Excellent Choice Institute of Finance and Management

Excellent Choice Institute of Finance and Management Excellent Choice, Institute of Finance and Management Official Page! https://t.me/excellentchoiceifm
(334)

25/05/2026
IFRS 9 — Financial Instrumentsခေတ်သစ် Finance လောကရဲ့ Financial Reporting စနစ်မှာ သက်ရောက်မှုအရှိဆုံးနဲ့ လက်တွေ့အသုံးအကျ...
25/05/2026

IFRS 9 — Financial Instruments

ခေတ်သစ် Finance လောကရဲ့ Financial Reporting စနစ်မှာ သက်ရောက်မှုအရှိဆုံးနဲ့ လက်တွေ့အသုံးအကျဆုံး Accounting Standard တစ်ခုအကြောင်း ပြောပါဆိုရင် IFRS 9 ကို ချန်ထားလို့ မရပါဘူး။
IFRS 9 ဟာ လုပ်ငန်းအဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ရပိုင်ခွင့် (Financial Assets) နဲ့ ပေးရန်တာဝန် (Financial Liabilities) တွေကို ဘယ်လိုအမျိုးအစားခွဲမလဲ၊ ဘယ်လိုတန်ဖိုးဖြတ်မလဲ၊ ပြီးတော့ Loss (Impairment) တွေကို ဘယ်လိုတွက်ချက်မလဲဆိုတဲ့ နေရာတွေမှာ အဓိကအပြောင်းအလဲကြီးတစ်ခုကို ယူဆောင်လာခဲ့တာပါ။
Infographic Summary ထဲက သိထားသင့်တဲ့ Key Highlights လေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ် 👇

အဓိကအချက်များ (Key Highlights) :
✅ Classification & Measurement
လုပ်ငန်းရဲ့ Business Model နဲ့ SPPI Test ပေါ်မူတည်ပြီး Financial Assets တွေကို ခွဲခြားသတ်မှတ်ပါတယ်။
Amortised Cost (အရင်းကျေတန်ဖိုး)
FVOCI (Fair Value Through Other Comprehensive Income)
FVTPL (Fair Value Through Profit or Loss)
✅ Forward-looking Impairment Approach
အရင်ကလို ဆုံးရှုံးမှုဖြစ်ပြီးမှ စာရင်းသွင်းတာမျိုးမဟုတ်ဘဲ ရှေ့အလားအလာကို ကြိုတင်မျှော်မှန်းတွက်ချက်တဲ့ Expected Credit Loss (ECL) Model ကို သုံးလာပါတယ်။
✅ Hedge Accounting
လုပ်ငန်းရဲ့ Risk Management (အန္တရာယ်စီမံခန့်ခွဲမှု) မဟာဗျူဟာတွေနဲ့ ပိုမိုကိုက်ညီအောင် ညှိနှိုင်းပြင်ဆင်ထားပါတယ်။
✅ Enhanced Disclosure
ပိုမိုပွင့်လင်းမြင်သာမှုရှိစေဖို့ သတင်းအချက်အလက် ထုတ်ဖော်ပြသမှုပိုင်းကို ပိုမိုတင်းကြပ် တောင်းဆိုထားပါတယ်။
🎯 IFRS 9 က ဘယ်သူတွေအတွက် အရေးကြီးဆုံးလဲ?
📊 Financial Reporting သမားများ
🏦 Banking & Financial Services ကဏ္ဍမှ ကျွမ်းကျင်သူများ
📈 Risk Management အဖွဲ့သားများ
📑 Audit & Compliance အရာရှိများ
💼 Corporate Finance နယ်ပယ်က
Professional များ

ရှုပ်ထွေးလှတဲ့ စံနှုန်း (Standards) တွေကို အခုလို ရိုးရှင်းအောင် လေ့လာနိုင်လေလေ၊ လက်တွေ့လုပ်ငန်းခွင်မှာ ပိုပြီး ယုံကြည်မှုရှိရှိ အသုံးချနိုင်လေလေပါပဲ။
Continuous learning never stops! 🚀

