MMAC College

MMAC College Think Success, Think MMAC

Permanently closed.
Out with the old, in with the new!May the year 2020 bring delightful surprises and good luck for you!ပျော်ရွှင်ဖွယ်နှစ်သစ...
01/01/2020

Out with the old, in with the new!

May the year 2020 bring delightful surprises and good luck for you!

ပျော်ရွှင်ဖွယ်နှစ်သစ်လေးဖြစ်ပါစေ🎉✨

✨🎀Wishing you a magical and blissful holiday!✨🎀🌲🎉☃️Have a merry Christmas and prosperous New Year!
25/12/2019

✨🎀Wishing you a magical and blissful holiday!✨🎀

🌲🎉☃️Have a merry Christmas and prosperous New Year!

ထုတ်လွှင့်မည့်အစီအစဉ် ‼️🎈"MMAC COLLEGE GRADUATION CEREMONY"🎈🎓🎓🎓MMAC College - Higher National Diploma Graduation ဘွဲ့ ပေး...
16/12/2019

ထုတ်လွှင့်မည့်အစီအစဉ် ‼️

🎈"MMAC COLLEGE GRADUATION CEREMONY"🎈🎓

🎓🎓MMAC College - Higher National Diploma Graduation ဘွဲ့ ပေးအပ်ပွဲ အခမ်းအနားကို MWD Digital Channel မှ ထုတ်လွှင့်မည့် အချိန်

- 16.12.2019 နံနက် (6:00 am to 6:15am)
- 17.12.2019 နံနက် (7:30 am to 7:45 am)
- 17.12.2019 ညနေ (3:00 pm to 3:15pm)

✨ယနေ့မမှီလိုက်သူတွေ နက်ဖြန်စောင့်ကြည့်ကြပါနော်💕💕



🎈"MMAC COLLEGE GRADUATION CEREMONY"🎈🎓🎓MMAC College - Higher National Diploma Graduation ဘွဲ့ ပေးအပ်ပွဲ အခမ်းအနားကို 8.12...
11/12/2019

🎈"MMAC COLLEGE GRADUATION CEREMONY"🎈

🎓🎓MMAC College - Higher National Diploma Graduation ဘွဲ့ ပေးအပ်ပွဲ အခမ်းအနားကို 8.12.219 - Novotal Yangon Max တွင် ကျင်းပခဲ့ပါတယ်🎈🎈🎉

🎓🎓MMAC မှ သားငယ် ၊ သမီးငယ်များအားလုံး အောင်မြင်သော လမ်းမများဆီသို့ လျှောက်လှမ်းနိုင်ကြပါစေ...🏆✨

💕🤗တက်ရောက်လာကြသော သတင်း မီဒီယာများနှင့် ဓာတ်ပုံ မှတ်တမ်းရယူပေးပါသော သီဂီင်္ရွှေရည်မှ အဖွဲ့သားများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်...🤗💕



🎓🎓Rehersal Program For HND Graduation Ceremony🎓🎓-----------------------------------------------------🎓🎉✨MMAC College ၏ ဒ...
06/12/2019

🎓🎓Rehersal Program For HND Graduation Ceremony🎓🎓
-----------------------------------------------------

🎓🎉✨MMAC College ၏ ဒုတိယအကြိမ် (2017) ပညာသင်နှစ် HND Graduation Ceremony Rehearsal အခမ်းအနားကို ယနေ့(6.12.2019 ) MMAC Hall မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်...

🎉✨✨အနာဂတ်မှာ လင်းလက်တောက်ပသော ကြယ်ပွင့်ဘေလးမှား ဖြစ်ပါစေလို့ ဆုတောင်းလျက်...

