MBA Myanmar Business Academy

  • Home
  • MBA Myanmar Business Academy

MBA Myanmar Business Academy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MBA Myanmar Business Academy, .

စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေရဲ့ အမူအကျင့် (၇) မျိုး====================================စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ အမျာ...
02/09/2018

စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေရဲ့ အမူအကျင့် (၇) မျိုး

====================================

စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ အများက ယူဆထားတဲ့ အမျိုးသမီးတွေထံမှာ တူညီစွာ တွေ့ရတဲ့ အမူအကျင့်တွေရှိပါတယ်။ အခက်အခဲတွေကို မတုန်မလှုပ် ကျော်ဖြတ်နိုင်တဲ့ အမျိုးသမီးဟာ အောက်ပါ အရည်အသွေး (၇) ခုကို ပိုင်ဆိုင်ထားတတ် ကြပါတယ်။

၁။ ပုံမှန်တိုးတက်မှုကို ရှာခြင်း

အရာရာဟာ နေ့ချင်းညချင်းဆိုသလို ပြောင်းလဲလို့မရဘူဆိုတာကို သူတို့လက်ခံထားတတ်ကြပါတယ်။ ဒါကြောင့် ဖြေးဖြေးမှန်မှန်တိုးတက်မှုကိုသာ သူတို့ ရှာဖွေလုပ်ယူတတ်ကြပါတယ်။

၂။ ကိုယ့်ကိုကိုယ် ဂရုစိုက်

ဒီနေ့ခေတ် အမျိုးသမီးတွေရဲ့ ခံယူချက်တွေဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာပါ။ ဒါကြောင့် စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ဘယ်လိုဂရုတစိုက်နေရမလဲဆိုတာ သိကြပါတယ်။

၃။ ကိုယ်နဲ့မထိုက်တန်တာကို မလုပ်

ကိုယ်နဲ့ မထိုက်တန်တဲ့ပတ်ဝန်းကျင်မှာ သူတို့ကြာကြာမနေပါဘူး။ အဆင်ပြေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် ဖန်တီး ရုန်းထွက်တတ်ကြပါတယ်။

၎။ ကိုယ့်ကို ထိခိုက်စေသူတွေနဲ့ မပေါင်း

ဘယ်လိုလူမျိုးတွေကို သူတို့ကို ထိခိုက်ပျက်စီးစေလဲဆိုတာ သူတို့သိပါတယ်။ ဒါကြောင့် ကိုယ့်ကို ထိခိုက်ပျက်စီးစေတဲ့ သူမျိုးတွေနဲ့ တတ်နိုင်သလောက် အချိန်မဖြုန်းမိအောင် သူတို့နေတတ်ကြပါတယ်။

၅။ ခွင့်လွှတ်သော်လည်းမမေ့

သူတို့မှာ တစ်ဖက်လူတွေရဲ့ အမှားတွေအတွက် ခွင့်လွှတ်ပေးနိုင်တဲ့ နှလုံးသားရှိပါတယ်။ ဒါပေမယ့် နောက်တစ်ခါ ထပ်မခံရအောင်သူတို့ ဒီအဖြစ်ကို ဘယ်တော့မှ မမေ့တတ်ကြပါဘူး။

၆။ ယုံကြည်မှုရှိ

ကိုယ်လုပ်နေတဲ့အရာတွေပေါ်လည်း ယုံကြည်မှုရှိစွာ လုပ်တတ်ကြပါတယ်။ တစ်နေ့မှာ ကိုယ်လုပ်နေတဲ့အရာတွေအတွက် အကျိုးခံစားမှုတွေဖြစ်လာလိမ့်မယ်လို့ သူတို့ယုံကြည်ထားကြတာပါ။

၇။ အတင်းအဖျင်းတွေ စိတ်မဝင်စား

အခြားသူတွေ ကိုယ့်အကြောင်း ဘာပြောနေမလဲ၊ ဘာတွေးနေမလဲဆိုတာကို သူတို့စိတ်မဝင်စားပါဘူး။ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုဟာ ကိုယ့်အပေါ်မှာပဲ မူတည်တယ်ဆိုတာ သူတို့သိထားကြပါတယ်။

MBA Myanmar Business Academy &
Nay Research Global _ presents

ဂျက်ခ်မားပြောတဲ့ ပြောင်းလဲခြင်းဂျက်ခ်မား က ပြောတာပါ…“ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ကလေးတွေကို ပြောလိုက်ပါ..။ ကမ္ဘာကြီးဟာ ...
02/09/2018

ဂျက်ခ်မားပြောတဲ့ ပြောင်းလဲခြင်း

ဂျက်ခ်မား က ပြောတာပါ…

“ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ကလေးတွေကို ပြောလိုက်ပါ..။ ကမ္ဘာကြီးဟာ နေ့စဉ်ပြောင်းလဲနေတာပါ.။

ဘယ်သူကမှ ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ဘူး..။ ဓါတ်မီးခြစ်တီထွင်ခဲ့အပြီးမှာ

ယမ်းမီးခြစ်ဟာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့တယ်..။ ဂဏန်းပေါင်းစက် တီထွင်ခဲ့အပြီးမှာ

ပေသီးတွက်နည်းဟာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့တယ်..။ ဒစ်ဂျစ်တယ် ကင်မရာတွေ

ပေါ်လာခဲတဲ့နောက် ဖလင်ကင်မရာတွေ မှေးမှိန်သွားခဲ့တယ်..။ တိုက်ရိုက်ရောင်းစနစ်..

