Myanmar Noble College - MNC

Myanmar Noble College - MNC We are proud to give unstoppable knowledge, experience, and opportunities to take place in contributing to a better world. Welcome to Myanmar Noble College.

MNC was founded in 2011 and delivered the best international education pathway in Business, Civil Engineering, Mechanical Engineering, Electrical & Electronics Engineering. A leading provider of globally recognized qualifications from IGCSE and HND to BA, BEng, BSc & Masters. Students are certified through leading multinational partners such as Pearson/Edexcel & the University of East London.

18/06/2026

ARE YOU READY?!

🤩 မနက်ဖြန်ဆိုရင် အားလုံးစောင့်မျှော်နေတဲ့ "Noble Education Showcase & Open House 2026" ပွဲကြီးကို ခမ်းနားမြိုင်ဆိုင်စွာ စတင်တော့မှာဖြစ်ပါတယ်! 🎉

✅ 𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙉𝙤𝙗𝙡𝙚 𝘾𝙤𝙡𝙡𝙚𝙜𝙚 (𝙈𝙉𝘾) ရဲ့ မေဂျာ (၄) ခုဖြစ်တဲ့ Civil, Mechanical, Electrical နဲ့ Business Management ကျောင်းသား၊ ကျောင်းသူတွေ ကိုယ်တိုင်ဖန်တီးထားတဲ့ Project Show (၁၇) ခုတိတိကို တစ်နေရာတည်းမှာ ကိုယ်တိုင်လေ့လာခွင့်ရမှာပါ။

ဒါ့အပြင် လာရောက်တဲ့သူတွေအတွက် -

🎮 ပျော်ရွှင်စရာ Fun Games အစီအစဉ်များ
🎁 အထူးပညာရေး Promotions များ
🎓 July Intake အတွက် အခမဲ့ One-Stop Academic Counselling အစီအစဉ်တွေကိုပါ ရယူနိုင်ဦးမှာဖြစ်လို့ လက်လွတ်မခံဘဲ မဖြစ်မနေ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💯

----------

📅 Date: မနက်ဖြန် (19-20th June 2026)

⏰ Time: 9:00 AM to 3:00 PM

📍 Venue: 𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙉𝙤𝙗𝙡𝙚 𝘾𝙤𝙡𝙡𝙚𝙜𝙚 (𝙈𝙉𝘾)

MNC ကန်တော်ကြီး Campus: တိုက်အမှတ် (Y-10) / (Rose Garden Hotel မျက်နှာချင်းဆိုင်)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

📍MNC Kandawgyi Campus: Building (Y-10) / (front of Rose Garden Hotel), Upper Pansodan Road, Kandawgyi Yeik Mon Complex / Kandawgyi Housing (North), Mingalar Taung Nyunt Township, Yangon.

----------

လူဦးရေကန့်သတ်ချက်ရှိတာကြောင့် Registration မလုပ်ရသေးရင် အောက်က link မှာ အမြန်ဆုံး စာရင်းပေးသွင်းထားလိုက်ပါခင်ဗျာ။

Registrar Here:

https://docs.google.com/forms/d/e/1FAIpQLScFlHOiCPYfhxWBVDFgVqhtPz7GqyW6-7hMi5sgpW6z7qSXNA/viewform?usp=header

မနက်ဖြန် လူစုံတက်စုံ ဆုံကြမယ်နော်!🍀

MNC Business Studies ကျောင်းသား၊ ကျောင်းသူများ၏ Project Show အတွက် ပြင်ဆင်မှုများ မနက်ဖြန်ကျင်းပမယ့် "Noble Education Sh...
18/06/2026

MNC Business Studies ကျောင်းသား၊ ကျောင်းသူများ၏ Project Show အတွက် ပြင်ဆင်မှုများ

မနက်ဖြန်ကျင်းပမယ့် "Noble Education Showcase & Open House 2026" ပွဲကြီးရဲ့ အဓိကအစီအစဉ်တစ်ခုဖြစ်တဲ့ Project Show အတွက် ကျွန်ုပ်တို့ Myanmar Noble College (MNC) မှ Business Studies Department ကျောင်းသား၊ ကျောင်းသူများရဲ့ ကြိုးစားပြင်ဆင်နေမှုပုံရိပ်များကို Teaser မျှဝေပေးလိုက်ပါတယ်။

-----------

ဒီနှစ်ပြပွဲမှာ Business Studies Department အနေနဲ့ အနာဂတ်ရဲ့ စီးပွားရေးခေါင်းဆောင်တွေ (Future CEOs) ဖြစ်လာမယ့် လူငယ်တွေရဲ့ စွမ်းရည်တွေကို "Entrepreneurship & Business Innovation" ဆိုတဲ့ Theme နဲ့ ခင်းကျင်းပြသသွားမှာလည်းဖြစ်ပါတယ်။

✅ ဒီ Project တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ စာတွေ့သင်ခန်းစာတွေကို လက်တွေ့စီးပွားရေးလောက (Real-world Business) မှာ ဘယ်လိုအသုံးချရမလဲဆိုတာကို ကျောင်းသားတွေကိုယ်တိုင် လေ့လာဖန်တီးနိုင်စွမ်းကို ပြသဖို့ပဲဖြစ်ပါတယ်။

✅ ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရာမှာ လိုအပ်တဲ့ Business Plan ရေးဆွဲခြင်း၊ Operation Management ပိုင်းဆိုင်ရာ စီမံခန့်ခွဲခြင်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ့် Business Pitch တွေကိုပါ လက်တွေ့ကျကျ Presentation ဖြင့် တင်ဆက်ပြသသွားမှာပါ။

-----------

ဒီပြပွဲမှာ MNC Business Management ကျောင်းသား၊ ကျောင်းသူ လူငယ်များရဲ့ ဆန်းသစ်တဲ့ စီးပွားရေး Ideas တွေပါဝင်တဲ့ အောက်ပါ Project (၂) ခုကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသသွားမှာဖြစ်ပါတယ် -

