Excellent Choice Institute of Finance and Management

Call Directions Website Contact the university

Excellent Choice Institute of Finance and Management Excellent Choice, Institute of Finance and Management Official Page! https://t.me/excellentchoiceifm
(329)

ရည်းစားနဲ့ပြတ်မှ အသည်းကွဲတာ မဟုတ်ပါဘူး… 💔စက်တင်ဘာ ၂၆ ရက်ပဲ ရှိသေးတယ်။ လကုန်ဖို့လည်း လိုသေးတယ်။ ပိုက်ဆံကတော့ အရင်ဆုံး နှု...
26/09/2026

ရည်းစားနဲ့ပြတ်မှ အသည်းကွဲတာ မဟုတ်ပါဘူး… 💔

စက်တင်ဘာ ၂၆ ရက်ပဲ ရှိသေးတယ်။ လကုန်ဖို့လည်း လိုသေးတယ်။ ပိုက်ဆံကတော့ အရင်ဆုံး နှုတ်ဆက်သွားပြီ။

ဒီလို “အသည်းကွဲ” နေတဲ့သူတွေ ရှိသေးလား? 😅

25/09/2026

🏆 Quiz of the Week

ကမ္ဘာ့ဖလားဗိုလ်စွဲတဲ့အသင်းက ဆုပေးပွဲမှာ မြှောက်ခဲ့တဲ့ ဆုဖလားအစစ်ကိုပဲ အိမ်အပြန် ယူသွားရတာလား?

အစစ် လား၊ ပုံတူ လား? သင်ထင်တဲ့အဖြေကို Comment မှာ ရေးခဲ့ပါဦး။

📌 KNOWLEDGE CORNER | Porter’s Five Forcesလုပ်ငန်းတစ်ခု စလုပ်မယ်ဆိုရင် “ဈေးကွက်ကြီးလား” ဆိုတာတစ်ခုတည်းကို ကြည့်လို့မရပါဘူ...
24/09/2026

📌 KNOWLEDGE CORNER | Porter’s Five Forces

လုပ်ငန်းတစ်ခု စလုပ်မယ်ဆိုရင် “ဈေးကွက်ကြီးလား” ဆိုတာတစ်ခုတည်းကို ကြည့်လို့မရပါဘူး။ ဒီလုပ်ငန်းမှာ အမြတ်ရဖို့ ဘယ်လောက်ခက်မလဲ ဆိုတာကိုလည်း စဉ်းစားဖို့လိုပါတယ်။

အဲဒီအတွက် Porter’s Five Forces က မေးခွန်း ၅ ခုနဲ့ ကူညီပေးနိုင်ပါတယ်။

1️⃣ ပြိုင်ဘက်တွေကြား ပြိုင်ဆိုင်မှု ပြင်းထန်လား။
ဆိုင်တွေများပြီး ရောင်းတဲ့ပစ္စည်းတွေ ဆင်တူနေရင် ဈေးနှုန်းလျှော့ပြီး ပြိုင်ရနိုင်ပါတယ်။

2️⃣ ပြိုင်ဘက်အသစ်တွေ ဝင်လာဖို့ လွယ်လား။
ရင်းနှီးမြှုပ်နှံမှု အများကြီးမလိုဘဲ စလုပ်နိုင်ရင် ပြိုင်ဘက်အသစ်တွေ ပိုပေါ်လာနိုင်ပါတယ်။

3️⃣ ကုန်ကြမ်းနဲ့ ဝန်ဆောင်မှုပေးသူတွေမှာ ဩဇာရှိလား။
လိုအပ်တဲ့ပစ္စည်းကို ပေးနိုင်သူ နည်းနေရင် သူတို့ဈေးတက်တဲ့အခါ ကိုယ့်လုပ်ငန်းရဲ့ စရိတ်လည်း တက်နိုင်ပါတယ်။

4️⃣ ဝယ်သူတွေမှာ ရွေးချယ်စရာ များလား။
တခြားဆိုင်ကို အလွယ်တကူ ပြောင်းဝယ်နိုင်ရင် ဝယ်သူတွေက ဈေးနှုန်းနဲ့ ဝန်ဆောင်မှုကို ပိုနှိုင်းယှဉ်နိုင်ပါတယ်။

