Myanmar Noble College - MNC

Call Directions Website Contact the university

Myanmar Noble College - MNC We are proud to give unstoppable knowledge, experience, and opportunities to take place in contributing to a better world. Welcome to Myanmar Noble College.

MNC was founded in 2011 and delivered the best international education pathway in Business, Civil Engineering, Mechanical Engineering, Electrical & Electronics Engineering. A leading provider of globally recognized qualifications from IGCSE and HND to BA, BEng, BSc & Masters. Students are certified through leading multinational partners such as Pearson/Edexcel & the University of East London.

🎓 Grade 12 အပြီး ဘွဲ့အမြန်ရယူပြီး အလုပ်အကိုင် အခွင့်အလမ်း သေချာချင်သူများအတွက် HND Program 🚀Grade 12 ပြီးထားလို့ တက္ကသို...
19/08/2026

🎓 Grade 12 အပြီး ဘွဲ့အမြန်ရယူပြီး အလုပ်အကိုင် အခွင့်အလမ်း သေချာချင်သူများအတွက် HND Program 🚀

Grade 12 ပြီးထားလို့ တက္ကသိုလ်တက်ဖို့ အချိန်အကြာကြီး မစောင့်ချင်ဘူးလား?

(၃) နှစ်အတွင်း ယူကေဘွဲ့ (UK Top-Up Degree) ကို လျှင်မြန်စွာ ရယူပြီး လုပ်ငန်းခွင်ထဲ အသင့်ဝင်ရောက်ချင်တဲ့ လူငယ်တို့အတွက် Myanmar Noble College ရဲ့ Pearson HND Program က အကောင်းဆုံးရွေးချယ်မှု ဖြစ်မှာပါ✨

ခေတ်နဲ့အညီ အလုပ်အကိုင် အခွင့်အလမ်း သေချာစေမယ့် မေဂျာ (၄) ခုကို မိမိဝါသနာအတိုင်း စနစ်တကျ ရွေးချယ် တက်ရောက်နိုင်ပါတယ် -

📌 MNC မှာ ရွေးချယ် တက်ရောက်နိုင်မည့် မေဂျာများ

💼 1. Business Management

စီးပွားရေးနယ်ပယ်မှာ ဦးဆောင်သူ ဖြစ်ချင်သူများ၊ ကိုယ်ပိုင်လုပ်ငန်း စတင်လိုသူများနှင့် Marketing, HR, Finance, Management ပိုင်းမှာ Professional ကျကျ အသက်မွေးလိုသူများအတွက်။

🏗️ 2. Civil Engineering

ဆောက်လုပ်ရေး၊ အဆောက်အအုံ Design နှင့် အခြေခံအဆောက်အအုံဆိုင်ရာ နည်းပညာများကို စနစ်တကျ သင်ယူပြီး မြို့ပြအင်ဂျင်နီယာတစ်ဦးအဖြစ် ရပ်တည်လိုသူများအတွက်။

⚙️ 3. Mechanical Engineering

စက်မှုလက်မှု နည်းပညာများ၊ စက်ပစ္စည်းဒီဇိုင်းနှင့် ထုတ်လုပ်မှု နည်းစဉ်များကို စိတ်ဝင်စားပြီး စက်မှုအင်ဂျင်နီယာ နယ်ပယ်သို့ ဝင်ရောက်လိုသူများအတွက်။

⚡ 4. Electrical & Electronic Engineering

ခေတ်မီ လျှပ်စစ်နှင့် အီလက်ထရွန်နစ် နည်းပညာများ၊ Automation စနစ်များကို ကျွမ်းကျင်စွာ အသုံးချနိုင်မည့် အင်ဂျင်နီယာတစ်ဦးအဖြစ် ပြင်ဆင်လိုသူများအတွက်။

🌟 Why Choose HND at Myanmar Noble College

ကျွန်တော်တို့ MNC အနေနဲ့ ၂၀၁၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ပညာရေးလောကတွင် (၁၅) နှစ်တိုင်တိုင် သမိုင်းကြောင်းခိုင်မာစွာဖြင့် ထူးချွန်ထက်မြက်သည့် ဘွဲ့ရကျောင်းသားပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙉𝙤𝙗𝙡𝙚 𝘾𝙤𝙡𝙡𝙚𝙜𝙚 (𝙈𝙉𝘾) မှာ ကမ္ဘာတစ်ဝန်းမှချိတ်ဆက်ထားတဲ့ နိုင်ငံတကာတက္ကသိုလ်ပေါင်း ၂၀ ကျော် ရှိတဲ့အတွက် မိမိတက်ရောက်လိုတဲ့ Engineering နဲ့ Business Management ဘာသာရပ်ဆိုင်ရာတက္ကသိုလ်များနှင့် နိုင်ငံများကို စိတ်ကြိုက်ရွေးချယ်နိုင်မယ့် အားသာချက်တွေလည်း ရှိနေပါသေးတယ်။

