Hinthar Education

Call Directions Contact the university

Hinthar Education Leading Secondary and Higher Education provider in Myanmar with High Quality Education approaches. Student Registration Form
https://forms.gle/3uF8mewMuFzQ7CzM8

✨Year 7, 8, 9 (6 months Fast-Track) ကျောင်းသားအသစ်များစတင်လက်ခံနေပါပြီ! ✨(Pre-IGCSE အတန်း တက်ရောက်လိုသူများအတွက် Year 8 ...
15/09/2026

✨Year 7, 8, 9 (6 months Fast-Track) ကျောင်းသားအသစ်များစတင်လက်ခံနေပါပြီ! ✨
(Pre-IGCSE အတန်း တက်ရောက်လိုသူများအတွက် Year 8 နှင့် Year 9 အတန်းများသည် Pre-IG များဖြစ်ပါသည်။)

တစ်တန်းလျှင် (၆) လဖြင့် ထိရောက်မြန်ဆန်စွာ တက်ရောက်နိုင်မည်ဖြစ်၍ Covidနှင့် အကြောင်းအမျိုးမျိုးကြောင့် အတန်းနားထားရသူများ၊ မြန်မာသင်ရိုးမှ IGCSE/O-Level သို့ ကူးပြောင်းလိုသူများနှင့် အသက်အရွယ်အရ IGCSE + A-Level သို့ အချိန်တိုအတွင်း ဦးတည်လိုသူများအတွက် အထူးသင့်တော်ပါတယ်။ PE၊ Music စသည့် အခြားသင်ရိုးပြင်ပ ဘာသာရပ်များကို လျှော့ချထားပြီး Essential Academic Subjects များကိုပဲ အဓိက အချိန်ပေး လေ့ကျင့်ပေးမှာဖြစ်ပါတယ်။

📚 Available Subjects:
English | Mathematics | Physics | Chemistry | Biology | Computing (ICT + CS + Python) | Global Citizenship | Arts

Computing ဘာသာရပ်တွင် ICT နှင့် Computer Science တို့ကို ပူးတွဲသင်ကြားပေးမည့်အပြင် Practical Python Programming ကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။

English, Maths, Science ဘာသာရပ်များကို Cambridge သင်ရိုးအတိုင်း သင်ကြားမှာဖြစ်ပါတယ်။ O level CIE ဆက်တက်ရင်လည်း အဆင်ပြေသလို Pearson Edexcel ဘက်ကိုပြောင်းတက်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

📅 Class Schedule & Details:
Days: Monday to Friday (တစ်ပတ် ၅ ရက်)
Time: 8:30 AM – 4:00 PM (Full-Day Intensive)

အတန်းတစ်ခုစီအတွက် သင်ကြားမှု ထိရောက်စေရန် သင်တန်းသားဦးရေ ကန့်သတ်ထားပါတယ်။ မိမိတက်ရောက်လိုသည့် Year အလိုက် Placement Test ဖြေရန်နှင့်အသေးစိတ်အချက်အလက်များအတွက်
📌09 894 33 22 00 / 09 894 33 22 99 စနေ၊ တနင်္ဂနွေအပါအဝင် ပိတ်ရက်မရှိ
9:00AM – 4:00PM အတွင်း ဆက်သွယ်နိုင်ပါတယ်။

#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့

🌟 Unlock Your Academic Potential at Hinthar Education 🌟နိုင်ငံတကာအသိအမှတ်ပြု IGCSE အောင်လက်မှတ်ကို အကောင်းဆုံးရလဒ်များနဲ...
09/09/2026

🌟 Unlock Your Academic Potential at Hinthar Education 🌟

နိုင်ငံတကာအသိအမှတ်ပြု IGCSE အောင်လက်မှတ်ကို အကောင်းဆုံးရလဒ်များနဲ့ ရယူနိုင်ဖို့ Hinthar Education မှ ၁ နှစ်ခွဲ (18 months) Program ကို November 2026 Intake (Class L) အတွက်ကျောင်းသား/သူများ ယခုပင်လျှောက်ထားအပ်နှံနိုင်ပါပြီ။

အတွေ့အကြုံရင့် ဆရာ/ဆရာမများ၏ ထိရောက်သော Teaching Style၊ စနစ်ကျသော Exam Techniques များနှင့်အတူ May/June 2028 Exam အတွက် အခုတည်းက အခြေခံခိုင်မာအောင် ပြင်ဆင်လိုက်ပါ။

🎓 "IGCSE ဆိုတာ ကျက်စာ မဟုတ်ဘူး၊ Strategy နဲ့ သွားရတဲ့ Game လို့စဉ်းစားကြည့်ကြရအောင်!"

ဒါဆိုရင်တော့ Hinthar Education ကို ထို Game အတွက်စနစ်တကျ Level Up လုပ်သွားနိုင်တဲ့ထောက်တိုင်တစ်ခုအနေနဲ့ သတ်မှတ်လို့ရပါတယ်။

✨ဒါဆိုဘာတွေအာမခံပေးနိုင်လဲ?✨

📌Past Paper နဲ့ Intensive အတန်းတွေ သီးသန့် ထပ်တက်ဖို့ လိုမလား?
မလိုပါ။ Chapter / Unit တစ်ခုစီ ပြီးဆုံးတိုင်း အတန်းထဲမှာပဲ Past Paper လေ့ကျင့်မှုများကို တစ်ပါတည်း ထည့်သွင်းသင်ကြားပေးပါတယ်။

📌ကလေး စာမလိုက်နိုင်ရင် ပြင်ပ Guide ထပ်ငှားရမလား?
မလိုပါ။ အခမဲ့ စီစဉ်ပေးထားသော FOC Study Guide အတန်းများရှိ၍ လိုအပ်သည့် Subject အလိုက်သီးသန့် ဖြည့်ဆည်းပေးပါတယ်။

📌ကလေးရဲ့ တိုးတက်မှုကို ဘယ်လိုသိနိုင်မလဲ?
Test မေးခွန်းများ စစ်ဆေးပြီးတိုင်း Detailed Feedback ပေးသည့်အတွက် ကလေး၏ အားနည်းချက်၊ အားသာချက်ကို တိကျစွာ သိရှိနိုင်ပါတယ်။
ကျောင်းသားဘက်မှ အတန်းတွင်း သင်ခန်းစာများကို သေချာလိုက်ပါ လုပ်ဆောင်ရုံဖြင့် လုံလောက်ပါတယ်။

ဤကဲ့သို့ မိဘများစိတ်အေးရစေဖို့ကို Hinthar Education မှအပြည့်အဝ တာဝန်ယူ စီစဉ်ပေးထားပါတယ်။

📌ဟင်္သာတွင် ရွေးချယ်သင်ယူနိုင်တဲ့ ဘာသာရပ်များကိုအောက်ပါအတိုင်းလေ့လာနိုင်ပါတယ်။
📚 Subject Available
-English as Second Language, English Language B
-Mathematics A/B, Further Pure Mathematics
-Physics, Chemistry, Biology, Human Biology
-Business, Accounting, Commerce, Economics
-ICT, Computer Science
-History, Global Citizenship, Geography
-Arts & Design (3D / Fine Arts)

📌Newly Added Subjects - Environmental Management, Travel & Tourism, Sociology

⏳ သင်ကြားမှု Quality နှင့် ကျောင်းသားတစ်ဦးချင်းစီအပေါ် Individual Attention အပြည့်အဝပေးနိုင်ရန် အတန်းတိုင်းတွင် Student Limit ထားရှိထားပါတယ်။
မိမိတက်ရောက်လိုသည့် ဘာသာရပ်တွဲများအတွက် အချိန်မီ နေရာရရှိဖို့ Placement Test ဖြေရန်နှင့်အသေးစိတ်အချက်အလက်များအတွက်

📌09 894 33 22 00 / 09 894 33 22 99 စနေ၊ တနင်္ဂနွေအပါအဝင် ပိတ်ရက်မရှိ
9:00am – 4:00 pmအတွင်း ဆက်သွယ်နိုင်ပါတယ်။

#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့

🌟 Hinthar 2026–2027 Academic Year Update 🌟တစ်နှစ်ပြီး တစ်နှစ်၊ တစ်တန်းပြီး တစ်တန်းပြီးဆုံးသွားခဲ့ပါပြီ။ နောက်တက်လာမယ့် က...
08/09/2026

🌟 Hinthar 2026–2027 Academic Year Update 🌟
တစ်နှစ်ပြီး တစ်နှစ်၊ တစ်တန်းပြီး တစ်တန်းပြီးဆုံးသွားခဲ့ပါပြီ။ နောက်တက်လာမယ့် ကလေးများနဲ့ အတူ အောင်မြင်မှုသမိုင်းအသစ်များလည်း ရေးထိုးဖို့ရှိနေပါတယ်။

Hinthar အနေနဲ့ Organization Reform ပြန်လည်ပြင်ဆင်ထားတာတွေရှိပါတယ်။ အခုလာမယ့်အတန်းက စ ပြီး ယခင်အတန်းများထက် ပို၍အောင်မြင်မှုရစေရန် Target KPI များ ချမှတ်ထားပါတယ်။ အပတ်စဉ် Progress တိုးတက်မှုများဖြင့် စောင့်ကြည့်မှာဖြစ်ပြီး အရင်လိုပဲ Study Guide တွေကို Free သင်ယူခွင့်ရှိနေပါဦးမယ်။ ဆရာ ဆရာမတွေဘက်ကပါ သင်ကြားမှုပုံစံအသစ်များဖြင့် ပြောင်းလဲလာတဲ့ ကလေးများရဲ့ပုံစံနဲ့ကိုက်ညီအောင် ပြင်ဆင်ထားပါတယ်။

