Enlightenment Business Institute

Enlightenment Business Institute We offer high quality education.

၂၀၂၃ ခုနှစ် မြန်မာပြက္ခဒိန်------------------
01/01/2023

၂၀၂၃ ခုနှစ် မြန်မာပြက္ခဒိန်
------------------

၂၀၂၃ ခုနှစ် အများပြည်သူ အလုပ်ပိတ်ရက်များ ဒီဇင်ဘာ ၃၁ လာမယ့် (၂၀၂၃) ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အများပြည်သူ အလုပ်ပိတ်ရက်တွေ...
01/01/2023

၂၀၂၃ ခုနှစ် အများပြည်သူ အလုပ်ပိတ်ရက်များ

ဒီဇင်ဘာ ၃၁

လာမယ့် (၂၀၂၃) ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အများပြည်သူ အလုပ်ပိတ်ရက်တွေကို ထုတ်ပြန်ကြေညာလိုက်ပြီးအလုပ်ရုံနှင့်အလုပ်သမား စစ်ဆေးရေး ဦးစီးဌာနက သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ နဲ့ အလုပ်ဌာနတွေကို အကြောင်းကြားထားပါတယ်။

ပိတ်ရက်ရှည် သင်္ကြန်ပိတ်ရက် (၉) ရက်အပါအဝင်အလုပ်ပိတ်ရက်တွေအနေနဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ တပေါင်းလ ပြည့်နေ့၊ တပ်မတော်နေ့၊ အလုပ်သမားနေ့၊ ကဆုန်လပြည့်နေ့၊ အာဇာနည်နေ့ ၊ဝါဆိုလပြည့်နေ့၊ အမျိုးသားနေ့၊ ခရစ္စမတ်နေ့တွေကို၂၀၂၃ခုနှစ်ပြက္ခဒိန်မှာ(၁) ရက်စီသတ်မှတ်ပေးထားပါတယ်။

၂၀၂၃ခုနှစ်အတွက်အများပြည်သူအလုပ်ပိတ်ရက်ကြေညာပေးခြင်းကို
နိုင်ငံတစ်ဝန်း ရုံးတွေအနေနဲ့ အလုပ်ပိတ်ရက် နဲ့ လွှဲပြောင်းနိုင်တဲ့ စာချုပ် စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူအလုပ်ပိတ်ရက်တွေမှာ အလုပ်သမားတွေကို ၁၉၅၁ ခုနှစ် ခွင့်ရက် နဲ့ အလုပ်ပိတ်ရက် အက်ဥပဒေ နည်းဥပဒေ နဲ့ အညီ ခံစားခွင့် ပေးသွားဖို့ကို ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။

အများပြည်သူအလုပ်ပိတ်ရက်ရှည်အနေနဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက် (၉) ရက်၊ သီတင်းကျွတ် ရုံးပိတ်ရက် (၃) ရက် နဲ့ တန်ဆောင်တိုင် ရုံးပိတ်ရက် (၂) ရက် ဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၃ခုနှစ်အတွင်း အများပြည်သူရုံးပိတ်ရက်ထဲမပါဝင်တဲ့နေ့တွေအနေနဲ့ကရင်နှစ်သစ်ကူးနေ့ ကျရောက်တာ မရှိဘဲ ကုရ်ဘာနီ အီးဒ်နေ့ နဲ့ ဒီပါဝလီနေ့တွေအတွက် ကျရောက်မယ့် နေ့ရက်တွေကိုလည်း သီခြားကြေညာသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

01/01/2023

2023 နှစ်သစ်မှစ၍

မြန်မာနိုင်ငံသူ / သားများ

ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

ပူပန်ခပ်သိမ်း အေးငြိမ်းကြပါစေ။

အသိပညာများ တိုးပွားကြပါစေ။

Enlightenment Business Institue

08/09/2020

စည်းကမ်း ချိုးဖောက်ရင်
********************

လူသတ်ရင် ထောင်ကျမယ်။ မုဒိန်းကျင့်ရင် ထောင်ကျမယ်။ ဒီလို ထောင်ကျတာဟာ အစိုးရက အပြစ်ပေးတာ မဟုတ်ဘူး။ အသက်ခံရသူ/ မုဒိန်းကျခံရသူဘက်က အပြစ်ပေးတာလည်း မဟုတ်ပါဘူး။

လူပုဂ္ဂိုလ် (Person) က အပြစ်ပေးတာ မဟုတ်ဘဲ ဥပဒေ (Law) ကသာ အပြစ်ပေးတာ ဖြစ်ပါတယ်။ ဥပဒေ ချိုးဖောက်လို့ ဥပဒေ က အပြစ်ပေးတာ ဖြစ်တယ်။


