ဖြည့်စွက်စာကို ယုံကြည်သူများ PAGE

  • Home
  • Myanmar
  • Yangon
  • ဖြည့်စွက်စာကို ယုံကြည်သူများ PAGE

ဖြည့်စွက်စာကို ယုံကြည်သူများ PAGE TikTok Video များ ကြည့်ရန်
https://www.tiktok.com/?_t=8iY9g0CYbyr&_r=1

ပစ္စည်းလေးပြတ်သွားတဲ့ Biotech တံဆိပ်က d3 plusဘူးလေးတေ ပြန်ရောက်နေပါပီနော်ရှင့်
21/08/2026

ပစ္စည်းလေးပြတ်သွားတဲ့ Biotech တံဆိပ်က d3 plusဘူးလေးတေ ပြန်ရောက်နေပါပီနော်ရှင့်

Horbaach ကထုတ်လုပ်ထားသော vitamin k2 ဘူးလေးတွေ အသစ်ရောက်နေပါပီရှင့်
21/08/2026

Horbaach ကထုတ်လုပ်ထားသော vitamin k2 ဘူးလေးတွေ အသစ်ရောက်နေပါပီရှင့်

D3-5000အားနဲ့k2-100mg ရောထားသောHorbaach ကထုတ်လုပ်ထားတဲ့ဘူးအသစ်လေးတွေရောက်နေပါပီရှင့်        ဆိုင်လိပ်စာလေးက အမှတ် 527 မဟ...
20/08/2026

D3-5000အားနဲ့k2-100mg ရောထားသောHorbaach ကထုတ်လုပ်ထားတဲ့ဘူးအသစ်လေးတွေရောက်နေပါပီရှင့်

ဆိုင်လိပ်စာလေးက အမှတ် 527 မဟာဗန္ဓုလ လမ်းမပေါ် 27လမ်းနဲ့ 28လမ်းကြား ပန်းဘဲတန်းမြို့နယ် ရန်ကုန်ပါရှင့်

19/08/2026

16.8.26 Zoom မျက်စိ အ​ကြောင်း ဗဟုသုတများ

(Every Sunday, Tuesday ည (၇) နာရီ (ID 902 421 8439, Passcode 425 106) (ဆရာမကြီးက အားလုံးကို unmute မလုပ်ဘဲ ​​မေးချင်သူကို raise hand လုပ်ခိုင်းပြီးမှ သူ့တ​ယောက်တည်းကိုပဲ unmute လုပ်သင့်​ကြောင်း တ​ယောက်က အကြံ​ပေး)

၁။ မျက်စိ​ဝေဒနာ ​ပျောက်ကင်း​ကြောင်း ​ပြောပြလာတဲ့ Comment တခုကို ဖတ်ပြ၊

မျက်ကြည်လွှာ ပျက်စီးတဲ့ ​ဝေဒနာ ခံစား​ရ၊ မျက်စိ​​ခြောက် (Dry Eye) မျက်စိနီ၊ မျက်စိ​ရောင်၊ မျက်စိအထူးကု​တွေနဲ့ ပြသ၊ စတီရွိုက်​တွေနဲ့ ကုသ၊ မသက်သာ၊ မျက်စိ တဖက် ကွယ်သွား၊

ဘန်​ကောက်မှာ သွားပြ၊ ​မျက်စိ​ရောင်​နေတာ သက်သာမှ မျက်ကြည်လွှာ လဲ​ပေးမယ်​ပြော၊ မျက်စိ​ရောင်တာကို ဘန်​ကောက် အကြိမ်ကြိမ် သွားကု၊ မသက်သာ