Hinthar နဲ့ပတ်သက်လို့ Fees ကောက်ခံမှုတွေက Hidden cost တွေ၊ နောက်မှ လိုက်ကောက်တဲ့ fees တွေမရှိဘဲ အရင်လိုပဲ အစအဆုံးကောက်မယ့် Fees တွေကို ကြိုတင်သတ်မှတ်ထားပါတယ်။ အရင်ကဆို Hinthar က Fees ပိုများလို့ဆိုပြီး အခြားကျောင်းရွေးချယ်ကြတာတွေရှိပါတယ်။ ပြီးမှ အခြားကျောင်းတွေက Registration Fees, Documentation Fees ဘာညာဆိုပြီး ထပ်ကောက်ကြတာတွေရှိပါတယ်။

နောက်တစ်ခုက Hinthar က အခုအချိန်အထိ Graduation တက်မယ်ဆို ကျောင်းသား + ၂ ဦးအထိ Graduation ကောက်ခံခြင်းမရှိပါ။ မု့န်လည်းပေး အရုပ်လည်းပေး အောင်မြင်မှုကို ဂုဏ်ပြုပါတယ်။ တစ်နိုင်ငံလုံး Highest Marks ဆုရတယ်ဆို ဂုဏ်ပြုဖို့အဆင်သင့်ရှိပါတယ်။ All A* (All subjects Grade 9) လောက်က Hinthar အတွက် သိပ်မထူးဆန်းတော့ပါ။

ဒီနှစ်က အသစ်အနေနဲ့ O level မှာ ဘာသာရပ်အသစ်တွေထည့်ထားတဲ့အပြင် အလုပ်လုပ်နေရတဲ့ မိဘများကို သက်သာစေမယ့် Weekends O level Program လည်း စီစဉ်ထားပါတယ်။ စာကြိုးစာသော်လည်း စာတွေများလို့ ပင်ပန်းတဲ့ ကလေးတွေအတွက်လည်း အဆင်ပြေပါမယ်။ ပြီးတော့ အိုင်တီမှ အိုင်တီပဲဆိုတဲ့ ကလေးမျိုးတွေအတွက်လည်း O level မဟုတ်ရင် တစ်ခြားနည်းလမ်းရှိလားဆိုရင် အောက်မှာ အသေးစိတ်ရှင်းပြထားပါတယ်။

2026 November မှစ၍ Hinthar မှဖွင့်မည့်အတန်းအသစ်များ
1. Year 789 ( ၆ လအတန်းများ) Cambridge သင်ရိုးဖြင့်သင်ပါသည်။
2. Pearson Edexcel ဖြင့်သင်တဲ့တစ်နှစ်အတန်းများ
3. O Level – Class L
4. O Level – 2 Years Course
5. Level I & II
6. University Foundation (IT, Business, Engineering)
7. A level (Class H)

1. Year 789 (ခြောက်လအတန်း)
Cambridge Checkpoint ဖြင့်သင်ကြားသော အတန်းများဖြစ်ပါတယ်။ Pre iG လို့မေးလာရင် Year 8 + Year 9 တို့က Pre iG အတန်းများဖြစ်ပါတယ်။ အရင်လိုပဲ တစ်တန်းကို ခြောက်လပဲသင်ပါမယ်။

English, Maths, Physics, Chemistry, Biology, Computing, Global Citizenship, Arts ဘာသာရပ်များသင်ကြားပါမယ်။ Computing မှာ ICT + CS ပူးတွဲသင်ကြားပြီး Python ပါထည့်သွင်းသင်ကြားပါတယ်။ တစ်ပတ် ၅ ရက်၊ မနက် 8:30 ကနေ ညနေ 4:00 အထိ သင်ကြားပါတယ်။

အသက်အနည်းငယ်ကြီးပြီး မြန်မာသင်ရိုးမှ O level ကိုပြောင်းလာချင်သူများ၊ ကိုဗစ်နှင့် နိုင်ငံရေးအခက်အခဲများကြောင့် အတန်းနားထားလို့ အသက်ကြီးသွားသူများအပါအဝင် O level + A level ကို အဓိကအချိန်ပေးလိုသူကျောင်းသားများ၊ PE / Music စတာတွေမထည့်သွင်းထားတာကြောင့် စာကိုပဲအဓိကထားလုပ်လိုသူများ အတွက် သင့်တော်သော အတန်းများဖြစ်ပါတယ်။

2. Year 6789 (တစ်နှစ်အတန်း)
Pearson Edexcel သင်ရိုးဖြင့်သင်သော အတန်းများဖြစ်ပါတယ်။ June to March အထိသင်ကြားပြီး April လဆန်းတွင် Final Exam ဖြေဆိုပြီး နောက်တစ်တန်းဆက်တက်ရမှာဖြစ်ပါတယ်။

Term I (June - September), Term II (October - December), Term III (January – March) အနေဖြင့်သတ်မှတ်ထားပြီး Term အလိုက်ကျောင်းပြောင်း၍ လာတက်လို့ရပါတယ်။ (Placement Test + သက်ဆိုင်ရာ Exams ဖြေဆိုရပါမယ်။)

Year 6 + Year 7 အတန်းတွေမှာ မြန်မာစာထည့်သွင်းသင်ကြားပြီး English, Marths, Physics, Chemistry, Biology, Computing, Global Citizenship and Social Studies, Physical Education, Music, Arts တို့ထည့်သွင်းသင်ကြားပါတယ်။ တစ်တန်းကို ကျောင်းသား ၁၀-၁၂ ဦးဝန်းကျင်သာ သတ်မှတ်သင်ကြားသော အတန်းများဖြစ်ပါတယ်။

3. iGCSE O Level (Class L)
အရင်လိုပဲ ပုံမှန် ၁၈ လအတန်းများဖြစ်ပါတယ်။ Pearson Edexcel သင်ရိုးအတိုင်းသင်ကြားပါမယ်။ 2026 Nov – 2028 May ဖြစ်ပါတယ်။ ရွေးချယ်သင်ယူနိုင်တဲ့ ဘာသာရပ်များကိုလည်း ဖော်ပြထားပါတယ်။ ဒီနှစ်အတွက် Sociology, Environmental Management နှင့် Travel & Tourism ဘာသာရပ်များ အသစ်ထည့်သွင်းထားပါတယ်။

📚English as Second Language, English Language B
📚Mathematics A/B, Further Pure Mathematics
📚Physics, Chemistry, Biology, Human Biology
📚Business, Accounting, Commerce, Economics
📚ICT, Computer Science
📚History, Global Citizenship, Geography
📚Arts & Design (3D / Fine Arts)
📚German, French, Chinese

Newly Added Subjects - Environmental Management, Travel & Tourism, Sociology

4. O Level – 2 Years Course
ဒီအတန်းကတော့ အနည်းငယ်ထူးခြားပါတယ်။ စာလေးသေချာဖတ်ပေးပါ။ ဘယ်လိုလူတွေတက်သင့်လဲဆိုတာ သေချာရှင်းပြပါမယ်။ ပထမဆုံးတော့ ဘတ်ဂျက်ကိုကြည့်တယ်ဆို ဒီအတန်းက သင့်တော်ပါတယ်။ အချိန်အားဖြင့် ၂ နှစ်ကြာပါမယ်။

ကလေးဘက်က ကြည့်ရင်လည်း O level အတန်းကို အပြည့်ထားမယ်ဆိုရင် တစ်ချိန်တည်းမှာ ၆ ဘာသာတက်ရပါမယ်။ အခု ဒီအတန်းကတော့ တစ်ခါတက် တစ်နှစ်ကို သုံးဘာသာပဲ လေ့လာ/ဖြေရပါမယ်။ နှစ်နှစ်ဆိုတော့ ခြောက်ဘာသာဖြစ်တာပေါ့။ ဒီတော့ ဘတ်ဂျက်အရလည်း သက်သာတယ်၊ တစ်နှစ်ကို သုံးဘာသာပဲဆိုတော့လည်း ကလေးဘက်က ထိထိရောက်ရောက် အာရုံစိုက်နိုင်တယ်။ ပြီးတော့ စနေ၊ တနင်္ဂနွေပဲ ဖွင့်မယ်ဆိုတာကြောင့် မြန်မာသင်ရိုးတက်နေရင်း O level ကိုပါ တစ်ချိန်တည်းလုပ်လိုသူတွေအတွက်လည်း အဆင်ပြေတယ်။

အားနည်းချက်ကတော့ တစ်ပတ် ငါးရက်အိမ်မှာရှိနေရင် Self Study လုပ်မှရပါမယ်။ တစ်ပတ်ငါးရက် အိမ်မှာ လေနေလို့၊ Game ကစားနေုလို့ ရုပ်ရှင်ကြည့်နေလို့မရပါ။ ကျောင်းက ပုံမှန်ဖွင့်နေတဲ့ ၁၈ လအတန်းနဲ့ ဘာကွာမလဲဆို Study guide မရနိုင်တာမျိုးနဲ့ စာသင်ကြားမှုနှင့်မဆိုသော အခြားကိစ္စအနည်းငယ်လောက်ပဲ ကွာဟပါမယ်။ ဥပမာ - Weekends အတွက် ဘာပွဲမှမရှိပါ။ လေ့လာရေး Trip ထွက်တာမျိုးလည်းလုပ်ပေးလို့မရပါ။ ဘာသာရပ်လည်း ၁၈ လအတန်းလို အစုံမရပါ။