ရုံးဝန်ထမ်းတစ်ယောက် က ရုံးစည်းကမ်းကို ချိုးဖောက်ရင် အပြစ်ပေးခံရလေ့ရှိတယ်။ ဒီလို အပြစ်ပေးတာဟာ Admin ဌာန က / HR ဌာန က / အထက်လူကြီး က အပြစ်ပေးတာ မဟုတ်ပါဘူး။

လူ (Person) က အပြစ်ပေးတာ လည်း မဟုတ် သလို၊ ဌာန (Department) က အပြစ်ပေးတာလည်း မဟုတ်ပါဘူး။ စည်းကမ်း ချိုးဖောက်လို့ စည်းကမ်း (Discipline) ကသာ အပြစ်ပေးတာ ဖြစ်ပါတယ်။


အတွေ့အကြုံ အရ ပြောရရင် ယာဥ်စည်းကမ်း ချိုးဖောက်ရင် အာဏာပိုင် (မော်တော်ပီကယ်) ကို လက်ဖက်ရည်ဖိုး ပေးလိုက်ရင် တခါတရံ အရေးယူ မခံရဘူး။ ဥပဒေ ချိုးဖောက်ရင်လည်း အာဏာပိုင်​တွေကို ပိုင်ရင် အရေးယူ မခံရတာတွေ ရှိတတ်ခြင်းကြောင့် ဥပဒေ ချိုးဖောက်ရင် / စည်းကမ်း ချိုးဖောက်ရင် လူ (Person) က အရေးယူတယ်လို့ ထင်နေတတ်ကြပါတယ်။

အမှန်က လူတစ်ယောက်ဟာ ဥပဒေ နဲ့ စည်းကမ်းတွေ ချိုးဖောက်ရင် လူက / ဌာနက အပြစ်ပေးတာ မဟုတ်ဘဲ ဥပဒေ နဲ့ စည်းကမ်းတွေ ကသာ အပြစ်ပေး အရေးယူတာသာ ဖြစ်ပါတယ်။

Zar Ni Kyaw - Enlightenment

2021 အတွက် အများပြည်သူအလုပ်ပိတ်ရက်များ
14/08/2020

2021 အတွက် အများပြည်သူအလုပ်ပိတ်ရက်များ

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ မြန်မာနိုင်ငံသားများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ နဲ့ ပြည့်စု...
03/08/2020

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ မြန်မာနိုင်ငံသားများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ နဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 🙏🙏🙏

Professional ဆိုတာ 2*******************Professional ဆိုတဲ့ စကားကို နေရာတော်တော် များများမှာ သုံးတာတွေ့ရပါတယ်။ လူအများစုက...
27/07/2020

Professional ဆိုတာ 2
*******************

Professional ဆိုတဲ့ စကားကို နေရာတော်တော် များများမှာ သုံးတာတွေ့ရပါတယ်။ လူအများစုကလည်း ကြားဖူးပြီးသား ဖြစ်ကြပါလိမ့်မယ်။ Professional ပရော်ဖက်ရှင်နယ် ဆိုတာ ဘယ်လိုလူ ကို ခေါ်တာလဲ။

လစာရတဲ့ အလုပ်အကိုင်
-------------------

နယ်ပယ်အသီးသီးမှာ Professional တွေရှိကြတယ်။ ရှေ့နေ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ HR ပညာနဲ့ အသက်မွေးသူ၊ အရောင်းပညာနဲ့ အသက်မွေးသူ စတာတွေဟာ Professional တွေပဲ ဖြစ်ပါတယ်။

ထမင်းချက် ဘယ်လောက်ပဲ ကျွမ်းကျွမ်း ထမင်းချက်သူတိုင်းကို ရော်ဖက်ရှင်နယ် လို့ မခေါ်ပါဘူး။ စားဖိုမှူး တစ်ယောက်အဖြစ် အသက်မွေးရင်တော့ ပရော်ဖက်ရှင်နယ် လို့ ခေါ်ရမှာ ဖြစ်ပါတယ်။ ကားမောင်းသူတိုင်းကိုလည်း ပရော်ဖက်ရှင်နယ် လို့ သတ်မှတ်လို့ မရပေမယ့် ယာဥ်မောင်း Driver အဖြစ် အသက်မွေးရင်တော့ ပရော်ဖက်ရှင်နယ်လို့ ခေါ်ရမှာ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ဆိုတာ လစာရတဲ့ အလုပ်အကိုင် Paid Occupation ကို ခေါ်တာဖြစ်တယ်။