5️⃣ အစားထိုးရွေးချယ်နိုင်တဲ့ နည်းလမ်းတွေ ရှိလား။
ဥပမာ အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုအစား ကိုယ်တိုင်ချက်စားတာ၊ ဆိုင်မှာ သွားစားတာမျိုးပါ။

💡 Switching cost ဆိုတာ ဘာလဲ။

သုံးနေကျ ဆိုင်၊ App ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကနေ နောက်တစ်ခုကို ပြောင်းသုံးတဲ့အခါ ကုန်ကျနိုင်တဲ့ ငွေ၊ အချိန်၊ အားထုတ်မှုနဲ့ ဆုံးရှုံးနိုင်တဲ့ အကျိုးခံစားခွင့်တွေ ကို ဆိုလိုတာပါ။

Food Delivery App တစ်ခုကနေ နောက်တစ်ခုကို ပြောင်းသုံးမယ်ဆိုရင်—

• App အသစ်ကို သုံးတတ်အောင် အချိန်ယူရမလား။
• ကိုယ်ကြိုက်တဲ့ဆိုင်တွေကို ပြန်ရှာရမလား။
• စုထားတဲ့ points နဲ့ အကျိုးခံစားခွင့်တွေ ဆုံးရှုံးမလား။

ဒီလိုကုန်ကျမှုတွေ နည်းရင် ဝယ်သူက App ပြောင်းသုံးဖို့ လွယ်ပါတယ်။ ဒါကြောင့် ဝယ်သူရဲ့ ရွေးချယ်နိုင်စွမ်း ပိုများလာပြီး လုပ်ငန်းတွေကလည်း ဝယ်သူကို ဆက်လက်ဆွဲဆောင်နိုင်ဖို့ ပိုကြိုးစားရပါတယ်။

Theory ကို လက်တွေ့လုပ်ငန်းနဲ့ ဘယ်လိုချိတ်ဆက်မလဲ။

Porter’s Five Forces လို Business Concept တွေကို EC မှာ ဖွင့်လှစ်ထားတဲ့ ACCA Strategic Business Leader (SBL) ဘာသာရပ်နဲ့ EC ရဲ့ ICM Endorsed Diploma in Strategic Business Leadership (CEO) သင်တန်းတို့မှာ case တွေ၊ လက်တွေ့လုပ်ငန်းအခြေအနေတွေနဲ့ ချိတ်ဆက်လေ့လာနိုင်ပါတယ်။ ဝါရင့်ဆရာများရဲ့ လမ်းညွှန်မှုနဲ့အတူ လုပ်ငန်းပြဿနာတစ်ခုကို ရှုထောင့်အမျိုးမျိုးက စဉ်းစားတတ်ဖို့လည်း လေ့ကျင့်နိုင်ပါတယ်။

တစ်ခုတော့ ကြိုပြောထားပါရစေ—ဒီသင်တန်းတွေမှာ Business Concept တွေကို အတူတူဆွေးနွေး၊ အကြံထုတ်ပြီး case တွေကို ကိုယ်တိုင်အားထုတ် လေ့လာရမှာပါ။

လက်တွေ့လုပ်ငန်းခွင်လို စဉ်းစားဆွေးနွေးရတာကို သဘောကျပြီး စိန်ခေါ်မှုတွေကို စိတ်ဝင်စားတယ်ဆိုရင် EC ကို အခုပဲ ဆက်သွယ်လိုက်ပါ။

☎️ 09 740890901~5

22/09/2026

Video Lessons ရှိရုံနဲ့
Learning System တစ်ခုဖြစ်မလာပါဘူး။

အရေးကြီးတာက—

သင်ခန်းစာတွေကို စနစ်တကျပြန်လည်လေ့လာနိုင်သလား၊
Internet မရှိချိန်မှာ ကြည့်ရှုနိုင်သလား၊
အတန်းပြီးသွားတဲ့နောက်မှာလည်း Exam Preparation အတွက် ဆက်လက်အသုံးပြုနိုင်သလား၊
မိမိဖြေဆိုမယ့် Exam Session ပြောင်းသွားရင် Updated Lessons တွေ ဆက်လက်ရရှိနိုင်သလားဆိုတာပါပဲ။