EC ကျောင်း၏ Diploma in Professional Accounting Leadership (Chief Accountant)

သင်တန်းကာလအတွင်း
• IAS/IFRS စံနှုန်းများကို လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးမည်
• External Financial Reports များကို စနစ်တကျရေးဆွဲနိုင်စေမည်
• Chief Accountant / Finance Manager ဖြစ်လိုသူများအတွက် အထူးသင့်တော်

နိုင်ငံတကာလက်မှတ်
Excellent Choice Own Diploma (ICM-UK) Endorsed Diploma ကို
Assignment Projects ဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။

ပြောင်းလဲမှုများနှင့်အတူ သင့် career ကို ရှေ့တစ်လှမ်းတိုးရန်
အခုပဲ ဆက်သွယ်လိုက်ပါ။

လူဦးရေအကန့်အသတ်ဖြင့်သာ လက်ခံပါသည်။

စုံစမ်းရန် – 09 740890901 ~ 4

24/05/2026

Think Professional Education, Think EC!

⏳ (၇) ရက်တာသာ ရမယ့် EC ရဲ့ (၂၃) နှစ်ပြည့် Special Double Celebration! ⏳၂၀၀၃ ခုနှစ်၊ မေလ (၂၆) ရက်နေ့ကစလို့ မြန်မာနိုင်ငံရ...
20/05/2026

⏳ (၇) ရက်တာသာ ရမယ့် EC ရဲ့ (၂၃) နှစ်ပြည့် Special Double Celebration! ⏳
၂၀၀၃ ခုနှစ်၊ မေလ (၂၆) ရက်နေ့ကစလို့ မြန်မာနိုင်ငံရဲ့ ACCA လောကမှာ အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာ စိုက်ထူခဲ့တဲ့ EC ဟာ မကြာခင် မေလ (၂၆) ရက်နေ့မှာ (၂၃) နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ 🥳

EC ရဲ့ ၂၃ နှစ်သမိုင်းမှာ
Members & Affiliates (၂၁၆) ယောက်
Country Top Achievers (၁၀၄) ယောက်
One Simpson Scholarship Award Winner in Myanmar

ဒီလို ထိပ်တန်းကျောင်းမှာ Special Discount နဲ့ တက်ရောက်ခွင့်ရမယ့် မေလ (၂၆) ရက်ကနေ June 1 ရက်နေ့အထိ (၇) ရက်တာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်ပါ။

Think Professional Education, Think EC!

သမိုင်းကြောင်းခိုင်မာတဲ့ကျောင်းမှာ အထူးအခွင့်အရေးနဲ့ ပညာသင်ယူဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

📢 July Intake ကျောင်းအပ် လက်ခံနေပြီ!
📞 Call Now – 09 740 890 901 ~ 904

19/05/2026

Exchange Rates ဘယ်လောက်ပဲ ကမောက်ကမဖြစ်ပါစေ... သင့်လုပ်ငန်းကတော့ အမြဲတမ်း 'Always Gain' ဖြစ်နေရမယ်!

ငွေလဲလှယ်နှုန်း (Exchange Rates) မတည်ငြိမ်မှုဒဏ်ကို ဒီအတိုင်း ထိုင်ကြည့်ပြီး အရှုံးခံနေမှာလား? ဒါမှမဟုတ် ဗျူဟာမြောက်မြောက်နဲ့ အမြတ်ဆီကိုပဲ ဦးတည်မလား?
ဒီဗီဒီယိုမှာ Excellent Choice (EC) ရဲ့ ဆရာကြီးဦးဝင်းသန်းနဲ့အတူ လက်ရှိလုပ်ငန်းခွင်အသီးသီးမှာ ဦးဆောင်နေကြတဲ့ CFO Candidate များက ဒေါ်လာဈေးဂယက်ကြားထဲကနေ လုပ်ငန်းကို အရှုံးမရှိအောင် ဘယ်လိုလက်တွေ့ စီမံခန့်ခွဲနေလဲဆိုတာ အဖိုးတန်အတွေ့အကြုံတွေကို ဝေမျှဆွေးနွေးထားပါတယ်။
"CFO ဆိုတာ Finance ကိုပဲ သိတာမဟုတ်ပါဘူး... Business တစ်ခုလုံးကို Strategic Perspective နဲ့ မြင်တတ်ဖို့ အရေးကြီးပါတယ်။"
သင့်လုပ်ငန်းကို ခိုင်မာတဲ့ အနာဂတ်ဆီ ပို့ဆောင်ပေးမယ့် ခေါင်းဆောင်မှုပညာရပ်တွေကို အခုပဲ နားဆင်ကြည့်လိုက်ပါ။

