်းပမည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန...
21/01/2020

MBA Society Member များ အားလုံးခင်ဗျာ

ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင်ကျင်းပမည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန၊ MBA Program ရဲ့ ၂၅ နှစ်ပြည့်အထိမ်းအမှတ် ဆရာကန်တော့ပွဲ အလှူငွေများကို အောက်ပါ Bank Account များသို့ Batch အလိုက် Contribution, တစ်ဦးချင်း Contribution များထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

- ဦးသိန်းဦး (MBA Day 16) ၊ ဒေါ်မြမြလွင် (ခ) ဒေါ်မို့မို့လွင် (EMBA 7) ၊ ဦးအောင်ကျော်မိုး (Online MBA) နှင့် ဒေါ်ယဉ်မင်းထွေး (MBA Program) တို့ စာရင်းပိုင်ရှင် လေးဦးအနက် နှစ်ဦး ငွေထုတ်ယူခွင့်ရှိသော "U Thein Oo" အမည်ရှိ

KBZ Bank Account No. (317 102 042 0079 2601)
AYA Bank Account No. (022 520 201 005 1346)
CB Bank Account No. 010 960 010 004 9058)

Contribution များအား Online Transfer စနစ်ဖြင့် ပြုလုပ်ပြီးပါက Screenshot Photo of mBanking Transfer (သို့မဟုတ်) Cash Transfer Receipt Voucher များအား

(1) ဒေါ်မြမြလွင် (Viber No. 095118861) ထံသို့ လည်းကောင်း၊
(2) MBA 25th Anniversary Working Group Viber သို့ လည်းကောင်း၊
(3) ကိုသိန်းဦး (Viber No. 095019184) ထံသို့ လည်းကောင်း
တစ်နည်းနည်းဖြင့် ပေးပို့ပေးပါရန်လည်း လေးစားစွာဖြင့်တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

With Regards,
MBA 25th Anniversary Organizing Committee

17/01/2020

"MBA Program (၂၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကြီး၌
MBA Society Member များဖြင့် ဖွဲ့စည်း တည်ထောင် ဆောင်ရွက်လျက်ရှိကြသည့် လူမှုရေး အသင်းအဖွဲ့များမှ ပြခန်းများ ပါ၀င်ပြသနိုင်ပါရန် ဖိတ်ခေါ်ခြင်း"

၁။ ရန်ကုန်စီးပွားရေးတက္ကသိုလ် ၊ MBA Society အနေဖြင့် MBA Program စတင်တည်ထောင်သည့် (၂၅) နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားကြီးအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီလမ်း ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ၊ ပတ္တမြားဆောင်၌ (၂၀၂၀) ခုနှစ် ၊ ဖေဖော်ဝါရီလ (၁) ရက် မှ (၂) ရက် အထိ (စနေ-တနင်္ဂနွေနေ့) များတွင် အောက်ပါ အစီအစဉ်များအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။

(က) ဖေဖော်ဝါရီလ (၁) ရက်နေ့ (စနေနေ့) တွင်
- ဖွင့်ပွဲအခမ်းအနား (Opening Ceremony)
- အလှူရှင်များအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်း အခမ်းအနား (Contribution Certificate to Donors)
- စာတမ်းဖတ်ပွဲများ (Research Paper Conference)
- ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ (Panel Discussion)
- မုန့်စျေးတန်း ရောင်းချမှုများ (Food Court) စသည့် အစီအစဉ်များပါ၀င်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး

(ခ) ဖေဖော်ဝါရီလ (၂) ရက်နေ့ (တနင်္ဂနွေနေ့) တွင်
- ဆရာကန်တော့ပွဲအခမ်းအနား (Paying Homage Ceremony)
- ညစာစားပွဲအခမ်းအနား (Celebration Dinner Ceremony) များကို ဖျော်ဖြေမှု အစီအစဉ်များ အပါအဝင် ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၂။ MBA Society အနေဖြင့် MBA Program စတင်တည်ထောင်သည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကြီးဖြစ်သည့် အားလျော်စွာ (၂၅) နှစ်တာကာလအတွင်း MBA Society Member များဖြစ်ကြသည့် MBA ဘွဲ့ရ Alumni များနှင့် MBA သင်တန်းတက်ရောက်ဆဲ ကျောင်းသား/ကျောင်းသူ များမှ ဖွဲ့စည်း တည်ထောင် ဆောင်ရွက် လျက်ရှိကြသော လူမှုရေး အသင်းအဖွဲ့များမှ ပြခန်းများ အသီးသီး ပါ၀င်ပြသနိုင်ကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။