ဆရာမကြီး Video ​တွေ ​တွေ့ပြီး Autoimmune လက်ခဏာ​တွေ ဖြစ်​နေတာ သိရ၊ ဝမ်းချုပ်၊ Thyroid စစ်ကြည့် ​တော့ Antibody ​တွေ တက်​နေ၊ အူလမ်း​ကြောင်း​ကောင်း​အောင် ဆရာမကြီး ​ပြောတာ​တွေ လိုက်နာ၊ အူလမ်း​ကြောင်း ထိခိုက်တာ​တွေ အကုန်ဖြတ်၊ ဟင်းချက်ဆီကိုလဲ ဆရာမကြီး​ပြောတာ ​ပြောင်းသုံး၊ Supplement ​တွေ ​သောက်

၃ လ ​ကျော်​ကျော် ၆ လ​လောက်မှာ ဝမ်းမှန်သွား၊ Antibody ​တွေ ကျသွား၊ မျက်လုံး​ရောင်တာ နီတာ ​ပျောက်သွား

ဘန်​ကောက်သွားပြန်ပြ၊ ဆရာဝန်က အံ့သြ၊ မျက်ကြည်လွှာ လဲ​ပေး၊ အခုဆို ၂ နှစ်ရှိပြီ ​ကောင်း​နေဆဲ၊

ဆရာမကြီး ​ပြောထားတဲ့ အူလမ်း​ကြောင်း​ကောင်း​အောင် လုပ်ရမှာ​တွေက ဂျုံ၊ ဂလူတင်၊ တာရှည်ခံအစာ (Preserved Food) ပဲအမျိုးမျိုး၊ အချိုမှုန့်၊ အချိုရည်၊ သကြား၊ ​ရေခဲမုန့်၊ ကိတ်မုန့်၊ နွားနို့ ဖြတ်၊ ဟင်းချက်ဆီ ​ပြောင်းသုံး (Vegetable Oil အစား သံလွင်ဆီ၊ အုန်းဆီ၊ ဝက်ဆီ၊ အမဲဆီ၊ Gee ​ပြောင်းသုံး)၊ အူလမ်း​ကြောင်း ​ကောင်း​အောင် ​သောက်ရမယ့် ဖြည့်စွက်စာ​တွေက D3, K2, Selenium, Probiotic, B Complex, NAC, Collagen, Glycine, Vit C, Magnesium, Zinc, Coq10, Cod Liver Oil,

၂။ D3 မှန်မှန်​သောက်ပြီး D3 level မတက်သူ တဦးအ​ကြောင်း ၆၆ နှစ်

D3 level 7.7 ng/ml ပဲရှိ Loading Dose (50000iu) ​သောက်ပြီး 5000iu ဆက်​သောက်၊ Magnesium, Zinc, K2 တွဲ​သောက် ​သောက်​နေရင်း စစ်ကြည့် 48, 49 အထိတက် 31 အထိ ပြန်ကျ

D3 ​သောက်ပြီး level မတက်တာ အူလမ်း​ကြောင်း မ​ကောင်းလို့လဲ ဖြစ်နိုင်၊ အစာမရှိချိန် D3 ​သောက်ရင်လဲ အာနိသင် မရ၊ အစား များများ စားပြီးချိန် ​သောက်မှ အာနိသင်ရ၊ ဗီဇမှာ Receptor Problem ပါလာရင်လဲ D3 level မတက်၊ Hypo Thyroid ဖြစ်​နေရင်လဲ အစာလမ်း​ကြောင်း လှုပ်ရှားမှု ​နှေးပြီး ရင်ပြည့် ရင်ကယ် ​လေတက်၊ အူက D3 ကို မစုပ်ယူနိုင်၊ သည်း​ခြေ ​ကျောက်တည်တတ်၊

D3 level မတက်ရင် Hypo Thyroid စစ်၊

D3 နဲရင်၊ Ferritin (သံဓါတ်) နည်းရင်၊ Hyper Thyroid ဖြစ်ရင် ​ချွေးထွက်များတတ်၊

D3 level မ​ကောင်းရင် အသည်း B ပိုး၊ C ပိုး၊ TB, အနာကြီး ကူးစက်လွယ်၊ အိမ်တအိမ်မှာ အနာကြီး​ရောဂါဖြစ်ရင် D3 Receptor Problem ရှိသူ D3 အလွန်နည်းသူကိုသာ ကူးစက်တာ ​တွေ့ရှိရ၊