ဒေါ်လာဈေး ဘယ်လောက်ပဲ ကမောက်ကမဖြစ်ဖြစ်... သင့် Business ကတော့ အမြဲတမ်း "Always Gain" ဖြစ်နေရမယ်!

စာရင်းကိုင်အဆင့်ကနေ လုပ်ငန်းဗျူဟာမြောက် ဦးဆောင်နိုင်မယ့် CFO (ဘဏ္ဍာရေးအရာရှိချုပ်) တစ်ယောက်ဖြစ်ဖို့ အသင့်ပဲလား?
Excellent Choice (EC) ရဲ့ CFO Diploma Program မှာ Business တစ်ခုလုံးကို Strategic Perspective နဲ့ မြင်တတ်အောင် ဒီအချက်တွေကို လက်တွေ့သင်ကြားပေးနေပါပြီ

Core Pillars (၅) သွယ်:
1️⃣ Financial Management (အမြတ်ကို လက်ထဲတကယ်ရှိအောင် သိမ်းခြင်း)
2️⃣ Cash Flow Strategy (အကျပ်အတည်းကြားထဲ ငွေသားစီးဆင်းမှု မပြတ်စေခြင်း)
3️⃣ Risk Management (ဒေါ်လာဈေးဂယက်ကို ကာကွယ်မယ့် Hedging Methods)
4️⃣ Decision Making (တိကျပြတ်သားတဲ့ C-Level ဆုံးဖြတ်ချက်ချခြင်း)
5️⃣ Real World Case Studies (ဈေးကွက်ထဲက လက်တွေ့ Case များ)

ဝါရင့် ဆရာကြီးဦးဝင်းသန်း ကိုယ်တိုင် လက်တွေ့နယ်ပယ်က အတွေ့အကြုံတွေနဲ့ အနီးကပ် သင်ကြားပြသပေးသွားမှာပါ။

တက်ရောက်သင့်သူများ: Finance Managers, Senior Accountants, Business Owners

"ကိုယ့်လုပ်ငန်းအမြတ်... ကိုယ့်လက်ထဲမှာပဲ ရှိနေရမယ်!" Thumnail ပေါ်က စကားအတိုင်း ဖြစ်လာဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။

📩 အသေးစိတ်စုံစမ်းရန်:
☎️ 09 740890901 ~4

စာအုပ်ထဲက SWOT ကို ကုမ္ပဏီတွေအတွက်ပဲ မဟုတ်ဘဲ ကိုယ့်ဘဝအတွက်ပါ အသုံးချကြည့်ရအောင်.....လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြ...
18/05/2026

စာအုပ်ထဲက SWOT ကို ကုမ္ပဏီတွေအတွက်ပဲ မဟုတ်ဘဲ ကိုယ့်ဘဝအတွက်ပါ အသုံးချကြည့်ရအောင်.....

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြစ်ဖြစ် ရှေ့မတိုးနိုင်ဘဲ ပိတ်မိနေသလို ခံစားရတဲ့အခါ Personal SWOT Analysis လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အောင်မြင်တဲ့ ခေါင်းဆောင်အများစုဟာ သူတို့ရဲ့ အားသာချက်နဲ့ အားနည်းချက်ကို သေချာသိအောင် ဒီနည်းလမ်းကို သုံးကြပါတယ်။

ဒီတော့... ကိုယ့်ရဲ့ Unlock ကို ဘယ်လိုဖွင့်မလဲ?