🎓Final Graduation Ceremony🎓

Date : December 8 , 2019 (Sunday)
Place : Novotel Hotel (Bagan Hall)



Branding ဆိုတာ..❓= = = = = = = = = =‍‍‍‍‍‍Branding ကတော့ Marketing နဲ့ မတူပါဘူး။ Marketing က prospects တွေကိုများလာအောင်...
24/09/2019

Branding ဆိုတာ..❓
= = = = = = = = = =
‍‍‍‍‍‍
Branding ကတော့ Marketing နဲ့ မတူပါဘူး။ Marketing က prospects တွေကိုများလာအောင် customer တွေကို လိုက်ဆွဲယူရတာဆိုရင်၊ Branding ကတော့ လူတွေကို Influence လုပ်ရတာပါ။ အရမ်းကိုကွဲပြားခြားနားပါတယ်။
‍‍‍‍‍‍
Branding ကလူတွေရဲ့ စိတ်ခံစားချက် Emotionတွေ၊ မသိစိတ်ထဲကရော သိစိတ်ထဲကပါ လိုချင်လာအောင်၊ လိုအင်ဆန္ဒဖြစ်လာအောင် Desire တွေကို အဓိကလွှမ်းမိုးဖို့ လုပ်ဆောင်တာပါပဲ။ Branding မှာ အဓိကရည်ရွယ်ချက် တစ်ခုပဲရှိတယ်။ အဲ့ဒါကတော့ Consumer တွေက ကိုယ့် Product ကိုယ့် Service မှာ ဘာတွေပါလဲ၊ ဘာတွေ သူများထက်ကောင်းလဲဆိုတာကိုတောင် မစဉ်းစားပဲ သူတို့ရဲ့ Emotion အရကို ကိုယ့်ရဲ့ product တွေ Service တွေကို အသုံးပြုလာအောင်၊ ကိုယ်နဲ့ Business Relationship တစ်ခုတည်ဆောက်ချင်လာအောင် လမ်းကြောင်းပေးတာပဲ ဖြစ်တယ်လို့ ပြောလို့ရတယ်။
‍‍‍‍‍‍
"Emotion အရကိုဆုံးဖြတ်သွားအောင် လမ်းကြောင်းပေးရတာဟာ Branding ပါ " .. ဒီထက်ပိုရှင်းအောင် ထပ်ပြောရရင် ကိုယ်ရဲ့ Product ကို ဘယ်လို Position ယူထားသလဲ.. Positioning ပေါ့။ လူတွေက ကိုယ့်ရဲ့ productကို တွေ့တာနဲ့ လုံးဝကိုမငြင်းနိုင်တဲ့ ပြင်းပြတဲ့ဆန္ဒ မသိစိတ်ထဲမှာရော သိစိတ်ထဲမှာရော ရှိနေအာင် လုပ်ထားနိုင်ပြီဆိုရင် Branding အောင်မြင်ပြီပဲလို့ ပြောလို့ရပါတယ်။
‍‍‍‍‍‍
ဥပမာတစ်ခု ပြောကြည့်ရအောင်။ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးမှာ ကိုယ်အမြဲတန်းဝယ်နေတဲ့ Product တွေ ရှိကြတယ် မဟုတ်လား။ ဥပမာ Supermarket သွားတယ်.. အဲ့ဒီ Brand တွေ့တာနဲ့ ခြင်းထဲထည့်လိုက်တယ်။ အခြား သူ့ထက်ကောင်းတဲ့ ရွေးခြယ်စရာရှိလား မရှိလားတောင် မစဉ်းစားတော့ပဲ ဝယ်လိုက်တာမျိုးတွေ လုပ်မိသလား စဉ်းစားကြည့်လိုက်ပါ.. လုပ်မိတယ်ဆိုရင် အဲ့ဒါBranding လို့ပဲနားလည်လိုက်ပါ။ အဲ့ဒီ product ရဲ့ companyက ခင်ဗျားတို့ ကျွန်တော်တို့ကို supermarket လာတိုင်း သူ့product ကိုသုံးဖို့ convince လုပ်နေစရာ၊ sales လုပ်နေစရာ၊ marketing လုပ်နေစရာ မလိုတော့ဘူး။ ရောက်တာနဲ့ လူတွေကတန်းဝယ်တာပဲ။ တစ်ခါတစ်လေ ကိုယ့်ဈေးဝယ်ဖော်က လာပြီး အဲ့ဒါမကောင်းဘူး တခြားဝယ်ဆိုရင်တောင် ကိုယ်ဝယ်ချင်တဲ့ Brand ကိုပဲ မရရအောင်ဝယ်လာတာ။ မကောင်းဘူးပြောတဲ့ သူငယ်ချင်းကိုတောင် ကိုယ်ကြိုက်တဲ့ Brand ကိုဝယ်ဖို့ တိုက်တွန်းတာမျိုးတောင် လုပ်မိကြတာမျိုး ရှိကြတယ် မဟုတ်လား? .. ဒါကြောင့် Branding က Influencing ပါပဲ။
‍‍‍‍‍‍
ခင်ဗျားတို့ဟာ Business Owner ဆိုရင် အဓိကစဉ်းစားဖြေရှင်းရမယ့် challenge က .. "လူတွေ ကိုယ်ရောင်းတဲ့အရာတစ်ခုကို မလိုအပ်ခင်ကတည်းက ကိုယ့် Brandက သူတို့ရဲ့ choice လုပ်မယ့် Brand ဖြစ်နေဖို့ လိုတာပါပဲ".. ဥပမာ ။ လူတွေ Coach လိုတယ်လို့ မထင်ခင်ကတည်းက လူအများကြိုက်တဲ့ Coach ဖြစ်အောင် လုပ်ထားတာမျိုး။ Lawer လိုတယ်လို့ မထင်ခင်ကတည်းက လူကြိုက်အများဆုံး Lawer ဖြစ်အောင် Brand တင်ထားတာမျိုး။ နောက်ထပ် ဥပမာ အနေနဲ့ .. Fashion product တွေ၊ အလှကုန်၊ ကား၊ Professional service၊ Product ဘာတွေပဲဖြစ်ဖြစ် ကိုယ်ကလူတွေ မလိုအပ်ခင်ကတည်းက လိုအပ်လာမယ် ဆိုရင် ကိုယ့် product၊ ကိုယ့် service ပဲသုံးအောင် လုပ်ထားတာရမယ်။ ကိုယ်က သူတို့ရဲ့ " Go to person/ product for their _____" ဖြစ်အောင်လုပ်ထားတာဟာ Business တွေရဲ့ အဓိက ဖြေရှင်းရမယ့် challenge ပါပဲ..
‍‍‍‍‍‍
Crd Sr.William Kyaw