EC ကျောင်းသားများအတွက်—

✅ သင်ခန်းစာများကို Lesson အလိုက် စနစ်တကျရွေးချယ်ကြည့်ရှုနိုင်ခြင်း

✅ Video Lesson ကို တစ်ကြိမ် Download ပြုလုပ်ထားပြီးနောက် သတ်မှတ်ထားသော Licensed Device တွင် XVast Browser အသုံးပြု၍ Offline Mode ဖြင့် ပြန်လည်ကြည့်ရှုနိုင်ခြင်း

✅ Download ပြုလုပ်ထားသည့် Video File များကို Memory Stick သို့မဟုတ် အခြား Storage Device တွင် သိမ်းဆည်းထားနိုင်ခြင်း
(သင်ခန်းစာများကို လုံခြုံရေးအတွက် သတ်မှတ်ထားသည့် Licensed Device တွင်သာ ဖွင့်လှစ်ကြည့်ရှုနိုင်ပါသည်။)

✅ အတန်းပြီးဆုံးသွားသော်လည်း ကပ်လျက်စာမေးပွဲ Session အထိ Video Lesson များကို ဆက်လက်လေ့လာနိုင်ခြင်း

✅ သတ်မှတ်ထားသည့် Session တွင် စာမေးပွဲမဖြစ်သေးပါက မိမိဖြေဆိုမည့် Exam Session အတွက် Revision Live Session ကို နောက်ထပ်နှစ်ကြိမ်အထိ ပြန်လည်တက်ရောက်နိုင်ခြင်း

✅ Updated Lessons များနှင့် သင်ခန်းစာအစမှအဆုံး Updated Video Lessons များကို ပြန်လည်လေ့လာနိုင်ခြင်း

EC သည် Video တင်ပေးရုံမျှသာမဟုတ်ဘဲ ကျောင်းသားတစ်ဦးချင်းစီ၏ သင်ယူမှု၊ Revision နှင့် Exam Preparation ခရီးစဉ်တစ်လျှောက် အမှန်တကယ်အသုံးဝင်မည့် စနစ်တကျ စီမံထားသော Protected Learning System ကို အသုံးပြုပေးထားခြင်းဖြစ်ပါတယ်။

ဒါဟာ Video ကြည့်ဖို့နေရာတစ်ခုထက်ပိုပါတယ်။
ကျောင်းသားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ထိုက်တန်တဲ့ စနစ်တကျသင်ယူနိုင်မယ့် Learning Support System တစ်ခုဖြစ်ပါတယ်။

Learn Systematically. Revise Confidently. Succeed with EC.




21/09/2026

Happy Monday!

တစ်ခါတလေ ကားပိတ်တာ၊ အိမ်မှုကိစ္စများတာ၊ ဟင်းချက်ရတာ၊ အလုပ်တွေပင်ပန်းတာနဲ့ မနက်စောစောထရတာတွေကို ညည်းညူမိတတ်ကြပါတယ်။

ဒါပေမယ့် ခဏလောက်ရပ်ပြီး တစ်ဖက်ကနေ ပြန်စဉ်းစားကြည့်ရအောင်—

ကားပိတ်တာဟာ သွားလာစရာကားရှိလို့၊
အိမ်မှုကိစ္စများတာဟာ နေစရာအိမ်ရှိလို့၊
ဟင်းချက်နေရတာဟာ စားစရာရှိလို့၊
အလုပ်ပင်ပန်းနေတာဟာ ကိုယ့်မှာအလုပ်ရှိလို့၊
မနက်စောစောထရတာဟာ ကိုယ့်ကိုလိုအပ်နေသူရှိလို့၊
လေ့ကျင့်ခန်းလုပ်ရတာ မောပန်းတာဟာ ကိုယ့်ခန္ဓာကိုယ်က လှုပ်ရှားနိုင်သေးလို့ပါ။