စနစ်တကျ သင်ယူ
----------------------

ဘယ်နယ်ပယ်မှာ မဆို Professional ဖြစ်ဖို့ အတွက်
စနစ်တကျ သင်ယူဖို့ လိုကို လိုအပ်ပါတယ်။ မိသားစုကို ချက်ကျွေးဖို့ စနစ်တကျ လေ့လာဖို့ မလိုပေမယ် Hotel မှာ စားဖိုမှူး လုပ်မယ် ( သို့ ) Professional အဖြစ် ရပ်တည်မယ် ဆိုရင်တော့ ချက်ပြုတ်နည်းပညာကို စနစ်တကျ သင်ယူလေ့လာဖို့ လိုအပ်ပါတယ်။ ထို့အတူ ရေကူးချန်ပီယံ ဖြစ်ဖို့ ဆိုရင်တော့ ရေးကူးပညာကို စနစ်တကျ သင်ယူလေ့လာဖို့ လိုအပ်ပါတယ်။

Soft Skills တွေလည်း လေ့လာ
----------------------------

Professional တစ်ဦး ဖြစ်တိုင်း Professional ပီသကြတာ မဟုတ်ပါဘူး။ Professional ပီသဖို့ အတွက် ဖြည့်ဆည်းရမယ့် အရာတွေ ရှိတယ်။ Professional ပီသဖို့ Professional တစ်ယောက်မှာ ရှိရမယ့် သိနားလည်မှု Knowledge၊ ကျွမ်းကျင်မှု Skills၊ ခံယူချက် Attitude၊ ကျင့်ဝတ် Ethics နဲ့ ကိုယ်ရည်ကိုယ်သွေး Personality တွေ ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။

Knowledge ရဖို့ Learning လေ့လာမှု လုပ်ဖို့ လိုပါတယ်။
Professional Knowledge ရဖို့ ပို၍ လေ့ာလာရပါမယ်။
အလုပ်နဲ့ သက်ဆိုင်တဲ့ သီအိုရီတွေကို အနည်းဆုံး နာရီ ၁ ထောင် လေ့လာရမယ်လို့ ဆိုပါတယ်။

Skills ရဖို့ လက်တွေ့ လေ့ကျင့်မှု Practice လိုအပ်တယ်။ Knowledge က သိတာ၊ Skills က တတ်တာ ဖြစ်တယ်။ ဘယ်ပညာရပ် မဆို တတ်ကျွမ်းဖို့ လက်တွေ့ လုပ်ဆောင် ရပါတယ်။ ကားမောင်းနည်းကို သိပေမယ့် တတ်ကျွမ်းဖို့ ကားကို လက်တွေ့ မောင်းရပါတယ်။ လက်တွေ့ မလုပ်သ၍တော့
ဘယ်ပညာမှ ကျွမ်းကျင်မှု အဆင့်သို့ မရောက် နိုင်ပါဘူး။
Skill = Knowledge + Practice ဖြစ်ပါတယ်။

နောက်ပြီး Professional တစ်ဦးဟာ ခံယူချက် မှန်ကန်ဖို့ ကျင့်ဝတ် လိုက်နာဖို့ အနေအထိုင် အပြုအမူ ကောင်းဖို့ လည်း လိုအပ်ပါတယ်။

ဒါကြောင့် Professional ပီသဖို့ အတွက် Hard Skills လောက်နဲ့ မလုံလောက်ပါဘူး။ Soft Skills တွေလည်း စနစ်တကျ လေ့လာရမှာ ဖြစ်ပါတယ်။

Zar Ni Kyaw - Enlightenment

Soft Skills Training ( Online Class) ************************************Zoom Application ဖြင့် သင်ကြားမယ့် Online Class...
21/07/2020

Soft Skills Training ( Online Class)
************************************

Zoom Application ဖြင့် သင်ကြားမယ့် Online Class
သင်တန်း ဖြစ်ပါတယ်။ သင်တန်းကြေး ၂ သောင်းကျပ်တည်းဖြင့် တက်ရောက် နိုင်ပါတယ်။

Essential Soft Skills for Professionals
***************************************

Professional တစ်ယောက် ဖြစ်ဖို့ ဖြည့်ဆည်းရမယ့် Soft Skills တွေ ရှိပါတယ်။ Soft Skill တွေကပဲ လူတစ်ယောက်ကို Professional ဖြစ်စေတာပါ။ Soft Skills တွေကပဲ လူတစ်ယောက် ကို ထိပ်ဆုံးရောက် စေတာဖြစ်တယ်။ Soft Skills will take you a top.

Soft Skills ဆိုတာ ဘာလဲ။
****************

Soft Skills is a cluster of personal qualities, habits, attitudes and social graces that make someone a good person and compatible to work with.