အင်တာနက်ကတဆင့် ရောင်းတဲ့ စနစ်ပေါ်လာပြီးတဲ့နောက် ရိုးရာ ဈေးကွက်ရှာဖွေနည်းတွေ

မှေးမှိန်သွားခဲ့တယ်..။ 4G စမတ်ဖုန်း ကို မိတ်ဆက်ပြီးတဲ့ နောက်မှာ ကွန်ပြူတာကို ဖွင့်ဖို့တောင်

မလိုတော့ဘူး..။ WeChat နဲ့ WhatsApp တွေ ဖွံ့ဖြိုးလာတဲ့အခါမှာတော့ အစဉ်အလာ နည်းနဲ့

Text Message ပို့တာတွေ အရင်လောက် ခေတ်မစားတော့ဘူး..။ ဘယ်သူက ဘယ်သူ့စီးပွားကို

သိမ်းပိုက်သွားလို့ ဆိုပြီး အပြစ်တင်မနေကြပါစို့နဲ့တော့..။ ဒါဟာ အပြောင်းအလဲကြောင့်သာ

ဖြစ်ပါတယ်..။ လူတွေဟာ အပြောင်းအလဲကို လက်ခံလွယ်လာတယ်..။ ပိုပြီး လိုက်လျောညီထွေဖြစ်အောင်

ပြောင်းလဲနိုင်လာတယ်..။ အတွေးသစ် အကြံသစ်တွေကို လက်ခံလာကြတယ်..။”

တစ်စုံတစ်ယောက်က ဂျက်ခ်မားကို “ခင်ဗျားရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်က ဘာလဲ” လို့မေးတဲ့အခါ

“သိပ်ကို ရိုးရှင်းပါတယ်..။ ခင်ဗျားတို့ စောင့်ကြည့်နေတဲ့ အချိန်မှာ ကျွန်တော်က လုပ်နေပါပြီ”…။

ဒါကြောင့်မို့ ပြောင်းပါ..။ အချိန်နဲ့အမျှပြောင်းနေတဲ့ ကမ္ဘာကြီးထဲမှာ မပြောင်းပဲနေလိုက်ရင်

ကျန်ရစ်ခဲ့လိမ့်မယ်..။ ကိုယ့်အချိန်အတွင်းမှာ ကိုယ်စိုက်တာလေးပဲ ကိုယ်ရိတ်သိမ်းရမှာပါ..။

အသောက်မက်နေရင် အရက်သမားပဲဖြစ်မှာပေါ့..။ အချိန်ရှိသမျှ အပြစ်ချည်းပဲတင်နေရင်လဲ

အပြစ်ဖွဲ့တတ်သူပဲဖြစ်လာမှာပေါ့..။ ကိုယ့်ကိုယ်ကို လှပဖို့အတွက် အချိန်သုံးစွဲခဲ့ရင်လဲ လှပတဲ့

လူငယ် လုံမငယ်လေးတွေ ဖြစ်လာမှာပေါ့..။ ကျန်းမာရေးအတွက် အချိန်သုံးခဲ့ရင် ကျန်းမာတဲ့

ဘဝကို ပိုင်ဆိုင်နိုင်မှာပေါ့.။ တစ်စုံတစ်ခုကို သေသေချာချာ ရွေးချယ်ခဲ့ရင်လဲ အဓိပ္ပါယ်ရှိသူဖြစ်လာမှာပါ..။

သင်ယူရာမှာ အချိန်သုံးစွဲခဲ့ရင်လဲ ပညာရှိဖြစ်လာမှာပါ..။ မိသားစုအတွက် အချိန်ကို

သုံးခဲ့မယ်ဆိုရင်လဲ သာယာစိုပြေတဲ့ မိသားစုဘဝ ကို ပိုင်ဆိုင်နိုင်မှာပါ..။

‪‎Dr‬. Pacapol Anurit

MBA Myanmar Business Academy &
Nay Research Global _ presents

02/09/2018

12 Inspirational Quotes:

1. Albert Einstein - "A person who never made a mistake never tried anything new."

2. Steve Jobs - "Your time is limited, so don't waste it living someone else's life."

3. Bill Gates - "It's fine to celebrate success, but it is more important to heed the lessons of failure."

4. Warren Buffett - "Honesty is a very expensive gift, don't expect it from cheap people."

5. Bruce Lee - "Mistakes are always forgivable, if one has courage to admit them."

6. Albert Hubbard - "One machine can do the work of fifty ordinary men. No machine can do the work of one extraordinary man."

7. Robert Kiyosoki - "Failure defeats losers, but inspire winners."

8. Abraham Lincoln - "The best way to predict your future is to create it."

9. Audrey Hepburn - "Nothing is impossible, the word itself says "I'm possible."

10. Maya Angelou - "I've learned that people will forget what you said, people will forget what you did, but people will never forget how you made them happy."

11. Mike Ditka - "You're never a loser until you quit trying."

12. Muhammad Ali - "Don't count the days, make the days count."

Nay Research GlobalPublished by Nayzaw Tun · Yesterday at 6:48 PM ·  #လူငယ်တွေဖတ်ဖို့ မှာပါရှိတဲ့ #ခွင့်လွှတ်လိုက်ပါ ကို ...
02/09/2018

Nay Research Global
Published by Nayzaw Tun · Yesterday at 6:48 PM ·
#လူငယ်တွေဖတ်ဖို့ မှာပါရှိတဲ့
#ခွင့်လွှတ်လိုက်ပါ ကို အားလုံးဖတ်ရှုနိုင်အောင်
တင်ပေးလိုက်ပါတယ်.....