International Day for the Preservationof the Ozone LayerⓂ️ယနေ့ဟာ အပြည်ပြည်ဆိုင်ရာ Ozone လွှာ ကာကွယ်ရေး နေ့ ဖြစ်ပါတယ်။Ⓜ️Oz...
16/09/2019

International Day for the Preservation
of the Ozone Layer

Ⓜ️ယနေ့ဟာ အပြည်ပြည်ဆိုင်ရာ Ozone လွှာ ကာကွယ်ရေး နေ့ ဖြစ်ပါတယ်။

Ⓜ️Ozone Layer ဆိုတာ ကမ္ဘာမြေကြီးကို နေရောင်ခြည်ဒဏ်တွေမှ ကာကွယ်ပေးထားတဲ့ ဓာတ်ငွေ့အလွှာတစ်ခု ဖြစ်ပါတယ်။ဒါပေမယ့် လူဦးရေ ထူထပ်လာတာနှင့်အမျှ ဓာတုပစ္စည်းများကြောင့် ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးလာပါတယ်။ ဒါကြောင့် (1987) ခုနှစ်တွင် အိုဇုန်းလွှာဆိုင်ရာ ပြသနာများကို ဖြေရှင်းနိုင်ရန် Montreal Protocol ကို ဖွဲ့စည်းနိုင်သော အထိန်းအမှတ်အားဖြင့် September (16) နေ့ကို အပြည်ပြည်ဆိုင်ရာ Ozone လွှာ ကာကွယ်ရေး နေ့ International Day for the Preservation of the Ozone Layer နေ့အဖြစ် 2000 ခုနှစ် December 19 တွင် စတင်သတ်မှတ်ခဲ့ပါတယ်။

Ⓜ️ရာသီဥတု အပြောင်းအလဲနှင့် သဘာဝစွမ်းအားစုများကို အလေးထားသကဲ့သို့ တရားမဝင် ဓာတ်ငွေ့သုံးစွဲနေမှုများကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အိုဇုန်းလွှာ ပျက်စီးမှုတွေကို လျစ်လျူရှုမထားဖို့ လိုအပ်ပါတယ်။