ဒီနေ့ ကိုယ်ညည်းညူနေမိတဲ့အရာတချို့ဟာ တစ်ချိန်က ကိုယ်လိုချင်ခဲ့၊ ဆုတောင်းခဲ့ရတဲ့အရာတွေ ဖြစ်နိုင်ပါတယ်။

ဒီတစ်ပတ်ကို မကျေနပ်မှုတွေနဲ့မစဘဲ ကိုယ့်မှာရှိနေတဲ့ ကောင်းကွက်လေးတွေကို တန်ဖိုးထားခြင်းနဲ့ စတင်လိုက်ရအောင်။



20/09/2026

မနက်ဖြန်ဆို 60,000 MMK Discount မရှိတော့ပါဘူး!

စဉ်းစားနေတုန်းလား? ဒီနေ့က ဆုံးဖြတ်ရမယ့်နေ့ပါ။

Excellent Choice ရဲ့ ACCA Enrollment Discount — 60,000 MMK အစီအစဉ်က

TODAY — 20 SEPTEMBER 2026

နောက်ဆုံးနေ့ ဖြစ်ပါတယ်။

TODAY → SAVE 60,000 MMK
TOMORROW → DISCOUNT ENDS

ACCA စတက်ဖို့ ရည်ရွယ်ထားပြီးသားဆိုရင်
“နောက်မှ” ဆိုပြီး အခွင့်အရေးကို မရွှေ့လိုက်ပါနဲ့။

One day can make a 60,000 MMK difference.

FINAL DAY. FINAL CHANCE.

ENROL TODAY & SAVE 60,000 MMK

Excellent Choice Institute of Finance and Management

19/09/2026

ဝတာမဟုတ်ဘူးနော်… “ပြည့်” တာပါ 🤭😂

တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်ကို စိတ်ချမ်းသာအောင် ပြောပေးတတ်တယ်…

ဒီလို Bestie ရှိရင် Mention ခေါ်ခဲ့ဦးနော်! 👭🍰


ACCA Journey ကို စတင်ဖို့ စီစဉ်နေသူများအတွက် Excellent Choice ရဲ့ 60,000 MMK Enrollment Discount ကို ရယူနိုင်မယ့်အချိန် ...
18/09/2026

ACCA Journey ကို စတင်ဖို့ စီစဉ်နေသူများအတွက် Excellent Choice ရဲ့ 60,000 MMK Enrollment Discount ကို ရယူနိုင်မယ့်အချိန် မကြာတော့ပါဘူး။

ENROLLMENT DISCOUNT — 60,000 MMK
🗓️ LAST DATE — 20 SEPTEMBER 2026

Professional career တစ်ခုအတွက် ရည်မှန်းထားတယ်ဆိုရင် အခွင့်အရေးကို လက်မလွတ်လိုက်ပါနဲ့။

Only a few days left!
အခုပဲ စာရင်းပေးသွင်းပြီး ACCA Journey ကို စတင်လိုက်ပါ။

Think Bigger. Start ACCA with Excellent Choice.

📩 အသေးစိတ်သိရှိလိုပါက Excellent Choice Institute of Finance and Management သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📱09 740890901~5

17/09/2026

ACCA Law ဘာသာရပ်ကို စနစ်ဟောင်းမှာ မဖြေဘဲ ရှောင်ထားလို့ရမလား? 🤔

အဖြေကတော့ — မရပါဘူး။

ဒါကြောင့် Law ဘာသာရပ်ကို ရှောင်ထားမယ့်အစား အချိန်မီ ပြင်ဆင်ပြီး အောင်မြင်အောင် ဖြေဆိုလိုက်ကြရအောင်နော်!

Think Bigger. Start ACCA with Excellent Choice.