အနာကြီး ​ရောဂါသည်​တွေ D3 High Dose တိုက်လိုက်ရင် ၂ ပတ်အတွင်း နှစ်​ပေါင်းများစွာ ဖြစ်​နေတဲ့ အနာ​တွေ ​ပျောက်သွားတာ ကိုယ်​တွေ့ ​တွေ့ခဲ့ရ

၃။ အရိုးပါးတာ ကာကွယ်ဖို့ D3, K2 ​သောက်၊ အ​လေးမ၊ ဆရာမကြီး အသက် (၈၀) အ​လေးမ မှန်မှန် လုပ်​နေ၊

၄။ ဆရာမကြီး ​ပြောတာ​တွေကို ပြန်​ရေးရင် မှန်​အောင် ​ရေးကြပါ၊ တချို့က မှား​ရေးကြ​တယ်၊ ​ဝေဖန်သူ​တွေက ဆရာမကြီး​ပြောတာကို တိုက်ရိုက် နားမ​ထောင်ဘဲ တဆင့်ရေး​တာ​တွေ ဖတ်ပြီး ​ဝေဖန်ကြ​တော့ တလွဲ​တွေ ဖြစ်​နေကြပါတယ်၊

Ko Aung Ko
19.8.26

(Share ​ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်၊ ကျန်းမာ​ရေး ဗဟုသုတများကို Telegram မှာ ပါဝင်စု​ဆောင်း​လေ့လာလိုသူများ Telegram No. 095106291 သို့ Health ပို့​ပေးပါ)

ကျန်းမာ​ရေး ဗဟုသုတများ
https://www.facebook.com/share/p/1K8MN2YfAo/

ပြတ်နေတဲ့ coq 10 softgels လေးတွေပြန်ရောက်နေပါပြီနော်ရှင့်
18/08/2026

ပြတ်နေတဲ့ coq 10 softgels လေးတွေပြန်ရောက်နေပါပြီနော်ရှင့်

D3,အား5000နဲ့ရောတာလေး အမေးများနေလို့
18/08/2026

D3,အား5000နဲ့ရောတာလေး အမေးများနေလို့

Doctor Who ကထုတ်တဲ့olive oil 170mlပါတဲ့ ဘူး‌ေသးလေး‌ေတွ မနေ့ကမှရောက်လို့ တင်ပေးလိုက်ပီနော်။ ဟင်းချက်လို့လည်းရ သောက်လို့လည...
17/08/2026

Doctor Who ကထုတ်တဲ့olive oil 170mlပါတဲ့ ဘူး‌ေသးလေး‌ေတွ မနေ့ကမှရောက်လို့ တင်ပေးလိုက်ပီနော်။ ဟင်းချက်လို့လည်းရ သောက်လို့လည်းရ ခေါင်းလည်းလိမ်း အသားအရေအတွက်
လည်းကောင်းသော ☺️☺️☺️🍾🍾🍾

ဘူးလိုက်ဆို များလို့မယူချင်ရင် 500g အထုတ်‌ လေးတေလည်းရှိနေပီနော်🥡
17/08/2026

ဘူးလိုက်ဆို များလို့မယူချင်ရင် 500g အထုတ်‌ လေးတေလည်းရှိနေပီနော်🥡

17/08/2026

ချစ်ခြင်းမပြယ် ချစ်လျက်ပါပဲ အပိုင်း (၃)

ကျွန်မတို့ အလွန် ရင်းနှီးပြီး ချစ်ကြသည့် သူငယ်ချင်း သုံးယောက်ကတော့ ကျွန်မရယ်၊ ကျွန်မ အမျိုးသားရယ်၊ ကျွန်မတို့ သူငယ်ချင်း ကင်ဆာအထူးကု ဆရာဝန်ကြီးရယ် ဖြစ်ပါတယ်။