အတန်းတိုင်းမှာလည်း ဘာသာရပ်ဆိုင်ရာ လုပ်သက်ရင့် ဝါရင့်ပါမောက္ခကြီးများ၊ ဆရာ၊ ဆရာမကြီးများကိုယ်တိုင် Academic Foundation ကောင်းမွန်စေရန် အနီးကပ် စနစ်တကျ သင်ကြားလမ်းညွှန်ပေးနေတာဖြစ်ပါတယ်။

MNC မှာ HND တက်ရောက်စဉ်ကတည်းက ပညာရေးအခြေခံ ခိုင်ခိုင်မာမာရရှိခဲ့ကြစေမှာဖြစ်လို့ နောင်တစ်ချိန် ပြည်ပတက္ကသိုလ်ကြီးတွေမှာ 𝙈𝙖𝙨𝙩𝙚𝙧 𝘿𝙚𝙜𝙧𝙚𝙚 ဆက်လက်တက်ရောက်လိုသူတွေအတွက်ပါ ရှေ့ဆက်မယ့် further studies ပိုင်းတွေမှာပါ ပိုမိုချောမွေ့လွယ်ကူစေမှာဖြစ်ပါတယ်။

✅ Page Messenger (cb) မှ အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်

✅ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းလိုပါက

09-448 066 660
09-754 534 467

📍 MNC ကန်တော်ကြီး Campus: တိုက်အမှတ် (Y-10) / (Rose Garden Hotel မျက်နှာချင်းဆိုင်)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

📍MNC Kandawgyi Campus: Building (Y-10) / (front of Rose Garden Hotel), Upper Pansodan Road, Kandawgyi Yeik Mon Complex / Kandawgyi Housing (North), Mingalar Taung Nyunt Township, Yangon.

✨ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗼𝗯𝗹𝗲 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗡𝗖) ရဲ့ ဇူလိုင်လ မွေးနေ့ရှင်များပွဲလေး ✨တစ်လတစ်ခါ ဝန်ထမ်း...
06/08/2026

✨ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗼𝗯𝗹𝗲 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗡𝗖) ရဲ့ ဇူလိုင်လ မွေးနေ့ရှင်များပွဲလေး ✨

တစ်လတစ်ခါ ဝန်ထမ်းညီအစ်ကို မောင်နှမတွေ အလုပ်ကိုယ်စီနဲ့ မအားလပ်ကြပေမဲ့ ဒီလိုလကုန်ရက်လေးမှာတော့ 𝗠𝗡𝗖 မြေညီထပ်က Function Hall မှာ ဇူလိုင်လ မွေးနေ့ရှင်တွေနဲ့ အတူတူဆုံပြီး ပျော်ပျော်ပါးပါး စကားပြော၊ မုန့်စားကြရင်း မွေးနေ့ရှင်တွေကို ဆုတောင်းပေးခဲ့ကြပါတယ်။

🎂🎈 ဇူလိုင်လ မွေးနေ့ရှင်များဖြစ်ကြတဲ့ -

၁) ဦးမြင့်အောင်
၂) ဒေါ်ထက်ထက်နိုင်
၃) ဒေါ်မေဦးငယ် (Noble KDG)
၄) ဒေါ်တင်တင်ယုအောင် (NLH)
၅) ဒေါ်သိမ့်နန္ဒာစိုး (NLH)
၆) ဦးကောင်းသန့်ဇင်

တို့အတွက် MNC ရုံးဘက်မှနဲ့ မွေးနေ့ရှင် တီချယ်ထက်ထက်နိုင်တို့ စုပေါင်းပြီး မွေးနေ့ကိတ်၊ ဟမ်ဘာကာနဲ့ အအေးများ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြလို့ အလုပ်ပင်ပန်းသမျှတွေ အကုန်ပျောက်ပြီး အားလုံး ရယ်ရယ်မောမောနဲ့ တကယ်ကို ပျော်စရာကောင်းတဲ့ အချိန်လေး ဖြစ်ခဲ့ကြရပါတယ်။ 🥳✨

July လရဲ့ Birthday Stars တွေဖြစ်တဲ့ ဆရာ၊ ဆရာမတို့နဲ့
ဝန်ထမ်းအားလုံး အခုထက်မက ပျော်ရွှင်ပြီး အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော်တို့ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗼𝗯𝗹𝗲 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗡𝗖) မှ ဆုမွန်‌ကောင်းတောင်းပေးလိုက်ပါတယ်ခင်‌ဗျာ🍀

𝗠𝗡𝗖 ရဲ့ ခိုင်မာတဲ့ အောင်မြင်မှုတွေနောက်ကွယ်မှာ ရှိနေတဲ့ စိတ်တူကိုယ်တူ ဝန်ထမ်းထုကြီးရဲ့ ပျော်ရွှင်စရာ Moment လေးတွေကို မျှဝေပေးလိုက်ပါတယ်‌နော် ❤️