Project 1: Business Classroom Activities

Project 2: Business Pitch Presentation and Operation Management Show Case

ကျွန်တော်တို့ရဲ့ အနာဂတ် Future CEO လေးတွေ ဘယ်လိုမျိုး Business Strategies တွေကို တင်ဆက်ပြသသွားမလဲဆိုတာ မျက်မြင်ကိုယ်တွေ့ လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ 🍀

(P.S. ပွဲလာရင်း အမှတ်တရအနေနဲ့ ကလေးတွေ ကိုယ်တိုင်ဖန်တီးထားတဲ့ "FUTURE CEO" Photo Booth လေးမှာလည်း ဓာတ်ပုံလှလှလေးတွေ ရိုက်သွားလို့ရပါတယ်နော်✨)

Event Details
----------

📅 Date: 19-20th June 2026 (Friday & Saturday)

⏰ Time: 9:00 AM to 3:00 PM

📍 Venue: Building (Y-10) / (front of Rose Garden Hotel), Upper Pansodan Road, Kandawgyi Yeik Mon Complex, Mingalar Taung Nyunt Township, Yangon.

🔥 ပွဲအတွက် လူဦးရေကန့်သတ်ချက်ရှိတာကြောင့် First Comment က Link မှတစ်ဆင့် အခုပဲ ကြိုတင် Register လုပ်ထားလိုက်ပါခင်ဗျာ။

MNC Mechanical Engineering ကျောင်းသား၊ ကျောင်းသူများ၏ Project Show ပြင်ဆင်မှုများ ⚙️လာမယ့် "Noble Education Showcase & O...
17/06/2026

MNC Mechanical Engineering ကျောင်းသား၊ ကျောင်းသူများ၏ Project Show ပြင်ဆင်မှုများ ⚙️

လာမယ့် "Noble Education Showcase & Open House 2026" ပွဲကြီးရဲ့ အဓိကအစီအစဉ်တစ်ခုဖြစ်တဲ့ Project Show အတွက် ကျွန်ုပ်တို့ Myanmar Noble College (MNC) မှ Mechanical Engineering ကျောင်းသား၊ ကျောင်းသူများရဲ့ ကြိုးစားပြင်ဆင်နေမှုပုံရိပ်များကို အမြည်းအနေနဲ့ (Teaser) မျှဝေပေးလိုက်ပါတယ်။

ဒီနှစ်ပြပွဲမှာ MNC Mechanical Engineering Department အနေနဲ့ နေ့စဉ်ဘဝမှာ လက်တွေ့အသုံးဝင်မယ့် "Sustainable & Innovative Machines" ဆိုတဲ့ Theme နဲ့ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

------------

✅ ဒီ Project တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တွေကို လက်တွေ့ဘဝမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို ဖန်တီးပြသဖို့ပဲဖြစ်ပါတယ်။

✅ ဒါ့အပြင် ကျောင်းသားတွေ ကိုယ်တိုင် ဒီဇိုင်းဆွဲ၊ တွက်ချက်ပြီး လက်တွေ့ တပ်ဆင်တည်ဆောက်ထားတဲ့ စက်ယန္တရားတွေကိုပါ မျက်မြင်ကိုယ်တွေ့ လေ့လာနိုင်မှာပါ။
ဒီပြပွဲမှာ ခေတ်မီဆန်းသစ်တဲ့ အောက်ပါ Project (၆) ခုကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ် -

Project 1: Manual Can Crusher
Project 2: Air Filtering Moss Fan
Project 3: Plastic Shredder
Project 4: Footsteps Electricity Generator Model
Project 5: Archimedes Screw Turbine Hydroelectric Generator
Project 6: Live 3D Printing Practical

------------

ကျွန်တော်တို့ရဲ့ အနာဂတ်အင်ဂျင်နီယာလေးတွေ ဘယ်လိုမျိုး ဆန်းသစ်တဲ့ ideas တွေ၊ လက်ရာတွေနဲ့ ဒီစက်ပစ္စည်းတွေကို ဖန်တီးထားလဲဆိုတာ မျက်မြင်ကိုယ်တွေ့ လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ 🍀

Event Details
-------------

📅 Date: 19-20th June 2026 (Friday & Saturday)

⏰ Time: 9:00 AM to 3:00 PM

📍 Venue: Building (Y-10) / (front of Rose Garden Hotel), Upper Pansodan Road, Kandawgyi Yeik Mon Complex, Mingalar Taung Nyunt Township, Yangon.

🔥 ပွဲအတွက် လူဦးရေကန့်သတ်ချက်ရှိတာကြောင့် First Comment က Link မှတစ်ဆင့် အခုပဲ ကြိုတင် Register လုပ်ထားလိုက်ပါခင်ဗျာ။

MNC EEE ကျောင်းသား၊ ကျောင်းသူများ၏ Project Show အတွက် ပြင်ဆင်မှုများ ⚡လာမည့် "Noble Education Showcase & Open House 2026...
16/06/2026

MNC EEE ကျောင်းသား၊ ကျောင်းသူများ၏ Project Show အတွက် ပြင်ဆင်မှုများ ⚡

လာမည့် "Noble Education Showcase & Open House 2026" ပွဲကြီးရဲ့ အဓိကအစီအစဉ်တစ်ခုဖြစ်တဲ့ Project Show အတွက် ကျွန်ုပ်တို့ Myanmar Noble College (MNC) မှ Electrical and Electronic Engineering ကျောင်းသား၊ ကျောင်းသူများရဲ့ ကြိုးစားပြင်ဆင်နေမှုပုံရိပ်များကို အမြည်းအနေနဲ့ (Teaser) မျှဝေပေးလိုက်ပါတယ်။

-------------

ဒီနှစ်ပြပွဲမှာ Electrical and Electronic Engineering (EEE) Department အနေနဲ့ ခေတ်မီနည်းပညာများကို အခြေခံထားတဲ့ "Automation and Smart Systems" ဆိုတဲ့ အငွေ့အသက်တွေနဲ့ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