  Gap
10/09/2019

Gap

စီးပွားရေးလုပ်ငန်းလုပ်မည့်သူများသိထားသင့်သောအချက်များB2B ,B2C ,B2G ,C2B ,C2C ,G2B ,G2C ,G2G  Ⓜ️B2B (Business to Business...
06/09/2019

စီးပွားရေးလုပ်ငန်းလုပ်မည့်သူများသိထားသင့်သောအချက်များ

B2B ,B2C ,B2G ,C2B ,C2C ,G2B ,G2C ,G2G

Ⓜ️B2B (Business to Business )

Business တခုကနေ တခြားbusiness တခုကိုရောင်းချခြင်း
ကုမ္ပဏီတစ်ခု သို့ လုပ်ငန်းတခု ကနေ ထုတ်လုပ်လိုက်တဲ့ Product (ပစ္စည်း) သို့မဟုတ် Service(ဝန်ဆောင်မှု ကို တခြား ကုမ္ပဏီ တစ်ခုဝယ်ယူသုံးစွဲခြင်းကိုခေါ်ပါတယ် နောက်တော့မှစားသုံးသူဈေးကွက်စီကိုဖြန့်ဖြူးရောင်းချခြင်းမျိုးပါ။

ဥပမာ Supplierအနေနဲ့လုပ်ငန်းတခုကနေတခုကိုပေးတာမျိုး ICT solution ပေးတဲ့companyမျိုး POS (Point of sale )ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းမျိုး တွေပါ။

Ⓜ️B2C (Business to Customer )

Business ကနေ customer ကိုရောင်းချခြင်းပါ။ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းတစ်ခုကနေထုတ်လုပ်လိုက်တဲ့ Product (ကုန်ပစ္စည်း) သို့မဟုတ် Service (ဝန်ဆောင်မှု) ကိုစားသုံးသူ ကို တိုက်ရိုက်ရောင်းချခြင်း ဖြစ်ပါတယ်။

ဥပမာ- ကုန်စုံဆိုင် စားသောက်ဆိုင် ပွဲလမ်းသဘင်တွေမှာပစ္စည်းရောင်းတာမျိုး စသည်ဖြင့် ဒါကတော့အများဆုံးလုပ်ကြတဲ့ပုံစံပါ။

Ⓜ️B2G (Business to Government )

ဒါကတော့နိုင်ငံပိုင်အစိုးရနဲ့ လုပ်ငန်းဆက်သွယ်လုပ်ရတဲ့သဘောပါ
နိုင်ငံပိုင်အစိုးရဌာနများနှင့်သက်ဆိုင်သောအခွန်အခများပေးဆောင်ရာ
တွင်ကုမ္ပဏီများမှကြားခံဝင်ရောက်ပြီးဝန်ဆောင်ခရယူ၍ကောက်ခံအသုံး
ပြုခြင်းဖြစ်ပါတယ်။

ဥပမာ ...စည်ပင်ခွန်ပေးဆောင်ခြင်း မီတာခပေးဆောင်ခြင်းစသည်တို့အတွက် ကြားခံဘဏ် သို့မဟုတ် Company တခုခုကနေဖြေရှင်းပေးခြင်းပါ။

Ⓜ️C2B (Consumer to Business )

သုံးစွဲသူ၊ဝယ်ယူသူများသည် ကြားခံ ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းအကူအညီဖြင့် ဝယ်ယူခြင်းနည်းလမ်း တစ်ခုဖြစ်ပါတယ်။
Customer က Product and Service အတွက် Business ကို ဆက်သွယ်တာမျိုးပါ သူတို့ လုပ်နိုင်တဲ့ Abilities(အရည်အချင်း) အတွက် Profile တွေ တည်ဆောက်ပြီး Business ကို ဆက်သွယ်ကြတယ်။

Ⓜ️C2C ( Customer to Customer )

Customer အချင်းချင်းတိုက်ရိုက်ရောင်းတာဝယ်တာ (trade ) လုပ်တဲ့သဘောပါ
သူတို့ ကြားမှာ business firm မရှိပါဘူး။
ပစ္စည်းပိုင်ဆိုင်သူတစ်ယောက်က ကြားခံ တခုခုကိုသူံးပြီးဈေးကွက်တင်တယ် အဲ့တာကို ဝယ်ယူသူကတိုက်ရိုက်ဝယ်တာမျိုးပါ။