“ ဘ၀မှာအအောင်မြင်ဆုံးလူဆိုတာ ခွင့်လွှတ်
သည်းခံနိုင်ဆုံးလူပါ။ ဘ၀မှာ ခွင့်လွှတ်သည်း
ခံနိုင်ဆုံးလူဆိုတာ စိတ်အေးချမ်းဆုံးလူပါ။ ”

(၁) စကားတွေကို ခွင့်လွှတ်လိုက်ပါ
လူတိုင်းက စကားကို သတိနဲ့ယှဉ်၊ ဥာဏ်ပညာနဲ့
ယှဉ်ပြီး ပြောနိုင်ကြတာ မဟုတ်ပါဘူး။ ပညာရှိတွေနဲ့
အောင်မြင်သူတချို့သာ စကားတိုင်းကို သတိ၊ ဥာဏ်
ပညာနဲ့ယှဉ်ပြီး သင့်အတွက် အကျိုးထူးအောင်ပြော
နိုင်ကြလို့ပါ။

တစ်ခါတစ်ခါ လူတို့စိတ်က မရည်ရွယ်ပေမယ့် သတိ၊
ဥာဏ် ပညာစစ်ထုတ်မှုမရှိတဲ့စကားတွေကြောင့် သင့်ကို
စိတ်အနှောက်အယှက်တစ်စုံတစ်ရာ ဖြစ်စေနိုင်ပါတယ်။
တစ်ခါတစ်ခါ အမှန်ပြောပေမယ့် အပြောမမှန်တော့ နား
ဝင်ခါးတတ်ပါတယ်။ အကောင်း ပြောပေမယ့် အပြောမ
ကောင်းတော့ အဆိုးစကား၊ အပြစ်တင်စကားကဲ့သို့ ပုံ
ပေါ်နေတတ်ပါတယ်။

(၂) အပြုအမူတွေကို ခွင့်လွှတ်လိုက်ပါ
လူတိုင်းက တူညီတဲ့ဝန်းကျင်ဒေသ၊ တူညီတဲ့သွန်သင်
ဆုံးမမှု ၊ တူညီတဲ့အသိုင်းအ၀ိုင်း တို့ကြားမှာ ကြီးပြင်းလာ
ခဲ့ကြရတာ မဟုတ်ပါဘူး။ တချို့ဟာ ငယ်စဉ်က စိတ်နာ
ကျည်းမှုတွေ၊ ပင် ပန်းဆင်းရဲမှုတွေ၊ အထင်အမြင်လွဲမှားမှု
တွေကို အခြေခံပြီး ယနေ့လုပ်ငန်းခွင်မှာ ပြူမူဆောင်ရွက်
နေနိုင်လို့ပါ။

ထိုသူမျိုးအပေါ် သည်းခံခွင့်လွှတ်လိုက်ပါ။ သူတို့ဟာ
အစကနဦးကတည်းက နာ ကျည်းမှု၊ ပင်ပန်းဆင်းရဲမှုစတဲ့
လေးလံတဲ့အရာများစွာကို သယ်ဆောင်နေသူတွေ ဖြစ်နေ
လို့ပါ။

(၃) အဆိုးမြင်သူများကို ခွင့်လွှတ်လိုက်ပါ
တချို့က သင်ယူလေ့လာမှုမရှိသလို စိတ်တံခါးပိတ်နေလေ့
ရှိကြပါတယ်။ ဒါ့အပြင် အပြစ် တင်တဲ့ လူမှုအဖွဲ့အစည်းအ
တွင်းမှာသာ ရှင်သန်နေတတ်ကြပါတယ်။

ဒီလိုလူမျိုးဟာ အချိန်တိုင်း အဆိုးမြင်နေနိုင်ပါတယ်။
သင်သာ ကောင်းမွန်မှန်ကန်အောင် စွမ်းဆောင်နေ
သူဖြစ်ပါစေ။ အဆိုးမြင်သမားဟာ သင့်ကို ပြောင်း
လဲနိုင်မှာ မဟုတ်ပါဘူး။

အဆိုးမြင်သူများအပေါ် တုံ့ပြန်မှုနည်းလာ
လေ သင့်ဘ၀ထဲကို စိတ်အေးချမ်းပျော်ရွှင်မှု
တွေ ရောက်ရှိလာလေ ဖြစ်ပါတယ်။

(၄) အတင်းအဖျင်းများကို ခွင့်လွှတ်လိုက်ပါ
တချို့က တစ်ပါးသူအတင်းကို ပြောရရင် အရသာတစ်ခု
လို ဖြစ်နေတတ်ကြပါတယ်။ တစ်နည်းအားဖြင့် ၀ါသနာ
တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အတင်းဝါသနာထုံ
သူတွေ ဘယ် လောက်ပဲ ပြောကြပါစေ။

သင့်ရဲ့အမှန်တရားတွေကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်
ပါဘူး။ တကယ့် တော့ အတင်းအဖျင်းတွေဟာ အထင်
လွဲအမြင်လွဲ၊ ဝေဖန်သုံးသပ်မှုအလွဲများသာ အများဆုံး
ပါဝင် နေတတ်တာမို့ အမှိုက်ထုပ်တစ်ထုပ်နဲ့သာ တူ
နေနိုင်ပါတယ်။

ထို့ကြောင့် အဲဒီအမှိုက်ထုပ်ကို အချိန် ကုန်ခံသယ်
ဆောင်နေများကို ပြန်စောင့်ကြည့်ပြီး အချိန်ဖြုန်းမနေဖို့
လိုပါတယ်။