✅ ဒီ Project တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ နေ့စဉ်ဘဝနဲ့ စက်မှုလုပ်ငန်းခွင်တွေမှာ လက်တွေ့အသုံးချနိုင်မယ့် လျှပ်စစ်နဲ့ အီလက်ထရောနစ် နည်းပညာတွေကို ကျောင်းသားတွေကိုယ်တိုင် Laptop PC များနဲ့ တွဲဖက်ကာ စမ်းသပ်ဖန်တီးနိုင်စွမ်းကို ပြသဖို့ပဲဖြစ်ပါတယ်။

✅ ဒါ့အပြင် Arduino Board များ၊ Sensor များ၊ Circuit Board များနဲ့ Programming နည်းပညာတွေကို ပေါင်းစပ်အသုံးပြုထားပြီး အလိုအလျောက်ထိန်းချုပ်နိုင်တဲ့စနစ်တွေကို လက်တွေ့တည်ဆောက်ပြသွားမှာပါ။

-------------

ဒီပြပွဲမှာ ခေတ်မီဆန်းသစ်တဲ့ အောက်ပါ Project (၅) ခုကို ပြသသွားမှာဖြစ်ပါတယ် -

Project 1: Multi-Function Control Robot Arm Car for Pick and Place

Project 2: Smart Shopping with Auto Payment System

Project 3: Color Detecting & Sorting System with Adafruit Color Sensor

Project 4: RFID door lock system using an Arduino Uno board

Project 5: Air Defense System

ကျွန်တော်တို့ရဲ့ အနာဂတ်အင်ဂျင်နီယာလေးတွေ ဘယ်လိုမျိုး ဆန်းသစ်တဲ့ အိုင်ဒီယာတွေ၊ လက်ရာတွေနဲ့ ဒီနည်းပညာမြင့် Project တွေကို ဖန်တီးထားလဲဆိုတာ မျက်မြင်ကိုယ်တွေ့ လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ 🍀

Event Details
-------------

📅 Date: 19-20th June 2026 (Friday & Saturday)

⏰ Time: 9:00 AM to 3:00 PM

📍 Venue: Building (Y-10) / (front of Rose Garden Hotel), Upper Pansodan Road, Kandawgyi Yeik Mon Complex, Mingalar Taung Nyunt Township, Yangon.

🔥 ပွဲအတွက် လူဦးရေကန့်သတ်ချက်ရှိတာကြောင့် First Comment က Link မှတစ်ဆင့် အခုပဲ ကြိုတင် Register လုပ်ထားလိုက်ပါခင်ဗျာ။

MNC Civil Engineering ကျောင်းသား၊ ကျောင်းသူများ၏ Project Show အတွက် ပြင်ဆင်မှုများ 🏗️လာမည့် "Noble Education Showcase & ...
16/06/2026

MNC Civil Engineering ကျောင်းသား၊ ကျောင်းသူများ၏ Project Show အတွက် ပြင်ဆင်မှုများ 🏗️

လာမည့် "Noble Education Showcase & Open House 2026" ပွဲကြီးရဲ့ အဓိကအစီအစဉ်တစ်ခုဖြစ်တဲ့ Project Show အတွက် ကျွန်ုပ်တို့ Myanmar Noble College (MNC) မှ Civil Engineering ကျောင်းသား၊ ကျောင်းသူများရဲ့ ကြိုးစားပြင်ဆင်နေမှုပုံရိပ်များကို အမြည်းအနေနဲ့ (Teaser) မျှဝေပေးလိုက်ပါတယ်။

---------------

ဒီနှစ်ပြပွဲမှာ Civil Engineering Department အနေနဲ့ "Affordable homes" (တန်ဖိုးသင့်အိမ်ရာများ) ဆိုတဲ့ Theme နဲ့ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

✅ ဒီ Project တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ အလယ်အလတ်နဲ့ ဝင်ငွေနည်းမိသားစုတွေအတွက် ကုန်ကျစရိတ်သက်သာပြီး ရေရှည်တည်တံ့တဲ့ အိမ်ရာပုံစံတွေကို လက်တွေ့ကျကျ ဖန်တီးပေးနိုင်ဖို့ပဲဖြစ်ပါတယ်။

✅ ဒါ့အပြင် Prefabrication နဲ့ Modular design လိုမျိုး ကုန်ကျစရိတ်သက်သာတဲ့ တည်ဆောက်ရေးနည်းပညာတွေကို အသုံးပြုထားသလို၊ ပြည်တွင်းဖြစ် သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) စနစ်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး တည်ဆောက်ပြသသွားမှာပါ။

---------------

UTP 12th, 13th နဲ့ 14th Batch က ကျောင်းသား/သူ စုစုပေါင်း (၂၂) ဦး ပါဝင်ပြီး အဖွဲ့ (၄) ဖွဲ့ခွဲကာ အောက်ပါ Project (၄) ခုကို ယှဉ်ပြိုင်ပြသသွားမှာဖြစ်ပါတယ် -

Group 1: Unio Affordable Apartment Project

Group 2: Urban Nest Affordable Housing Project

Group 3: Green-U Affordable Residential Project

Group 4: EcoBloom Residence Project

✅ အထူးအစီအစဉ်အနေနဲ့ ဒီ Project ၄ ခုထဲကနေ အကောင်းဆုံးတင်ဆက်နိုင်တဲ့ အဖွဲ့တွေကို Best Presentation Award နဲ့ Best Performance Award ဆိုပြီး ဆုချီးမြှင့်သွားမယ့် အစီအစဉ်လည်းပါဝင်ပါတယ်။

ကျွန်တော်တို့ရဲ့ အနာဂတ်အင်ဂျင်နီယာလေးတွေ ဘယ်လိုမျိုး ဆန်းသစ်တဲ့ အိုင်ဒီယာတွေ၊ လက်ရာတွေနဲ့ ဒီအိမ်ရာပုံစံငယ်တွေကို ဖန်တီးထားလဲဆိုတာ မျက်မြင်ကိုယ်တွေ့ လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ 🍀

Event Details
-------------

📅 Date: 19-20th June 2026 (Friday & Saturday)

⏰ Time: 9:00 AM to 3:00 PM

📍 Venue: Building (Y-10) / (front of Rose Garden Hotel), Upper Pansodan Road, Kandawgyi Yeik Mon Complex, Mingalar Taung Nyunt Township, Yangon.