စာသင်ခန်းထဲကနေ လက်တွေ့လုပ်ငန်းခွင်ဆီသို့...MNC Civil Engineering ကျောင်းသားများ၏ "Myat Mi Ba Steel Structure" Site Visit...
05/08/2026

စာသင်ခန်းထဲကနေ လက်တွေ့လုပ်ငန်းခွင်ဆီသို့...
MNC Civil Engineering ကျောင်းသားများ၏ "Myat Mi Ba Steel Structure" Site Visit 👷‍♂️👷‍♀️

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်နေ့က ကျွန်တော်တို့ Myanmar Noble College (MNC) ရဲ့ မြို့ပြအင်ဂျင်နီယာ (Civil Engineering) ဌာနမှ HND ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄) ဦးဟာ ဆရာမ (၃) ဦးရဲ့ ဦးဆောင်မှုနဲ့အတူ ကွင်းဆင်းလေ့လာရေး (Site Visit) သွားရောက်ခဲ့ပါတယ်။

ဒီတစ်ခေါက် Site Visit ကိုတော့ တောင်ဒဂုံ စက်မှုဇုန် (၁) မှာရှိတဲ့ Steel Structure ပိုင်းကို အဓိကထား ဆောက်လုပ်ရေး၊ Fabrication နဲ့ Installation လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ "မြတ်မိဘ" (Myat Mi Ba Steel Structure Co., Ltd) သို့ သွားရောက်လေ့လာခဲ့ကြတာပဲဖြစ်ပါတယ်။

✅ MNC ရဲ့ UK နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေဖြစ်တဲ့ Unit-30: Project Management (HND) နဲ့ Unit-8: Sustainability in Construction (Level-3) ဘာသာရပ်တွေအတွက် စာတွေ့သက်သက်သာမက လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံ (Practical Exposure) တွေကိုပါ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့လေ့လာခွင့်ရအောင် အခုလိုစီစဉ်ပေးခဲ့တာပါ။

------------------

ဒီလေ့လာရေးခရီးစဉ်မှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ခေတ်မီအင်ဂျင်နီယာလုပ်ငန်းခွင်အပိုင်းတွေကို မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရခဲ့ကြပါတယ် -

✅ Fabrication & Installation Process

မြတ်မိဘ Company မှ Director ကိုစည်သူနဲ့ တာဝန်ရှိသူတွေက Steel Structure Building တွေအတွက် Fabrication နဲ့ Installation ပြုလုပ်ပုံတွေကို PowerPoint Slide တွေနဲ့ သေချာရှင်းပြပေးခဲ့တဲ့အပြင်၊ လက်တွေ့လုပ်ငန်းခွင်ထဲအထိပါ စနစ်တကျ လိုက်လံပြသပေးခဲ့ပါတယ်။

✅ Expert Knowledge Sharing

Structure Engineer တစ်ဦးကိုယ်တိုင် "Introduction to steel structure design: drawing to reality" ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်တွေ့အသုံးချ Knowledge Share တွေ ပြုလုပ်ပေးခဲ့ပါတယ်။ Er****on နဲ့ Fabrication အပိုင်းတွေကိုပါ သေချာသိရှိနားလည်ခဲ့ရလို့ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ Structure Design တွေ ဖန်တီးနိုင်ဖို့ အများကြီး အထောက်အကူဖြစ်စေခဲ့ပါတယ်။

✅ Full Scale Steel Connection Tree

အထူးခြားဆုံးကတော့ Steel Connection Design တွေ လေ့လာရာမှာ အရေးပါတဲ့ "Full Scale Steel Connection Tree" အကြီးစားကြီးကိုပါ မြတ်မိဘ Company မှာ မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရခဲ့တာမို့ ကျောင်းသားတွေအတွက် အဖိုးတန်လှတဲ့ သမိုင်းမှတ်တိုင်တစ်ခု (Milestone) ဖြစ်ခဲ့ပါတယ်။

MNC ကျောင်းသား၊ ကျောင်းသူတွေအတွက် အချိန်ပေးပြီး သေချာလိုက်လံရှင်းလင်းပြသပေးခဲ့ကြတဲ့ မြတ်မိဘ (Myat Mi Ba Steel Structure Co., Ltd) မှ Director နှင့်တကွ တာဝန်ရှိသူများ၊ Engineer များအားလုံးကို MNC မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။❤️

------------------

အနာဂတ်မှာ လုပ်ငန်းခွင်အသင့်ဖြစ်နေမယ့် (Industry-ready) ကျွမ်းကျင် Civil Engineer ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် MNC ရဲ့ HND Engineering Program ကို ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါပြီ။

Engineering နှင့် Business Management မေဂျာများ၏ သင်တန်းများအကြောင်း အသေးစိတ်သိရှိလိုပါက -

✅ Page Messenger (Cb) သို့ ဆက်သွယ်၍ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