ကျွန်မ အကြောင်းကတော့ အားလုံး သိပြီးသားမို့ မပြောလိုတော့ပါ။

ကျွန်မတို့ရဲ့ သူငယ်ချင်း အကြောင်းလဲ ပြောပြီး ဖြစ်ပါတယ်။

ပြောပြဖို့ ကျန်နေတာကတော့ ကျွန်မ၏ အမျိုးသား အကြောင်းပဲ ဖြစ်ပါတယ်။

သူကတော့ ငယ်ငယ်လေးတည်းက အားကစား အလွန် ဝါသနာပါသူ တစ်ဦး ဖြစ်ပါတယ်။

အမေရိကားမှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရင်း အခန့်မသင့်တော့ ဒူးမှာရှိသည့် ပင်မ အရွတ်ကြီး ပြတ်ထွက်သွားတာကြောင့် ခွဲစိတ် ခံခဲ့ရပါတယ်။

အရိုးအထူးကု ဆရာဝန်က ပြောလိုက်ပါတယ်၊ ဒီ ခွဲထားသည့် နေရာက ကြာရင် arthritis လို့ ခေါ် သည့် ကျီးပေါင်း တက်ဖို့လမ်း သိပ်များပါတယ်တဲ့။

ကျွန်မကတော့ အလုပ်မှ အနားယူပြီး နောက်ပိုင်းမှာ ပုံးအပြင်ထွက်ပြီး ကြောင်းကျိုးဆက်နဲ့ ကုသည့် ဆေးပညာ တစ်ရပ်ကို လေ့လာမိပါတယ်။

ကျွန်မက ယုံယုကြည်ကြည်နဲ့ လိုက်နာပြီး လက်တွေ့ အကျိုးတွေကို ခံစားလာရသည့်အခါ ကျွန်မ အမျိုးသားကိုလည်း သေသေချာချာ နားလည်အောင် ရှင်းပြပြီး ကျွန်မတို့ နှစ်ယောက်က ဖြစ်နိုင်ရင် ဘေးထွက်ဆိုးကျိုးတွေ များလှသည့် ဓာတုဆေးတွေကို ရှောင်ပြီး ခန္ဓာကိုယ် ဖြည့်စွက်ဓာတ်တွေ၊ ဗီတာမင် မျိုးစုံ၊ ဆနွင်း၊ စသည်တို့နှင့်သာ ကျင်လည်ခဲ့ကြပါတယ်။

ကျွန်မ အမျိုးသားကို ခွဲထားသည့် ဒူး၊ ကျီးပေါင်း တက်နိုင်သည့်လမ်း သိပ်များတယ်လို့ ဆရာဝန်ကြီး၏ စကား ဟာ ယနေ့အထိ မမှန်လာခဲ့ပါ။

အဓိက ပြောချင်တာကတော့ တစ်နေ့မှာ ကားနောက်ဖက်က ပစ္စည်းတစ်ခုကို လှမ်းပြီး ယူလိုက်သည့်အခါ ဘယ်ဘက်ပခုံးက အတော်လေး နာသွားပြီး လက်ကို နဂို အတိုင်း သုံးလို့ မရ ဖြစ်သွားပါတယ်။

လက်မြှောက်ရင်တောင် အလွန် နာတာမို့ မလုပ်နိုင်ခဲ့ပါ။

မသက်သာတာနဲ့ ပခုံး အထူးကု ဆရာဝန်ကြီး တစ်ဦးနဲ့ သွားပြပါတယ်။

ထုံးစံအတိုင်း ဓာတ်မှန် မျိုးစုံ ရိုက်ပြီး နောက်ဆုံးမတော့ MRI ရိုက်ဖြစ်ပါတယ်။

MRI က ဘယ်လို ဖတ်သလဲဆိုတော့ ပခုံးကို တည်းထားသည့် အဓိက အရွတ်များဟာ လုံးဝကို ပြတ်ထွက်သွားပါတယ်