🔥 ပွဲအတွက် လူဦးရေကန့်သတ်ချက်ရှိတာကြောင့် pinned Comment က Link or QR code မှတစ်ဆင့် အခုပဲ ကြိုတင် Register လုပ်ထားလိုက်ပါခင်ဗျာ။

အနာဂတ်လူငယ်ပညာရေးအတွက် 𝙉𝙤𝙗𝙡𝙚 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝙎𝙝𝙤𝙬𝙘𝙖𝙨𝙚 & 𝙊𝙥𝙚𝙣 𝙃𝙤𝙪𝙨𝙚 𝟮𝟬𝟮𝟲" 🎊🎉 🎊🎉နိုင်ငံတကာအဆင့်မီ ပညာရေးလမ်းကြောင်းတွေကို ရှာဖွေ...
16/06/2026

အနာဂတ်လူငယ်ပညာရေးအတွက် 𝙉𝙤𝙗𝙡𝙚 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣 𝙎𝙝𝙤𝙬𝙘𝙖𝙨𝙚 & 𝙊𝙥𝙚𝙣 𝙃𝙤𝙪𝙨𝙚 𝟮𝟬𝟮𝟲" 🎊🎉 🎊🎉

နိုင်ငံတကာအဆင့်မီ ပညာရေးလမ်းကြောင်းတွေကို ရှာဖွေနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေအတွက်...

𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙉𝙤𝙗𝙡𝙚 𝘾𝙤𝙡𝙡𝙚𝙜𝙚 (𝙈𝙉𝘾) နဲ့ 𝙉𝙤𝙗𝙡𝙚 𝙇𝙚𝙖𝙧𝙣𝙞𝙣𝙜 𝙃𝙪𝙗 (𝙉𝙇𝙃) တို့ ပူးပေါင်းကျင်းပမယ့် Project Show နှင့် ပညာရေးပြပွဲကြီးရောက်ရှိလို့လာပါပြီ။

📍ရိုးရိုး Open House တွေနဲ့မတူဘဲ ဒီပွဲမှာ ဘာတွေထူးခြားမလဲ?

✅ 𝙈𝙉𝘾 𝙀𝙣𝙜𝙞𝙣𝙚𝙚𝙧𝙞𝙣𝙜 & 𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙋𝙧𝙤𝙟𝙚𝙘𝙩 𝙎𝙝𝙤𝙬𝙘𝙖𝙨𝙚

အနာဂတ်ရဲ့ အင်ဂျင်နီယာတွေ၊ စီးပွားရေးခေါင်းဆောင်တွေဖြစ်လာမယ့် ကျွန်ုပ်တို့ MNC မှ HND ကျောင်းသား/သူတွေ ကိုယ်တိုင်ဖန်တီးတည်ဆောက်ထားတဲ့ အံ့မခန်း Engineering နဲ့ Business Management Project များကို မျက်မြင်ကိုယ်တွေ့လေ့လာနိုင်ပါတယ်။

မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက်ဗဟုသုတကောင်းများရရှိစေမည့်အပြင် အနာဂတ် Career အတွက် ထည့်သွင်းစဥ်းစားသင့်သော Professional ဘာသာရပ်များအဖြစ် နားလည်သဘောပေါက်နိုင်ကြမှာဖြစ်ပါတယ်။

✅ 𝙁𝙪𝙣 𝙂𝙖𝙢𝙚 𝘼𝙘𝙩𝙞𝙫𝙞𝙩𝙞𝙚𝙨

လာရောက်လေ့လာကြတဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် ပျော်ရွှင်စရာဂိမ်းအစီအစဉ်များ ယှဉ်ပြိုင်ကစားပြီး ဆုလက်ဆောင်များရရှိစေမယ့် အစီအစဉ်လေးများလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေး promotions အစီအစဉ်များလည်း ရရှိကြမှာဖြစ်ပါတယ်။

🎓 𝙊𝙣𝙚-𝙎𝙩𝙤𝙥 𝘼𝙘𝙖𝙙𝙚𝙢𝙞𝙘 𝘾𝙤𝙪𝙣𝙨𝙚𝙡𝙡𝙞𝙣𝙜 (အခမဲ့ ပညာရေးဆွေးနွေးတိုင်ပင်ခြင်း)

ပြခန်းတွေလေ့လာရင်း လာမယ့်ဇူလိုင်လ (July Intake) အတွက် ကိုယ်နဲ့ အကိုက်ညီဆုံး ပညာရေးလမ်းကြောင်းတွေကို ကျွမ်းကျင်သူ Counsellor တွေနဲ့ အခမဲ့ဆွေးနွေးနိုင်ဖို့ အဆင်သင့်စီစဉ်ပေးထားပါတယ် -

🔹 MNC: နိုင်ငံတကာတက္ကသိုလ်ဘွဲ့များရရှိမည့် HND (Engineering & Business Management) သင်တန်းများ။

🔹 Noble Learning Hub: နိုင်ငံတကာတက္ကသိုလ်များသို့ တိုက်ရိုက်သွားတက်နိုင်မည့် IGCSE နှင့် GED အတန်းများ။

🔹 Noble Link: နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားလိုသူများအတွက် အခမဲ့ International Affairs အကြံပေးဝန်ဆောင်မှုများ။

စီနီယာများရဲ့ Project Show လက်တွေ့လေ့လာမှုတွေနဲ့အတူ အနာဂတ်အတွက် အကောင်းဆုံးရွေးချယ်မှုတွေကို တစ်ပါတည်း ပြုလုပ်နိုင်မယ့်ပွဲမို့ မဖြစ်မနေလာရောက်လေ့လာကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။ 💯