✅ Strengths (အားသာချက်) - တခြားသူထက် ကိုယ်ပိုကောင်းအောင် လုပ်နိုင်တာဘာလဲ? (ဥပမာ- ရှုပ်ထွေးတာတွေကို ရိုးရှင်းအောင် ရှင်းပြနိုင်တာ၊ ဖိအားကြားမှာ အလုပ်ပြီးအောင် လုပ်နိုင်တာ)။ ဒါတွေကို ဖုံးမထားပါနဲ့၊ ပိုတောက်ပအောင် လုပ်ပါ။

❌ Weaknesses (အားနည်းချက်) - ကိုယ့်ကို နောက်ဆွဲထားတဲ့ အကျင့်တွေက ဘာလဲ? (ဥပမာ- အလုပ်ဆွဲထားတတ်တာ၊ ငြင်းဖို့ အားနာတာ)။ ဒါကို သိအောင်လုပ်ပါ။ ပြင်ဖို့ထက် ဒီအားနည်းချက်ကို ဘယ်လို စနစ်တကျ စီမံမလဲဆိုတာ စဉ်းစားပါ။

💡 Opportunities (အခွင့်အလမ်း) - ကိုယ့်ပတ်ဝန်းကျင်မှာ ဘာအခွင့်အရေးတွေ ရှိနေလဲ? (ဥပမာ- ပရောဂျက်အသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းတာ၊ စီနီယာတွေက လမ်းညွှန်ပေးတာ)။ အသင့်မဖြစ်သေးဘူးလို့ ခံစားရရင်တောင် "Yes" လို့ ပြောကြည့်ပါ။

⚠️ Threats (ခြိမ်းခြောက်မှု) - ကိုယ့်ထိန်းချုပ်မှုပြင်ပက ဘာတွေက ကိုယ့်ကို အန္တရာယ်ပေးနိုင်လဲ? (ဥပမာ- AI နည်းပညာတွေ အစားထိုးလာတာ၊ ဈေးကွက်ပြောင်းလဲတာ)။ ဒါကို ကြိုမြင်မှ ပြင်ဆင်နိုင်မှာပါ။

ဘဝမှာ "ကံ" ကိုပဲ ထိုင်စောင့်နေမယ့်အစား ကိုယ့်ရဲ့ အခြေအနေကို အရှိအတိုင်း ဆန်းစစ်ပြီး အားသာချက်ကို အသုံးချတာက အောင်မြင်ဖို့ အမြန်ဆုံးလမ်းပါပဲ။

ကိုယ့်ရဲ့ အားသာချက် (Strength) တစ်ခုက ဘာဖြစ်မလဲ? Comment မှာ မန့်ခဲ့ပါဦး!

သင်လည်း သင့်ရဲ့ Career ကို အဆင့်မြှင့်တင်ဖို့ အသင့်ဖြစ်ပြီလား? Excellent Choice မှာ အတူတူ လေ့လာဆည်းပူးလိုက်ပါ။

Excellent Choice - Institute of Finance and Management "Empower Your Career to Fly with Excellent Choice"

တကယ်တတ်မြောက်ပြီး
အရည်အချင်းရှိဖို့ဆို Exam Pressure လုံးဝမရှိတဲ့ EC Own Diploma (ICM-Endorsed) Course တွေက်ိုတက်ရောက်နိုင်ပါတယ်။


16/05/2026

ကိုယ့်ရဲ့ Career ကို C-Level အထိ မြှင့်တင်ဖို့ ဘာတွေ ပြင်ဆင်ထားလဲ?

အခုခေတ်မှာ ကိုယ့်ရဲ့ Skill တွေကို အမြဲတမ်း Upskill & Reskill လုပ်နေဖို့က အရေးကြီးဆုံးပါပဲ။

ATOM Myanmar Limited မှ မဖြူဖြူဝင်း (VP, Revenue Planning) က Excellent Choice Institute ရဲ့Diploma in Strategic Finance Leadership(CFO) သင်တန်းကနေ ရရှိခဲ့တဲ့ Real-world Experience တွေနဲ့ လေ့လာမှုတွေကို ဝေမျှပေးထားပါတယ်။

ကိုယ့်ကိုယ်ကိုယ် Upskill လုပ်ပြီး ရှေ့ဆက်ဖို့ စိတ်ကူးရှိနေရင် ဒီအင်တာဗျူးလေးကို လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါ!

