19/07/2026
ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ဟာ မြန်မာနိုင်ငံသား မိဘများနှင့် ကလေးငယ်များအတွက် သမိုင်းကြောင်းအရရော စိတ်ပိုင်းဆိုင်ရာပါ အလွန်အရေးကြီးတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါတယ်။
ဇူလိုင်လ ၁၉ ရက်၊ မနက် ၁၀ နာရီ ၃၇ မိနစ်။
ဒီအချိန်ဟာ ကျွန်မတို့ မြန်မာနိုင်ငံသားတွေအတွက် ဘယ်တော့မှ မေ့ပျောက်လို့မရတဲ့ သမိုင်းဝင် အချိန်ပါ။
အာဇာနည်နေ့ဆိုတာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့တစ်နေ့ တင်မကပါဘူး။ ခေါင်းဆောင်ကြီးတွေရဲ့ မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်အပေါ် ထားရှိတဲ့ သစ္စာတရားနဲ့ စည်းကမ်းကောင်းမွန်မှုတွေကို ကျွန်မတို့ရဲ့ မျိုးဆက်သစ် ကလေးငယ်တွေဆီ လက်ဆင့်ကမ်း ပျိုးထောင်ပေးရမယ့် နေ့တစ်နေ့လည်း ဖြစ်ပါတယ်။
#အာဇာနည်နေ့
🏛️ အမှတ် (၈၀/၈၁) ၊ ကံ့ကော် (၅) လမ်း၊ (၅) ရပ်ကွက် ၊ လှိုင်မြို့နယ် ။
📞 09 266 662 423 , 09 420 748 811 , 09 955 973 844