ဒါကြောင့် ကုရိုးကုစဉ် laparoscopic နည်းနဲ့ အရွတ်တွေကို ပြန်ပြီး ချုပ်ပေးဖို့ဟာ မဖြစ်နိုင်ပါ။

ပခုံး တစ်ခုလုံးကို အစားထိုးပြီး အသစ် လဲပစ်ရမယ်တဲ့။

ဒီ ကုနည်းဟာလဲ Europe မှ စပြီး တီထွင်သည့် နည်းသစ်လဲ ဖြစ်ပါတယ်။ သူကိုယ်တိုင်လဲ ၁၀ ခါလောက်ပဲ ခွဲကျင့် ရှိပါသေးတယ်။

စျေးကလဲ အတော်လေး ကြီးပါတယ်။ ဘာ အာမခံချက်မှလည်း မရှိ။

နာနေတာတော့ သက်သာနိုင်သော်လည်း ကြွက်သားတွေဟာ အရင်လောက် ပြန်ပြီး အလုပ်လုပ်နိုင်ဖို့တော့ အာမ မခံနိုင်ပါတဲ့။

ဒါနဲ့ပဲ စဉ်းစားကြည့်ဖို့ အချိန်ပေးပါ ဆိုပြီး နှစ်ယောက်သား ဆရာဝန်ဆီကနေ ပြန်လာခဲ့ကြပါတယ်။

ကျွန်မတို့ စဉ်းစားကြည့်ကြတာကတော့

ဒီခွဲစိတ်နည်းဟာ အာမခံချက် မရှိ။ ပိုလဲ ဆိုးသွားနိုင်တယ်။ မတော်တဆ ပိုဆိုးသွားရင် ဒုက္ခဖြစ်ဖို့ လမ်းဟာ ပိုများသွားမယ်။ ဆရာဝန်ကိုယ်တိုင်က ၁၀ ခုလောက်သာ ခွဲဖူးသေးတယ်။

ဒါနဲ့ပဲ ကျွန်မတို့ လုပ်နေကျ သဘာဝဆေးတွေကိုပဲ အားကိုးကြည့်မယ် ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်မ အမျိုးသားဖက်က တစ်မျိုးလုံးလိုလို autoimmune thyroiditis တွေ ရှိကြပါတယ်။

ကျွန်မ အမျိုးသားရဲ့ TSH and thyroid profile က ပုံမှန်အထဲမှာ ဝင်နေပါတယ်။

သို့ပါသော်လည်း body temperature ကတော့ အမြဲ 97.8 အောက်မှာ အမြဲလိုလို ရှိနေပါတယ်။

Hypothyroid လက္ခဏာ အချို့လဲ ရှိပါတယ်။

D3 level က လဲ ၃၀ ပတ်ဝန်းကျင်လောက်သာ ရှိပါတယ်။

ဘယ်လိုမှ အရှုံးမရှိနိုင်တာကြောင်လဲ သဘာဝဆေးတွေနဲ့ သေသေချာချာ စပြီး သုံးဆောင်ကြည့်လိုက်ပါတယ်။

1. VitaminD3 ကို 10,000IU with super K once a day.
2. Nature Throid 1/2 grain a day (desiccated thyroid extract, T3 and T4 combination)
3. Super Selenium complex 200 microgram a day.
4. ဆနွင်း 1/3 teaspoon in Cod liver oil

အခြား သောက်နေကျ ဗီတာမင်များ၊ ဖြည့်စွက် ဓာတ်စာများပါ ဖြစ်ပါတယ်။

ကျွန်မ အဓိက လုပ်လိုက်တာကတော့ D3 ကို များများတိုက်လိုက်တာရယ်၊ Dessicated thyroid ထည့်ပေးလိုက်တာရယ်ပဲ ဖြစ်ပါတယ်။
Type 2 hypothyroidism မှာ TSH ဟာ ပုံမှန် ဖြစ်‌နေတတ်လို့ ဖြစ်ပါတယ်။

သောက်ပြီး တစ်ပတ်လောက် ကြာတော့ ပခုံးနာတာဟာ ၅၀% လောက် စပြီး သက်သာလာပါပြီ။

အားတွေ တက်လာရင်းနဲ့ ဆက်ပြီး သောက်လိုက်တာ တစ်လကြာသည့်အခါ ၈၀% သက်သာ၊ တဖြေးဖြေးနဲ့ လုံးဝ မနာတော့ပါ။

မနာတော့တာမို့ ပခုံးကိုလဲ အလိုရှိသည့်အလျောက် ပြန်ပြီး လှုပ်ရှားလို့ ရလာပါတယ်။ Range of motion restored.