Diploma in Strategic Finance Leadership(CFO) အတန်းခွဲသစ်မှာ တက်ရောက်ဖို့ အချိန်မနှောင်းခင် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။

“လူဦးရေကန့်သတ်ထားတာမို့” အခုပဲ ဆက်သွယ်လိုက်ပါ 👇 ☎️ 09 740890901 ~4

14/05/2026

"ကိုယ့်လုပ်ငန်းရဲ့အမြတ်ဟာ ကိုယ့်လက်ထဲမှာပဲ ရှိနေရမယ်" — ဝါရင့် Financial Consultant တစ်ဦးရဲ့ အဖိုးတန်အကြံပြုချက်

စီးပွားရေးလုပ်ငန်းတစ်ခုမှာ အမြတ်ကို တကယ်တမ်းလက်ဝယ်ပိုင်ပိုင် ရှိနေစေဖို့ဆိုရင် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုက အလွန်အရေးကြီးပါတယ်။ Financial Consultant ဦးခင်ဇော်ဝင်းက CFO သင်တန်းမှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ Real-world Case Study တွေကနေတစ်ဆင့် လုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့ နည်းဗျူဟာအချို့ကို မျှဝေပေးထားပါတယ်။

ဒီဗီဒီယိုမှာ ဘာတွေ လေ့လာရမလဲ?
📌 လုပ်ငန်းအမြတ်ကို အသေအချာ ထိန်းချုပ်နိုင်မယ့် NOP (Net Open Position) ရဲ့ အရေးပါပုံ
📌 CFO တစ်ယောက်မှာ ရှိသင့်တဲ့ အတွေ့အကြုံနဲ့ စိတ်ဓာတ်
📌 လုပ်ငန်းခွင်ထဲမှာ လက်တွေ့အသုံးချနိုင်မယ့် ဘဏ္ဍာရေးသင်ခန်းစာများ

လုပ်ငန်းခွင်မှာ ရှေ့ဆက်ဖို့ ပြင်ဆင်နေတဲ့သူတွေ၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးနယ်ပယ်မှာ စိတ်ဝင်စားသူတွေအတွက် အဆုံးထိ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
သင့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး အခက်အခဲတွေ ရှိနေသလဲ? Comment မှာ ဆွေးနွေးပေးခဲ့ပါဦး။ တကယ်တတ်မြောက်ပြီး
အရည်အချင်းရှိဖို့ဆို Exam Pressure လုံးဝမရှိတဲ့ EC Own Diploma (ICM-Endorsed) Course တွေက်ိုတက်ရောက်နိုင်ပါတယ်။

Diploma in Strategic Financial Management (CFO) အတန်းခွဲသစ်မှာ တက်ရောက်ဖို့ အချိန်မနှောင်းခင် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။

“လူဦးရေကန့်သတ်ထားတာမို့” အခုပဲ ဆက်သွယ်လိုက်ပါ 👇 ☎️ 09 740890901 ~4

နန်းအိအိလှိုင် (AAA - Country First Prizewinner)&(Affiliate)ဘာကြောင့် ACCA နဲ့ EC ကို ရွေးချယ်ခဲ့တာလဲ?ကျွန်မ ACCA ကို အက...
13/05/2026

နန်းအိအိလှိုင် (AAA - Country First Prizewinner)&(Affiliate)
ဘာကြောင့် ACCA နဲ့ EC ကို ရွေးချယ်ခဲ့တာလဲ?