☎️ 09-448 066 660, 09-754 534 467
📍 MNC Campus: တိုက်အမှတ် (Y-10)၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ (မြောက်ဘက်)၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

📢 ဝါဆိုလပြည့်နေ့ ကျောင်းပိတ်ရက် အသိပေး ကြေညာခြင်း (Holiday Notice)Myanmar Noble College ရဲ့ ကျောင်းသား၊ ကျောင်းသူများနှင...
28/07/2026

📢 ဝါဆိုလပြည့်နေ့ ကျောင်းပိတ်ရက် အသိပေး ကြေညာခြင်း (Holiday Notice)

Myanmar Noble College ရဲ့ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများခင်ဗျာ

လာမည့် 29.7.2026 (ဗုဒ္ဓဟူးနေ့) သည် ဝါဆိုလပြည့်နေ့ဖြစ်သောကြောင့် Myanmar Noble College ၏ ရုံးခန်းများနှင့် စာသင်ခန်းများအားလုံးကို ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း အသိပေးအပ်
ပါသည်။

[ ၇၉ ] နှစ်မြောက် အာဇာနည်နေ့ 🇲🇲၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေးအတွက် ရှေ့တန်းကနေကြိုးပမ်းရင်း အာဇာန...
18/07/2026

[ ၇၉ ] နှစ်မြောက် အာဇာနည်နေ့ 🇲🇲

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေးအတွက် ရှေ့တန်းကနေကြိုးပမ်းရင်း အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးတို့ နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့ရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။

ခေါင်းဆောင်ကြီးတွေရဲ့ နိုင်ငံနဲ့ လူမျိုးအပေါ်ထားရှိတဲ့ စေတနာ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ စည်းလုံးညီညွတ်မှုတွေဟာ ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်တွေအတွက် အမြဲတမ်းအမှတ်ရသင်ခန်းစာယူစရာ သမိုင်းမှတ်တိုင်တစ်ခုအဖြစ်တည်ရှိနေမှာပါ။

ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် သမိုင်းဝင်အာဇာနည်နေ့တွင် နိုင်ငံ့အတွက် အသက်ပေးလှူသွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား Myanmar Noble College (MNC) နှင့် Noble Education Group မိသားစုမှ လေးစားစွာဖြင့် ဦးညွှတ်အလေးပြုအပ်ပါသည်။

#အာဇာနည်နေ့ #၇၉နှစ်မြောက်အာဇာနည်နေ့

🏗️ စာသင်ခန်းထဲကနေ လက်တွေ့လုပ်ငန်းခွင်ဆီသို့... MNC ရဲ့  Civil Engineering Students' Treasure Project Site Visitပြီးခဲ့တဲ...
15/07/2026

🏗️ စာသင်ခန်းထဲကနေ လက်တွေ့လုပ်ငန်းခွင်ဆီသို့...
MNC ရဲ့ Civil Engineering Students' Treasure Project Site Visit

ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့က ကျွန်တော်တို့ Myanmar Noble College (MNC) ရဲ့ Civil Engineering ကျောင်းသား၊ ကျောင်းသူတွေဟာ ရန်ကုန်မြို့၊ နာနတ်တောလမ်းမှာတည်ရှိတဲ့ Ayeyar Apex Construction ရဲ့ အကြီးစားဆောက်လုပ်ရေးစီမံကိန်းဖြစ်တဲ့ "Treasure Project" သို့ ကွင်းဆင်းလေ့လာရေး (Site Visit) သွားရောက်‌ေလ့လာခဲ့ကြပါတယ်။

ဒီစီမံကိန်းကြီးဟာ မြေအောက်ထပ် (၃) ထပ် (Basement 3) နဲ့ အထပ် (၂၆) ထပ်ပါဝင်တဲ့ Tower A & Tower B Residence Development အကြီးစားစီမံကိန်းကြီးပဲဖြစ်ပါတယ်။

------------

UK နိုင်ငံတကာအဆင့်မီ HND (Higher National Diploma) Program ရဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း စာတွေ့သက်သက်မဟုတ်ဘဲ အနာဂတ်အင်ဂျင်နီယာတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းခွင်အတွေ့အကြုံ (Practical Exposure) တွေကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့လေ့လာခွင့်ရအောင် MNC မှ အခုလို အစဉ်ဖန်တီးပေးလျက်ရှိပါတယ်။

------------

ဒီ Site Visit ကနေတစ်ဆင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ယခုလိုခေတ်မီအင်ဂျင်နီယာနည်းပညာတွေနဲ့ လုပ်ငန်းခွင်စီမံခန့်ခွဲမှုတွေကို မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရခဲ့ကြတာဖြစ်ပါတယ် -

✅ Advanced Structural Engineering

အနက် ၁၃.၈ မီတာအထိရှိတဲ့ Mat Foundation တည်ဆောက်မှုနည်းစနစ်များ၊ Formwork System အသုံးပြုပုံများအပြင် Flat Slab with Drop Panel နဲ့ Flat Slab with Band Beam System တို့ရဲ့ အားသာချက်များကို အသေးစိတ်သိရှိနားလည်ခဲ့ကြပါတယ်။