• ၁၈ လ ပုံမှန်အတန်းတွေအတွက် Hinthar က Sat Sun ဆို Study Guide အခမဲ့ထည့်ပေးတာ ကျောင်းသားတိုင်း သိကြပါတယ်။

5. Level I & II
Level I & Level II ဆိုတာက Year 10 & Year 11 လို့သတ်မှတ်နိုင်ပါတယ်။ ဘယ်သူတွေတက်သင့်သလဲဆိုတော့ မိဘတွေဘက်ကပြောရရင် O level ထားဖို့ ငွေကြေးအခက်အခဲရှိတယ်ဆိုရင်၊ O level ပြီးတော့ ဆက်ထားရမယ့် ကျောင်းစရိတ်အတွက် ပြည်တွင်းမှာပဲ ထားမယ်ဆိုသူတွေအတွက် သင့်တော်ပါတယ်။

ကလေးတွေဘက်ကကြည့်ရင် Year 9 တောင် အနိုင်နိုင် စာတွေလိုက်လုပ်နေရသူတွေ၊ အိုင်တီပဲလုပ်ချင်တာ၊ Business ပဲစိတ်ဝင်စားတယ်၊ Engineering - ကားပြင်တာ၊ Mechanics / Mechanical Engineering ပဲလုပ်ချင်တာ - စသည်ဖြင့် O level စာတွေအများကြီးလုပ်မယ့်အစား မိမိတို့ လုပ်ချင်တာ၊ ဝါသနာပါတာကိုပဲ တစိုက်မတ်မတ်လုပ်ပြီး Vocational အသက်မွေးဝမ်းကြောင်းမှုနဲ့ ကျောင်းတွေအကြာကြီးတက်မယ့်အစား၊ သီအိုရီတွေအများကြီးလုပ်မယ့်အစား၊ Practical များများနဲ့ ပညာသင်ယူချင်သူများအတွက်ဆို အထူးသင့်တော်တဲ့အတန်းတွေပါ။ ကျောင်းတက်ရင်းအလုပ်လုပ်မယ်လို့တွေးထားသူတွေအတွက် ခြေလှမ်းအစဖြစ်ပါတယ်။

ဒါဆို ဒီအတန်းတက်တော့ ဘယ်လမ်းကြောင်းဆက်သွားရမှာလဲဆိုရင် အချိန်တန်ရင် သက်ဆိုင်ရာ ဘွဲ့ပါမယ်။ မိမိတို့ တတ်နိုင်တဲ့ငွေကြေးပေါ်မူတည်ပြီး UK သို့မဟုတ် France နိုင်ငံများမှ ဘွဲ့တွေရပါမယ်။ Singapore, Malaysia,Thai နိုင်ငံများမှာ အလုပ်အလွယ်တကူရနိုင်ပါတယ်။ မိမိကျွမ်းကျင်မှုနဲ့ ဘာသာစကားတတ်ကျွမ်းမှုပေါ်မူတည်ပြီး Japan အပါအဝင် အခြားသောနိုင်ငံများမှာလည်း အလုပ်ရနိုင်ပါတယ်။ ရတဲ့ဘွဲ့နဲ့ ဥရောပအပါအဝင် အခြားသော နိုင်ငံကြီးများမှာလည်း Master အတန်းများ ဆက်လက်တက်ရောက်နိုင်ပါတယ်။

အချိန်ကာလအားဖြင့် ၁၈ လခန့်ကြာမြင့်ပြီး O level လောက်လည်း မများ၊ Year 789 ထက်လည်း အနည်းငယ်သာများသော ငွေပမာဏနဲ့ ဆက်တက်ရမှာဖြစ်ပါတယ်။

6. University Foundation
Level I & II က တက်လာတဲ့ကျောင်းသားများ၊ O level ပြီးထားသော ကျောင်းသားများအတွက် အတန်းဖြစ်ပါတယ်။ Level III – University Foundation Program အတန်းများဖြစ်ပါတယ်။ O level ပြီးလို့ Poly လည်းမမီ၊ နိုင်ငံခြားကျောင်းသွားတက်ဖို့လည်း အသက်ငယ်၊ A level လည်း မတက်ချင် စတဲ့ ကျောင်းသားတွေအတွက် အထူးသင့်တော်တဲ့အတန်းဖြစ်ပါတယ်။

Level III တက်ပြီး IV, V တက်ပြီးပါက နိုင်ငံတွင်းမှာတင်ဖြစ်စေ၊ Thai, Malay, Vietnam စတဲ့အိမ်နီးချင်းနိုင်ငံများမှာတင် UK ကပေးတဲ့ဘွဲ့ကိုရယူနိုင်ပါတယ်။ UK က မြန်မာကို ကျောင်းတက်ဖို့ပဲပိတ်ထားတာဖြစ်ပြီး အခုလို အဝေးသင်သဘောမျိုး လှမ်းတက်တာကို ခွင့်ပြုပါတယ်။

ဘွဲ့ကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုပြီး Master တက်ရန်ဖြစ်စေ၊ အလုပ်လုပ်ရန်ဖြစ်စေ (ဥပမာ - Singapore SPass လျှောက်မယ်ဆို ဘယ်ဘွဲ့လည်းဆိုတာ စစ်ပါတယ်။ သတ်မှတ်ထားတဲ့ Uni က ဘွဲ့တွေဖြစ်မှ SPass လျှောက်ဖို့ရပါတယ်။) အာမခံချက်လေးရလာမှာဖြစ်ပါတယ်။
ဒီလမ်းကြောင်းကသွားရင်တော့ အချိန်မြန်မြန်နဲ့ ဘွဲ့ရပြီး အလုပ်ခွင်ထဲ မြန်မြန်ရောက်မှာဖြစ်ပါတယ်။

7. A level
A level အတန်းအသစ်များကတော့ 2027 January မှာဖွင့်ပါမယ်။ November စာမေးပွဲများပြီးရင် A level အတွက် ဘာသာရပ်ရွေးရန်၊ ကြိုတင်ပြင်ဆင်ရန်အတွက် လာရောက်ဆွေးနွေးနိုင်ပါတယ်။

အပေါ်ကပြောထားတဲ့ University Foundation ကနေတဆင့် ဘွဲ့ယူတာနဲ့ A level တက်တာ ဘာကွာလဲဆိုရင် စာလုပ်နိုင်သူတွေအတွက် A level က သွားတာကို ပိုအားပေးပါတယ်။ A level ကနေရလာတဲ့ ဘွဲ့မျိုးကတော့ ပိုခက် ပိုမြင့်တာမျိုးဖြစ်ပါတယ်။ သီအိုရီပိုများပြီး များများသိအောင်လုပ်ပေးလိုက်တဲ့ဘွဲ့မျိုးပါ။ UFP ကနေသွားတဲ့ ဘွဲ့မျိုးကျတော့ Apply ကိုများများသင်ပေးလိုက်တဲ့သဘောပါ။

A level တက်ရင် ဘယ်လောက်ကြာမလဲဆိုရင် ကျောင်းသားပေါ်မူတည်ပါတယ်။ Hinthar မှာ ၁၀ လနဲ့ A level 3-4 ဘာသာပြီးထားတဲ့ ကျောင်းသား ၃ ယောက်ရှိပါပြီ။ ကျောင်းသားအများစုကတော့ ၁၆ လနဲ့ ၃ ဘာသာပြီးကြပါတယ်။ ဆေးလိုလိုင်းမျိုး၊ Grade ကောင်းချင်သူများ၊ ၄ ဘာသာဖြေမယ့်ကျောင်းသားတွေအတွက်ကတော့ ၂၀-၂၄ လ ကြာပါမယ်။ ဘာသာရပ်တွေကတော့ အစုံရှိပါတယ်။
Uni တက်ဖို့အတွက် CIE က ပိုမြင့်တယ်၊ Edexcel က နိမ့်တယ်ဆိုရင် Hinthar ကနေ Pearson Edexcel A level ဖြေပြီး MIT, UC Berkley, KIT and DIT Germany, Shinzuoka Uni (100% Scholar), Tongji University (MBBS) တက်နေတဲ့ကျောင်းသားတွေရှိနေပါပြီ။

မော်လမြိုင်ကျောင်းကတော့ 07th September ကတည်းက အတန်းအသစ်တွေ စ နေပါပြီ။ 2026 Sep to 2027 May ဖြစ်ပါတယ်။ နောက်တစ်နှစ်မှာ 2027 June to 2028 March ဆိုပြီး Academic Term တွေပြောင်းထားပါတယ်။ မော်လမြိုင်ကျောင်းက IS လိုင်စင်ရှိထားတဲ့ကျောင်းပါ။ ၁၂ တန်းကို A level သော်လည်းကောင်း၊ OSSD သော်လည်းကောင်း မော်လမြိုင်ကျောင်းသားအနေနဲ့ ဆက်တက်လို့ရပါတယ်။

Placement Test ဖြေရန်နှင့်အသေးစိတ်အချက်အလက်များအတွက် 09 894 33 22 00 / 09 894 33 22 99 စနေ၊ တနင်္ဂနွေအပါအဝင် ပိတ်ရက်မရှိ 9:00 – 4:00 အတွင်း ဆက်သွယ်နိုင်ပါတယ်။