-----------

𝙀𝙫𝙚𝙣𝙩 𝘿𝙚𝙩𝙖𝙞𝙡𝙨

📅 𝘿𝙖𝙩𝙚: 𝟭𝟵-𝟮𝟬𝙩𝙝 𝙅𝙪𝙣𝙚 𝟮𝟬𝟮𝟲 (𝙁𝙧𝙞𝙙𝙖𝙮 & 𝙎𝙖𝙩𝙪𝙧𝙙𝙖𝙮)

⏰ 𝙏𝙞𝙢𝙚: 𝟵:𝟬𝟬 𝘼𝙈 𝙩𝙤 𝟯:𝟬𝟬 𝙋𝙈

📍 𝙑𝙚𝙣𝙪𝙚: 𝘽𝙪𝙞𝙡𝙙𝙞𝙣𝙜 (𝙔-𝟭𝟬) / (𝙛𝙧𝙤𝙣𝙩 𝙤𝙛 𝙍𝙤𝙨𝙚 𝙂𝙖𝙧𝙙𝙚𝙣 𝙃𝙤𝙩𝙚𝙡), 𝙐𝙥𝙥𝙚𝙧 𝙋𝙖𝙣𝙨𝙤𝙙𝙖𝙣 𝙍𝙤𝙖𝙙, 𝙆𝙖𝙣𝙙𝙖𝙬𝙜𝙮𝙞 𝙔𝙚𝙞𝙠 𝙈𝙤𝙣 𝘾𝙤𝙢𝙥𝙡𝙚𝙭, 𝙈𝙞𝙣𝙜𝙖𝙡𝙖𝙧 𝙏𝙖𝙪𝙣𝙜 𝙉𝙮𝙪𝙣𝙩 𝙏𝙤𝙬𝙣𝙨𝙝𝙞𝙥, 𝙔𝙖𝙣𝙜𝙤𝙣.

🔥 ပွဲအတွက် လူဦးရေကန့်သက်ချက်ရှိတာကြောင့် အခုပဲ Registration Form ဖြည့်ပြီး ကြိုတင်စာရင်းပေးသွင်းထားလိုက်ပါခင်ဗျာ။

ပုံထဲက QR Code ကို Scan ဖတ်ပြီး (သို့မဟုတ်) comment first ment Link မှတစ်ဆင့် အလွယ်တကူ Register လုပ်နိုင်ပါပြီ။

-----------

✅ page Messenger (cb) မှတစ်ဆင့် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

☎️ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်နိုင်ရန်:

09-448 066 660, 09-754 534 467

📍 MNC ကန်တော်ကြီး Campus:

တိုက်အမှတ် (Y-10) / (Rose Garden Hotel မျက်နှာချင်းဆိုင်)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

-----------

Noble Learning Hub (NLH)

✉️ Email - [email protected]

📌 ကျောင်းသို့ လာရောက်စုံစမ်းလိုပါက -

NLH Junction Square Campus

No. 01-47(A), 02-47(B), Junction Square, Kyun Taw Street, Kamaryut Tsp, Yangon, Myanmar

☎️ 09-260300740, 09-260300760, 09-756984498

NLH Kandawgyi Campus

Building Y-10, Upper Pansodan Road, Kandawgyi Housing, Kandawlay (North) Ward, Mingalar Taung Nyint Township, Yangon, Myanmar

☎️ 09-773 353 695, 09-452 301 140

တက္ကသိုလ်ဝင်တန်း (Grade-12) အောင်စာရင်းတွေ ထွက်တော့မယ့်အချိန် သားသားမီးမီးတို့ရဲ့ အနာဂတ်ပညာရေးအတွက် အကောင်းဆုံးလမ်းကြောင...
11/06/2026

တက္ကသိုလ်ဝင်တန်း (Grade-12) အောင်စာရင်းတွေ ထွက်တော့မယ့်အချိန် သားသားမီးမီးတို့ရဲ့ အနာဂတ်ပညာရေးအတွက် အကောင်းဆုံးလမ်းကြောင်းကို ရွေးချယ်ပေးဖို့ အဆင်သင့်ဖြစ်ပြီလား? 🎓✨

၁၂ တန်းအောင်မြင်ပြီးချိန်မှာ စီးပွားရေးစီမံခန့်ခွဲမှု (𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙈𝙖𝙣𝙖𝙜𝙚𝙢𝙚𝙣𝙩) နယ်ပယ်ကို စိတ်ဝင်စားလို့ နိုင်ငံတကာအသိအမှတ်ပြု 𝘽.𝘼, 𝘽.𝘽.𝘼 ဘွဲ့တွေကို ယူချင်တယ်...

ဒါပေမယ့် နိုင်ငံခြားကို ချက်ချင်းလွှတ်ဖို့ စရိတ်စကနဲ့ စိတ်ချရမှုအပိုင်းကို စဉ်းစားနေရတဲ့ မိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်...

✅ 𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙉𝙤𝙗𝙡𝙚 𝘾𝙤𝙡𝙡𝙚𝙜𝙚 (𝙈𝙉𝘾) က အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာပါပြီ။💯

-----------

𝙈𝙉𝘾 ရဲ့ နိုင်ငံတကာအသိအမှတ်ပြု 𝙐𝙆 𝙋𝙚𝙖𝙧𝙨𝙤𝙣 𝘽𝙏𝙀𝘾 𝙃𝙉𝘿 (𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙈𝙖𝙣𝙖𝙜𝙚𝙢𝙚𝙣𝙩) ပရိုဂရမ်ကို လာမယ့် 𝙅𝙪𝙡𝙮 𝙄𝙣𝙩𝙖𝙠𝙚 အတွက် စတင်အပ်နှံနိုင်ပြီဖြစ်ပြီး၊ HND (၂) နှစ်တာ ပြီးမြောက်ပါက မိမိစိတ်ကြိုက် ရွေးချယ်နိုင်မယ့် "Global & Local Pathways (၂) ခု" ကို ခိုင်ခိုင်မာမာ ချိတ်ဆက်ပေးထားပါတယ်။