✅ Earthquake Resistance Technology

ရိုးရိုး Column Beam တွေအစား ငလျင်ဒဏ်ခံနိုင်ရည် ပိုမိုကောင်းမွန်တဲ့ Shear Wall တွေကို အသုံးပြုလာကြတဲ့ ခေတ်မီဆောက်လုပ်ရေးနည်းပညာ အပြောင်းအလဲတွေကိုပါ လေ့လာနိုင်ခဲ့ကြပါတယ်။

✅ Site Management & Safety Standards

အဆောက်အအုံရဲ့ Fire Truck Access, Service Access နဲ့ Drop-off System တွေအပြင် နိုင်ငံတကာစံနှုန်းမီ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးစနစ် (HSE 45001), Organization Structure, Welfare Facilities နဲ့ အလုပ်သမားများအတွက် Health Care & Insurance စနစ်တွေကိုပါ စနစ်တကျလေ့လာခွင့်ရခဲ့ကြပါတယ်။

------------

ယခုလိုမျိုး ကျွန်တော်တို့ MNC Civil Engineering ကျောင်းသား၊ ကျောင်းသူများအတွက် အဖိုးတန်လှတဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေရရှိအောင် အချိန်ပေးပြီး သေချာလိုက်လံရှင်းလင်းပြသပေးခဲ့ကြတဲ့ Ayeyar Apex Construction မှ Project Director ဦးနေအောင်ဗျင်၊ Project Engineer ဦးကျော်စွာဦး၊ Safety Engineer ဦးသက်ဝင်းစိုး တို့နှင့်တကွ Admin Manager, Assistant Manager, Engineer ကြီးများနဲ့ တာဝန်ရှိသူများအားလုံးကို MNC မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။ ❤️

----------

အနာဂတ်မှာ လုပ်ငန်းခွင်အသင့်ဖြစ်နေမယ့် (Industry-ready) ကျွမ်းကျင် Civil Engineer ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် MNC ရဲ့ Engineering Program များကို တက်ရောက်သင်ကြားနိုင်ပါပြီ။

Engineering နှင့် Business Management မေဂျာများ၏ ယခု July Intake သင်တန်းများအကြောင်း အသေးစိတ်သိရှိလိုပါက -

✅ Page Messenger (Cb) သို့ ဆက်သွယ်၍ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

☎️ 09-448 066 660, 09-754 534 467

📍 MNC Campus:
တိုက်အမှတ် (Y-10)၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ (မြောက်ဘက်)၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

14/07/2026

Noble Education Showcase & Open House 2026 ပွဲကြီး‌၌ Business Studies ဌာနမှ ဆရာဦးအောင်မြင့်မြတ်၏ ရင်တွင်းစကားသံများ

ခေတ်သစ်စီးပွားရေးလောကမှာ အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ စာသင်ခန်းထဲက သီအိုရီတွေကို အလွတ်ကျက်မှတ်သားရုံနဲ့ မလုံလောက်ပါဘူး။

✅ ကိုယ့်လုပ်ငန်းခွင်မှာ တကယ်ကြုံတွေ့လာရမယ့် ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် Problem-solving skills နဲ့ ဆန်းသစ်တီထွင်နိုင်စွမ်း (Innovation) တွေကသာ အောင်မြင်မှုရဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဇွန်လ (၁၉) ရက်နဲ့ (၂၀) ရက်နေ့တွေမှာ အောင်မြင်စွာကျင်းပခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပွဲကြီးမှာ Myanmar Noble College (MNC) ရဲ့ Business Studies Department အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ လက်တွေ့ဖန်တီးထားတဲ့ အမိုက်စား Business Projects တွေကို ခင်းကျင်းပြသနိုင်ခဲ့ပါတယ်။

----------

ဒီအင်တာဗျူးဗီဒီယိုလေးထဲမှာတော့ Business Studies Department မှ Assessor တစ်ဦးဖြစ်သူ ဆရာ ဦးအောင်မြင့်မြတ်ကိုယ်တိုင်...

🔸 ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Operations Management၊ Logistics နဲ့ Highway Company စတဲ့ အကြောင်းအရာတွေကို Case Study ယူပြီး လုပ်ငန်းခွင်ပြဿနာတွေကို လက်တွေ့ဘယ်လို ချိတ်ဆက်ဖြေရှင်းပြသခဲ့ကြလဲ။

🔸 ကိုယ်ပိုင် Business Idea တွေကို Business Model Canvas တွေရေးဆွဲပြီး တကယ့်လုပ်ငန်းရှင်တွေရှေ့မှာ တင်ပြရတဲ့ Business Pitch Presentation တွေကို ဘယ်လို လုပ်ဆောင်ခဲ့ကြလဲ။