#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့

*** မြန်မာနိုင်ငံက ဘွဲ့ရလူငယ်တွေ ဘွဲ့ရပြီးအလုပ်မရကြဘဲ သင်တန်းတွေ လိုက်တက်ကြရတယ်၊ ဘာလို့လဲ? ***ဒီမေးခွန်းဟာ မြန်မာနိုင်ငံ...
07/08/2026

*** မြန်မာနိုင်ငံက ဘွဲ့ရလူငယ်တွေ ဘွဲ့ရပြီးအလုပ်မရကြဘဲ သင်တန်းတွေ လိုက်တက်ကြရတယ်၊ ဘာလို့လဲ? ***

ဒီမေးခွန်းဟာ မြန်မာနိုင်ငံတင်မက ကမ္ဘာ့နိုင်ငံများစွာမှာလည်း ဆွေးနွေးနေကြတဲ့ ပြဿနာတစ်ခုပါ။ အဓိကအကြောင်းရင်းက **"ဘွဲ့ရခြင်း" နဲ့ "အလုပ်လုပ်နိုင်တဲ့ အရည်အချင်း (Employability)" ဟာ တူညီတဲ့အရာမဟုတ်တော့တာပါ။

အောက်က အသေးစိတ်ရေးထားတဲ့စာတွေ ဆက်မဖတ်ခင်၊ အခြားကိစ္စတွေ မဆွေးနွေးခင်မှာ မေးခွန်းတစ်ခုမေးခွင့်ပြုပါ။ အဲဒီမိမိယူထားတဲ့ဘွဲ့က ဘာလို့ယူထားတာလဲ? မိမိကိုယ်တိုင်တကယ်တတ်ချင်လို့ယူထားတာလား။ အိမ်ကတက်ခိုင်းလို့လား။ သူငယ်ချင်းတွေ တက်ကြလို့လား။ မိမိဒေသနဲ့နီးတဲ့ ဒီကျောင်းပဲတက်ရမှာဖြစ်လို့ ဒီဘွဲ့ပဲရလို့ ယူထားတာလား။ ဒီဘွဲနဲ့ဆို လစာကောင်းတယ်ဆိုလို့ ယူလိုက်တာလား။ . . . စသည်ဖြင့် မေးခွန်းတွေကို မိမိဘာသာ မိမိပြန်မေးကြည့်ပါဦး။ ဘွဲ့ကိုအပြစ်တင်မစောပါနဲ့။

မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးမှ အလုပ်မရဘဲ သင်တန်းတွေ ထပ်မံလိုက်တက်နေကြရတဲ့ ဖြစ်စဉ်ဟာ လူငယ်တွေရဲ့ ကြိုးစားမှု လိုအပ်ချက်ထက် "ပညာရေးစနစ်၊ အလုပ်အကိုင်ဈေးကွက်နဲ့ ခေတ်၏ လိုအပ်ချက်" စတဲ့ အချက်များစွာ ကျောခိုင်းနေတာကြောင့် ဖြစ်ပါတယ်။

အဓိက အကြောင်းအရင်းတွေကို ကြည့်မယ်ဆိုရင် -

၁။ ပညာရေးစနစ်နှင့် လက်တွေ့အလုပ်အကိုင်ကြားမှ ကွာဟချက် (Academic vs Practical Skill Gap)

• အလွတ်ကျက်စနစ်၏ အကျိုးဆက်: တက္ကသိုလ်အများစုမှာ စာအုပ်ထဲက စာတွေကို အလွတ်ကျက်၊ စာမေးပွဲဖြေဆိုပြီး ဘွဲ့ရလာကြတာများပါတယ်။ လက်တွေ့ လုပ်ငန်းခွင်မှာ တကယ်လိုအပ်တဲ့ Soft Skills (ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်မှု) နဲ့ Hard Skills (ခေတ်မီ နည်းပညာ၊ စက်ပစ္စည်း အသုံးပြုမှု) တွေကို တက္ကသိုလ်မှာ ထိထိရောက်ရောက် သင်ယူခွင့်မရခဲ့ကြပါဘူး။

• ခေတ်မမီတော့သော သင်ရိုးညွှန်းတမ်းများ: တက္ကသိုလ် သင်ရိုးအများစုသည် ယနေ့ခေတ် ပြောင်းလဲနေသော အလုပ်အကိုင်ဈေးကွက်၏ လိုအပ်ချက်များကို အမှီမလိုက်နိုင်ဘဲ ကျန်ရစ်ခဲ့တာ ကြောင့် ဘွဲ့ရလာသော်လည်း Zero Level ကနေ ပြန်စရသကဲ့သို့ ဖြစ်နေရပါတယ်။

• တက္ကသိုလ်ပညာနဲ့ အလုပ်ဈေးကွက် လိုအပ်ချက် မကိုက်ညီခြင်း
တက္ကသိုလ်အများစုမှာ သီအိုရီ (Theory) ကို အဓိကသင်ကြားပေးပေမယ့် လုပ်ငန်းခွင်မှာတော့ Communication Skills, Critical Thinking, Problem Solving, Digital Skills, Teamwork, Project Management စတဲ့ အရည်အချင်းတွေကို ပိုလိုအပ်ပါတယ်။

၂။ အလုပ်အကိုင်ဈေးကွက်၏ တောင်းဆိုချက်များ မြင့်မားလာခြင်း (High Market Demand)

• အတွေ့အကြုံ (Experience) တောင်းဆိုခြင်း: အလုပ်ခေါ်ယူသည့် ကုမ္ပဏီအများစုသည် Fresh Graduate (ဘွဲ့ရခါစ) များကိုပင် အနည်းဆုံး ၁ နှစ် သို့မဟုတ် ၂ နှစ် လုပ်ငန်းအတွေ့အကြုံ တောင်းလေ့ရှိကြသည်။

• ကျွမ်းကျင်မှုလက်မှတ် (Certifications): ဘွဲ့ဒီဂရီတစ်ခုတည်းဖြင့် မလုံလောက်တော့ဘဲ HR၊ Accounting၊ Digital Marketing၊ Programming သို့မဟုတ် English/Computer Certificate များ ရှိမှသာ အင်တာဗျူး ခေါ်ယူခံရသည့် အခြေအနေဖြစ်လာသည်။

၃။ ဘာသာစကားနှင့် နည်းပညာ လိုအပ်ချက် (Language & Tech Proficiency)

• အင်္ဂလိပ်စာ အရည်အသွေး: နိုင်ငံတကာ ကုမ္ပဏီများနှင့် ပြည်တွင်း ကုမ္ပဏီကြီးများတွင် အနည်းဆုံး English Business Communication (ပြော/ရေး) ရရန် လိုအပ်သော်လည်း ဘွဲ့ရအများစုမှာ ဘာသာစကား ကျွမ်းကျင်မှု အားနည်းနေသေးသဖြင့် ပြင်ပ သင်တန်းများကို မှီခိုရသည်။

• Business English, အခြားသောဘာသာစကားနဲ့ Communication Skills, Manners and Etiquettes ဆိုင်ရာအားနည်းချက်များကိုလည်း တွေ့ရပါတယ်။ နိုင်ငံခြားမှာ အလုပ်လျှောက်မယ်လို့ စဉ်းစားထားတဲ့လူငယ်တွေဆိုရင် ဘာသာစကား တတ်ကျွမ်းမှုအပါအဝင် ဒီလို skills မျိုးက အခြားသူများထက်ပိုပြီး လိုအပ်ပါတယ်။

• Digital Literacy: ရိုးရိုး ကွန်ပျူတာ အခြေခံ မဟုတ်ဘဲ လုပ်ငန်းခွင်သုံး Software များ၊ AI Tools များ၊ Data Analysis စသည်တို့ကို အသုံးချနိုင်ရန် ထပ်မံလေ့လာကြရသည်။ အထူးသဖြင့်, Microsoft Office, AI Tools, Data Analysis, Presentation Skills, Public Speaking Skills စတဲ့အပိုင်းတွေမှာ တက္ကသိုလ်တက်စည် မဖြည့်ဆည်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ မိုဘိုင်းဖုန်းသုံးတတ်ရင်ရတာပဲဆိုပြီး အခြေခံအကျဆုံး Laptop / Desktop ကိုတောင် မကျွမ်းကျင်ဘဲ ရုံးအလုပ်လာလျှောက်သူတွေကို ထူးဆန်းစွာတွေ့နေရပါတယ်။

• ယနေ့လို AI နဲ့ Digital Economy ခေတ်မှာ လိုအပ်တဲ့ Skill တွေက ၅ နှစ်၊ ၁၀ နှစ်အတွင်း အများကြီးပြောင်းလဲသွားပါတယ်။ အလုပ်သမားဈေးကွက်ရဲ့ ပြောင်းလဲမှုတွေကိုလည်း မျက်ခြေမပြတ် လေ့လာထားဖို့လိုပါယ်။ အလုပ်ရှင်က အင်တာဗျူးလိုက်ပြီဆိုရင်လည်း up to date information တွေကို သိထားတဲ့သူဆိုရင်ပိုပြီး impression ကောင်းပါတယ်။

၄။ ပညာရေးနှင့် တန်းဝင်အသက်မွေးဝမ်းကျောင်း (Vocational Training)