ဥပမာ C2C သွားလို့ရတဲ့ applicationများစွာရှိပါတယ် One Kyat applicationတို့ shop online appတိုစသည်ဖြင့်အများကြီးရှိပါတယ်

Ⓜ️G2B (Government to Business )

နိုင်ငံပိုင်အစိုးရဌာနတွေ အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ရာမှာ တိုက်ရိုက်လုပ်ဆောင်ခြင်းမပြုပဲ ကုမ္ပဏီများမှကြားခံကာ ဆောင်ရွက်ခြင်းပါ။

ဥပမာ ဆောက်လုပ်ရေးကဏ္ဍ မှာလမ်းတံတားဆောင်ရွက်ရင် နိုင်ငံပိုင်သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေတဆင့် တင်ဒါခေါ်ယူပြီး ကုမ္ပဏီများမှယှဉ်ပြိုင်လုပ်ဆောင်စေခြင်းပါ။

Ⓜ️G2C (Government to Citizen)

နိုင်ငံတော်အနေနဲ့ ပြည်သူပြည်သားတွေအတွက်တိုက်ရိုက်လုပ်ဆောင်ပေးခြင်းမျိုးပါ
အစိုးရဗဟို ပြု ကာ ပြည်သူပြည်သားတွေအတွက် လုက်ဆောင်ပေးမည့်စီမံကိန်းများချမှတ်၍တိုက်ရိုက်လုပ်ဆောင်ပေးသည့် ပုံစံမျိုးပါ။

ဥပမာ...စိုက်ဘဏ် (စိုက်ပျိုးရေးနဲ့မွေးမြူရေးဘဏ်) တို့ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်တို့မှ ချေးပေးခြင်း၊ လယ်ယာကဏ္ဍအတွက်စိုက်ပျိုးငွေချပေးခြင်းမျိုးပါ။

Ⓜ️G2G (Government to Government )

ဒါကတော့ရှင်းပါတယ် နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ပြီး လုပ်ငန်းလုပ်ဆောင်တဲ့ ပုံစံပါ။
တဖက်နိုင်ငံနဲ့အစိုးရဌာနအချင်းချင်းသတင်းအချက်အလက်တွေ နဲ့ ထောက်ပံ့ကူညီတဲ့ပုံစံမျိးပါ။

ထပ်ချဲ့ရေးရင်အများကြီးကျန်ပါသေးတယ်။


စွန့် ဦးတီထွင်လုပ်ငန်းသမားများတွက် အောင်မြင်ခြင်းသော့ချက်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်တော့မယ် စတင်တော့မယ်ဆိုရင် စည်း...
28/08/2019

စွန့် ဦးတီထွင်လုပ်ငန်းသမားများတွက် အောင်မြင်ခြင်းသော့ချက်

စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်တော့မယ် စတင်တော့မယ်ဆိုရင် စည်းစနစ်ကျကျ လုပ်ဆောင်နိုင်ဖို့ အစီအစဉ်တွေရေးဆွဲဖို့ အရမ်းအရေးကြီးပါတယ်။ ဘယ်လုပ်ငန်းမဆို လုပ်ကိုင်ခါစမှာ စွဲမက်စရာမကောင်းပါဘူး။ ပြီးတော့ တခါတလေမှာ ရိုးရိုးလေးအတိုင်းလုပ်ဆောင်တာအကောင်းဆုံးပါ။ အရင်က စွန့် ဦးလုပ်ကိုင်သူတွေ စီးပွားရေးလုပ်ငန်းရှင်တွေကြုံတွေ့ ခဲ့ရတဲ့အမှားတွေကိုသေချာလေ့လာမယ်။ သူတို့ လိုအမှားမျိုးမကြုံတွေ့ ရလေအောင် သင်ခန်းစာယူပြီး ဂရုတစိုက်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုလမ်းခရီးဟာပိုပြီးအမှားနည်းလာမယ်။ပိုပြီး အောင်မြင်လာမှာဖြစ်ပါတယ်။