🔸 "Business Entrepreneurship and Business Innovation" ဆိုတဲ့ Theme နဲ့အညီ Marketing, Sales, HR နဲ့ Finance ကဏ္ဍတွေမှာ Information Technology (IT) နဲ့ Artificial Intelligence (AI) တွေကို ဘယ်လို ပေါင်းစပ်အသုံးချခဲ့ကြလဲ။

🔸 Data တွေကို Power BI အသုံးပြုပြီး Visualize Data, Business Analyst နဲ့ Data Analyst ပုံစံမျိုးကနေ Market Insight ရရှိအောင် ဘယ်လိုရှာဖွေတင်ပြခဲ့ကြလဲ ဆိုတာတွေကို ရှင်းပြပေးထားပါတယ်။

----------

✅ MNC ရဲ့ HND (Engineering & Business Management) Program တွေဟာ ကျောင်းသားတွေကို စာမေးပွဲအောင်ရုံသက်သက် မဟုတ်ဘဲ၊ ခိုင်မာတဲ့ Teamwork စိတ်ဓာတ်နဲ့ ပြင်ပလုပ်ငန်းခွင် (Industry) မှာ ချက်ချင်းဝင်ရောက် ဦးဆောင်နိုင်မယ့် "Future-Ready Leaders" တွေဖြစ်လာဖို့ကိုပါ အဓိကထား လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်။ 💯

ဒီတော့... စာတွေ့နဲ့ လက်တွေ့ကို ပေါင်းစပ်ပြီး အနာဂတ်စီးပွားရေးလောကကို ဦးဆောင်မယ့် သူတစ်ယောက်ဖြစ်လာဖို့ video လေးကို အခုပဲ နားဆင်ကြည့်လိုက်ရအောင်ပါခင်ဗျာ။

----------

🎓 ယခု July Intake အတွက် Engineering & Business Management ဘာသာရပ်များ၏ HND (Higher National Diploma) သင်တန်းများအကြောင်း အသေးစိတ် သိရှိလိုပါက -

✅ Page Messenger (Cb) သို့ ဆက်သွယ်လိုက်ရုံဖြင့် MNC မှ Education Consultants များက အခမဲ့ ဆွေးနွေးတိုင်ပင်ပေးသွားမှာ ဖြစ်ပါတယ်။

☎️ ဖုန်းဖြင့် ဆက်သွယ်လိုပါက -

09-448 066 660
09-754 534 467

📍 MNC Campus:
တိုက်အမှတ် (Y-10) / (Rose Garden Hotel မျက်နှာချင်းဆိုင်)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

14/07/2026

Noble Education Showcase & Open House 2026 ပွဲကြီးအပေါ် Mechanical Engineering ဌာနမှ ဒု-ဌာနမှူး ဆရာဦးထွန်းမင်းကျော်၏ ရှင်းလင်းတင်ပြချက်များ

အင်ဂျင်နီယာတစ်ယောက်၊ စီးပွားရေးခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ စာသင်ခန်းထဲက သီအိုရီတွေကို အလွတ်ကျက်မှတ်ရုံနဲ့ မလုံလောက်ပါဘူး။

✅လုပ်ငန်းခွင်မှာ တကယ်ကြုံတွေ့လာရမယ့် ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် Problem-solving skills နဲ့ ဆန်းသစ်တီထွင်နိုင်စွမ်း (Innovation) တွေကသာ အောင်မြင်မှုရဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဇွန်လ (၁၉) ရက်နဲ့ (၂၀) ရက်နေ့တွေမှာ အောင်မြင်စွာကျင်းပခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပွဲကြီးမှာ Myanmar Noble College (MNC) ရဲ့ Mechanical Engineering Department အနေနဲ့ "Sustainability & Innovation" ဆိုတဲ့ Theme နဲ့အတူ သဘာဝပတ်ဝန်းကျင်နဲ့ ရေရှည်တည်တံ့မှုကိုအထောက်အကူပြုမယ့် အမိုက်စား Mechanical Engineering Projects တွေကို ခင်းကျင်းပြသနိုင်ခဲ့ပါတယ်။

----------

ဒီအင်တာဗျူးဗီဒီယိုလေးထဲမှာတော့ Mechanical Engineering ဌာနရဲ့ ဒု-ဌာနမှူး (Deputy Head of Department) ဖြစ်သူ ဆရာ ဦးထွန်းမင်းကျော်ကိုယ်တိုင်...