• အထက်ပါ "နိုင်ငံတကာပညာရေးဆိုသည်မှာ . . . အပိုင်း (၂)" ဆောင်းပါးမှာ ဆွေးနွေးခဲ့သလိုပါပဲ— ကလေးတိုင်း၊ လူငယ်တိုင်းဟာ စာအုပ်ထဲက စာတွေကို ပုံသွင်းအတန်းတင်ခံခဲ့ရပြီး မိမိ တကယ် ဝါသနာပါရာ သို့မဟုတ် ကျွမ်းကျင်ရာ Vocational/Technical Skill များကို အလယ်တန်း/အထက်တန်း အရွယ်ကတည်းက စနစ်တကျ လမ်းကြောင်းမပေါ်ခဲ့ရပါဘူး။

• ဒါကြောင့် ဘွဲ့ရပြီးမှ မိမိဘဝအတွက် တကယ် လိုအပ်သည့် သက်မွေးဝမ်းကျောင်းပညာ (Vocational Skill) ကို ပြင်ပသင်တန်းကျောင်းများတွင် အချိန်နှင့် ငွေကြေး ထပ်မံရင်းနှီးပြီး ပြန်လည်သင်ယူနေကြရခြင်း ဖြစ်သည်။

၅။ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း (Economic Factors)

• တိုင်းပြည်၏ စီးပွားရေး အခြေအနေကြောင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးပြီး ဘွဲ့ရသူ ဦးရေနှင့် အလုပ်နေရာ မမျှတသည့်အခါ (Over-supply of graduates)၊ အလုပ်ရှင်များဘက်မှ အရည်အချင်း အသာလွန်ဆုံး လူငယ်များကိုသာ ရွေးချယ်လာကြသည်။

• ထို့ကြောင့် လူငယ်များမှာ အလုပ်ရရှိနိုင်ခြေ (Employability) ပိုမိုမြင့်မားလာစေရန် သင်တန်းများကို အပြိုင်အဆိုင် လိုက်တက်နေကြရခြင်း ဖြစ်သည်။

၆။ လုပ်ငန်းရှင်တွေက Degree ထက် Skills ကို ပိုကြည့်လာခြင်း
ယခင်က Degree = အလုပ် ဆိုတဲ့ အယူအဆ ရှိခဲ့ပေမယ့် ယနေ့မှာတော့
Degree + Skills + Experience + Attitude ကို ပိုအလေးထားလာကြပါတယ်။

သင်တန်းတက်တာက အားနည်းချက်လား?

= မဟုတ်ပါဘူး။

ကမ္ဘာ့နိုင်ငံများစွာမှာ Lifelong Learning (တစ်သက်တာ သင်ယူခြင်း) ကို ပုံမှန်လုပ်နေကြပါတယ်။ ဘွဲ့တစ်ခုရပြီးတာနဲ့ သင်ယူမှု ရပ်သွားတာ မဟုတ်ဘဲ အလုပ်ဈေးကွက် လိုအပ်ချက်နဲ့အညီ Skill အသစ်တွေကို အမြဲဖြည့်တင်းနေကြပါတယ်။

အရေးကြီးတဲ့ မေးခွန်း
ယနေ့ခေတ်မှာ မေးသင့်တာက—

"ဘွဲ့ရပြီးပြီလား?" မဟုတ်တော့ပါ။

အဲဒီအစား—

"ဒီနေ့ အလုပ်ရှင်တွေ လိုအပ်နေတဲ့ အရည်အချင်းတွေ ငါ့မှာ ရှိပြီလား?"

ဆိုတဲ့ မေးခွန်းက ပိုအရေးကြီးလာပါတယ်။

ဘွဲ့တစ်ခုဟာ အရေးကြီးတဲ့ အခြေခံအရည်အချင်းတစ်ခု ဖြစ်ပေမယ့် အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းဘဝကို တည်ဆောက်ဖို့အတွက် အသိပညာ (Knowledge)၊ ကျွမ်းကျင်မှု (Skills)၊ လက်တွေ့အတွေ့အကြုံ (Experience) နဲ့ အမြဲတမ်း သင်ယူလိုစိတ် (Continuous Learning Mindset) တို့ကို ပေါင်းစပ်တည်ဆောက်နိုင်ခြင်းက ပိုမိုအရေးပါလာနေပါတယ်။

နိဂုံးချုပ်အားဖြင့်: မြန်မာလူငယ်များသည် အရည်အချင်း မရှိကြသူများ မဟုတ်ပါ။ သို့သော် "ဘွဲ့တစ်ခု ရရှိခြင်း" နှင့် "လက်တွေ့ အလုပ်လုပ်နိုင်ခြင်း" အကြားရှိ ကွာဟချက်ကို ဖြည့်ဆည်းရန်အတွက် ပြင်ပသင်တန်းများကို တံတားသဖွယ် အသုံးပြုနေကြရခြင်း ဖြစ်ပါတယ်။

#ဆြာကောင်းပြောသည် #ဟင်္သာနှင့်အတူအမြင့်ဆုံးသို့

နိုင်ငံတကာပညာရေးဆိုသည်မှာ . . . အပိုင်း (၂)မိဘတစ်ဦးပြောတဲ့စကားလေးတစ်ခုပါ။ သူ့ကလေးက အရင်ကျောင်းတုန်းက တော်တယ်။ သင်္ချာဆို...
02/08/2026

နိုင်ငံတကာပညာရေးဆိုသည်မှာ . . . အပိုင်း (၂)

မိဘတစ်ဦးပြောတဲ့စကားလေးတစ်ခုပါ။ သူ့ကလေးက အရင်ကျောင်းတုန်းက တော်တယ်။ သင်္ချာဆိုလည်းအမှတ်အပြည့်၊ နှစ်တိုင်းထူးချွန်ဆုရ ကျောင်းသား။ အဲဒါ ဆရာ့ကျောင်းရောက်မှ ပထမဆုံးစစ်တဲ့ လပတ်မှာတင် စာမေးပွဲကျလို့ဆိုပြီး လာတွေ့တယ်။ သူ့လိုပဲ မိဘတွေအများကြီးပါ။ ကလေးအမှတ်နည်းလို့၊ စာမေးပွဲကျလို့။ အရင်က ဒီလိုမဟုတ်ဘူး။ တော်တယ်။ အခုမှ အမှတ်နည်းတယ်ဆိုပြီး လာတွေ့တဲ့ မိဘတွေအများကြီးရှိပါတယ်။

ကျွန်တော်တို့ဘဝမှာကြုံဖူးတဲ့အတွေ့အကြုံလေးတစ်ခုနဲ့ နှိုင်းယှဉ်ကြည့်ကြရအောင်။ ဆယ်တန်းကျတဲ့ကလေးအချို့ရဲ့အမှတ်တွေကို Facebook ပေါ်တင်ကြတဲ့အခါ အချို့ကလေးတွေက ၃ မှတ် ၄ မှတ်နဲ့ ကျတာတွေ မြင်ဖူးကြပါလိမ့်မယ်။ ဘယ်လိုဖြစ်တာလဲပေါ့။ ဆယ်တန်းသင်တဲ့ဆရာတွေ သေသေချာချာမသင်ပေးဘူးလားဆိုပြီး မှတ်ချက်ပေးလေ့ရှိပါတယ်။

တကယ်တမ်းကျတော့ အဲဒီကလေးကို အခြေခံမခိုင်ဘဲ ၉ တန်းပေးအောင်လိုက်တဲ့ ဆရာ၊ ဆရာမတွေအပေါ်မှာ တာဝန်ရှိနေတာတော့အမှန်ပဲ။ အဲဒီလိုပဲ အဲဒီကလေးကို ၇ တန်း၊ ၈ တန်း စသည်ဖြင့် အတန်းအလိုက် အဆင့်ဆင့် အတန်းတင်ပေးလိုက်တဲ့ သူတိုင်းအပေါ်မှာ တာဝန်ရှိတာ သေချာပေါက်ဖြစ်ပါတယ်။

တစ်ဘက်ကပြောရင်လည်း ပညာရေးစနစ်မှာ အကျမရှိစေရဆိုတာနဲ့ ဆရာ ဆရာမဘက်က ပြန်လည်ချေပပါတယ်။ အချို့နိုင်ငံတွေမှာဆို မူလတန်းပညာရေးကို အကျမရှိ အတန်းတင်ပေးတဲ့စနစ်နဲ့ စာမေးပွဲတောင်မရှိဘူးဆိုကြပါတယ်။ ဒါတွေက စာမေးပွဲသာမရှိတယ်၊ စဉ်ဆက်မပြတ် အကဲဖြတ်ဆိုတဲ့ စနစ်တွေရှိတာကြောင့်ရယ်၊ သင်ကြားရေးစနစ်တစ်ခု ခိုင်မာကောင်းမွန်နေတာကြောင်ရယ် အတန်းတက်ဖို့အဆင်ပြေနေတာဖြစ်ပါတယ်။

မူလတန်းသင်တဲ့ ဆရာ ဆရာမတွေကလည်း ကလေးတွေရဲ့ တီထွင်နိုင်စွမ်းကိုလည်း အားပေးလမ်းကြောင်းရပါမယ်။ Sir Ken Robinson ကတောင် Do schools kill the creativity? ဆိုပြိး လေ့လာမှုတွေလုပ်ပြီး ဟောပြောဖူးပါတယ်။ တစ်နည်းဆိုရသော် ကလေးတွေက သူတို့ဖန်တီးနိုင်မှုစွမ်းရည်ထွက်လာရမယ့်အစား ဆရာ ဆရာမတွေကပဲ ဒါဆို ဒီလို၊ ဒီကိစ္စဆို ဒါပဲ လို့အတွေးအခေါ်တွေရိုက်ထည့်လိုက်တယ်လို့ ဆိုထားပါတယ်။ တစ်နည်းပြောရရင် ဆရာ ဆရာမတွေဟာ သူတို့သိတဲ့ပတ်ဝန်းကျင်၊ သူတို့သိထားသလောက် ပညာနဲ့ပဲ ကလေးတွေကို ဒီလိုဖြစ်တယ်ဆိုပြီး ပုံသွင်းလေ့ရှိကြပါတယ်။