(၅) သင့်ကိုမခံချင်အောင်ပြောသူတွေကို ခွင့်လွှတ်လိုက်ပါ
တချို့က ပေါင်းသင်းဆက်ဆံရေး ညံ့သလို စကားပြောစွမ်း
ရည်လည်း မကောင်းကြပါဘူး။ တချို့ကျတော့ စကားနဲ့မခံချင်
အောင် တမင်ရည်ရွယ်ပြီး ပြောတတ်ကြပါတယ်။ ဒါဟာ သင့်
ကို တစ်နေရာရာမှာ ရှုံးနိမ့်နေလို့ပါ။ အေးဆေးတည်ငြိမ်မှုနဲ့သာ
သည်းခံခွင့်လွှတ်လိုက်ပါ။

ဆိတ်ဆိတ် နေခြင်းဟာ အကောင်းဆုံးအနိုင်ယူလိုက်ခြင်း
တစ်မျိုးပါပဲ။ သို့ဖြင့် သူတို့ နှစ်ကြိမ်ရှုံးနိမ့်သွားပါလိမ့်မယ်။

(၆) အလျင်လိုနေသူကို ခွင့်လွှတ်လိုက်ပါ
တချို့က အရေးကြီးကိစ္စတစ်ခုကိုသာ ရှေးရှူပြီး ပတ်ဝန်း
ကျင်ကို ဂရုမစိုက်မိဖြစ်တတ်ကြ ပါတယ်။ လမ်းသွားရင်း
ဖြစ်စေ၊ ကားစီးရင်းဖြစ်စေ ဒီအဖြစ်မျိုးကို ကြုံဖူးမှာပါ။

တစ်ခါတစ်ခါ ကိုယ်ကိုယ်တိုင်လည်း သတိလွတ်ပြီး
ထိုသို့ပြုမူမိနိုင်တာမို့ သည်းခံခွင့်လွှတ်ပေးလိုက်ပါ။

(၇) တစ်ကိုယ်ကောင်းသမားကို ခွင့်လွှတ်လိုက်ပါ
တချို့က အချိန်တိုင်း သူ့တစ်ဖို့သာ ကြည့်တတ်မြင်
တတ်ကြပါတယ်။ ဒီလိုသူမျိုးဟာ အပြင် ပန်းကြည့်ရင်
စိတ်ချမ်းသာနေသယောင်ရှိပေမယ့် သူ့ရင်ထဲမှာတော့
ပူလောင်မှုတွေနဲ့ အချိန်တိုင်း ပြည့်နှက်နေတတ်ပါတယ်။

အဲဒီပူလောင်မှုတွေဟာ တစ်ချိန်မှာ အပြင်ကို ပေါက်ကွဲ
ထွက်လာနိုင်တာမို့ သင်လက်မခံလိုက်ဖို့ လိုပါတယ်။
သည်းခံခွင့်လွှတ်မှုနဲ့အတူ ထိုသူမျိုးရဲ့အဝေးမှာ နေ
လိုက်ဖို့ လိုပါတယ်။

(၈) ဒေါသထွက်နေသူကို ခွင့်လွှတ်လိုက်ပါ
တချို့က စိတ်ရင်းစေတနာကောင်းပေမယ့် စကားကို
ဘုနဲ့ဘောက် ပြောတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ အရိုးစွဲနေတဲ့အလေ့အကျင့်တစ်ခုဖြစ်နိုင်သလို အလိုမ
ကျစရာကိစ္စတွေနဲ့ ကြုံဆုံ နေတဲ့အခိုက်အတန့်မျိုးတွေ
လည်း ဖြစ်တတ်ပါတယ်။

တကယ်တော့ ဒေါသဖြစ်နေသူမှာ ဆင်းရဲပူ လောင်မှု
တွေနဲ့ပြည့်နှက်နေတာမို့ သင့်ဆီကို ကူးစက်မခံလိုက်ဖို့
လိုပါတယ်။ ထို့ပြင် ခွင့်လွှတ်သည်းခံခြင်းက သင့်အတွက်
စိတ်အေးချမ်းမှုကိုဖြစ်စေသလို အမှန်တရားကိုလည်း
ရှာဖွေတွေ့ရှိလာစေပါတယ်။

လွန်ခဲ့တဲ့နှစ်(၂၀)ကျော်က အမျိုးသားတစ်ယောက်ဟာ
ထောင်(၁၀)နှစ်ကျပြီး အိမ်ပြန်ချိန်ကို ရောက်ရှိလာခဲ့ပါ
တယ်။ အိမ်ရောက်တော့ မိုးချုပ်စအချိန်ဖြစ်နေပြီး ဇနီးဖြစ်
သူဟာလည်း တခြား အမျိုးသားတစ်ယောက်နဲ့ ထိုင်စကား
ပြောနေတာကို ထရံပေါက်က မြင်လိုက်တယ်။ လမ်းပန်း
ဆက်သွယ်ရေးခက်ခဲမှုနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် ဇနီးဖြစ်
သူဟာ သူ့ကို ထောင်ဝင်စာ တစ်ရက် တောင်လာမတွေ့
ဖြစ်ခဲ့ပါဘူး။

ဒါ့ကြောင့် သူပြန်လွတ်လာမယ့်နေ့ကိုလည်း ဇနီးဖြစ်သူ
မသိခဲ့ပါဘူး။ သူကိုယ်တိုင်ကလည်း ယခင်က အလွန်ဆိုး
သွမ်းခဲ့တာမို့ ဇနီးသည်လည်း အားကိုးရှာပေမှာပေါ့လို့သာ
တွေးပြီး အိမ်ရှေ့ကကွပ်ပျစ်ပေါ်မှာသာ လှဲအိပ်နေလိုက်
တော့တယ်။