🔸 ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကိုယ်ပိုင် Idea စဉ်းစားတာကစလို့၊ CAD Software တွေနဲ့ ဒီဇိုင်းဆွဲတာ၊ 3D Printer တွေသုံးပြီး အစိတ်အပိုင်းတွေ ထုတ်လုပ်တာနဲ့ ကိုယ်တိုင် Welding ဆက်ပြီး တပ်ဆင်တဲ့အထိ အဆင့်ဆင့် ဘယ်လို အင်တိုက်အားတိုက်ကြိုးစားခဲ့ကြလဲ။

🔸 စွန့်ပစ်ပလတ်စတစ်တွေကို ပြန်လည်အသုံးချနိုင်မယ့် "Mini Plastic Shredder"၊ လူတွေရဲ့ ခြေလှမ်း (Kinetic Energy) ကနေ လျှပ်စစ်စွမ်းအင်ထုတ်ပေးမယ့် "Footsteps Electricity Generator" နဲ့ သဘာဝရေညှိ (Moss) ကိုအသုံးပြုထားတဲ့ "Air Filtering Moss Fan" လိုမျိုး အနာဂတ်အတွက်တကယ်အသုံးဝင်မယ့် MNC HND ကျောင်းသား၊ ကျောင်းသူများရဲ့ ME Project တွေအကြောင်းကို အသေးစိတ် ရှင်းပြပေးထားပါတယ်။

----------

✅ MNC ရဲ့ HND (Engineering & Business Management) Program တွေဟာ ကျောင်းသားတွေကို စာမေးပွဲအောင်ရုံသက်သက် မဟုတ်ဘဲ၊ ခိုင်မာတဲ့ Teamwork စိတ်ဓာတ်နဲ့ ပြင်ပလုပ်ငန်းခွင် (Industry) မှာ ချက်ချင်းဝင်ရောက် ဦးဆောင်နိုင်မယ့် "Future-Ready Leaders" တွေဖြစ်လာဖို့ကိုပါ အဓိကထား လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ 💯

ဒီတော့... ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့အတူ အနာဂတ်ကို ဦးဆောင်မယ့် အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်လာဖို့ ဆရာဦးထွန်းမင်းကျော်ရဲ့ ရင်တွင်းစကားသံတွေကို အခုပဲ နားဆင်ကြည့်လိုက်ရအောင်ပါခင်ဗျာ။

----------

🎓 ယခု July Intake အတွက် Engineering & Business Management ဘာသာရပ်များ၏ HND (Higher National Diploma) သင်တန်းများအကြောင်း အသေးစိတ် သိရှိလိုပါက -

✅ Page Messenger (Cb) သို့ ဆက်သွယ်လိုက်ရုံဖြင့် MNC မှ Education Consultants များက အခမဲ့ ဆွေးနွေးတိုင်ပင်ပေးသွားမှာ ဖြစ်ပါတယ်။

☎️ ဖုန်းဖြင့် ဆက်သွယ်လိုပါက -
09-448 066 660
09-754 534 467

📍 MNC Campus:
တိုက်အမှတ် (Y-10) / (Rose Garden Hotel မျက်နှာချင်းဆိုင်)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

13/07/2026

Noble Education Showcase & Open House 2026" ပွဲကြီးအပေါ် Civil Engineering ဌာနမှ ဒု-ဌာနမှူး ဆရာမဒေါ်မို့မို့အောင်၏ ပီတိစကားသံများ

ပြီးခဲ့တဲ့ ဇွန်လ (၁၉) ရက်နဲ့ (၂၀) ရက်နေ့တွေမှာ အောင်မြင်စွာကျင်းပခဲ့တဲ့ ကျွန်တော်တို့ရဲ့ Project Show ပွဲကြီးမှာ Myanmar Noble College (MNC) ရဲ့ Civil Engineering Department မှ ဒု-ဌာနမှူး (Deputy Head of Department) ဖြစ်သူ ဆရာမ ဒေါ်မို့မို့အောင်မှ Civil မေဂျာရဲ့ လက်တွေ့သင်ကြားမှုတွေအကြောင်းကို အခုလိုပဲ အသေးစိတ် ရှင်းပြပေးထားပါတယ်။

---------

ဒီအင်တာဗျူး ဗီဒီယိုလေးထဲမှာတော့ -

🔹 စာသင်ခန်းထဲက သီအိုရီ (Theory) တွေကို လက်တွေ့ (Practical) နဲ့ ပေါင်းစပ်ပြီး ပြင်ပလုပ်ငန်းခွင်မှာ တကယ်ကြုံတွေ့လာရမယ့် အခက်အခဲ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အဓိကထား သင်ကြားပေးနေကြောင်း...

🔹 ဒီနှစ်ပြပွဲမှာ Civil ကျောင်းသား၊ ကျောင်းသူတွေ ဖန်တီးပြသခဲ့တဲ့ "Affordable Home" နဲ့ "Residential Apartment Building" Project တွေအကြောင်း...

