17/09/2020
UTC တပ်ဖွဲ့ဝင်ဟောင်းဖြစ်သော မအေးစုစံ၏ မိခင်ဖြစ်သူ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်မကြီး ဒေါက်တာခင်အေးမြင့်ဦး အသက်(၆၅နှစ်)သည် ယနေ့ စက်တင်ဘာလ ၁၇ရက် မွန်းလွဲ ၃နာရီခွဲအချိန်တွင် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး၌ ဘဝတစ်ပါးသို့ကူးပြောင်းကွယ်လွန်သွားသောကြောင့် မိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းမိပါကြောင်း ဝမ်းနည်းစွာဖြင့် ပြန်ကြားအပ်ပါသည်။
နိုင်ငံတော်မှပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သောသူတစ်ဦးဖြစ်သည့်အလျောက် UTC တပ်ဖွဲ့ဝင်များမှ ဂုဏ်ယူလေးစားစွာဖြင့် အလေးပြု အပ်ပါသည်။
ပြုခဲ့သမျှ ကုသိုလ်အဖို့ ဝေမျှ၍ ကောင်းရာသုဂတိလားစေသော်.......