ထောင်ထဲကအတွေ့အကြုံတွေကြောင့် ဘ၀သံဝေဂတွေ
ရလာပြီး လူကောင်းတစ်ယောက် ဖြစ်အောင် ကျင့်ကြံနေ
ထိုင်သွားတော့မယ်လို့လည်း ဆုံးဖြတ်ချက်ချဖြစ်ခဲ့တယ်။
မိုးလင်းမှ ထောင် က ထွက်လာကြောင်း အသိပေးပြီး
တစ်နေရာရာကို ထွက်သွားတော့မယ်လို့ စိတ်ကူးရင်း
ပင်ပန်းမှုကြောင့် တချိုးတည်း အိပ်ပျော်သွားခဲ့တော့တယ်။

ဒီလိုနဲ့ မိုးလင်းလာတော့ သူ့ကို လူနှစ်ယောက် ၀မ်းသာ
အားရနဲ့ လာနှိုးပါတယ်။ တစ်ဦးကတော့ သူ့ဇနီးဖြစ်ပြီး
တစ်ဦးကတော့ သူ့သားကြီးပါ။ အဲဒီအခါမှ (၁၀)နှစ်အတွင်း လွန်စွာထွားကျိုင်းလာတဲ့သူ့သားကြီးကို ညကအထင်မှား
သွားကြောင်း သိရှိနားလည်သွားခဲ့ပါတော့တယ်။

---------------------------------------------------------------
သည်းခံခွင့်လွှတ်ခြင်းဟာ အကျဉ်းသားတစ်ဦးကို လွှတ်လပ်
ခွင့်ပေးလိုက်တာပါ။ အဲဒီအကျဉ်းသား ကတော့ တခြားသူ
မဟုတ်ပါဘူး။ သင်ပါပဲ။
- Lewis B. Smedes

ကောင်းစံသာ (ရေကြည်) - ရေးသားသည်။

MBA Myanmar Business Academy &
Nay Research Global _presents

IQ နဲ့ EQ ထက် အရေးပိုကြီးတဲ့ AQ###########################အကြမ်းအားဖြင့် ဥာဏ်ရည်ကောင်းသူများကို IQ ကောင်းသူများဟု သတ်...
01/09/2018

IQ နဲ့ EQ ထက် အရေးပိုကြီးတဲ့ AQ
###########################

အကြမ်းအားဖြင့် ဥာဏ်ရည်ကောင်းသူများကို IQ ကောင်းသူများဟု သတ်မှတ်ပြီး ဆက်ဆံရေး အရည်အသွေး မြင့်မားသူများကို EQ ကောင်းတယ်လို့ ပြောစမတ်ပြုကြပါတယ်။ ဒီနေ့ဆွေးနွေးချင်တာ အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်တဲ့ အရည်အသွေး လို့ခေါ်တဲ့ Adversity Quotient ( AQ ) ဖြစ်ပါတယ်။ AQ အကြောင်းမရှင်းခင်မှာ ဥာဏ်ရည်ဥာဏ်သွေး IQ ရဲ့ အဓိပ္ဗါယ်ဖွင့်ဆိုချက်ကို အရင် လေ့လာကြည့်ရအောင်..
I Q ( Intellective Quotient ) ဆိုသည်မှာ လူတစ်ဦးတစ်ယောက် ၏ ဥာဏ်ရည်ဥာဏ်သွေး အဆင့်ကို တိုင်းတာရရှိသော အတိုင်းအတာဖြစ်ပြီး အရွယ်တူ သူများ၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် နိုင်းယှဉ်ရရှိသော အတိုင်းအတာလည်း ဖြစ်သည်။
အထက်ပါ စာပိုဒ်ကို ဖတ်ကြည့်ရင် IQ ဆိုတာ မျိုးရိုး၊ မွေးရာပါနဲ့ အများကြီးသက်ဆိုင်နေတာကို တွေ့ကြမှာပါ။ ဒါကြောင့်မို့လို့ နောက်ပိုင်းမှာ လူတွေဟာ ကိုယ့်ကိုယ်ကို နိုင်နင်းမူ့၊ စိတ်စွမ်းရည်ပြည့်ဝမူနဲ့သက်ဆိုင်တဲ့ EQ ( Emotional Quotient) ကို အလေးထားလာကြပါတယ်။
ခေတ်ကအလျင်အမြန် တိုးတက်နေပါတယ်။ သုတေသနမှ ထွက်ရှိတဲ့ အဖြေအရ IQ နဲ့ EQ မြင့်မားခြင်းဟာ လူဘ၀တိုးတက်ဖို့အတွက် အလွန်အရေးပါပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့လူတော်တော်များများကို လေ့လာကြည့်တဲ့အခါမှာ အခက်အခဲ ကို ဖြေရှင်းကျော်လွှားနိုင်တဲ့ စိတ်စွမ်းရည် Adversity Quotient ( AQ ) ဟာ အရေးပါ အရာရောက်ဆုံး ဖြစ်နေတာကို တွေ့ရှိထားပါတယ်။ AQ ကို စတင်ဖေါ်ထုတ်သူ အမေရိကန်ပညာရှင် Paul Si Tuoci ရဲ့ အဆိုအရ AQ ကောင်းမွန်သူများဟာ အောက်ပါ အချက် ( ၄ )ချက်နဲ့ ကိုက်ညီမူ ရှိတာကို တွေ့ရှိရပါတယ်။

က။ AQ မြင့်မားသူများဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မြင့်မားကြတယ်။