အတန်းတင်တဲ့အကြောင်းဆက်ပါဦးမယ်။ အကျမရှိဆိုတော့ ဆရာ ဆရာမတွေဘက်က ကလေးတွေကိုတကယ်တတ်အောင်သင်၊ သင်ပြီး အတန်းတင်ပေးလိုက်လို့ ဆိုလိုတာဖြစ်တယ်လို့ပဲ မြင်ပါတယ်။ မူလတန်းပညာရေးတစ်ခုပဲ အသုံးလုံး အခြေခံပြီး အကျမရှိလို့ သတ်မှတ်သင့်ပါတယ်။ အလယ်တန်းနဲ့ အထက်တန်းကတော့ ကျွမ်းကျင်မှုရှိမှ ရှေ့ဆက်နိုင်တဲ့သဘောရှိတာကြောင့် စာမေးပွဲကျခြင်း သို့မဟုတ် အမှတ်ဖြင့် အကဲဖြတ် သတ်မှတ်ခြင်းဆိုတာရှိရပါမယ်။

အလယ်တန်းအဆင့်မှာတင် ကလေးအချို့က အများကြီးမတွေးချင်ဘူး၊ ဒါမြင် ဒါလုပ်ဆိုတာပဲ လုပ်ချင်တယ်။ ဦးနှောက်ပူအောင်သုံးပြီး အလုပ်လုပ်မယ့်အစား လက်နဲပဲ သိပ်မစဉ်းစားရတဲ့အလုပ်တွေကို လုပ်ချင်ကြတယ်။ ဒါဆို ဒီကလေးတွေကို Vocational / Technical အတန်းတွေကနေ တစ်ဆင့်ပြီး တစ်ဆင့် အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့ ပညာရှင်ဖြစ်အောင် လုပ်ပေးရမယ်။

သူတို့နဲ့ ဆန့်ကျင့်ဘက်၊ စာလုပ်နိုင်တဲ့ကလေးကျတော့လည်း အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ်ကနေ အများကြီးလေ့လာပြီး ပညာရှင်ကြီးဖြစ်အောင် ထိန်းကြောင်းပေးရမယ်။

အတန်းတင်တာနဲ့ပတ်သက်ပြီး နမူနာယူစရာတစ်ခု မျှဝေချင်ပါတယ်။ ငပလီကမ်းခြေမှာ Vera Thomas English School https://www.facebook.com/TheVeraThomsonEnglishSchool ဆိုတာရှိပါတယ်။ Mummy Sue မာမီဆူး (အမည်အရင်း - Susan Jane Ozturk) ကနေဦးစီးတည်ထောင်ထားတဲ့ English စာသင်တန်းကျောင်းပါ။

သူ့အတန်းမှာ ဘာစာမေးပွဲမှမရှိပါ။ ကျွမ်းကျင်မှုအလိုက် အတန်းတင်ပေးပါတယ်။ အငယ်တန်းက ဆရာမက သေချာသင်ပေးပြီး သေချာပြီဆိုမှ နောက်အကြီးတန်းတစ်ခုကို တင်ပေးပါတယ်။ အကြီးတန်းဆရာမက အငယ်တန်းဆရာမကို နင့်တပည့်ကို နင်သေချာမသင်ပေးလိုက်ဘူးလား ဆိုတဲ့မေးခွန်းမျိုး အမေးမခံရချင်လို့ဆိုတဲ့ စိတ်နဲ့ တကယ်တတ်အောင် သင်ပေလိုက်ပါတယ်။

စာကို တကယ်တတ်အောင်သင်တယ်ဆိုတဲ့စကားက စာတကယ်သင်တဲ့ဆရာတွေနားလည်ပါတယ်။ အဲဒီကျောင်းက ကလေးအများစုရဲ့အသံထွက်က Native အသံလိုမျိုးရပါတယ်။ ငပလီက ဟိုတယ်အများစုမှာလည်း အလုပ်လုပ်နေကြတဲ့ VTES ကျောင်းဆင်းတွေအများကြီးရှိပါတယ်။

ဒီလို မိမိတာဝန်မိမိ အပြည့်ယူပြီးမှ နောက်အတန်းကို ဆက်တက်ဖို့ သင်ကြားပေးလိုက်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အားစိုက်ထုတ်မှုက လေးစားဖွယ်ဖြစ်ပါတယ်။ ကျောင်းသားတွေဘက်ကလည်း ဒီအတန်းကစာကိုသင်ပြီး ဒီအတန်းတက်တာနဲ့ မေ့လိုက်လို့မရပါ။

နောက်တစ်မျိုးက ကျောင်းသားတစ်ဦးက မေးခွန်းထုတ်ဖူးပါတယ်။ ဒီကျောင်းက ဒီဆရာကပဲ သင်တယ်၊ ဒီဆရာတွေပဲ မေးခွန်းထုတ်တာ ကျောင်းသားတွေက ဘာလို့ အမှတ်မကောင်းတာလဲဆိုတာပါ။

ကျောင်းသားတွေပျော်စေချင်တာလား၊ စာတတ်စေချင်တာလားလို့? ကျောင်းသားတွေပျော်စေချင်တယ်ဆို အမှတ် ၈၀-၉၀ ရအောင် မေးခွန်းကို လွယ်အောင်ထုတ်ပေးလို့ရပါတယ်။ စာတကယ်တတ်အောင်ဆိုတာမှာ ဘယ်နားမသိလောက်ဘူး၊ သားတို့ သမီးတို့ စာမေးပွဲခန်းထဲရောက်ရင် မရသေးတဲ့စာတွေရပါစေ၊ မရသေးကြောင်း မသိသေးကြောင်းသိသွားရင် စာမေးပွဲခန်းကအထွက်မှာ လေ့လာသင်ယူနိုင်ကြပါစေဆိုတဲ့စိတ်နဲ့ မေးခွန်းပြင်ဆင်မေးပေးတာဖြစ်ပါတယ်။ အားလုံးဖြေနိုင်တဲ့မေးခွန်းမေးပြီး အမှတ်အလကားပေးတဲ့စနစ်နဲ့ဆို သားတို့ သမီးတို့ UK က စစ်တဲ့ O level စာမေးပွဲအပါအဝင် ကမ္ဘာ့အဆင့် စာမေးပွဲ၊ ပညာ၊ ဗဟုသုတတွေဘယ်ရလာပါ့မလဲ?

ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးပြောခဲ့တဲ့ စကားတစ်ခုရှိပါတယ်။ I know that I know nothing. တဲ့။ ပညာကို တကယ်လေ့လာရင် သိလာမယ့် အသိတရားတစ်ခုပါ။

ဒီတော့ ဖတ်စာအုပ်ဆိုတဲ့ စာရွက်ပေါ်က စာလုံးတွေကို ဦးနှောက်ထဲရိုက်ထည့်၊ အလွတ်ပြန်ရွတ်ဆိုတာက ပညာလား၊ တကယ်နားလည်ပြီး ပြန်လည်အသုံးချနိုင်တာက ပညာလားဆိုတာ ခွဲခြားတတ်ပြီဆို နိုင်ငံတကာက ကျောင်းသားတွေနဲ့အညီ တန်းတစ်ခုဝင်သွားပြီလို့ ဂုဏ်ပြုရင်း နိဂုံးချုပ်ပါတယ်။

#ဆြာကောင်းပြောသည် #ဟင်္သာနှင့်အတူအမြင့်ဆုံးသို့

နိုင်ငံတကာပညာရေးဆိုသည်မှာ . . . နိုင်ငံတကာပညာရေးတဲ့။ International School တွေပေါ်လာတဲ့နောက်မှာ သိလာတဲ့ စကားလုံးတစ်လုံးပေ...
29/07/2026

နိုင်ငံတကာပညာရေးဆိုသည်မှာ . . .