Soft Skills ဆိုတာ လူတွေနဲ့ အလုပ်လုပ်ဖို့ အတွက် လိုအပ်သော အရည်အချင်းတွေကို စုပေါင်းခေါ်ဆိုထားခြင်း ဖြစ်ပါတယ်။ တိုတိုပြောရမယ် ဆိုရင် Soft Skills ဆိုတာ People Skills တွေပါ။

Professional တွေမှသာ ရှင်သန်နိုင်မယ့် ခေတ်ကြီးမှာ Professional တစ်ယောက် ဖြစ်လို့ အထူးလိုအပ်ပါတယ်။

Professional တစ်ယောက်ဖြစ်ဖို့အတွက် Essential Soft Skills (၆) မျိုးလောက် ကျွမ်းကျင် တတ်မြောက်ဖို့ လိုအပ်ပါတယ်။ အဲတာတွေကတော့ ----

1. People Management Skills - လူတွေ၏ စိတ်နေ သဘောထား၊ ကိုယ်ရည်ကိုယ်သွေး နဲ့ အပြုအမူများကို သိရှိပြီး လူတွေကို စီမံနိုင်တာ ဖြစ်ပါတယ်။

2. Communication Skill - လက်အောက်ငယ်သား၊ လုပ်ဖော်ကိုင်ဖက် နဲ့ အထက်အရာရှိတွေ နဲ့ ထိထိရောက်ရောက် ဆက်သွယ်ပြီး လုပ်ကိုင်နိုင်တာ ဖြစ်တယ်။

3. Goal Setting & Getting Things Done - လူတစ်ယောက်ဟာ အလုပ်တာဝန်များ ပြီးမြောက်အောင် ပန်းတိုင်ချပြီး ရလဒ်ကောင်းထွက်အောင် လုပ်နိုင်သော အရည်အချင်း ဖြစ်ပါတယ်။

4. Problem Solving Skill - ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ရှာဖွေဖော်ထုတ်၍ အကောင်းဆုံးဖြေရှင်းတတ်ခြင်း ဖြစ်ပါတယ်။

5. Motivation Skills - လုပ်ငန်းခွင်ရှိ တခြားသူတွေကို အလုပ်လုပ်အောင်၊ အလုပ်လုပ်ချင်အောင် စေ့ဆော်နိုင်သော အရည်အချင်း ဖြစ်ပါတယ်။

6. Team Leadership Skills - အသင်းအဖွဲ့ နဲ့ အလုပ်လုပ်တတ်ပြီး အသင်းဝင်တွေကို ပြောဆိုစည်းရုံး ၍ အသင်းအဖွဲ့ကို ထိရောက်စွာ ဦးဆောင်နိုင်တာ ဖြစ်ပါတယ်။

-------------------------

ဤ Soft Skills 6 မျိုးဟာ Professional ဖြစ်လိုသူ များ မသိမဖြစ် တတ်ကျွမ်းရမှာ ဖြစ်တယ်။ ယခု ဖွင့်လှစ်မည့် Online Class မှာ Professional တစ်ဦး မရှိမဖြစ် သိရမယ့် Soft Skills (၆) ခုကို Skill Set ၃ ပိုင်းခွဲပြီး သင်ကြားပေးမှာ ဖြစ်ပါတယ်။

✅ Skill Set 1 မှာ သင်ကြားမယ့် ခေါင်းစဉ်
---------------------------------------------------
1. People Management Skills
2. Communication Skills

✅ Skill Set 2 မှာ သင်ကြားမယ့် ခေါင်းစဉ်
---------------------------------------------------
1. Goal Setting & Getting Things Done
2. Problem Solving Skills

✅ Skill Set 3 မှာ သင်ကြားမယ့် ခေါင်းစဉ်
--------------------------------------------------
1. Motivation Skills
2. Team Leadership Skills

သင်တန်းကြေး
************

သင်တန်းကြေး Skills Set တစ်ခု 30,000 Ks

Special Promotion အနေနဲ့ အစောဆုံး အပ်သူ လူ အယောက် ၃၀ ကို Discount ပေးပါမယ်။

Skill Set တစ်ခု အပ်လျှင် (၂၀,၀၀၀) ကျပ်
( မူလသင်တန်းကြေးက ၃၀,၀၀၀ ကျပ်ပါ )

Skill Set နှစ်ခု အပ်လျှင် (၄၀,၀၀၀) ကျပ်
( မူလသင်တန်းကြေးက ၆၀,၀၀၀ ကျပ်ပါ )