ငွေကိုလုံလုံလောက်လောက်မသုံးစွဲဘူး( ဒါမှမဟုတ်) ငွေကိုအလွန်အကျွံသုံးစွဲတယ်
စွန့် ဦးလုပ်ကိုင်သူတယောက်အတွက် အပူပန်
ဆုံးအရာက ငွေပါဘဲ။ဒါ့ကြောင့် သုံးစွဲသင့်တဲ့နေရာမှာသုံးစွဲရမယ်။မလိုအပ်တဲ့နေရာမှာ ငွေကိုမသုံးမိပါစေနဲ့ ။စီးပွားရေးစတင်လုပ်ကိုင်ပြီ၊ ရင်းနှီးမြှပ်နှံမှုတစ်ခုလုပ်ကိုင်ပြီဆိုတာနဲ့ အစစအရာရာချွေတာရပါပြီ။ငွေရှာမယ်၊ စုဆောင်းမယ် ဆိုတဲ့အချက်ကအရာအားလုံးထဲက ဦးစားပေးရမယ့်အချက်ပါ
စီးပွားရေးစတင်လုပ်ကိုင်သူတွေ တွေးတဲ့အတွေးနှစ်ခုရှိပါတယ်။ ငွေရှာဖို့ အတွက် ငွေကို အလုံးအရင်း မြှပ်နှံမလား? ဒါမှမဟုတ် လုပ်ငန်းကဝင်ငွေမရခင်အထိ ငွေကိုစီစစ်သုံးစွဲမလား ဆိုတာပါဘဲ။စတင်ခါစမှာ အလွန်အကျွံသုံးစွဲရင် စွန့် စားမှုကြီးမားလွန်းလှပါတယ်။ဒါ့ကြောင့် လုပ်ငန်းအစမှာ ငွေကိုသေချာသုံးစွဲပါ။ဒါပေမယ့် သင့်လုပ်ငန်းနဲ့ သင့်တော်တဲ့သူတွေ အရည်အသွေးပြည့်ဝတဲ့အရာတွေပေါ်မှာ ရင်းနှီးဖို့ ငွေသုံးစွဲဖို့ မကြောက်ပါနဲ့ ။အဲ့အရာတွေက သင့်ကိုရေရှည်အောင်မြင်မှုအတွက် အထောက်အပံ့တွေပါဘဲ

သင့်မှာ ပြိုင်ဘက်မရှိဘူးလို့ ထင်တယ်
ပစ္စည်းအသစ်အတွက် ဒါမမဟုတ် လုပ်ငန်းအသစ်တခုအကြောင်း စိတ်လှုပ်ရှားမှုတွေက သင့်ကို ငါ့မှာပြိုင်ဘက်မရှိပါဘူး၊ အခြားပစ္စည်းတွေ လုပ်ငန်းတွေက ငါ့တို့ ထက်သာတော့ ပြိုင်ဘက်မဟုတ်ပါဘူးဆိုတဲ့အတွေးတွေကို တွေးမိစေပါတယ်။လက်တွေ့ မှာ ပြိုင်ဘက်ဆိုတာ နေရာတိုင်း လုပ်ငန်းတိုင်းမှာရှိတာပါ။သင်စိတ်ကူးထားတဲ့လုပ်ငန်းနေရာကို လုပ်နှင့်နေပြီးသားလူတွေအများကြီးပါ။ ဒါ့ကြောင့် သင်လုပ်ငန်းစလုပ်ပြီဆိုတာနဲ့ ပြိုင်ဘက်ကဘယ်သူတွေလဲ? သူတို့ နဲ့ ဘယ်လိုကွဲပြားအောင်လုပ်ဆောင်နိုင်မလဲဆိုတဲ့အချက်တွေကိုအဖြေရှာရပါတော့မယ်