အခြေအနေ ဘယ်လောက်ပဲ ဆိုးဝါးဆိုးဝါး၊ AQ မြင့်မားသူများဟာ အဆိုးထဲကနေ ကောင်းတဲ့အကွက်ကို အမြဲ ရှာဖွေတွေ့ရှိတတ်ပါတယ်။ သူတို့ဟာ ကိုယ့်စိတ်ကို နိုင်နင်းကြပြီး အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ရှိသူများ ဖြစ်ကြပါတယ်။

ခ။ AQ မြင့်မားသူများဟာ ပြသနာရဲ့ အကြောင်းရင်းကို မိမိထံမှ အရင်စရှာဖွေတတ်ပါတယ်။

လူတော်တော်များများဟာ အဆင်ပြေအောင်မြင်နေတဲ့အချိန်မှာ မိမိအရည်အချင်းမြင့်မားတယ်ဟု ယူဆကြပြီး တစ်ခုခုဆုံးရူံးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပြသနာအခက်အခဲ တွေ့ရှိတဲ့အခါမှာပဲ ဖြစ်ဖြစ် ဟိုသူ့ကြောင့်၊ ဒီသူ့ကြောင့် စသည်ဖြင့် ပြင်ပကနေ အကြောင်းအရင်း အမျိုးမျိုး ရှာဖွေတတ်ကြပါတယ်။ AQ မြင့်မားသူများဟာ ပြင်ပမှာ အကြောင်းရင်းရှာဖွေခြင်းထက် မိမိကိုယ်တွင်းကနေ အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို စတင်ရှာဖွေတတ်ကြပါတယ်။

ဂ။ AQ မြင့်မားသူများဟာ အခက်အခဲနဲ့ ပြသနာကို ပုံကြီးမချဲ့ တတ်ပါ။

လူဆိုတာ အသက်တစ်ရာမနေရပေမဲ့ အမူတစ်ရာ တွေ့ရတတ်ပါတယ်။ အခက်အခဲကို ပုံကြီးချဲ့ တတ်သူများဟာ နည်းနည်းကြီးတဲ့ အခက်အခဲ ကြုံတွေ့ ရုံနဲ့ နှလန်မထူနိုင်တော့ပါ။ AQ မြင့်မားသူများဟာ အခက်အခဲကို အကျိုးသင့် အကြောင်းသင့် စဉ်းစားဆင်ခြင်တတ်ပြီး ပြသနာကို ဘယ်တော့အခါမှ ပုံကြီးမချဲ့ တတ်ပါ။

ဃ။ AQ မြင့်သူများဟာ သီးခံနိုင်စွမ်း မြင့်မားသူများ ဖြစ်ကြပါတယ်။

သမိုင်းဖတ်ရင် သိသာပါတယ်။ အောင်မြင်တဲ့ သူများအားလုံးလိုလို အကြီးအကျယ် ဆုံးရုံးများကို ကြုံတွေ့ခဲ့ရသူများချည်းချည်း ဖြစ်ပါတယ်။ သူတို့ဟာ ဆုံးရူံးမူရဲ့ ဒဏ်ကိုဖြစ်ဖြစ်၊ ကျရောက်လာတဲ့ ဖိစီးမူပေါင်းစုံကိုပဲဖြစ်ဖြစ် အထူးသီးခံ နိုင်စွမ်းရှိသူများ ဖြစ်ကြပါတယ်။ သီးခံနိုင်စွမ်းရှိတဲ့သူများဟာ သာမာန်သူများထက် ပိုမိုငြိမ်သက်ကြပါတယ်။ ပြသနာတစ်ခု ဘယ်လောက်ပဲကြီးကြီး သူတို့ရှေ့ ရောက်လာပြီဆိုရင် သူတို့ဟာ စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။

AQ မြင့်မားအောင် ဘယ်လိုလေ့ကျင့်မလဲ
-----------------------------------

အိုင်တီခေတ်နောက်ပိုင်းမှာ ခေတ်က အလျင်အမြန်တိုးတက်လာတော့ လူတွေဟာ AQ ရဲ့ တန်ဖိုးကို ပိုမိုသိမြင်လာကြပါတယ်။ AQ မြင့်မားလာအောင် ဘယ်လိုလေ့ကျင့်သင့်ပါသလဲ

၁။ ဆုံးရူံးမူကို သတ္တိရှိရှိ ရင်ဆိုင်မယ်။

ဆုံးရူံးမူကို ရှောင်ရှားခြင်းထက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရပါမယ်။ ဆုံးရူံးမူဒဏ် ရင်ထဲမှာ လွမ်းမိုးလာပြီဆိုရင် ရင်တွင်းမှာ ခဏသိမ်းဆည်းထားလိုက်ပါ။ ပြီးရင် ရင်ထဲက ပြန်လည် ထွက်ပေါ်လာတဲ့ မကျေမနပ်သံများကို သေသေချာချာ နားထောင်ပေးပါ။ စဉ်းစားဥာဏ်သုံးပြီး ချေပစရာမလိုပါ။ ရင်ထဲက မကျေနပ်ချက်များ အားလုံး အန်ထွက်ပြီးဆုံးသွားရင် စိတ်လက်ပေါ့ပါးစပြုလာပါမယ် ။ ဆုံးရူံးမူဒဏ် လွမ်းမိုးခြင်းဟာ ရေလွမ်းခြင်းနဲ့တူတတ်ပါတယ်။ တားဆီးပိတ်ပင်လို့ မလွယ်ကူပါ။ ရေများကို လမ်းလွှဲရှာပေးရပါမယ်။