Skill Set သုံးခုလုံး အပ်လျှင် (၆၀,၀၀၀) ကျပ်
( မူလသင်တန်းကြေးက ၉၀,၀၀၀ ကျပ်ပါ )

သင်တန်းပုံစံ
---------------
Zoom Application ဖြင့် သင်ကြားမယ့် Online Class
သင်တန်း ဖြစ်ပါတယ်။

သင်တန်းနည်းပြ
*************

U Zar Ni Kyaw
Professional Soft Skills Trainer
MBA (Assumption University of Thailand), BBS, Dip in HRM, Adv Dip in Management

📆 သင်တန်းကာလ နဲ့ သင်တန်းအချိန်
************************

Skill Set တစ်ခုချင်းစီကို (၆) ရက် ကြာပါမယ်။
Skill Set တစ်ခုချင်းစီကို (၁၀) နာရီ ကြာပါမယ်။

သင်တန်းနေ့ရက်များ
-------------------------
Skill Set 1 = 3 Aug to 9 Aug
( Aug 6 ရက်နေ့ တစ်ရက် နားပါမယ်။)

Skill Set 2 = 12 Aug to 18 Aug
( Aug 15 ရက်နေ့ တစ်ရက် နားပါမယ်။)

Skill Set 3 = 22 Aug to 28 Aug
( Aug 24 ရက်နေ့ တစ်ရက် နားပါမယ်။)

သင်တန်းအချိန် - 7:00 PM to 8:30 PM
Skill Set တစ်ခု သင်တန်းနာရီ (၁၀) နာရီ ကြာမယ်။

တက်ရောက်လိုသူများ ငွေလွှဲ၍သင်တန်းအပ်နိုင်ပါပြီ။

💳 သင်တန်းကြေးကို
KBZ, AYA, CB, KBZ Pay, Wave နဲ့ပဲလက်ခံပါတယ်။

ငွေလွှဲရန်:
KBZ : 05730105702374202
Zar Ni Kyaw

AYA: 0167201010098991
Zar Ni Kyaw

CB: 0131600500045632
Zar Ni Kyaw

KBZ Pay: 09 790807060
Zar Ni Kyaw

Wave Money
09 790807060

☎️ သိချင်တာတွေရှိရင် ဆက်သွယ်နိုင်ပါတယ်။
09 76 111 77 01
09 76 111 77 02

မသိမဖြစ် သိရမယ့် Soft Skill ၆ ခု****************************Professional တစ်ယောက် ဖြစ်ဖို့ ဖြည့်ဆည်းရမယ့် Soft Skills တွ...
21/07/2020

မသိမဖြစ် သိရမယ့် Soft Skill ၆ ခု
****************************

Professional တစ်ယောက် ဖြစ်ဖို့ ဖြည့်ဆည်းရမယ့် Soft Skills တွေ ရှိပါတယ်။ Soft Skill တွေကပဲ လူတစ်ယောက်ကို Professional ဖြစ်စေတာပါ။ Soft Skills တွေကပဲ လူတစ်ယောက် ကို ထိပ်ဆုံးရောက် စေတာဖြစ်တယ်။ Soft Skills will take you a top.

Soft Skills ဆိုတာ ဘာလဲ။
****************

Soft Skills is a cluster of personal qualities, habits, attitudes and social graces that make someone a good person and compatible to work with.

Soft Skills ဆိုတာ လူတွေနဲ့ အလုပ်လုပ်ဖို့ အတွက် လိုအပ်သော အရည်အချင်းတွေကို စုပေါင်းခေါ်ဆိုထားခြင်း ဖြစ်ပါတယ်။ တိုတိုပြောရမယ် ဆိုရင် Soft Skills ဆိုတာ People Skills တွေပါ။

Professional တွေမှသာ ရှင်သန်နိုင်မယ့် ခေတ်ကြီးမှာ Professional တစ်ယောက် ဖြစ်လို့ အထူးလိုအပ်ပါတယ်။

Professional တစ်ယောက်ဖြစ်ဖို့အတွက် Essential Soft Skills (၆) မျိုးလောက် ကျွမ်းကျင် တတ်မြောက်ဖို့ လိုအပ်ပါတယ်။ အဲတာတွေကတော့ ----

1. People Management Skills - လူတွေ၏ စိတ်နေ သဘောထား၊ ကိုယ်ရည်ကိုယ်သွေး နဲ့ အပြုအမူများကို သိရှိပြီး လူတွေကို စီမံနိုင်တာ ဖြစ်ပါတယ်။

2. Communication Skill - လက်အောက်ငယ်သား၊ လုပ်ဖော်ကိုင်ဖက် နဲ့ အထက်အရာရှိတွေ နဲ့ ထိထိရောက်ရောက် ဆက်သွယ်ပြီး လုပ်ကိုင်နိုင်တာ ဖြစ်တယ်။