ဖြေးဖြေးနဲ့ ပြန်ပြီး Physical therapy လုပ်တာ အခုဆိုရင် အလေးအပင်တွေလဲ မ နိုင်၊ အကောင်း ပကတိ ပြန်ဖြစ်သွားပြီ ဖြစ်ပါတယ်။ D3 level ပြန်စစ်ကြည့်လိုက်တော့ 79 ng/ml ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ သူငယ်ချင်းက မေးပါတယ်။ ခွဲပြီးပြီလားတဲ့။

သူ့ဆီကကော ဘာဆေးတွေ လိုချင်လဲတဲ့။
သူကတော့ တကယ့်ကို Walking Encyclopedia in Pharmacology ပါပဲ။

ကောင်းသွားပါပြီ။
ဆနွင်း၊ Cod liver oil, Thyroid hormone replacement, Vitamin D3 အဓိကနဲ့ပါလို့ ပြောလိုက်ပါတယ်။

သူ့ခမြာ အလွန် အံ့သြပြီး ယုံရ အခက်၊ မယုံရ အခက် ဖြစ်သွားပါတယ်။

ကျွန်မ ဆိုလိုချင်တာကတော့ ခန္ဓာကိုယ်ကြီးဟာ သူ့ဖာသာသူ ကုစားနိုင်သည့် စွမ်းအား အလွန်ကြီးမားပါတယ်။

သို့ပါသော်လည်း ကိုယ်က လိုအပ်နေသည့် ကုန်ကြမ်းတွေကို ထည့်ပေးရမှာ ဖြစ်ပါတယ်။

စိတ်ရှည်ရှည်နဲ့ စောင့်ပြီး လုပ်သွားမယ်ဆိုရင် ခန္ဓာကိုယ်ကြီးဟာ သူ့အလုပ် သူလုပ်ပြီး ကောင်းသွားနိုင်ဖို့ လမ်းဟာ အတော်များပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်ကလဲ မတူကြတာမို့ ကျွန်မ ဖော်ပြထားသည့် နည်းအတိုင်း လူတိုင်း လုပ်ရမည်လို့ မဆိုလိုပါ။

ကိုယ့်ဆရာဝန်နဲ့ ကိုယ်၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ်စီ ရှိကြတာမို့ ကိုယ်နဲ့ အဆင်ပြေမည့် နည်းကိုသာ လုပ်သင့်တာ ဖြစ်ပါတယ်။

ကျွန်မကတော့ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက် အကြောင်းအရာကလေး တစ်ခုအနေနဲ့သာ တင်ပေးခြင်း ဖြစ်ပါတယ်။

မိမိ ခန္ဓာကိုယ်အတွက် မိမိ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ကြစေချင်ပါတယ်။

ကျန်းမာရေး ဗဟုသုတတွေ ကြွယ်ဝကြပြီး မိမိ ခန္ဓာကိုယ်မှာ လိုအပ်နေသည့် ကုန်ကြမ်းများကို ဖြည့်စွမ်းနိုင်သူများ ဖြစ်ကြပါစေ။ Credit:To a better health

ကျန်းမာ​ရေး ဗဟုသုတများ
https://www.facebook.com/share/p/1K8MN2YfAo/

Address

Maharbandoola Street
Yangon
11141

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Website

Alerts

Be the first to know and let us send you an email when ျဖည့္စြက္စာကို ယံုၾကည္သူမ်ား PAGE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share