21/09/2026
👉SS7 Protocol ဆိုတာဘာလဲ…ဘာကြောင့် မဖြစ်မနေ လုံခြုံမှုရှိဖို့ အရေးကြီးတာလဲ?
📞ဖုန်းခေါ်ဆိုတာ၊ SMS ပို့တာတွေ လုပ်ကြတဲ့အခါ ကျွန်တော်တို့ မြင်နေရတဲ့ Mobile Network ရဲ့ နောက်ကွယ်မှာ Network တွေ အချင်းချင်း ဆက်သွယ်ညှိနှိုင်းပေးနေတဲ့ SS7 (Signaling System No. 7) ဆိုတဲ့ Signaling Protocol တစ်ခု ရှိပါတယ်။
👉SS7 ဆိုတဲ့ အမည်ဟာ ရှေးယခင်ကာလများက Local Landline တွေမှာ အသုံးပြုတဲ့ Telecommunication ရဲ့ Signaling System 7 ကို အစွဲပြုပြီး ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
📡အလွယ်ပြောရရင် SS7 ဆိုတာ “ဒီဖုန်းနံပါတ်က ဘယ် Network မှာရှိလဲ၊ Call နဲ့ SMS တွေကို ဘယ်လို Route လုပ်မလဲ” စတဲ့ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေကို Network တွေအကြား ပေးပို့ညှိနှိုင်းပေးတဲ့ စနစ်တစ်ခုပါ။
🧑💻ဒါပေမယ့် ဒီ Signaling System ရဲ့ Trust Model နဲ့ Security အားနည်းချက်တွေကို Attacker တွေက အခွင့်ကောင်းယူပြီး အသုံးချလာကြတဲ့အခါ SS7 Attack ဖြစ်လာနိုင်ပါတယ်။
👉SS7 Attack ကနေ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကို ပြောရမယ်ဆိုရင်တော့ ဖုန်းခေါ်ဆိုမှုနဲ့ SMS တွေကို ကြားဖြတ်ဖို့ ကြိုးစားနိုင်တာ၊ ဖုန်းနံပါတ်နဲ့ ဆက်စပ်တဲ့ Location Information ကို ရှာဖွေနိုင်တာနဲ့ SMS-based OTP လိုမျိုး Authentication Information တွေကို ပစ်မှတ်ထားနိုင်လာတာတွေပဲဖြစ်ပါတယ်။
🧑🎓SS7 Attack ကို လက်နက်တစ်ခုအနေနဲ့ အသုံးချခဲ့ကြတဲ့ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ ၂၀၁၇ ခုနှစ်၊ ဂျာမနီနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ Online Banking Attack ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ရဲ့ ပထမဆုံးအဆင့်မှာဆိုရင် Attacker တွေက Target Person ရဲ့ Username/ Password တွေကို Phishing ကနေတစ်ဆင့် ခိုးယူပြီး Online Banking Account တွေထဲ တိတ်တဆိတ် ဝင်ရောက်ဖို့ကြိုးစားပါတယ်။
အဲ့ဒီအခါ ဘဏ်ဘက်က SMS နဲ့ OTP ထပ်ပို့ပြီး အတည်ပြုခိုင်းပါတယ်။
📨ဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ Attacker တွေဟာ SS7 Protocol ကို ထပ်မံတိုက်ခိုက်ပြီး Target Person ဆီ ပေးပို့တဲ့ OTP SMS ကို Attacker ရဲ့ ဖုန်းနံပါတ်ဆီ ရောက်အောင် Redirect လုပ်ပေးလိုက်ပါတယ်။
💳အဲဒီအဆင့်အပြီးမှာတော့ Attacker တွေရဲ့လက်ထဲ Bank Username/Password တွေ၊ Bank က ပေးပို့တဲ့ OTP တွေအားလုံး ရရှိသွားခဲ့ပြီး ဘဏ်အကောင့်ထဲက ငွေတွေအားလုံးကို လွှဲပြောင်းရယူသွားနိုင်ခဲ့ပါတယ်။
👉ဒီဖြစ်ရပ်ကိုကြည့်မယ်ဆိုရင် SS7 Protocol တွေရဲ့ အရေးပါမှုနဲ့ ကျွန်တော်တို့အသုံးပြုနေတဲ့ Mobile Communication ရဲ့ နောက်ကွယ်မှာလည်း Cyber Security က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ သိသာထင်ရှားပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်ကမ္ဘာကြီးမှာ SS7 Attack အပါအဝင် အမျိုးမျိုးသော Cyber Threat တွေကနေ ကာကွယ်နိုင်ဖို့ Cyber Security ပညာရှင်များစွာကို လိုအပ်နေတာဖြစ်ပါတယ်။
🧑🎓လုပ်ငန်းနယ်ပယ်တိုင်းရဲ့ ဆိုက်ဘာလုံခြုံရေးကို ကာကွယ်ပေးနိုင်ပြီး ကမ္ဘာကြီးအတွက် အားကိုးအားထားပြုရတဲ့ Cyber Security ပညာရှင်တစ်ယောက်ဖြစ်လာဖို့ စိတ်ကူးရှိသူများအတွက်လည်း M.S.T College မှာ Cyber Security အထူးပြုဖြင့် Bachelor Degree ရရှိသည်အထိ တက်ရောက်သင်ကြားနိုင်ကြောင်းကိုလည်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