၂။ စိတ်ဒုက္ခများကို ချက်ချင်းရေးချလိုက်ပါ။

လူတော်တော်များများက စိတ်ဒုက္ခများ၊ စိတ်သောကများကို မှတ်တမ်းတင်ဖို့ အားမပေးကြပါ။ ဒါပေမဲ့ တကယ်စိတ်ဒုက္ခခံစားရပြီဆိုရင် ရေးချလိုက်ပါက စိတ်သက်သာရာ ရသွားနိုင်ပါတယ်။ ရေးရင်းရေးရင်းနဲ့ ဖြေရှင်းတဲ့ နည်းလမ်းကိုပါ တစ်ပါတည်း တွေ့ရှိသွားနိုင်ပါတယ်။
စိတ်လုပ်ရှားတယ်၊ ဒေါသထွက်တယ်၊ သောကခံစားနေရတယ်၊ စိတ်ညစ်တယ်၊ စသည်တို့ဟာ ယာယီခံစားမူများဖြစ်နေတတ်ပြီး ရေးချထားလိုက်ပါ။ နောက်တစ်နေ့ ပြန်ဖတ်ကြည့်ပါ။ အသေးအဖွဲ ဖြစ်သွားပါလိမ့်မယ်။

၃။ အခက်အခဲ၊ ပြသနာကို ဘောင်ခတ်ထားလိုက်ပါ။

အလုပ်လုပ်တဲ့ လူတိုင်းနီးပါး မတူတဲ့နေရာမှာ မတူညီတဲ့ ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေရပါတယ်။ ဆိုပါစို့၊ အလုပ်ခွင်မှာ ဒေါသထွက်စေလောက်တဲ့ ပြသနာ တစ်ခုခု ရင်ဆိုင်ခဲ့မိရင် အဆိုပါပြသနာကို အလုပ်ခွင်မှာပဲ ဘောင်ခတ်ထားလိုက်ပါ။ ရုံးဆင်းလို့ အိမ်ပြန်ရောက်ရင် ချစ်စရာကောင်းတဲ့ ခင်ပွန်း၊ လေးစားထိုက်တဲ့ ဖခင်နေရာ ပြန်ရောက်သွားပါစေ။ အလုပ်နဲ့ နေအိမ် အပြန်အလှန် စိတ်အနှောက်အယှက် မပေးမိအောင် သူ့နေရာနဲ့ သူ၊ သူ့ပြသနာနဲ့ သူ ဘောင်ခတ်တတ်ဖို့ လိုပါတယ်။

၎။ ပြီးမြောက်အောင်မြင်ရန် လွယ်ကူစေတဲ့ ရည်မှန်းချက်အငယ်ကလေးများကို များများချမှတ်ထားပါ။

ရည်ရွယ်ချက်ကြီးမားလေ အောင်မြင်မူ ကြီးမားလေ ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ကြီးမားလေ စိန်ခေါ်မူ ကြီးမားလေ ဖြစ်ပါတယ်။ ဘယ်လောက် ဇွဲလုံးလ ၀ီရိယ နဲ့ ပြည့်စုံတဲ့လူ ဖြစ်နေပါစေ၊ ဆုံးရူံးမူရဲ့ ဒဏ်ကို ဆက်တိုက် ခံစားနိုင်စွမ်း မရှိပါဘူး။
ဒါကြောင့်မို့လို့၊ လက်တွေ့ကျတဲ့၊ စွမ်းဆောင်မူ သိပ်မခက်ခဲတဲ့ ရည်မှန်းချက် အငယ်စား များများ အောင်မြင်ခြင်းဖြင့် တစ်ဖြည်းဖြည်း ရည်ရွယ်ချက်ကြီးကြီး အကောင်အထည် ဖေါ် ဆောင်နိုင်ဖို့ တက်လှမ်းစေတတ်ပါတယ်။

၅။ ၀ါသနာတစ်ခုခု ပျိုးထောင်ထားပါ။
လူတိုင်းလူတိုင်းမှာ ၀ါတနာတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ အခက်အခဲကို ရင်ဆိုင်ရတဲ့အခါမျိုးမှာ ၀ါသနာပါရာကို လုပ်ကိုင်ခြင်းအားဖြင့် အာရုံလွှဲပြောင်းစေနိုင်ပါတယ်။ ၀ါသနာပါတဲ့အလုပ်ကို လုပ်နေတဲ့အချိန်မှာပဲ ကိုယ့်ပြသနာကို ရှင်းဖို့ နည်းလမ်းတွေ့ရှိသွားစေနိုင်ပါတယ်။

၆။ အပြုသဘောဆောင်တတ်တဲ့၊ အကောင်းမြင်တတ်တဲ့ မိတ်ဆွေ သူငယ်ချင်းများကိုပေါင်းပါ။

တံငါးနားနီး တံငါး၊ မုဆိုးနားနီးမုဆိုး၊ လူဆိုတာ ဓါတ်တူချင်းဆွဲဆောင်တဲ့ သဘောရှိတတ်ပါတယ်။ အနူတ်လက္ခဏာဆောင်တဲ့၊ အဆိုးမြင် အဆိုးပြောတတ်တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ပြောစကားတွေဟာ အမိုက်များနဲ့ တူတတ်ပါတယ်။ ကိုယ်က သူတို့နဲ့ ပေါင်းသင်းရင် အမိုက်ပုံးဖြစ်သွားတတ်ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့၊ အပြုသဘောဆောင်တဲ့ မိတ်ဆွေများနဲ့ နေရင် အရာရာကို အကောင်းဘက်ကနေ စဉ်းစားတတ်ပြီး အောင်မြင်မူနဲ့ ပိုမိုနီးစပ်သွားစေတတ်ပါတယ်။

လူတိုင်းလူတိုင်း မိမိရဲ့ AQ ကို ပျိုးထောင်နိုင်ကြပါစေ။

Ref: we chat
AUNG KO Latt

Nay Research Global _presents

ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ဒီလိုစဉ်းစားမိပါတယ် ..."ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိတ...
01/09/2018

ဖားတစ်ကောင်ဟာ
ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့
ဒီလိုစဉ်းစားမိပါတယ် ...

"ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိတာတောင်
လမ်းလျှောက်ရတာ ခက်ခဲတယ်...
တစ်ခါတစ်လေ ဘယ်ညာမှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတယ်..
ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေ
မရေမတွက်နိုင်အောင်ရှိနေတာ.. ဘယ်လိုများလမ်းလျှောက်သလဲမသိဘူး.. တော်တော်ထူးဆန်းတာပဲ..
ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်း
ဟိုခြေထောက်က နောက်မှလမ်းဆိုပြီး သူ့ခြေထောက်တွေကိုသူ
ဘယ်လိုများထိန်းချုပ်လဲ မသိဘူး" …………………………

အဲ့ဒါနဲ့ ဖားက ကင်းခြေများကို သွားပြီး ဒီလိုမေးလိုက်တယ်...

"ဒီလောက်များတဲ့ခြေထောက်တွေနဲ့
မင်း ဘယ်လိုလမ်းလျှောက်သလဲကွာ..?
ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ...ဒါပေမယ့်
ဘယ်လိုမှ တွေးမရဘူး...ခြေထောက်တစ်ချောင်းချင်းစီကို
ထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ"

ကင်းခြေများက
"ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ...
ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခါမှ မတွေးဖူးပါဘူး...
ဘာပဲဖြစ်ဖြစ်မေး လာပြီ ဆိုတော့လည်း အဖြေရှာရမှာပေါ့...
နေဦး ငါစဉ်းစားကြည့်လိုက်ဦးမယ်"လို့ ဆိုပြီး
တစ်အောင့်လောက်ရပ်ပြီး တွေးကြည့်နေမိတယ်တဲ့... ……………………………

အဲ့ဒီအတွေးမျိုးဟာ ကင်းခြေများအတွက်
ပထမဆုံးသော အတွေးဖြစ်သလို
ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ ..
ဘယ်ခြေထောက်ကိုကျတော့ နောက်မှရွေ့ရမလဲ ဆိုပြီး ခြေထောက်တွေတစ်ချောင်းခြင်းစီနဲ့ စမ်းစစ်ကြည့်လိုက်တဲ့အခါ
ခြေလှမ်းတွေမှားကုန်ပြီး တည့်တည့်တောင်လျှောက်လို့မရတော့ပဲ ကို့ယို့ကားယားတွေ ဖြစ်ကုန်ရောတဲ့ ……………………………

ဒါနဲ့ ကင်းခြေများက ဖားကို
" မင်းနောက်တစ်ခါ တခြား ကင်းခြေများတွေကို
ဒီလိုမေးခွန်းမျိုး ဘယ်တော့မှ သွားမမေးမိစေနဲ့...နားလည်လား??
ငါ့ဘာသာ ဒီပုံစံအတိုင်း လမ်းလျှောက်လာခဲ့တာ
ဘာပြသနာမှမရှိခဲ့ဖူးဘူး...အခုမင်းမေးခွန်းကြောင့်
ငါလမ်းလျှောက်ရတာတောင် ခက်ကုန်ပြီ... ဘယ်ခြေထောက်အရင်စလှမ်းရမှန်းမသိတော့ဘူး ဘယ်လိုလုပ်မလဲ"?

…………………………

ကျွန်တော်တို့ လူတွေလည်း ဒီအတိုင်းနေ နေကြတာ
အေးချမ်းနေကြပါပြီ...ဒါပေမယ့် တခြားလူတွေက
သူတို့ပြသနာအသီးသီးတွေ ယူလာပြီးပြောကြတဲ့အခါ ကိုယ်သွားနားထောင်ပြီး သူတို့နဲ့အတူ သွားပြီး စိတ်ရှုပ်စိတ်ညစ်ရရော..

…………………………
ဘဝက နေလိုရ စားလိုလောက်ငှနေရင် ဘာမှပူလောင်စရာမရှိပါဘူး.. တခြားလူတွေ ဘဝကောင်းစားနေတာလည်း မြင်ရော.... ဟိုလူကဒီလိုကောင်းစားနေတာ...
ဒီလူက ဒီလို စိန်ရွှေ ရတနာ ပိုက်ဆံတွေ ချမ်းသာတာ...
အိမ်ရှိတာ ...ကားရှိတာ...
ရည်းစားချော ချောလေးရှိတာဆိုတာတွေလည်း မြင်ရော ကိုယ့်ဘာသာကိုယ် လျှောက်ပြီးတွေးတော့
နောက်ဆုံးမှာ သောကတွေက ကိုယ့်စိတ်ကို
ကူးစက်ပူလောင်စေတော့တာပါပဲ…
ဘယ်သူဘာပြောပြော ကိုယ့်လမ်းကိုယ်
မှန်မှန်လေးလျှေက်လှမ်းသွားပါ...
သူများပြောစကားတွေနဲ့ လမ်းမှားမရောက်ပါစေနဲ့... မတွေဝေပါနဲ့ .......

source: Facebook

MBA Myanmar Business Academy &
Nay Research Global _presents

23/08/2018

Be very careful about what you think. Your thoughts run your life.

Address


Telephone

09977339292

Website

Alerts

Be the first to know and let us send you an email when MBA Myanmar Business Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your university to be the top-listed University?

Share