3. Goal Setting & Getting Things Done - လူတစ်ယောက်ဟာ အလုပ်တာဝန်များ ပြီးမြောက်အောင် ပန်းတိုင်ချပြီး ရလဒ်ကောင်းထွက်အောင် လုပ်နိုင်သော အရည်အချင်း ဖြစ်ပါတယ်။

4. Problem Solving Skill - ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ရှာဖွေဖော်ထုတ်၍ အကောင်းဆုံးဖြေရှင်းတတ်ခြင်း ဖြစ်ပါတယ်။

5. Motivation Skills - လုပ်ငန်းခွင်ရှိ တခြားသူတွေကို အလုပ်လုပ်အောင်၊ အလုပ်လုပ်ချင်အောင် စေ့ဆော်နိုင်သော အရည်အချင်း ဖြစ်ပါတယ်။

6. Team Leadership Skills - အသင်းအဖွဲ့ နဲ့ အလုပ်လုပ်တတ်ပြီး အသင်းဝင်တွေကို ပြောဆိုစည်းရုံး ၍ အသင်းအဖွဲ့ကို ထိရောက်စွာ ဦးဆောင်နိုင်တာ ဖြစ်ပါတယ်။

Zar Ni Kyaw - Enlightenment

Professional ဆိုတာ *******************Professional ဆိုတဲ့ စကားလုံးကို "ကျွမ်းကျင်သူ" "ကြေးစား" စသဖြင့် အမျိုးမျိုး ဘာသာပ...
21/07/2020

Professional ဆိုတာ
*******************

Professional ဆိုတဲ့ စကားလုံးကို "ကျွမ်းကျင်သူ" "ကြေးစား" စသဖြင့် အမျိုးမျိုး ဘာသာပြန် ကြပါတယ်။အဂ်လိပ်အသံထွက်ကို ဖလှယ်၍ ပရော်ဖက်ရှင်နယ် လို့ပဲ မြန်မာမှု ပြုချင်ပါတယ်။

ပရော်ဖက်ရှင်နယ် မဖြစ်သူတိုင်းကို အပျော်တမ်းအဆင့် လို့ ဆိုရမှာ ဖြစ်ပါတယ်။ အပျော်တမ်း အဆင့် ဆိုတာ ဘာလဲ။

သကြ်န်မှာ သံချပ်ထိုးကြတာ တွေဟာ အပျော်တမ်း အဆင့်တွေ ဖြစ်ပါတယ်။ လမ်းဘေး ထိုင်ခုံလေးတွေပေါ်မှာ သီချင်း ဆိုနေကြတာတွေဟာလည်း အပျော်တမ်း အဆင့်တွေပဲ ဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ ဘောလုံးကန်နေသူတွေဟာလည်း အပျော်တမ်း အဆင့်တွေပဲ ဖြစ်ပါတယ်။

အပျော်တမ်း အဆင့် ဆိုသူတွေဟာ များသောအားဖြင့် အတတ်ပညာတစ်ခုခုကို ထဲထဲဝင်ဝင်သိနားလည်အောင် စနစ်တကျ လေ့လာမှု မရှိကြပါဘူး။

အပျော်တမ်း အဆင့် ဆိုသူတွေဟာ Emotions စိတ်ခံစားမှု ကို ဦးစားပေး ကြလေ့ရှိတယ်။ စိတ်ပါရင် လုပ်တယ်၊ စိတ်မပါရင် မလုပ်ဘူး။ စိတ်ခံစားချက် ကို ဦးစားပေး၍ အလုပ်လုပ်ကြတယ်။

အပျော်တမ်း အဆင့် ဆိုသူတွေဟာ သူတို့လုပ်တဲ့ အလုပ်အပေါ် ထားတဲ့ ခံယူချက်တွေ Attitude နဲ့ တန်ဖိုးထားမှုတွေ Value လည်း အားနည်းကြလေ့ရှိတယ်။ နောက်ပြီး ကျင့်ဝတ် Ethics ပိုင်းလည်း အားနည်းလေ့ရှိတယ်။