-----------

🌟 Pathway 1: 𝙎𝙩𝙪𝙙𝙮 𝙞𝙣 𝙏𝙝𝙖𝙞𝙡𝙖𝙣𝙙
(ထိုင်းနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်ကြီးများသို့) 🇹🇭

MNC တွင် HND (Higher National Diploma) ပြီးဆုံးပါက ထိုင်းနိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်များသို့ Top-Up (နောက်ဆုံးနှစ်)တိုက်ရိုက် ကူးပြောင်းတက်ရောက်နိုင်ပါတယ်။💯

1. DPU (Dhurakij Pundit University): UK နိုင်ငံ 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮 𝙤𝙛 𝙎𝙪𝙣𝙙𝙚𝙧𝙡𝙖𝙣𝙙 မှ ပေးအပ်မည့် 𝘽𝘼 (𝙃𝙤𝙣𝙨) 𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙈𝙖𝙣𝙖𝙜𝙚𝙢𝙚𝙣𝙩 ဘွဲ့ကို ရယူနိုင်ခြင်း။

2. PIM International College မှ 𝘽𝘽𝘼 𝙈𝙤𝙙𝙚𝙧𝙣 𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙀𝙣𝙩𝙧𝙚𝙥𝙧𝙚𝙣𝙚𝙪𝙧𝙨𝙝𝙞𝙥 (𝙞𝙈𝘽𝙀) ဘွဲ့ရယူနိုင်ခြင်း။

3. Bangkok University: 𝘽𝘽𝘼 𝙞𝙣 𝙈𝙖𝙧𝙠𝙚𝙩𝙞𝙣𝙜 ဘွဲ့ကို ဆက်လက်ရယူနိုင်ခြင်း။

-----------

🌟 Pathway 2: 𝙐𝙆 𝘿𝙚𝙜𝙧𝙚𝙚 𝙞𝙣 𝙈𝙮𝙖𝙣𝙢𝙖𝙧
(မြန်မာပြည်တွင်းမှာတင် အစအဆုံး UK ဘွဲ့ယူမယ်) 🇬🇧

ပြည်ပသို့ သွားရောက်ရန်မလိုဘဲ မိဘအနီးမှာတင် အချိန်နဲ့ ကုန်ကျစရိတ် အသက်သာဆုံးဖြင့် ဘွဲ့ရယူလိုသူများအတွက်...

ကမ္ဘာ့အဆင့်မီ UK 𝙀𝙙𝙞𝙣𝙗𝙪𝙧𝙜𝙝 𝙉𝙖𝙥𝙞𝙚𝙧 𝙐𝙣𝙞𝙫𝙚𝙧𝙨𝙞𝙩𝙮 (𝙀𝙉𝙐) မှ ပေးအပ်သော 𝘽.𝘼 (𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙈𝙖𝙣𝙖𝙜𝙚𝙢𝙚𝙣𝙩) ဘွဲ့ကို ကျွန်တော်တို့ Myanmar Noble College (MNC) တွင် အစအဆုံး တိုက်ရိုက်တက်ရောက်ရယူနိုင်ပါတယ်။💯

-----------

🤔 ဘာကြောင့် သင့်ရဲ့ပညာရေးခရီးစဉ်ကို 𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙉𝙤𝙗𝙡𝙚 𝘾𝙤𝙡𝙡𝙚𝙜𝙚 (𝙈𝙉𝘾) မှာ စတင်သင့်တာလဲ?

✅ Strong Academic Background

၂၀၁၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး (၁၅) နှစ်နီးပါး သမိုင်းကြောင်းခိုင်မာစွာဖြင့် လုပ်ငန်းခွင်ဝင်ဆံ့သော ဘွဲ့ရကျောင်းသားပေါင်း ၂,၀၀၀ ကျော်ကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

✅ Highly Affordable (ကုန်ကျစရိတ်သက်သာခြင်း)

ပြည်ပသို့ အစကတည်းက သွားရောက်တက်ရောက်ခြင်းထက် ကုန်ကျစရိတ်များစွာသက်သာပြီး၊ Quality လုံးဝမလျှော့သော နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးခြင်း။

✅ Expert Faculty

စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင် ကျွမ်းကျင်မှုများကိုပါ ဝါရင့်ဆရာ၊ ဆရာမကြီးများမှ အနီးကပ် လမ်းညွှန်သင်ကြားပေးခြင်း။

-----------

July Intake အတွက် ကျောင်းသားဦးရေကန့်သတ်ချက်ရှိတာမို့ အမြန်ဆုံးစုံစမ်းအပ်နှံနိုင်ရန် ဖိတ်ခေါ်လိုက်ပါရစေ။🍀

HND (Higher National Diploma) သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်ကို သိရှိလိုပါက -

Page Messenger (Cb) သို့ ချက်ချင်း Hi လိုက်ရုံဖြင့်လည်း MNC မှ Education Consultants များက အသေးစိတ်ကို အခမဲ့ ဆွေးနွေးတိုင်ပင်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

📢 တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းရန်:

09-448 066 660
09-754 534 467

📍 MNC ကန်တော်ကြီး Campus လိပ်စာ:

တိုက်အမှတ် (Y-10) / (Rose Garden Hotel မျက်နှာချင်းဆိုင်)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

MNC HND Business Management Monsoon Fair & Samsung Experience Booth Recap ပြီးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့က ကျွန်တော်တို့ My...
09/06/2026

MNC HND Business Management Monsoon Fair & Samsung Experience Booth Recap

ပြီးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့က ကျွန်တော်တို့ Myanmar Noble College (MNC) ရဲ့ Function Hall မှာ HND (Business Management) မေဂျာကျောင်းသား၊ ကျောင်းသူများရဲ့ "မိုးရာသီဈေးရောင်းပွဲတော် (Monsoon Fair)" ကို အောင်မြင်စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပွဲလေးဟာ သာမန်ဈေးရောင်းပွဲသက်သက်မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူတွေ စာသင်ခန်းထဲက သင်ခန်းစာတွေကို လုပ်ငန်းခွင်အသွင် လက်တွေ့ Marketing ဈေးကွက်ရှာဖွေခြင်း၊ Sales & Financial Management စတဲ့ စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည်တွေကို ထုတ်ပြခွင့်ရခဲ့တဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။