🔹 အထူးသဖြင့် "Affordable Home" Project ဟာ အခြေခံနဲ့ လူလတ်တန်းစား မိသားစုတွေ (Low & Middle-income families) အတွက် သက်သာတဲ့စရိတ်နဲ့ လုံခြုံခိုင်ခံ့တဲ့ အိမ်ရာပုံစံမျိုး ဖန်တီးတည်ဆောက်ပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း... စတာတွေကို စိတ်ဝင်စားဖွယ် ရှင်းလင်းပြောကြားပေးထားပါတယ်။

Civil Engineering ဘာသာရပ်ကို ဝါသနာပါပြီး စာတွေ့ရော၊ လက်တွေ့ပါ သေချာကျွမ်းကျင်အောင် လေ့လာသင်ယူချင်တဲ့ လူငယ်တွေအတွက် ဆရာမရဲ့ ဖိတ်ခေါ်စကားသံတွေကို အခုပဲ ဗီဒီယိုလေးထဲမှာ အတူတူ ဝင်ရောက်နားဆင်ကြည့်လိုက်ရအောင်ပါခင်ဗျာ။ 🍀

---------

🎓 ယခု July Intake အတွက် Engineering & Business Management ဘာသာရပ်များ၏ HND (Higher National Diploma) သင်တန်းများအကြောင်း အသေးစိတ် သိရှိလိုပါက -

✅ Page Messenger (Cb) သို့ ဆက်သွယ်လိုက်ရုံဖြင့် MNC မှ Education Consultants များက အခမဲ့ ဆွေးနွေးတိုင်ပင်ပေးသွားမှာ ဖြစ်ပါတယ်။

☎️ ဖုန်းဖြင့် ဆက်သွယ်လိုပါက -
09-448 066 660
09-754 534 467

📍 MNC Campus:
တိုက်အမှတ် (Y-10) / (Rose Garden Hotel မျက်နှာချင်းဆိုင်)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။


၈ နှစ်တာ အတူလက်တွဲလုပ်ကိုင်ပေးခဲ့မှုအတွက် MNC မိသားစု၏ နွေးထွေးသောနှုတ်ဆက်ဂုဏ်ပြုပွဲ 🍀Myanmar Noble College (MNC) မှာ ၈ ...
13/07/2026

၈ နှစ်တာ အတူလက်တွဲလုပ်ကိုင်ပေးခဲ့မှုအတွက် MNC မိသားစု၏ နွေးထွေးသောနှုတ်ဆက်ဂုဏ်ပြုပွဲ 🍀

Myanmar Noble College (MNC) မှာ ၈ နှစ်နီးပါးကြာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးခဲ့တဲ့ စီမံရေးရာဌာနမှ ဝန်ထမ်းဒေါ်မိုးမိုးစန်းအတွက် မှတ်တမ်းတင်ဂုဏ်ပြုပွဲနဲ့ နှုတ်ဆက်ပွဲလေးကို ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့က MNC ကျောင်းမှာ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ဒေါ်မိုးမိုးစန်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့ကစလို့ Myanmar Noble College (MNC) မှာ ရုံးဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ကာ လုပ်ငန်းတာဝန်များကို စေတနာအပြည့်နဲ့ ကျေပွန်စွာလုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

အခုလို လုပ်ငန်းခွင်မှ အနားယူနှုတ်ထွက်သွားချိန်မှာတော့ MNC မှ တာဝန်ရှိသူတွေ၊ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအားလုံး စုပေါင်းပြီး ကျေးဇူးတင် အမှတ်တရစကားတွေ ပြောကြားခဲ့ကြသလို၊ ကျောင်းရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့ (BOD) ကိုယ်စား Admin & HR Director ဦးရဲနိုင်မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာကိုလည်း ဂုဏ်ယူစွာပေးအပ်ချီးမြှင့်ခဲ့ပါတယ်။🎊

ဒါ့အပြင် ပွဲလေးကိုတက်ရောက်လာကြသူတွေအားလုံး မြန်မာ့ရိုးရာမုန့်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်တွေ အတူတူသုံးဆောင်ကြရင်း ရယ်မောပျော်ရွှင်စရာ စကားဝိုင်းလေးတွေနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတစ်ခုကို အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။🎉

MNC ရဲ့ အောင်မြင်မှုခရီးလမ်းမှာ တစ်တပ်တစ်အား ပါဝင်ကြိုးစားပေးခဲ့တဲ့ ဒေါ်မိုးမိုးစန်းအနေနဲ့ ရှေ့ဆက်မယ့်ဘဝခရီးလမ်းမှာလည်း ဒီထက်မက အေးချမ်းပျော်ရွှင်ပြီး ကျန်းမာချမ်းသာပါစေလို့ MNC မိသားစုကြီးမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🍀✨

Address

Building Y-10, Upper Pansodan Road, Kandawgyi Housing, Kandawlay(North) Ward, Mingalar Taung Nyunt Township
Yangon
11221

Opening Hours

Monday 08:30 - 16:00
Tuesday 08:30 - 16:00
Wednesday 08:30 - 16:00
Thursday 08:30 - 16:00
Friday 08:30 - 16:00
Saturday 08:30 - 12:30

Telephone

+959448066660

Alerts

Be the first to know and let us send you an email when Myanmar Noble College - MNC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Myanmar Noble College - MNC:

Shortcuts

Share