စီးပွားရေး လုပ်ငန်း နယ်ပယ်မှာလည်း အပျော်တမ်း အဆင့် ဆိုသူတွေ များစွာ ရှိနေကြတယ်။

တချို့သော ဝန်ထမ်းတွေဟာလည်း စိတ်ခံစားချက်ကို ဦးစားပေး၍ အလုပ်ဝင်ကြတာ ထွက်ကြတာ၊ အလုပ်ပေါ် ခံယူချက် မကောင်းတာ၊ အလုပ်ပေါ် တန်ဖိုးမထားတာ၊ ကျင့်ဝတ်ပိုင်း မစောင့်ထိန်းတာ၊ ကျွမ်းကျင်မှု ရှိအောင် မလေ့လာကြတာတွေဟာလည်း အပျော်တမ်း အဆင့်လို့ပဲ သတ်မှတ်ရပါမယ်။ အပျော်တမ်း အဆင့် ဝန်ထမ်းများလို့ ခေါ်ကြရမှာ ဖြစ်ပါတယ်။

အပျော်တမ်း အဆင့်တွေဟာ ဘယ်တော့မှ မတိုးတက်
မကြီးပွားနိုင်ပါဘူး။ တိုးတက် ကြီးပွား ဖို့အတွက် ဆိုရင် ပရော်ဖက်ရှင်နယ် အဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။

အပျော်တမ်း အဆင့် အနေ ပရော်ဖက်ရှင်နယ် အဆင့်
Professional ဖြစ်ဖို့ ဘာတွေ လုပ်ရမလဲ။ ဘာတွေ သိရမလဲ။ ဘယ်လို နေထိုင်ရမလဲ။

Professional တစ်ယောက် ဖြစ်ဖို့ အဓိက အချက် ၅ ချက် လိုအပ်ပါတယ်။
1. Professional Knowledge
2. Professional Skills
3. Professional Attitude
4. Professional Ethics
5. Professional Personality

Professional တစ်ယောက် ဖြစ်ဖို့ အဓိက အချက် ၅ ချက် ဖြည့်ဆည်းဖို့ ပြည့်ဝစေဖို့ အတွက် Hard Skills နဲ့ Soft Skills တွေကို စနစ်တကျ လေ့လာရမှာ ဖြစ်ပါတယ်။

Zar Ni Kyaw - Enlightenment

အသားဟင်း တစ်မျိုးတည်း နဲ့ ထမင်းမစားပါနဲ့။ *************************************လူတစ်ယောက် ထမင်းစားမယ်ဆိုရင် အသားဟင်း တစ်...
19/07/2020

အသားဟင်း တစ်မျိုးတည်း နဲ့ ထမင်းမစားပါနဲ့။
*************************************

လူတစ်ယောက် ထမင်းစားမယ်ဆိုရင် အသားဟင်း တစ်မျိုး နဲ့ အရန်ဟင်းတွေ ပါမှ ထမင်းစားကောင်းတာ လူတိုင်း သိကြပါတယ်။ အရန်ဟင်းတွေ မပါဘဲ အသားဟင်း တစ်မျိုးတည်းနဲ့တော့ ထမင်းစား မကောင်းနိုင်ပါဘူး။

ထို့အတူ လူတစ်ယောက်ဟာလည်း အင်ဂျင်နီယာပညာ၊ HR ပညာ၊ မားကတ်တင်းပညာ၊ အရောင်းပညာ တစ်ခုတည်း သိရုံ နဲ့ဆိုရင် အဆင်မပြေနိုင်ပါဘူး (စားကောင်းမှာ မဟုတ်ပါဘူး။ ) အလုပ်ရရုံ ပဲ ရှိပါလိမ့်မယ်။ ရာထူးတိုး လစားတိုးအတွက် မဖြစ်နိုင်ပါဘူး။ ပညာတစ်မျိုးတည်း သိရုံနဲ့ အဆင်မပြေပါဘူး။

ဒါဆို ဘာတွေ ထပ်သိရဦးမလဲ ဆိုရင်

လူတစ်ယောက်မှာ Skills ၂ မျိုး ရှိဖို့ လိုပါတယ်။ Hard Skills နဲ့ Soft Skills ပါ။

Hard Skills ဆိုတာ သက်ဆိုင်တဲ့ ကျွမ်းကျင်မှုပါ။ အင်ဂျင်နီယာ လုပ်မယ့်သူက အင်ဂျင်နီယာပညာ၊ HR လုပ်မယ့်သူက HR ပညာ၊ စာရင်းကိုင် လုပ်မယ့်သူကတော့ Accouting ပညာ တွေ စသဖြင့် ကိုယ်လုပ်မယ့် အလုပ်အတွက် လိုတဲ့ အရည်အချင်း ရှိရပါတယ်။ ဒါကို Hard Skills လို့ ခေါ်ပါတယ်။

Soft Skills ဆိုတာ People Skills ပါ။ တခြားသူများနဲ့ ထိထိရောက်ရောက် လုပ်ကိုင်နိုင်သော အရည်အချင်းပါ။
အရမ်း အရေးကြီးတဲ့ ပညာပါ။