ဘယ်လိုဝန်ထမ်းတွေကိုခေါ်ယူမလဲဆိုတဲ့ဆုံးဖြတ်ချက်ကို ကုန်ကျမယ့်စရိတ်ပေါ်မှာအခြေခံပြီး ဆုံးဖြတ်တယ်
ငွေကြေးမလုံလောက်တဲ့အခါ ဝန်ထမ်းငှားရမ်းရာမှာ တော်တော်အခက်အခဲတွေ့ ရပါတယ်။ကြေးနဲတဲ့ ဝန်ထမ်းတွေဟာ အတွေ့ အကြုံနဲတယ်၊ အချို့ ကအတွေ့ အကြုံမရှိပါဘူး။ မကျွမ်းကျင်ကြသလို အားကိုးလို့ မရတဲ့သူတွေဖြစ်ပါတယ်

ရယူနိုင်လောက်တဲ့ရည်မှန်းချက်တွေကိုချမှတ်ရမယ်။
ယနေ့  စွန့် ဦးလုပ်ကိုင်သူတွေဟာ ကျစ်လစ်တိကျတဲ့ အစီအစဉ်တွေမရှိဘဲနဲ့ ရည်မှန်းချက်ကြီးကြီးမားမားထားကြတယ်။ဒါပေမယ့် အရေးကြီးဆုံးက လက်တွေ့ ကျတဲ့ ရယူနိုင်လောက်တဲ့ ရည်မှန်းချက်တွေကိုချမှတ်ရမယ်။ရေတိုနဲ့ ရေရှည်ရည်မှန်းချက်တွေကိုချမှတ်ရမယ်။ တိတိကျကျဖြစ်ပါစေ။ တစ်နှစ်အတွင်း မီလီယျံနာဖြစ်ရမယ်ဆိုတာတွေက မြင့်မားလွန်းလှပါတယ်။ဖြစ်နိုင်တယ်ဆိုပေမယ့် ရာခိုင်နှုန်း နဲပါးလွန်းပါတယ်။သင် ရယူနိုင်လောက်တဲ့ရည်မှန်းချက်ကိုချမှတ်ပါ။ပြီးတာနဲ့  သင့်ပန်းတိုင်ကိုရောက်ဖို့ ဘယ်လိုအရာတွေကိုလုပ်ဆောင်မလဲဆိုတာတွေကိုဆုံးဖြတ်ပါ

အားလုံးကိုသင်တယောက်ထဲလုပ်ကိုင်နိုင်တယ်လို့ ထင်တယ်
လုပ်ကိုင်ကာစတော့ ဘယ်သူမှ မိမိလောက် အလုပ်ကိုကောင်းကောင်းမလုပ်နိုင်ဘူးလို့ ထင်ကြစမြဲပါ။ရေရှည်မှာ သင်တယောက်ထဲလုပ်ကိုင်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အရည်အချင်းပြည့်ဝတဲ့ အတွေ့ အကြုံရှိတဲ့ ဝန်ထမ်းတွေလိုအပ်လာပါပြီ။

ဖြစ်ပါ့မလားဆိုတဲ့စိုးရိမ်စိတ်တွေကလွှမ်းမိုးနေတယ်
ကျရှုံးရဲတဲ့သူဟာ ဘယ်အရာကိုမဆိုအောင်မြင်နိုင်ပါတယ်။စီးပွားရေးတစ်ခု စတင်တာဟာ ကြောက်စရာကောင်းတာအမှန်ပါ။ကျရှုံးမှာကြောက်နေမယ်ဆိုရင် သင့်လုပ်ငန်းဟာ တိုးတတ်သင့်သလောက်တိုးတတ်မှာမဟုတ်ဘဲ နှောင့်နှေးကြံ့ကြာနေမှာပါ။

သင့်ရဲ့ထုတ်ကုန်( product ) ကိုပထမနေရာ၊ customer ကိုဒုတိယနေရာထားတယ်
သင့်ရဲ့ထုတ်ကုန်တွေကို စီးပွားရေးပုံစံကို ဖန်တီးတဲ့အခါ customer ကို ပထမနေရာကထားဖို့ အ
မ်းအရေးကြီးပါတယ်။စွန့် ဦးလုပ်ကိုင်သူ အများစုဟာ ငွေရဖို့ လောက်ဘဲ စိတ်ထဲမှာ အားသန်နေကြပြီး ရေရှည်တည်တံ့တဲ့စီးပွားရေးလုပ်ငန်းကိုတည်ဆောက်ဖို့ သော့ချက်ကို မေ့နေကြတယ်။ သော့ချက်ကဘာလဲ? အမြဲစိတ်ကျေနပ်နေတဲ့ သစ္စာရှိတဲ့ customer တွေဟာ သင့်စီးပွားရေး ရေရှည်အောင်မြင်ဖို့ အတွက် အဓိကသော့ချက်ပါဘဲ