ACCA အပ်နှံရင် ၆၀,၀၀၀ ကျပ် သက်သာမယ့် အခွင့်အရေးကို လက်လွတ်မခံပါနဲ့။

ပညာရေး ရင်းနှီးမြှုပ်နှံမှုမှာ တစ်ကျပ်ချင်းစီ တန်ဖိုးရှိပါတယ်။ Excellent Choice Institute ၏ ACCA သင်တန်းများအတွက် Second Discount (၆၀,၀၀၀ ကျပ်) ခံစားခွင့်ရရှိမည့် သတ်မှတ်ရက်မှာ စက်တင်ဘာလ (၂၀) ရက်နေ့ တွင် တရားဝင် ပြီးဆုံးပါတော့မည်။

အခွင့်အရေးက လက်တစ်ကမ်းမှာ ရှိနေပါပြီ။ စက်တင်ဘာလ (၂၀) ရက်နေ့ မတိုင်မီ အမြန်ဆုံး စာရင်းပေးသွင်းပြီး Discount ရယူလိုက်ပါ။

📞 ဆက်သွယ်ရန် - 09 740890901~5

AI ခေတ်မှာ AI အစားမထိုးနိုင်သေးတဲ့ လူသားစွမ်းရည်များကို မြှင့်တင်ပေးမယ့် Online Courses (၉) ခုAI နည်းပညာတွေ လျင်မြန်စွာတ...
16/09/2026

AI ခေတ်မှာ AI အစားမထိုးနိုင်သေးတဲ့ လူသားစွမ်းရည်များကို မြှင့်တင်ပေးမယ့် Online Courses (၉) ခု

AI နည်းပညာတွေ လျင်မြန်စွာတိုးတက်လာတာနဲ့အမျှ လုပ်ငန်းခွင်မှာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေလည်း ပြောင်းလဲလာပါတယ်။

လုပ်ငန်းအချို့ကို AI နဲ့ အလွယ်တကူလုပ်ဆောင်နိုင်လာပေမယ့်—

✅ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်မှု
✅ ဖန်တီးတီထွင်နိုင်မှု
✅ လူတွေရဲ့စိတ်ခံစားချက်ကို နားလည်နိုင်မှု
✅ ထိရောက်စွာဆက်သွယ်နိုင်မှု
✅ ဦးဆောင်မှုနှင့် မဟာဗျူဟာချမှတ်နိုင်မှု

စတဲ့ လူသားတွေရဲ့ အဓိကစွမ်းရည်တွေကတော့ ပိုပြီးတန်ဖိုးရှိလာပါတယ်။

မိမိကိုယ်တိုင်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကတော့ အနာဂတ်မှာ ဆက်လက်အသုံးဝင်နေမယ့် Skills တွေကို စဉ်ဆက်မပြတ်လေ့လာတိုးတက်အောင် လုပ်ဆောင်ခြင်းပါပဲ။

ကမ္ဘာ့နာမည်ကြီး Universities နဲ့ Institutions တွေဆီက လေ့လာနိုင်မယ့် Online Courses (၉) ခုကို Excellent Choice မှ မျှဝေပေးလိုက်ပါတယ်။

1️⃣ Structure and Function of Argument: Introduction to Critical Thinking
Harvard University

အကြောင်းပြချက်တွေကို စနစ်တကျသုံးသပ်ခြင်း၊ Logical Reasoning နဲ့ Critical Thinking Skills တွေကို လေ့လာနိုင်မယ့် Course ဖြစ်ပါတယ်။

🔗 https://www.edx.org/learn/philosophy-ethics/harvard-university-structure-and-function-of-argument-introduction-to-critical-thinking

2️⃣ Creative Thinking: Techniques and Tools for Success
Imperial College London

ပြဿနာတွေကို မတူညီတဲ့ရှုထောင့်ကနေ ကြည့်မြင်ဖြေရှင်းနိုင်ဖို့နဲ့ Creative Thinking Techniques တွေကို လေ့လာနိုင်ပါတယ်။

🔗 https://www.edx.org/learn/creativity/imperial-college-london-creative-thinking-techniques-and-tools-for-success

3️⃣ The Psychology of Emotions: An Introduction to Embodied Cognition
University of Cambridge

စိတ်ခံစားချက်တွေ၊ Empathy၊ Emotional Intelligence နဲ့ လူတွေရဲ့အပြုအမူတွေကို ပိုမိုနားလည်နိုင်ဖို့ အထောက်အကူပြုမယ့် Course ဖြစ်ပါတယ်။

🔗 https://www.coursera.org/learn/the-psychology-of-emotions

4️⃣ Improving Communication Skills
The Wharton School, University of Pennsylvania

လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ ရှင်းလင်းထိရောက်စွာ ပြောဆိုဆက်သွယ်ခြင်း၊ Active Listening နဲ့ Relationship Building Skills တွေကို တိုးတက်စေမှာပါ။

🔗 https://www.coursera.org/learn/wharton-communication-skills

5️⃣ Influence
The Wharton School, University of Pennsylvania

သူတစ်ပါးကို အပြုသဘောဆောင်စွာ လွှမ်းမိုးနိုင်ခြင်း၊ ဆွဲဆောင်စည်းရုံးခြင်းနဲ့ Professional Relationships တွေ တည်ဆောက်နိုင်ဖို့ လေ့လာနိုင်ပါတယ်။

🔗 https://www.coursera.org/learn/wharton-influence

6️⃣ Foundations of Ethical Decision-Making: Government and Political Issues
Georgetown University

ဘက်လိုက်မှုတွေကို ခွဲခြားနားလည်ခြင်းနဲ့ ကျင့်ဝတ်ဆိုင်ရာ စဉ်းစားဆုံးဖြတ်မှုတွေကို စနစ်တကျပြုလုပ်နိုင်ဖို့ အထောက်အကူပြုမယ့် Course ဖြစ်ပါတယ်။

🔗 https://www.edx.org/learn/ethics/georgetown-university-foundations-of-ethical-decision-making-government-and-political-issues

7️⃣ Adaptability and Resiliency
University of California, Davis

အပြောင်းအလဲတွေနဲ့ မရေရာမှုတွေကြားမှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်လုပ်ကိုင်နိုင်မှု၊ အခက်အခဲတွေကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်မှုတွေကို မြှင့်တင်ပေးပါတယ်။

🔗 https://www.coursera.org/learn/adaptability-and-resiliency

8️⃣ Inspiring and Motivating Individuals
University of Michigan

Team Members တွေကို လှုံ့ဆော်အားပေးခြင်း၊ ထိရောက်တဲ့ ရည်မှန်းချက်တွေချမှတ်ခြင်းနဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Team တစ်ခု တည်ဆောက်ခြင်းကို လေ့လာနိုင်ပါတယ်။

🔗 https://www.coursera.org/learn/motivate-people-teams

9️⃣ Act Strategically
Harvard Business Review

Strategic Thinking၊ Business Planning၊ Trend Analysis နဲ့ မိမိရဲ့အကြံဉာဏ်တွေကို လက်တွေ့လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲနိုင်မယ့် နည်းလမ်းတွေကို လေ့လာနိုင်ပါတယ်။

🔗 https://www.coursera.org/learn/act-strategically

⚠️ သတိပြုရန်

edX နဲ့ Coursera တို့ရဲ့ အခမဲ့အသုံးပြုနိုင်မှု၊ သင်ခန်းစာအပြည့်အစုံရရှိမှုနဲ့ Certificate ရယူနိုင်မှုဆိုင်ရာ စည်းမျဉ်းများဟာ Course တစ်ခုချင်းအလိုက် မတူညီနိုင်ပါတယ်။

Coursera မှာတော့ Free Trial၊ Preview၊ Financial Aid သို့မဟုတ် “Full Course, No Certificate” စတဲ့ ရွေးချယ်စရာတွေက Course အလိုက်ကွဲပြားနိုင်ပြီး Certificate အတွက် ငွေပေးချေရနိုင်ပါတယ်။

💬 ဒီ Courses (၉) ခုထဲမှာ ဘယ် Skill ကို အရင်ဆုံးလေ့လာချင်ပါသလဲ?

အနာဂတ်အတွက် မိမိရဲ့ Skills တွေကို တိုးတက်စေချင်တဲ့ သူငယ်ချင်းတွေဆီလည်း ဒီ Post လေးကို Save & Share လုပ်ပေးနိုင်ပါတယ်။



Address

Ma Kyee Kyee Street, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959740890907

Alerts

Be the first to know and let us send you an email when Excellent Choice Institute of Finance and Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Excellent Choice Institute of Finance and Management:

Shortcuts

Share