နိုင်ငံတကာပညာရေးတဲ့။ International School တွေပေါ်လာတဲ့နောက်မှာ သိလာတဲ့ စကားလုံးတစ်လုံးပေါ့။ အတိအကျပြောရရင် ကိုဗစ်နောက်ပိုင်း နိုင်ငံရေးပြဿနာတွေတက်တော့ ကိုဗစ်ကြောင့် တစ်နှစ်နောက်ကျနေပြီဖြစ်တဲ့ ကလေးတွေရဲ့ မိဘတွေအပါအဝင် တစ်နိုင်ငံလုံး မိဘတွေက ပညာရေးအရနောက်ကျမကျန်ခဲ့ဖို့ ကြိုးစားရင်း တွေ့ရှိလာတဲ့ အဖြေတစ်ခုဖြစ်တယ်။

သင်ပေးနေတဲ့ကျောင်းတွေရော၊ ဆရာ၊ ဆရာမတွေပါ အပါအဝင် မိဘရော ကျောင်းသားကပါ ဘာမှန်းမသိဘဲ ဝေဝေဝါးဝါး စ ခဲ့ရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ Risk များပါတယ်။ ကျောင်းနဲ့ ဆရာဘက်က မှားလိုက်ရင် ကလေးတစ်ဘဝလုံးလွဲမယ့်ကိစ္စဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သုံးနှစ်လောက်ကျော်လာတော့ အတော်လေးတည်ငြိမ်လာပြီ။ လမ်းကြောင်းမြင်လာပြီ။ များပြားလှတဲ့ကျောင်းတွေအကြားမှာလည်း ဘယ်ကျောင်းကဘာဆိုတာ ရုပ်လုံးပေါ်လာချိန်ဖြစ်ပါတယ်။

ထုံးစံအတိုင်း အင်္ဂလိပ်တို့ကတော့ ခေတ်သစ်နယ်ချဲ့နည်းလို့ပဲပြောပြော၊ လုပ်စားတယ်ပဲပြောပြော ပညာရေးဈေးကွက်မှာ တစ်ကမ္ဘာလုံးအပေါ် လက်ဝါးကြီးအုပ်ထားဆဲဖြစ်ပါတယ်။ ကောင်းတာတွေလည်းရှိသလို၊ အားနည်းချက်တွေလည်းရှိပါတယ်။ ကိုဗစ်ကြောင့် နိုင်ငံဖြတ်ကျော်ပြီး နိုင်ငံတကာက ဆရာတွေဆီက သင်ခွင့်ရတယ်၊ ကျောင်းကြီးတွေရဲ့ resources တွေကို ထိတွေ့ခွင့်ရပြီးကြတဲ့နောက် မြန်မာက ကျောင်းသားများကလည်း မျက်စေ့ပွင့် နားပွင့်ဖြစ်ပြီး သူတို့ရဲ့ နောင်ရေးအတွက် အာမခံရှိတဲ့ (တစ်နည်းပြောရရင်) နိုင်ငံတကာနဲ့ တန်းတူ အဆင့်ရှိတဲ့ ပညာတတ်ဖြစ်ချင်လာကြပါတယ်။

ဘိုးတော်ကြီး အင်္ဂလိပ်တို့က ဒီနှစ် ဒီအသက်အရွယ်၊ ဒီအတန်းတက်သင့်တယ်၊ ဒီစာတွေသင်သင့်တယ်၊ ဒီအသက်အရွယ်ကလေးတစ်ယောက် ဒါတွေလုပ်တတ်သင့်တယ် ဆိုတာမျိုး Framework တွေချ၊ ဖတ်စာအုပ်ရောင်း၊ စာမေးပွဲဖြေခိုင်း၊ စာမေးပွဲကြေးယူ၊ အောင်လက်မှတ်ထုတ်၊ အောင်လက်မှတ်ကြေးယူ ဆိုတဲ့အကွက်နဲ့ လုပ်စားလာတာပေါ့။

ကြိုက်တာ မကြိုက်တာအပထား၊ သူတို့အောင်လက်မှတ်က တစ်ကမ္ဘာလုံး တက္ကသိုလ်တွေက ဝင်ခွင့်ပြုတော့ ဝင်ဖြေကြ၊ သင်ကြ၊ ယူကြရတာပေါ့။

ဒီနေရာမှာ သူ့စနစ်တစ်ခုကို ထောက်ပြချင်တာက သင်တဲ့သူက သင်ချင်သလိုသင်၊ ဆိုလိုတာက သူတို့ဖတ်စာအုပ်မှမဟုတ်ဘူး၊ ကြိုက်တဲ့ဖတ်စာအုပ်နဲ့သင်၊ ဖတ်စာအုပ်မရှိလည်းရတယ်။ သင်ချင်တဲ့ ဘာသာစကားနဲ့သင်၊ အချိန်တန် စာမေးပွဲမှာ English လိုဖြေရင်၊ သူတို့ ဘုရင်ကြီးစစ်တဲ့ စာမေးပွဲမှာ ဘုရင်ကြီးနားလည်အောင်ဖြေပေးရင်ပြီးရော၊ အောင်တယ်၊ အမှတ်ရတယ်။

ဒီတော့ စာသင်တဲ့သူလက်ထဲ ပါဝါအပြည့်ပေးမထားဘူး။ နောက်တစ်ချက်က ဖတ်စာအုပ်ထဲက စာတွေ ကြက်တူရွေးလိုပြန်ဖြေပြလည်း အမှတ်မရပြန်ဘူး။ သူမေးတာဖြေမှ၊ စဉ်းစားဆင်ခြင်ဉာဏ်နဲ့ဖြေမှ အမှတ်ရတာ။ တစ်ခါက မိတ်ဆွေတစ်ဦး မေးဖူးတယ်၊ ဆရာတို့က မြန်မာသင်ရိုးကို ကမ္ဘာ့အဆင့် မသင်နိုင်ဘူးလားတဲ့။ သင်နိုင်တာပေါ့၊ အခု G12 ဆရာတွေ သွားမေးကြည့်၊ သူတို့အကုန်သင်နိုင်တယ်။ ကမ္ဘာကျော်အောင်၊ စာတတ်အောင် သင်ပေးပေမယ့် စာမေးပွဲစနစ် မပြောင်းသ၍ ကမ္ဘာကျော် စာသင်နည်းက အလုပ်မဖြစ်ဘူးလို့။

စင်ကာပူပညာရေးစနစ်ကို လေ့လာကြည့်ရအောင်၊ သူတို့နိုင်ငံလွတ်လပ်ရေးရတော့ သူတို့ပညာရေးစနစ်ကို ကမ္ဘာကျော် Cambridge တက္ကသိုလ် အကူအညီနဲ့ ရေးဆွဲခဲ့တယ်။ ကောလိပ် / တက္ကသိုလ် ဝင်ခွင့် အဆင့်တွေကို Singapore-Cambridge O level / A level ဆိုပြီး သတ်မှတ်တယ်။ အနည်းဆုံးတော့ အဲဒီအချိန် G5 စင်ကာပူနိုင်ငံသားတစ်ယောက်က အတန်းပြီးလို့ နောက်နှစ်ကျောင်းဆက်တက်မယ်ဆိုပြီး အင်္ဂလန်သွားရင် G6 ဆက်တက်လို့ရတယ်။ ၁၄ နှစ်အရွယ် အင်္ဂလိပ်ကျောင်းသားတစ်ယောက် သိတဲ့ တတ်တဲ့ ပညာအတိုင်း စင်ကာပူ ၁၄ နှစ်သားက သိနေ တတ်နေတယ်။

ဒီကြားထဲ International School ဆိုရင် English လိုပြောမှ သင်မှလို့ထင်တဲ့သူတွေလည်းရှိတယ်။ မလိုပါဘူး။ ထိုင်းမှာလည်း ထိုင်းလိုပြော၊ ဂျပန်မှာလည်း ဂျပန်လိုပြောသင်တဲ့ ကျောင်း/ကျူရှင် အချို့ရှိကြပါတယ်။ ကမ္ဘာကျော် တက္ကသိုလ်ဝင်ခွင့်ရနေကြဆဲပါ။

နိုင်ငံတကာပညာရေးရဲ့ အနှစ်သာရက အဲဒါပဲ။ သူတို့သိသလို ကိုယ်တွေသိတယ်၊ ကိုယ်တွေ နိုင်ငံဆင်းရဲပြီးနောက်ကျကောင်း နောက်ကျနေသော်လည်း ပညာအရပ်မှာ နောက်ကျမနေဘူးဆိုတာပဲ။ International School တက်တဲ့ ကျောင်းသား၊ ထားတဲ့မိဘတွေက ဒါကိုလိုချင် ရချင်လို့ ထားကြတာ။ အချို့ထင်သလို နိုင်ငံကိုမချစ်လို့ အနောက်မျှော်ပြီး ထားကြတာမဟုတ်ဘူးဆိုတာ နားလည်စေချင်တယ်။ နိုင်ငံကိုချစ်ကြတဲ့သူတွေပဲ။ လက်ရှိပြည်တွင်းက ပညာရေးစနစ်နဲ့ ထင်သာမြင်သာရှိမှုအပေါ်မှာ အားမရကြလို့ အခုလို နိုင်ငံတကာတန်းနဲ့ညှိလို့ရမယ့် Solution ကိုရှာကြတာဖြစ်တယ်။

International School ထားရတာ ဈေးကြီးတယ်။ ဟုတ်တယ်။ နိုင်ငံတကာမှာလည်း ဈေးကြီးပါတယ်။ မြန်မာနိုင်ငံက ဆိုရှယ်လစ်စနစ်ကို နှစ်အကြာကြီးဖြတ်သန်းလိုက်တော့ ပညာရေးစနစ်ကို ဗဟိုက ချုပ်ကိုင်ခဲ့တာဖြစ်လို့ ပညာရေးဆိုရင် သက်သာရမယ်၊ ဆရာ ဆရာမဆိုရင် အနစ်နာခံရမယ်။ စာဆိုတာ ပညာဆိုတာ အလကားသင်ပေးရမယ်လို့ မသိစိတ်ထဲ မှတ်ယူနေတဲ့ အသိတစ်ခုရှိတယ်။

လွန်ခဲ့သော နှစ် ၂၀ လောက်ကဆို ကျန်းမာရေးလောကမှာလည်း အဲဒီလိုပဲ။ အသပြာဆရာဝန်တို့ စေတနာဆရာဝန်တို့ဆိုတဲ့စကားတွေရှိခဲ့တယ်။ ရုပ်ရှင်တွေ ဝတ္ထုတွေကလည်း လက်ဝဲဆန်တော့ သူဌေးဆို ဗီလိန်ပဲ။ ကျောင်းဆရာ ဆရာဝန်ဆို မင်းသားပဲ။ စေတနာ အသပြာမယူဆိုတာနဲ့ ပုံဖော်ခဲ့တော့ အဲဒီလိုထင်မှတ်နေဆဲဖြစ်တယ်။