စွန့် ဦးလုပ်ကိုင်သူတစ်ဦးဖြစ်ဖို့ စီးပွားရေးလုပ်ကိုင်သူတစ်ဦးဖြစ်ဖို့ မလွယ်ကူသလို အမှားတွေဆိုတာလဲ ရှိလာမှာပါဘဲ။ဒါပေမယ့် အထက်ဖော်ပြပါ အချက်တွေကိုသေချာဂရုပြုပြီးလုပ်ဆောင်ရင် အမှားတွေနည်းသွားမှာအသေအချာပါဘဲ

crd=

"စီးပွားရေး ကို လေ့လာနေသူတွေတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းများ"(၁) ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း ချမ်းသာနည်း....မြတ်ငြိမ်...
21/08/2019

"စီးပွားရေး ကို လေ့လာနေသူတွေတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းများ"

(၁) ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း ချမ်းသာနည်း....မြတ်ငြိမ်း
(၂) စီမံခန့်ခွဲမှုနှင့် ဆွန်ဇူး၏ စစ်ရေးဗျူဟာ....ဝင်းသိန်းဦး
(၃) ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ကျွန်တော်နဲ့ဆောင်းပါးများစုစည်းမှု
(၄) ကျွမးကျင်တဲ့ရင်းနှီးမြှုပ်နှံသူဖြစ်ဖို့ ....ညီညီနိုင်
(၅) ဦးဝင့်ကျော် ...ဘဏ်အကြောင်း ငွေအကြောင်း
(၆) ဖေမြင့် ....ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်
(၇) စီးပွားရေးမျက်စိ ...ဒေါက်တာ ခင်မောင်ညို ဘောဂဗေဒ
(၈) အောင်မောင်း....ကြော်ငြာ ခြင်းအနုပညာ
(၉) တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေး လုပ်ငန်း ထူထောင်ခြင်း ဖွံဖြိုးအောင်ပြုလုပ်ခြင်းနည်းများ...ဦးကျော်ညွန့်
(၁၀) ယုံမှတ်လို့ပုံအပ်မိသူများအကြောင်း ...မေတ္တာရှင် ရွှေပြည်သာ
(၁၁) မောင်ပေါ်ထွန်း...အမြန်ဆုံး သူဌေးဖြစ်နည်း
(၁၂) အောင်မြင်မှု ချမ်းသာသုခ နှင့်ဓန ဥစ္စာ...ဖေမြင့်
(၁၃) ဦးနု...မိတ္တ ဗလ ဋီကာ
(၁၄) 10 DAY MBA ဖြင့် နိုင်ငံတကာ စီးပွားရေး လုပ်ကိုင်ခြင်း
(၁၅) ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အကဲဖြတ်နည်းများ...ဦးလှကြည်..ညွှန်မှူးငြိမ်း...စာရင်းစစ်ချုပ်ရုံး
(၁၆) စီမံခန့်ခွဲမှု အမေးအဖြေများ ၁+၂ ...ဒေါက်တာ ခင်စန်းရီ
(၁၇) ငှါးရမ်းမှုစာချုပ်စာတမ်းရေးသားနည်း အမျိုးမျိုး ......ကျော်မောင်မောင်
(၁၈)အခွန် တိမ်းရှောင်ခွင့် အခွန် ကင်းလွတ် ခွင့် အခွန်စံနစ်ပြုပြင်ပြောင်းလဲရေး....Mမောင်မောင်
(၁၉) အိမ်ခြံမြေအကြောင်းသိကောင်းစရာများ....ကြည်စိုး..IC
(၂၀)စတော့ဖြင့် လက်တွေ့စီးပွားရှာနည်း....ဒေါ်သန်းသန်းမော်


Address

Yangon

Telephone

0931824447

Website

Alerts

Be the first to know and let us send you an email when MMAC College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to MMAC College:

Share