ဟင်းပွဲ နဲ့ ဥပမာ ပေးရရင် Hard Skill က Main Dish ( အဓိက ဟင်းပွဲ ) ပါ။ Soft Skills က Side Dishes ( အရန်ဟင်းပွဲတွေ ) ပါ။ ဝက်သားဟင်း၊ ကြက်သားဟင်း စသဖြင့် တစ်မျိုးမျိုး နဲ့ချည်း ထမင်းစားလို့ ရပေမယ့် အရန်ဟင်းတွေ မပါရင်တော့ ထမင်းစားလို့ကောင်း မှာ မဟုတ်ပါဘူး။

ဒါကြောင့် အသားဟင်း တစ်မျိုး နဲ့ တူတဲ့ Hard Skill အပြင် အရန်ဟင်းပွဲတွေ နဲ့ တူတဲ့ Soft Skill တွေနဲ့ အတူ ပေါင်းစားမှ အရသာ ပိုရှိပါလိမ့်မယ်။

အလုပ်ရဖို့ အတွက် Hard Skills အဓိက လိုပါတယ်။

ရာထူးတိုး လစာတိုး အတွက် Soft Skills လိုပါတယ်။

Zar Ni Kyaw - Enlightenment

တန်ဖိုးမြင့်လူသား ( Value-Added Person) **************Value Added ဆိုတာ မူလတန်ဖိုးကို ပို၍ တန်ဖိုးရှိအောင်ထပ်မံ ဖြည့်စွက...
17/07/2020

တန်ဖိုးမြင့်လူသား ( Value-Added Person)
**************

Value Added ဆိုတာ မူလတန်ဖိုးကို ပို၍ တန်ဖိုးရှိအောင်ထပ်မံ ဖြည့်စွက်လိုက်သော တန်ဖိုးသစ်ကို ဆိုလိုပါတယ်။ ဥပမာ သစ် အလုံးထည် ထက် ပရိဘောဂ လုပ်လိုက်ရင် ပို၍ တန်ဖိုးမြင့်သွားပါတယ်။

လူမှာလည်း လူရဲ့ ပင်ကိုတန်ဖိုး ထက် ပို၍ တန်ဖိုးမြင့်အောင် ထပ်မံ ပေါင်းထည့်ရမယ့် အရာတွေ ရှိပါတယ်။

၁။ ဘာသာစကား တစ်ခုခု ပေါင်းထည့်ပါ။

လူတစ်ယောက်ဟာ ဘာသာစကား တစ်ခုခုကို ကျွမ်းကျင်သွား (လူ + ဘာသာစကား) ရင် လက်ရှိထက် တန်ဖိုး ပိုမြင့်သွားပါတယ်။

၂။ အတတ်ပညာ တစ်ခုခု ထပ်မံ ပေါင်းထည့်ပါ။

လူတစ်ယောက်ဟာ ဘာသာစကား အပြင် အတတ်ပညာတစ်ခုခုကိုပါ ( လူ + ဘာသာစကား + အတတ်ပညာ) ထပ်ပေါင်းလိုက်ရင် ပို၍ တန်ဖိုးမြင့်သွားတယ်။

၃။ ကိုယ်ကျင့်တရား ပါ ထပ်မံ ပေါင်းထည့်လိုက်ပါ။

လူတစ်ယောက်ဟာ ကိုယ်ကျင့်တရား ပါ ထပ်ပေါင်းလိုက် (လူ + ဘာသာစကား + အတတ်ပညာ + ကိုယ်ကျင့်တရား) ရင် ပို၍ ပို၍ တန်ဖိုး မြင့်သွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တန်ဖိုးမြင့်လူသား ဖြစ်ဖို့

၁။ ဘာသာစကား တစ်ခုခု အနည်းဆုံး သင်ယူပါ။
၂။ အသက်မွေးဖို့ အတတ်ပညာ တစ်ခုခု သင်ယူပါ။
၃။ ကိုယ်ကျင့်တရား ကောင်းပါ။

တန်ဖိုးမြင့်လူသား ဖြစ်ဖို့ နောက်ထပ် ထပ်ဖြည့် စရာတွေ ( ဥပမာ အိုင်တီ၊ မိတ်ဆွေကောင်း စသဖြင့် ) အများကြီး ရှိပါသေးတယ်။

Zar Ni Kyaw - Enlightenment

Address

Room(406), Moe Sandar Condo, Moe Sandar Street, Hledan, Kamayut Township
Yangon
11041

Telephone

09761117701

Website

Alerts

Be the first to know and let us send you an email when Enlightenment Business Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share