ကျွန်မ ACCA ကို အကြိုက်ဆုံးအချက်ကတော့ ဒီစနစ်ရဲ့ လွတ်လပ်ပြီး မျှတမှုရှိတာပါပဲ။ သင်ကြားပေးတဲ့ ဆရာတွေ၊ စစ်ဆေးတဲ့သူတွေနဲ့ ဖြေဆိုသူတွေရဲ့ အခန်းကဏ္ဍကို တိတိကျကျ ခွဲခြားထားတာကြောင့် ကိုယ့်ရဲ့ရလဒ်ဟာ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာပဲ ရာနှုန်းပြည့် မူတည်နေပါတယ်။ ကမ္ဘာ့ဘယ်နေရာမှာပဲရှိရှိ ACCA ဟာ လူတိုင်းအတွက် တန်းတူညီမျှမှုနဲ့ စံနှုန်းတစ်ခုတည်းကို ပေးစွမ်းနိုင်တယ်လို့ ကျွန်မခံစားရပါတယ်။

EC ကိုတော့ ကျွန်မရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ Strategic Professional Level မှာ စတင်လက်တွဲခဲ့တာပါ။ ဒီနောက်ဆုံးဘာသာရပ်တွေကို ဖြတ်ကျော်နိုင်ဖို့ ခိုင်မာတဲ့ ပံ့ပိုးမှုတစ်ခု လိုအပ်နေချိန်မှာ EC က ကျွန်မအတွက် အသင့်တော်ဆုံးဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီ စာမေးပွဲစင်မြင့်ထက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ သက်သေပြနိုင်အောင် EC က အများကြီး ကူညီပေးခဲ့ပါတယ်။

ကျွန်မရဲ့ လေ့လာမှုပုံစံ (How I Studied)

ACCA အောင်မြင်ဖို့ဆိုတာ စာအုပ်ဖတ်ရုံနဲ့တင် မလုံလောက်ပါဘူး။ သင်ခန်းစာရဲ့ သဘောတရားတွေကို သေသေချာချာ နားလည်ပြီး လက်တွေ့မှာ ဘယ်လိုအသုံးချရမလဲဆိုတာ သိဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် Past Papers (မေးခွန်းဟောင်းတွေ) ကို လေ့ကျင့်ဖို့က မဖြစ်မနေ လိုအပ်ပါတယ်။

နောက်ထပ် ကျွန်မသတိထားမိတဲ့ အချက်တစ်ခုကတော့ စာမေးပွဲဖြေဆိုတဲ့နေ့မှာ စိတ်အေးအေးထားနိုင်ဖို့က စာကျက်တာနဲ့မခြား အရေးကြီးတယ်ဆိုတာပါပဲ။ စိတ်တည်ငြိမ်ပြီး လူရောစိတ်ပါ အမောခံနိုင်ရည်ရှိအောင် စာမေးပွဲစစ်သလိုမျိုး အခြေအနေဖန်တီးပြီး ကြိုတင်လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် အခုခေတ်မှာ AI Tool တွေ အသုံးပြုတာကလည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။ ကိုယ်နားမလည်တာရှိရင် အချိန်မရွေး ရှင်းပြပေးမယ့် ကိုယ်ပိုင်ဆရာတစ်ယောက် ဘေးနားမှာ အမြဲရှိနေသလိုမျိုး ခံစားရပါတယ်။

EC အတွက် ကျေးဇူးစကား

ကျွန်မရဲ့ ဒီခရီးလမ်းတစ်လျှောက်မှာ အစစအရာရာ ပံ့ပိုးပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ EC Team တစ်ခုလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက်ကြောင်းပြန်လှည့်ကြည့်ရင် EC ရဲ့ အကူအညီသာမပါရင် ကျွန်မ ဒီနေ့လို အောင်မြင်မှုမျိုး ရရှိမှာ မဟုတ်ဘူးလို့ တကယ်ကို ယုံကြည်ပါတယ်။

ဒီက သင်ကြားမှုပုံစံတွေက အရမ်းကို Professional ကျပြီး ရှင်းလင်းပါတယ်။ အထူးသဖြင့် စာသင်ခန်းထဲမှာတင် စာမေးပွဲဖြေဆိုပုံ နည်းဗျူဟာတွေနဲ့ လက်တွေ့ကျတဲ့ ကျွမ်းကျင်မှုတွေကို အဓိကထား သင်ကြားပေးတာကြောင့် ခက်ခဲတဲ့ ဘာသာရပ်တွေကိုတောင် လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ခဲ့ပါတယ်။