၃။ အဆိုပါ လူမှုရေး အသင်းအဖွဲ့ ပြခန်းနေရာများ သေသပ်လှပ ညီညာမှု ရှိစေရန် အလို့ငှာ MBA Society Organizing Committee အနေဖြင့် စတုရန်းမီတာ (၃ x ၃) ပတ်လည် အကျယ်အ၀န်းရှိ ပြခန်းနေရာများ သတ်မှတ်စီစဥ် ပေးမည်ဖြစ်ပြီး ပြခန်းနေရာ ဌားရမ်းတည်ဆောက်ခြင်း အသုံးစရိတ်အား ပြခန်းရယူပြသမည့် အသင်းအဖွဲ့ထံမှ ကျခံသုံးစွဲရန် ဖြစ်ပါသည်။

၄။ အသင်းအဖွဲ့များအနေဖြင့် အခမ်းအနားကြီး ကျင်းပနေသည့် နှစ်ရက်တာ ကာလအတွင်း သတ်မှတ်ခွင့်ပြုထားသော ပြခန်းနေရာ အသီးသီး၌ မိမိတို့အစီအစဉ်ဖြင့် တင့်တယ်သပ်ရပ်အောင် ပြင်ဆင်ပြသ သွားနိုင်ရန် ခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။

၅။ သို့ဖြစ်ရာ MBA Alumni များနှင့် MBA သင်တန်းတက်ရောက်ဆဲ ကျောင်းသား/ ကျောင်းသူ များဖြင့် ဖွဲ့စည်း တည်‌ထောင် ဆောင်ရွက်လျက်ရှိကြသော လူမှုရေး အသင်းအဖွဲ့များအနေဖြင့် MBA Program (၂၅) နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားကြီးတွင် ပြခန်းများ ရယူ ပါ၀င် ပြသလိုပါက အောက်ဖော်ပြပါ Organizing Committee Member များထံ ကြိုတင် ဆက်သွယ်နိုင်ပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အသေးစိတ် အချက်အလက်များ သိရှိနိုင်ပါရန် နှင့်
ပြခန်းနေရာ ရယူပါ၀င်ပြသရန် အလို့ငှာ ဆက်သွယ်ရန်

MBA Society Organizing Committee -
- ကိုမင်းဦး (EMBA အပတ်စဉ် - ၂) - ၀၉ ၅၀၀ ၇၁၆၆
- ကိုသိန်းဦး (Fulltime MBA အပတ်စဉ် - ၁၆) - ၀၉ ၅၀၁ ၉၁၈၄

(ခင်မင်လေးစားစွာဖြင့်)

MBA Society
Organizing Committee

ရက်စွဲ။ ၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ံ၊ စီမံခန့်ခွဲမှုပညာဌာနရဲ့ ပတ္တမြားဆောင်မှာ ၁၉၉၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ “Master Of Busine...
16/01/2020

ရန်ကုန်စီးပွားရေးတက္ကသိုလ်ံ၊ စီမံခန့်ခွဲမှုပညာဌာနရဲ့ ပတ္တမြားဆောင်မှာ ၁၉၉၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ “Master Of Business Administraion - MBA Program” ဟာ အခု ၂၀၂၀ ခုနှစ်မှာဆိုရင်တော့ ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ထို့အတွက်ကြောင့်လည်း အစဉ်အလာကြီးမားခဲ့တဲ့ ပတ္တမြားဆောင်ရဲ့ “25th Anniversary Silver Jubilee of MBA Program” အခမ်းအနားကြီးကို လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နဲ့ ၂ ရက်နေ့များမှာ အစီအစဉ်များစွာနဲ့ ကျင်းပပြုလုပ်သွားတော့မှာလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာတော့
- ဖွင့်ပွဲအခမ်းအနား (Opening Ceremony)
- အလှူငွေလှူဒါန်းသူများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း အခမ်းအနား (Contribution Certificate to Donors)
- စာတမ်းဖတ်ပွဲများ (Research Paper Conference)
- ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ (Panel Discussion)
- မုန့်စျေးတန်းရောင်းချမှုများ (Food Court) စတဲ့အစီအစဉ်တွေကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး

ဖေဖော်ဝါရီလ ၂ ရက်နေ့မှာတော့
- ဆရာကန်တော့ပွဲအခမ်းအနား (Paying Homage Ceremony)
- ညစာစားပွဲအခမ်းအနား (Celebration Dinner Ceremony) များကို ဖျော်ဖြေမှုအစီအစဉ်များအပါအဝင် ခမ်းနားစွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ “25th Anniversary Silver Jubilee of MBA Program” အခမ်းအနားရဲ့ အစီအစဉ်များအားလုံးကို ကျွန်တော် ကျွန်မတို့ ပညာရည်နို့သောက်စို့ခဲ့တဲ့ “ပတ္တမြားဆောင်”မှာပဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆရာကန်တော့ပွဲအခမ်းအနားအတွက် အလှူငွေများကို

(1) ဦးသိန်းဦး (MBA Day 16) ၊ ဒေါ်မြမြလွင် (ခ) ဒေါ်မို့မို့လွင် (EMBA 7) ၊ ဦးအောင်ကျော်မိုး (Online MBA) နှင့် ဒေါ်ယဉ်မင်းထွေး (MBA Program) တို့ စာရင်းပိုင်ရှင် လေးဦးအနက် နှစ်ဦး ငွေထုတ်ယူခွင့်ရှိသော "U Thein Oo" အမည်ရှိ KBZ Bank Account No. (317 102 042 0079 2601)

(2) ဦးသိန်းဦး (MBA Day 16) ၊ ဒေါ်မြမြလွင် (ခ) ဒေါ်မို့မို့လွင် (EMBA 7) ၊ ဦးအောင်ကျော်မိုး (Online MBA) နှင့် ဒေါ်ယဉ်မင်းထွေး (MBA Program) တို့ စာရင်းပိုင်ရှင် လေးဦးအနက် နှစ်ဦး ငွေထုတ်ယူခွင့်ရှိသော "U Thein Oo" အမည်ရှိ AYA Bank Account No. (022 520 201 005 1346)

(3) ဦးသိန်းဦး (MBA Day 16) ၊ ဒေါ်မြမြလွင် (ခ) ဒေါ်မို့မို့လွင် (EMBA 7) ၊ ဦးအောင်ကျော်မိုး (Online MBA) နှင့် ဒေါ်ယဉ်မင်းထွေး (MBA Program) တို့ စာရင်းပိုင်ရှင် လေးဦးအနက် နှစ်ဦး ငွေထုတ်ယူခွင့်ရှိသော "U Thein Oo" အမည်ရှိ CB Bank Account (Account ဖွင့်လှစ်ဆဲဖြစ်ပြီး Account No. အား မကြာမီ ကြေညာ ပေးပါမည်)

သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ Joint Account များထံသို့ MBA Batch အသီးသီးမှ အတန်းလိုက် Contribution များ၊ တစ်ဦးချင်း Contribution များ စတင်ထည့်၀င် ပံ့ပိုးကူညီ လှူဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း ခင်မင်လေးစားစွာ ပန်ကြားအပ်ပါသည်။

Contribution များအား Online Transfer စနစ်ဖြင့် ပြုလုပ်ပြီးပါက Screenshot Photo of mBanking Transfer (သို့မဟုတ်) Cash Transfer Receipt Voucher များအား

(1) ဒေါ်မြမြလွင် (Viber No. 095118861) ထံသို့ လည်းကောင်း၊
(2) MBA 25th Anniversary Working Group Viber သို့ လည်းကောင်း၊
(3) ကိုသိန်းဦး (Viber No. 095019184) ထံသို့ လည်းကောင်း
တစ်နည်းနည်းဖြင့် ပေးပို့ပေးပါရန်လည်း တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးများကိုလည်း ကန်တော့ခွင့်ရ၊ MBA ညီအစ်ကို မောင်နှမများလည်း ပျော်ရွှင်စွာ ဆုံဆည်းခွင့်ရမယ့် အပြင် သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူများရဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးဟောပြောမှုအစီအစဉ်များကိုပါ တစ်ပေါင်းတစ်စည်းတည်း တက်ရောက်လေ့လာခွင့်ရမယ့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ပတ္တမြားဆောင်ရဲ့ “25th Anniversary Silver Jubilee of MBA Program “ ကို Alumni များအားလုံး ပါ၀င်ဆင်နွဲကြဖို့ လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်။

လေးစားစွာဖြင့်
25th Anniversary of MBA Program Organizing Committee

Address

On Parami Road
Yangon

Website

Alerts

Be the first to know and let us send you an email when MBA 25th Anniversary - Yangon University of Economics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share