ဈေးရောင်းပွဲတော်နေ့မှာ MNC ရဲ့ မေဂျာစုံ ကျောင်းသားထု (HND Business Management, Civil, Mechanical, Electrical and Electronic Engineering) အပြင် Noble Learning Hub (Kandawgyi Campus) က ကျောင်းသား၊ ကျောင်းသူတွေပါ တစ်ခဲနက် လာရောက်အားပေးဆင်နွှဲခဲ့ကြလို့ တစ်ကျောင်းလုံး ဆူညံစည်ကားပြီး ပျော်စရာအမှတ်တရတွေနဲ့ ပြည့်နေခဲ့ပါတယ်။🥳

ကျောင်းသားလေးတွေ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး လုပ်ရောင်းကြတဲ့ အစားအသောက်၊ မုန့်နဲ့ အအေးမျိုးစုံဟာလည်း လာသမျှ လူတိုင်း အားပေးမပြတ် ချီးကျူးရလောက်အောင် အရသာရှိလှပါတယ်ခင်ဗျာ။ 😋🍔

ပိုပြီးထူးခြားသွားတာကတော့ ဒီပွဲလေးမှာ Samsung Myanmar Head Office ကနေ တိုက်ရိုက်လာရောက်ပူးပေါင်းပြီး အမိုက်စား Samsung Experience Booth Event လေးကိုပါ တစ်ပါတည်း ဆင်နွှဲပေးခဲ့တာပဲ
ဖြစ်ပါတယ်။🎊

ကျောင်းသား၊ ကျောင်းသူတွေဟာ Samsung ရဲ့ နောက်ဆုံးပေါ် နည်းပညာ Tablets နဲ့ Wearables တွေကို စိတ်ကြိုက်ကိုင်တွယ်စမ်းသပ်ခွင့် ရရှိခဲ့ကြတဲ့အပြင်၊ ပျော်စရာ Challenge ဂိမ်းတွေ ကစားရင်း ချစ်စရာအရုပ်တွေနဲ့ အမှတ်တရ ဆုလက်ဆောင်များစွာကိုပါ တစ်ပျော်တစ်ပါး ဆွတ်ခူးရရှိခဲ့ကြပါတယ်။ 🎁

MNC မှာ ပညာသင်ယူရခြင်းဟာ စာအုပ်ထဲက သီအိုရီတွေတင်မကဘဲ အခုလို ခေတ်မီတဲ့ Student Life Experience တွေ၊ စီးပွားရေးလုပ်ငန်းခွင်လက်တွေ့တွေနဲ့ နိုင်ငံတကာ Brand ကြီးတွေနဲ့ပါ ထိတွေ့ခွင့်ရမယ့် အကောင်းဆုံး အခွင့်အရေးတွေကို အမြဲဖန်တီးပေးနေတာ ဖြစ်ပါတယ်။

🔥 [ ကမ္ဘာ့အဆင့်မီ ပညာရေးလမ်းကြောင်းကို စတင်ရန် | July Intake ]

သင်ဟာ ဆယ်တန်း (G-12) သို့မဟုတ် IGCSE/O-Level ဖြေဆိုအောင်မြင်ထားပြီး စာတွေ့လက်တွေ့ မျှတပြီး အနာဂတ်အလုပ်အကိုင် အလားအလာအကောင်းဆုံးဖြစ်မယ့် UK Pearson BTEC HND (Level 5 Diploma) ကို တက်ရောက်လိုသူတစ်ယောက်လား?

𝙅𝙪𝙡𝙮 𝙄𝙣𝙩𝙖𝙠e အတွက် ကျောင်းအပ်နှံမှုတွေကို စတင်လက်ခံနေပြီ ဖြစ်ပါတယ်။

MNC ရဲ့ ပျော်စရာကျောင်းသားဘဝ Learning Environment နဲ့ သင်တန်းကြေး Detail တွေကို အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ Facebook Messenger (Cb) Hi လိုက်ရုံဖြင့် ကျွန်တော်တို့ Sales Team မှ အမြန်ဆုံး ဆက်သွယ်ပေးပါမယ်ခင်ဗျာ။🍀

📢 ဖုန်းဖြင့် တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ရန်:

09-448 066 660
09-754 534 467

📍 MNC ကန်တော်ကြီး Campus: တိုက်အမှတ် (Y-10) / (Rose Garden Hotel မျက်နှာချင်းဆိုင်)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

🎓Our Alumni, Our Pride: MNC မှသည် နိုင်ငံတကာလုပ်ငန်းခွင်များဆီသို့... 🌍 (Part-3)လူငယ်တိုင်းရဲ့ အိပ်မက်တစ်ခုက နိုင်ငံတကာအ...
08/06/2026

🎓Our Alumni, Our Pride: MNC မှသည် နိုင်ငံတကာလုပ်ငန်းခွင်များဆီသို့... 🌍 (Part-3)

လူငယ်တိုင်းရဲ့ အိပ်မက်တစ်ခုက နိုင်ငံတကာအဆင့်မီ ပညာရေးကိုသင်ယူပြီး ကမ္ဘာ့စင်မြင့်ထက်မှာ အောင်မြင်တဲ့ Career တစ်ခုတည်ဆောက်ဖို့ပါပဲ။

ဒီအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပြီး နိုင်ငံတကာလုပ်ငန်းခွင်အသီးသီးမှာ အင်ဂျင်နီယာပညာရှင်၊ စီးပွားရေးစီမံခန့်ခွဲမှုပညာရှင််နှင့် စီးပွားရေးလုပ်ငန်းရှင်များအဖြစ် အောင်မြင်စွာရပ်တည်နေကြတဲ့ ကျွန်တော်တို့ Myanmar Noble College (MNC) ရဲ့ ဂုဏ်ယူဖွယ် ကျောင်းသားဟောင်း Noblers တွေကို မိတ်ဆက်ပေးပါရစေ။🎊🎉

—————————————————————

✅ ကျွန်တော်တို့ရဲ့ MNC မှာ အချိန်နဲ့ ကုန်ကျစရိတ်ကို အထိရောက်ဆုံးသက်သာစေမယ့် UK Pearson BTEC HND Pathway မှတစ်ဆင့် ကမ္ဘာ့အဆင့်မီနိုင်ငံတကာတက္ကသိုလ်ကြီးများသို့ ကူးပြောင်းတက်ရောက်ပြီး အောင်မြင်တဲ့ ကိုယ်ပိုင် Career Success Story ကို ဖန်တီးနိုင်ပါတယ်။

✅ ၁၅ နှစ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ MNC နဲ့အတူ သင့်ရဲ့ အနာဂတ်ကို ခိုင်မာတဲ့ပညာရေးဖြင့် တည်ဆောက်လိုက်ပါ။

—————————————————————

📍ယခု July Intake အတွက် HND (Business Management & Engineering) အတန်းများလက်ခံနေပြီဖြစ်ပါတယ်။ အင်ဂျင်နီယာဘာသာရပ်အတွက် Civil, Mechanical နှင့် Electrical and Electronic Engineering သင်တန်းများကို ရွေးချယ်တက်ရောက်ပြီး နိုင်ငံတကာတက္ကသိုလ်ကြီးများမှ အင်ဂျင်နီယာဘွဲ့များရယူနိုင်ပါတယ်။

သင်တန်းများအကြောင်းအသေးစိတ်ကို Page Messenger မှဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ယခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

📞09-448 066 660, 09-754 534 467

MNC ကန်တော်ကြီး Campus: တိုက်အမှတ် (Y-10)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

MNC Kandawgyi Campus: Building Y-10, Upper Pansodan Road, Kandawgyi Yeik Mon Complex / Kandawgyi Housing (North), Mingalar Taung Nyunt Township, Yangon.

🎓 ကမ္ဘာ့နိုင်ငံတကာတက္ကသိုလ်ကြီးတွေဆီ အရောက်လှမ်းနိုင်ခဲ့ကြတဲ့ MNC ရဲ့ ဂုဏ်ယူစရာ Noblers များ (Part-3)၂၀၁၁ ခုနှစ်မှ စတင်က...
02/06/2026

🎓 ကမ္ဘာ့နိုင်ငံတကာတက္ကသိုလ်ကြီးတွေဆီ အရောက်လှမ်းနိုင်ခဲ့ကြတဲ့ MNC ရဲ့ ဂုဏ်ယူစရာ Noblers များ (Part-3)

၂၀၁၁ ခုနှစ်မှ စတင်ကာ ယနေ့တိုင် UK, Australia နဲ့ ကမ္ဘာ့နိုင်ငံတကာတက္ကသိုလ်ကြီးတွေမှာ ကိုယ်စီအိပ်မက်တွေကို အကောင်အထည်ဖော်ပြီး ဘွဲ့ရရှိခဲ့ကြတဲ့ (သို့) တက်ရောက်သင်ကြားနေကြတဲ့ MNC ရဲ့ Noblers တစ်ယောက်ချင်းစီဟာ ကျွန်တော်တို့အတွက်တော့ အမြဲတမ်းဂုဏ်ယူစရာတွေပါ။ ဒီထက်မကတဲ့အောင်မြင်မှုများစွာကို ဆက်လက်ပိုင်ဆိုင်နိုင်ကြပါစေ။ 🍀

Huge Congratulations to our proud Noblers! 🎊🎉"

------------------

ကျွန်တော်တို့ Myanmar Noble College (MNC) ရဲ့ UK Pearson BTEC HND Program ဟာ သင့်ရဲ့ အချိန်နဲ့ ကုန်ကျစရိတ်တွေကို အများကြီးသက်သာစေပြီး နိုင်ငံတကာတက္ကသိုလ်ကြီးတွေဆီသို့ တိုက်ရိုက်ကူးပြောင်းတက်ရောက်ပြီး ဘွဲ့ယူနိုင်မယ့် အခိုင်မာဆုံးခြေလှမ်းတစ်ခုဖြစ်ပါတယ်။

MNC မှာ Engineering (Civil, Mechanical, Electrical & Electronic) နဲ့ Business Management ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

✅ MNC မှတစ်ဆင့် ကိုယ့်ပြည်တွင်းမှာပင် Engineering နှင့် Business Management Bachelor များကို Top Up တက်ရောက်ပြီး နိုင်ငံတကာတက္ကသိုလ်ဘွဲ့ကြီးများရရှိနိုင်မှာဖြစ်ပါတယ်။

ဂုဏ်ယူရတဲ့ ကျွန်တော်တို့ MNC ကျောင်းသား၊ ကျောင်းသူ Noblers တို့လိုပဲ နိုင်ငံတကာအဆင့်မီ ပညာရေးကို သင်ယူနိုင်ဖို့ ယခုဖွင့်လှစ်ထားတဲ့ HND July Intake မှာ အမြန်ဆုံးလာရောက်စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။🍀

✨ Join Noble, Go Global!

Address

Building Y-10, Upper Pansodan Road, Kandawgyi Housing, Kandawlay(North) Ward, Mingalar Taung Nyunt Township
Yangon
11221

Opening Hours

Monday 08:30 - 16:00
Tuesday 08:30 - 16:00
Wednesday 08:30 - 16:00
Thursday 08:30 - 16:00
Friday 08:30 - 16:00
Saturday 08:30 - 12:30

Telephone

+959448066660

Alerts

Be the first to know and let us send you an email when Myanmar Noble College - MNC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Myanmar Noble College - MNC:

Share