EC အနေနဲ့ ဒီထက်မက အောင်မြင်မှုတွေ ဆက်လက်ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်မရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့သလိုမျိုး နောက်ထပ် ACCA ကျောင်းသားပေါင်းများစွာရဲ့ အိပ်မက်တွေကိုလည်း ဆက်လက်ပံ့ပိုးပေးနိုင်ပါစေရှင်။ ACCA လေ့လာဖို့ စဉ်းစားနေတယ်ဆိုရင် ဒီတစ်ချက်ပဲ စဉ်းစားပါ…

“ဒီကျောင်းကနေ တကယ်အောင်မြင်တဲ့သူ ဘယ်လောက်ရှိလဲ?”

EC ကတော့ —
Result နဲ့ပဲပြောတယ်။

🏆 Proven Student Success
✔️ 216 Members & Affiliates – ACCA ပြီးပြီး လုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့သူတွေ
✔️ 104 Country Top Achievers – Myanmar Top Rankers တွေ
ဒီလို result တွေ ရှိတဲ့နေရာဆိုတာ
မင်းအနာဂတ်ကို gamble လုပ်စရာ မလိုတဲ့နေရာပါ။

📢 July Intake ကျောင်းအပ် လက်ခံနေပြီ! 📞 Call Now – 09 740 890 901 ~ 904

11/05/2026

"MBA တောင် နားခဲ့ပြီးမှ... ဘာကြောင့် ဒီ CEO Class ကို ရွေးချယ်ဖြစ်ခဲ့တာလဲ?"

လုပ်ငန်းရှင်တစ်ယောက်အတွက် အတွေ့အကြုံရှိရုံနဲ့တင် လုံလောက်ပြီလား?
Terra Lab (Nature Decoration) ရဲ့ ပိုင်ရှင် ကိုအောင်သူရိန်ဝင်းကတော့ "မလုံလောက်ဘူး" လို့ ဆိုပါတယ်။ အရင်က MBA အပါအဝင် စီးပွားရေးသင်တန်းတွေ အများကြီး တက်ခဲ့ဖူးပေမယ့် လက်တွေ့နယ်ပယ်မှာ တကယ်အသုံးချလို့ရမယ့် "Strategic Skills" တွေကို ရှာဖွေနေခဲ့တာပါ။
အခု EC ရဲ့ CEO Batch 1 မှာ သူဘာတွေ ထူးထူးခြားခြား လေ့လာနေရသလဲ? MBA နဲ့ အခု CEO Diploma က ဘာတွေကွာခြားလို့ သူ့ကို ဆွဲဆောင်နိုင်ခဲ့တာလဲ?
ကိုအောင်သူရိန်ဝင်းရဲ့ ရင်ဖွင့်စကားနဲ့ သင်ယူမှုခရီးစဉ်ကို ဒီ Video လေးမှာ ကြည့်ရှုလိုက်ပါ။

တကယ်တတ်မြောက်ပြီး
အရည်အချင်းရှိဖို့ဆို Exam Pressure လုံးဝမရှိတဲ့ EC Own Diploma (ICM-Endorsed) Course တွေက်ိုတက်ရောက်နိုင်ပါတယ်။

Diploma in Strategic Business Leadership (CEO) အတန်းခွဲသစ်မှာ တက်ရောက်ဖို့ အချိန်မနှောင်းခင် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။

“လူဦးရေကန့်သတ်ထားတာမို့” အခုပဲ ဆက်သွယ်လိုက်ပါ
☎️ 09 740890901 ~4

*“Genius is one percent inspiration and ninety-nine percent perspiration.”*
10/05/2026

*“Genius is one percent inspiration and ninety-nine percent perspiration.”*

Address

Ma Kyee Kyee Street, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959740890907

Alerts

Be the first to know and let us send you an email when Excellent Choice Institute of Finance and Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Excellent Choice Institute of Finance and Management:

Share