ပညာရေးစနစ်နဲ့ပတ်သက်ပြီး ပြောစရာတစ်ခုရှိသေးတယ်။ လူတိုင်းအတွက် ပညာရေးတဲ့။ အစိုးရဘက်ကကြည့်တော့ ဟုတ်တယ်။ အစိုးရအလုပ်လေ။ လူတိုင်းပညာတတ်အောင်လုပ်ရမယ်။ ငွေကြေးမတတ်နိုင်သူတွေအတွက် အတိုင်းအတာတစ်ခုအထိ ပညာတတ်အောင်လုပ်ပေးရမယ်။ လူတိုင်းအတွက် ပညာရေးဆိုတာက ပုဂ္ဂလိကအဖွဲ့အစည်းတွေအပေါ်မှာ တာဝန်ရှိမနေပါ။ ဒါမျိုးလုပ်မယ်လို့ အတိအကျကြွေးကြော်ထားတဲ့ Social Enterprise တွေဆို တစ်မျိုးပေါ့။ လုပ်ချင်ရင်လည်း Eco System တစ်ခုလုံးက ပါလာဦးမှ၊ ဒီအကြောင်းကို အရင်က Personal ရေးဖူးပါတယ်။ မြန်မာနိုင်ငံက Social Enterprise တွေအနေနဲ့ အလုပ်ဖြစ်အောင် လုပ်ဖို့ အခက်ရှိနေဆဲဆိုတာ။ သိချင်ရင် မီးပွိုင့်က ပန်းရောင်းတဲ့ကလေးတွေကို စာသင်ကြည့်ပါ။

နောက်တစ်ခုထပ်ပြောရရင်လည်း အစိုးရဘက်က လူတိုင်းအတွက် ပညာရေးဆိုပြီး လုပ်ချင်တိုင်းလုပ်လို့မရပြန်ဘူး။ အဆောက်အဦအတွက်၊ ဆရာ ဆရာမတွေအတွက် လစာ၊ သင်တန်း၊ ကျောင်းသားတွေအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ သင်ထောက်ကူ စတာတွေအတွက် ကုန်ကျစရိတ်ဘတ်ဂျက်ရှိသေးတယ်။ လူတိုင်းအတွက်ပညာရေးဆိုပြီး လုပ်ပြန်တော့လည်း အချို့သောအဆင့်မြင့်အတွက် ဘတ်ဂျက်မကျန်တာဖြစ်တတ်တယ်။

ပညာရွှေအိုး လူမခိုးဆိုပေမယ့် ရွှေအိုးရှိမှ ပညာရပါမယ်။ အမှတ်တရားတစ်ခုပါ။ မကြိုက်သော်လည်း လက်ခံလိုက်ကြပါ။ ကလေးတွေလည်း လာလာမေးကြပါတယ်။ စကော်လားရှစ်နဲ့ကျောင်းတက်ချင်ပါတယ်တဲ့။ မင်းကိုဘာလို့ပေးရမှာလဲလို့။ စာတော်လို့ G12 ဂုဏ်ထူးပါလို့။ ဘာလုပ်ရမှာလဲလို့။ လူသားတွေကို အကျိုးပြုတဲ့ ကိစ္စရပ်တစ်ခုခု ဘာလုပ်ထားလို့လဲဆိုတာနဲ့ ပြန်မေးပါတယ်။ စာတော်တာတစ်ခုတည်းနဲ့ စကော်လားရှစ်ပေးလို့မရပါ။ နိုင်ငံတကာ ကျောင်းသွားတက်မယ့် ကလေးတွေကိုလည်း မေးပါတယ်။ မင်းက သူတို့နိုင်ငံသားတွေထက် ဘာတွေပိုတော်လို့ သူတို့နိုင်ငံအစိုးရက သူတို့နိုင်ငံသားတွေကိုကျော်ပြီး မင်းကို စကော်လားပေးရမှာလဲလို့။ စကော်လားရှစ် မမက်ပါနဲ့။ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားပါ။ ကိုယ်လုပ်ရင်ရမယ်၊ မလုပ်ရင်မရပါ။

တစ်ခုခုဆို ဘုရားမှာ ဆုတောင်းတာများသွားလို့ဖြစ်ပါတယ်။ ဆယ်တန်းစာမေးပွဲဖြေတာတောင် စာကျက်ဖို့ထက် ယတြာချေရင် ဂုဏ်ထူးပါမယ်လို့ ယူဆနေကြတော့ ခက်သား။ ဗုဒ္ဓဘာသာမဟုတ်လား။ ကိုးကွယ်ရတာလား။ ကျင့်ကြံရတာလား။ ဒါကြောင့် ဘာဆုမှမတောင်းနဲ့။ တောင်းနေမယ့်အစား စာ ထ လုပ်ကြပါလားလို့ တိုက်တွန်းချင်ပါတယ်။ နိုင်ငံတကာပညာရေးမှာ ဆုတောင်းလို့ ဘာမှ မရနိုင်ပါ။

ပြီးတော့ International School တက်တယ်တဲ့၊ ထိုင်ပုံ စကားပြောပုံ စသည်ဖြင့် ကိုယ်အမူအရာ နှုတ်အမူအရာတွေက နိုင်ငံတကာအဆင့်ရှိမနေပါ။ မနေ့ကနဲ့ ဒီနေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် DEMU ရထားပေါ်မှာ အနေအထိုင် အပြောအဆို မတတ်လို့ တရားစွဲတာတွေ၊ အီတလီကျောင်းသားတွေနဲ့ ထိုင်းလူမျိုးတွေ BTS အပေါ် အငြင်းပွားတာတွေက ကမ္ဘာနဲ့ချီရင်ရှက်ဖို့ကောင်းပါတယ်။ တန်းစီရကောင်းမှန်းမသိ၊ အရှေ့က စာသင်နေတဲ့ဆရာကိုလေးစားရကောင်းမှန်းမသိ၊ အချိန်ကိုမလေးစား၊ နောက်ကျရောက်တာလည်း ပုံမှန်ပဲလို့ ထင်ပြီး တောင်းပန်ရကောင်းမှန်းမသိတဲ့ ကလေးတွေပိုများလာတယ်။ မိဘတွေကလည်း သွန်သင်ဖို့အချိန်မရ။ ကလေးတွေကလည်း အွန်လိုင်းကနေ လေ့လာသင်ယူမှုတွေမှား။ လမ်းတွေလွဲနေကြတယ်။

လေဆိပ်ရောက်တာနဲ့ ကိုယ့်လူမျိုးက သိသာတယ်၊ အသံအကျယ်ကြီးပြော၊ တန်းမစီ၊ စည်းကမ်းမလိုက်နာ။ ဒီလိုတွေဖြစ်နေတော့ တစ်နိုင်ငံလုံး လူမျိူး တစ်ခုလုံးနစ်နာတယ်။ ဆရာတွေ ပြောဆိုသင်ပေးတော့လည်း Private School / International School ဆိုတာ ငါတို့မိဘတွေ ပိုက်ဆံပေးထားတာ၊ ငါတို့က Customer / Customer is always right ဆိုတဲ့ မဟုတ်တဲ့ အသိတွေနဲ့၊ ဆုံးမတာလည်း မကြိုက်၊ ဆူတော့လည်း လက်မခံ။ အကျင့်တွေပြင်လားဆိုတော့လည်း မပြင်၊ ဘာတွေဖြစ်ချင်နေကြတာလဲ။

ကဲ ကောင်းတာလေးတွေ ပြန်ရေးဦးမယ်။ O level / A level ပြီးလို့ နိုင်ငံတကာ ကျောင်းသွားတက်ကြတော့ ထူးချွန်သူတွေပါတယ်။ တစ်ချိန်မှာ တိုင်းပြည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်ဖြစ်လာရင် ပြန်လာပြီး တိုင်းပြည်ကိုဦးဆောင်ဦးမှာပါ။ ပြန်မလာလည်း သူတို့က ရောက်နေရာနိုင်ငံမှာ ထူးချွန်အောင် နေတတ်သူတွေဖြစ်တာကြောင့် ဘာပဲလုပ်လုပ် အောင်မြင်နေရာရနေဦးမှာပါ။

#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့


စာကြွင်း - ဒီလိုယူကေပညာရေးက စရိတ်ကုန်ကျမှုတွေများနေလို့ ဘာလုပ်လို့ရမလဲ၊ တက္ကသိုလ်တွေကို သက်သာအောင် မသင်ပေးနိုင်ဘူးလား၊ တစ်နိုင်ငံလုံးပညာရေးကောင်းဖို့ ဘာလုပ်ကြမလဲ . . . ဆိုတဲ့ ပညာရေးမေးခွန်းတွေမေးလာရင် အဖြေရှိပါတယ်။ လုပ်လည်း လုပ်တတ်ပါတယ်။ တစ်ခုပဲ လူတွေအများကြီး ပါလာလို့လိုပါတယ်။

Address

No. 23B, Ywar Ma Kyaung Lane, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 05:30
Friday 09:00 - 17:00
Saturday 09:00 - 05:00
Sunday 09:00 - 17:00

Telephone

+959894332200

Website

Alerts

Be the first to know and let us send you an email when Hinthar Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Hinthar Education:

Shortcuts

Share